Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ဆီဖြန့်ဖြူးမှုဆိုင်ရာ အသိပညာပေးဟောပြောခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ၁၄-၈-၂၀၂၆ ရက် နေ့ နံနက်(၁၁:၀၀)နာရီ ဟင်္သာတမြို့၊ လယ်တော်ကျေးရွာရှိ ဆီအသင်းရုံး၌ ဟင်္သာတမြို့နယ်ရှိ ကျေးရွာအုပ်စု (၂၂)အုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ ကုန်မျိုးစုံအရောင်းဆိုင် လုပ်ငန်းရှင်များနှင့်တွေဆုံ ၍ ပြည်သူများသို့ ဆီဖြန့်ဖြူး ရောင်းချသည့် စည်းကမ်းသတ်မှတ် ချက်များ၊ ပြည်သူလက်ဝယ် ရောက်ရှိနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် လုပ်ငန်းရှင်များမှ ကုန်စည် သို့မဟုတ်ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်ကုန်အညွှန်း အမှတ်အသား ဆိုင်ရာ အချက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ   လိုက်နာရမည့်  တာဝန် များနှင့် စားသုံးသူများအသုံးပြုမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများဘေးအန္တရာယ်  ကင်းရှင်း ပြီး လုံခြုံစိတ်ချရမှုရှိ စေရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် လိုက်နာဆောင်ရွက်သွားရန် အသိပညာပေး ဆွေးနွေးခြင်း၊ စားသုံးသူပြည်သူများသို့ စားအုန်းဆီများ လက်လီ၊လက်ကား  ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆီဖြန့် ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ကျယ်ကျယ်ပြန့်ပြန့်လွှမ်းခြုံမှုအားကောင်းစေရေး၊သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့်အရည်အသွေး၊ အလေးချိန်  ပြည့်ဝစွာ  ပြည်သူများသို့ဖြန့်ဖြူးရောင်းချစေရေးတို့ကို ဟောပြောဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်(၄၅)ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

 

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည် သို့မ ဟုတ် ဝန်ဆောင်မှုကို ရောင်းဝယ်မှုပြုလုပ်ရာတွင် လိုက်နာရမည့်အချက်များ အသိပညာပေး Talk Show ဆောင်ရွက်ခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊အင်္ဂပူမြို့နယ်တာဝန်ခံသည်(၁၃-၈-၂၀၂၆)ရက်နေ့ နေ့လည်(၁၃:၃၀)အချိန်တွင် အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌   စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ် ငန်းရှင်၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရောင်းဝယ်မှုပြုလုပ်ရာတွင် စားသုံးသူအားလိမ်လည်လှည့်ဖြားခြင်း၊ ထင်ယောင်ထင်မှား ဖြစ်စေသော နည်းလမ်းများဖြင့် ရောင်းချမရှိစေရေးနှင့် ကျုးလွန်ကြောင်းပြစ်မှု ထင်ရှားပါက  သက်ဆိုင်ရာ ဦးစီးမှူးရုံးမှ ချမှတ်နိုင်သည့် အမိန့်များကို အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက် ခဲ့ပါသည်။

          အဆိုပါ အစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဒေါ်ယဉ်ယဉ်ထွန်းက ပထမဦးစွာ စားသုံးသူကာ ကွယ်ရေး ဥပဒေပါ ပုဒ်မ ၂၁ အရ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ယင်းပုဒ်မ ၂၁ အရ တာဝန်များ လိုက်နာရန်ပျက်ကွက်ကြောင်း သို့မဟုတ် ပုဒ်မ ၂၄၊၂၅ နှင့် ၂၇ ပါ စားသုံးသူက တောင်းဆိုနိုင်သော အခွင့်အရေးများကို ပေးအပ်ရန်ပျက်ကွက်ကြောင်း စစ်ဆေးရေး အရာရှိမှ စစ်ဆေး တွေ့ရှိလျှင် မည်သည့်စီးပွားရေးလုပ်ငန်းရှင်ကိုမဆို သက်ဆိုင်ရာဦးစီးမှူးရုံးမှ သတိပေးခြင်း၊ ပြန်လည် ပြင်ဆင်ပေးစေခြင်း၊ အစားထိုးပေးစေခြင်းနှင့် ဆုံးရှုံးမှုတန်ဖိုးနှင့်အညီ ငွေပြန်လည်ပေးစေခြင်း စသည့် အမိန့်တစ်ရပ်ကို ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင် ကြောင်း၊ စားသုံးသူထင်ယောင်ထင်မှား ဖြစ်စေသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ပြုပြင် ပြောင်းလဲခြင်း၊ သတ်မှတ်ရက်စွဲကျော် လွန်သော ကုန်စည်များ၊ စားသုံးရန်မသင့်သောကုန်စည်များ ရောင်းချသည်ဟု ကျုးလွန်ကြောင်း ပြစ်မှု ထင်ရှားပါက  ခြောက်လထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း၅၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း စသည့်တို့ကို အကျယ်တဝင့် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

ဆန်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့်ဆန်သိုလှောင်မှုအခြေအနေများအားကွင်းဆင်းစစ်ဆေးခြင်း

                စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊အင်္ဂပူမြို့နယ်တာဝန်ခံသည်  ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက် နံနက်(၁၀:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ကွင်းကောက်ဒေသရှိ မြို့ပေါ်ရပ်ကွက်တွင် ရောင်းချလျက်ရှိသောဆန်လက်လီ ၊လက်ကား ရောင်းချသည့်ဆိုင်များအား  ဆန်ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေးနှင့် ဆန်သိုလှောင်မှုအခြေအနေများကို  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

                   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက ဒေသထွက် စားသုံးဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရန်၊ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ဖြန့်ဖြူး ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေး ယူခံရမည်ဖြစ်ကြောင်း၊  ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များအား အသိပေးပြော ကြားခဲ့ကြောင်း၊  ထို့နောက် ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေ အနေတို့အား စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် ဆန်တန်ချိန် ၂၅ သို့မဟုတ် စပါးတင်း  ၂၅၀၀နှင့် အထက်  သိုလှောင်ရုံပိုင်ဆိုင်သည့် လုပ်ငန်းရှင်များအနေဖြင့် Myanmar Rice Online(My-Ro)- www.myro.com.mmတွင် မဖြစ် မနေ မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်းလစဉ်ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန်စာရင်းများ ဖြည့်သွင်းပေးနိုင်ရေးအသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

ကျေးရွာအတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချပေးနေမှုနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေး ရှင်းလင်းဆွေးနွေး

       ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဓမ္မီတိုက်နယ်အတွင်းရှိ ကညင်ကောက်ကျေးရွာ အုပ်စု၊ထိန်ငူကျေးရွာအတွင်း ပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာအတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချ ပေးနေမှုနှင့်ပတ်သက်၍ ပြည်သူများအား မြို့နယ်စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ (၁၃-၈-၂၀၂၆)ရက်နေ့ နံနက်(၁၁း၃၀)အချိန်တွင် ဓမ္မီတိုက်နယ်စာသင်ကျောင်း၌ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က စားအုန်း ဆီဖြန့်ဖြူးလျက်ရှိရာ စားသုံးသူပြည်သူများအား သတ်မှတ်ဈေးနှုန်းဖြင့် အဆင်ပြေချောမွေ့စွာ စားအုန်းဆီဝယ်ယူရရှိနိုင်ရေး၊ တရားမဝင်ရောင်းချမှုများ လျော့နည်းပပျောက်စေရေး ရည်ရွယ်၍ စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းများနှင့်ပတ်သတ်၍ ကျေးရွာ/ရပ်ကွက်အလိုက် ဝယ်ယူရမည့် လက်လီအရောင်းဆိုင်၊ အိမ်ထောင်စုများအတွက်  စားအုန်းဆီဝယ်ယူခွင့်စာအုပ်များပြုလုပ်၍ ခွဲတမ်းအလိုက်ရောင်းချရန် လမ်းညွှန်ချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း အသိပညာပေး ပြောကြား ခဲ့ပါသည်။ ထို့နောက် ကျေးရွာ/ရပ်ကွက်အိမ်ထောင်စုအလိုက် စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဖြန့်ဖြူး ရောင်းချပေးနေသော စားအုန်းဆီများအပေါ် သက်ဆိုင်ရာအုပ်ချုပ်ရေးမှုးများ၊ ကုန်မျိုးစုံ လက်လီဆိုင်များအနေဖြင့် မသမာ သောနည်းလမ်းများဖြင့်ရောင်းချမှုမပြုလုပ်ရေး၊ စျေးနှုန်းမြှင့်တင် (လုံးဝ)မရောင်းချရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မသမာမှုနည်းလမ်းများအသုံး​ပြု၍ ရောင်းချမှုများဖြစ်ပေါ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း  အသိပညာပေးဆွေးနွေးခဲ့ပါသည်။

(DOCA ဧရာဝတီ)

လပွတ္တာခရိုင်၊လပွတ္တာ မြို့နယ် မြို့ပေါ်ရှိဆေးဆိုင်များတွင်  ဈေးနှုန်းမြှင့်တင်ရောင်ချခြင်းရှိ/မရှိနှင့် ဆေးဝယ်ယူရရှိမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံး၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးလှထွဋ်ဦးနှင့်ဝန်ထမ််းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေး၊ ပြည်သူ့ကျန်းမာရေးအဖွဲ့တို့နှင့်  ပူးပေါင်း၍ (၁၄-၈-၂၀၂၆)ရက်နေ့ နံနက်(၁၁;၀၀)နာရီက လပွတ္တာမြို့ပေါ်ရှိဆေးဆိုင်များတွင် အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြင့်တင် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ အိမ်သုံးဆေးအရောင်းဆိုင် ဆိုင်ရှင်များအား စားသုံးသူ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆေးဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုရန် ဆေးဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ဆေးပြတ်လပ်မှုမဖြစ်ပေါ်စေရေးအဓိကထားဆောင်ရွက်ရန် ဈေးကွက် အတွင်း ယခင်လဈေးနှုန်းထက် အနည်းငယ်သာ မြင့်တက်မှုရှိပြီး စားသုံးသူပြည်သူများအနေဖြင့် အခြေခံဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရာတွင် အခက်အခဲမရှိဝယ်ယူရရှိနိုင်ပြီး သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားရှိခြင်းများ စစ်ဆေး‌တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေများအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများ၏ အမိန့်ညွှန်ကြားချက်၊ ဥပဒေများလိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်အတွင်းရှိ  Online Sale ဖြင့် အဝတ်အထည်ရောင်းဝယ်ခြင်းလုပ်ငန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ် နှင့်ဝန်ထမ်းများသည် (၁၄-၈-၂၀၂၆)ရက်နေ့ နေ့လည်(၁၅:၀၀)နာရီက မော်ကျွန်းမြို့နယ်အတွင်းရှိ Online Sale ဖြင့် အဝတ်အထည်ရောင်းချသည့်လုပ်ငန်းရှင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။‌

         ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ အဝတ်အထည်ရောင်းချသည့် လုပ်ငန်းရှင် များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရေးကြီးကုန်စည်နှင့်ဝန် ဆောင်မှု ဉပဒေအရ OnlineSaleရောင်းဝယ်မှုများအားအရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ထားသဖြင့် အွန်လိုင်းမှတ်ပုံတင် လျှောက်ထား ခြင်းနှင့်စပ်လျဉ်း၍ ကိုက်ညီရမည့်အချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်နှင့် အခွင့်အရေးများ၊OnlineSale မှတ်ပုံတင်လက်မှတ်ထုတ်ယူပုံအဆင့်ဆင့်၊ သက်တမ်းတိုးခြင်းနှင့်ပတ်သက်၍ သိရှိရန်အချက်များ၊  အွန်လိုင်းလုပ်ငန်း ဆောင်ရွက်လိုသူများအနေဖြင့် တရားမဝင်တင်သွင်းလာသော ကုန်ပစ္စည်းများအား ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဉပဒေပါပြစ်မှုပြစ်ဒဏ်တို့ကို လုပ်ငန်းရှင်များအားရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊မြို့ပေါ်ရှိ စက်သုံးဆီရောင်းချနေသောဆိုင်များအား ရည်ညွှန်းဈေးဖြင့်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ၊အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်း နှင့်ဝန်ထမ်းများသည် အထွေထွေစီမံအုပ်ချုပ်ရေးဦးစီးဌာန ၊မြို့နယ်မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၄--၂၀၂) ရက်   နေ့လည်(၁၃:၃၀)နာရီအချိန်တွင် မြို့ပေါ်ရှိ စက်သုံးဆီရောင်းချနေသောဆိုင်များတွင်  သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်    ရောင်းချပေးနေခြင်း  ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ မြို့ပေါ်ရှိ စက်သုံးဆီရောင်းချနေသော ဆိုင်များအား  စက်သုံးဆီများကို လက်လီ/လက္ကား ရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး စက်သုံးဆီရောင်းချနေသောဆိုင်ပိုင်အား စက်သုံးဆီ ရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းကြီးမြင့်နေမှုကို မိမိတို့ဆိုင်များ အနေဖြင့် ပြည်သူများအားဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊သတ်မှတ်ဈေးနှုန်းဖြင့်သာ ရောင်းချရန်၊ဈေးနှုန်းမြှင့်တင်ရောင်း ချခြင်း၊ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ တွေ့ရှိပါကအရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ အရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်သုံးဆီဆိုင်ပိုင်ရှင်အား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊  ခရိုင်ဦးစီးမှူးရုံးတွင် စားသုံးဆီလက်လီ၊ လက္ကားအရောင်းဆိုင်ပိုင်ရှင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး တွေ့ဆုံရှင်းလင်းဆွေးနွေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးစံကြည် နှင့်မြို့နယ်တာဝန်ခံ ဒေါ်ရည်မွန်သန့်တို့သည်(၁၃-၈-၂၀၂၆)ရက်နေ့မွန်းလွှဲ(၁၆;၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူး ရုံးတွင် စားသုံးဆီလက်လီ၊လက္ကားအရောင်းဆိုင်ပိုင်ရှင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး တွေ့ဆုံ ရှင်းလင်းဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ တက်ရောက်လာသော  စားသုံးဆီလက်လီ၊ လက္ကားရောင်းချနေသူလုပ်ငန်းရှင်များအား ခရိုင်/မြို့နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်းမြင့်မား ခြင်းနှင့်ပတ်သက်၍ စားသုံးဆီရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း မပြုလုပ်ကြရန်၊ စားသုံးသူ ပြည်သူများအား ထင်ယောင်ထင်မှားဖြစ်စေပြီး ရောနှောရောင်းချခြင်းမျိုးမပြုလုပ်ကြရန်၊ သတ်မှတ်ရည်ညွှန်းဈေးထက်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများစစ်ဆေးတွေ့ရှိပါကအရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည် ဆက်လက်ပြီး မြို့နယ်တာဝန်ခံမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါပြဌာန်းချက်များမှအခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန် ကုန်အမှတ်တံဆိပ်အလိုက် ဆီအမျိုးအစား ကွဲပြားခြားနားမှုကို စားသုံးသူပြည်သူများအားရှင်းလင်းပြောကြား၍ရောင်းချပေးရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များ မှတားမြစ်ချက်များ၊ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည် တက်ရောက်လာသော စားသုံးဆီလုပ်ငန်းရှင်များမှ သိရှိလိုသည့်မေးမြန်းချက်များအား မြို့နယ်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည် ဆွေးနွေးပွဲသို့ စားသုံးဆီလုပ်ငန်းရှင်(၂၆)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင် မြောင်းမြမြို့နယ်၊ မြို့ပေါ်ရှိ လက်လီလက္ကားစားသုံးဆီဆိုင်များအား ရှောင်တခင်သွားရောက်စစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တာဝန်ခံ ဒေါ်ရည်မွန်သန့် သည် မြို့နယ်ထွေအုပ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၃-၈-၂၀၂၆)ရက်နေ့ နံနက်(၁၀;၃၀)နာရီက မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များအား ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ လက်လီလက္ကားရောင်းချ သောဆိုင်ရှင်များအား စားသုံးသူပြည်သူများသို့ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချဖြန့်ဖြူးပေးရန်၊ သက်ဆိုင်ရာအထက်ဌာနများမှထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချပေးရန် စားသုံးဆီခွဲတမ်းရရှိသည့် ဆိုင်များအနေဖြင့် ဈေးနှုန်းများကို အများမြင်သာသောနေရာများတွင် ရောင်းချသည့်ဈေးနှုန်းအား ချိတ်ဆွဲထားရှိရန် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချပေးကြရန်၊  ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့်သိုလှောင်ထားခြင်းများတွေ့ရှိပါကအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား အသိပေးဆွေးနွေးခဲ့ပါသည်။  

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဈေးရပ်ကွက် ကမ်းနားလမ်းရှိ မုန့်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိမရှိ ကွင်းဆင်းစစ်ဆေး

                ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုး သည် (၁၃-၈-၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီက  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့၊ ဈေးရပ်ကွက်ကမ်းနားလမ်းရှိ မုန့်မျိုးစုံဆိုင်များတွင်ရောင်းချနေသော မုန့်မျိုးစုံများ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ပါသည်၊

                          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် မြို့နယ်တာဝန်ခံမှဝါးခယ်မမြို့နယ်၊ ဈေးရပ်ကွက်ကမ်းနားလမ်းရှိ ရောင်းချနေ သောမုန့်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးမှထုတ်ပြန်ထားသောစားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါပြဌာန်းချက်များမှစားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ် ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို ၍တွဲလျှက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်တွင်ရောင်းချနေသော မုန့်ထုတ်များတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြထားမှုရှိစေရန်နှင့် ဌာနမှဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအားစဉ်ဆက်မပြတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးစစ်ဆေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ