Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

SME အသေးစားအလတ်စား အိမ်တွင်းမှုစက်မှုလက်မှုထုတ်ကုန်များ ထုတ်လုပ်နေသော လုပ်ငန်းခွင်များသို့ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်ဝိုင်းကျေးရွာ တွင် SME အသေးစားအလတ်စား အိမ်တွင်းမှုစက်မှုလက်မှုထုတ်ကုန်များ ထုတ်လုပ်နေသော လုပ်ငန်းခွင်များသို့ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် ဒေသတွင်း လုပ်ငန်းဖွံ့ဖြိုူတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများကို ၁၅-၁၁-၂၀၂၅ ရက်နေ့ နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

    တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှုဖြင့် ဒေသတွင်းထုတ်ကုန်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး  MSME အသေးစားအလတ်စား အိမ်တွင်းမှုစက်မှု လက်မှုထုတ်ကုန်များ ထုတ်လုပ်လျက်ရှိသော စားသောက်ကုန်၊ အထည်အလိပ်၊ မွေ့ယာ။ လက်အိတ်နှင့် အဝတ်အထည်များ ထုတ်လုပ်သော ထုတ်ကုန်များ အဆင့်အတန်းမြင့်စွာ တိုးတက်ထုတ်လုပ်နိုင်ရေး၊ ဒေသတွင်း မြို့ထွက် ထုတ်လုပ်သော အစားအသောက်များအား ပြည်သူများ စိတ်ချယုံကြည်စွာ စားသုံးနိုင်ရေးတို့အတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးကပြောသည်။

     ဒေသတွင်းထုတ်လုပ်သော စားသောက်ကုန်လုပ်ငန်းများမှထုတ်လုပ်သော ကုန်ပစ္စည်းများအား ၆လ တစ်ကြိမ် ထုတ်ကုန် နမူနာယူစစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် တံဆိပ်တွင် ဖော်ပြမှုများကို လစဉ် စစ်ဆေးခြင်း ဈေးကွက်ရရှိနိုင်ရေး၊ ပြည်ပဝင်ငွေရရှိနိုင်ရေး ကောင်းမွန်သော ထုတ်ကုန်များ ဖြစ်စေနိုင်ရေး  စစ်ဆေးဆောင်ရွက်ရန် နမူနာများယူဆောင်သွားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မြောက်ဥက္ကလာပမြို့နယ်၊ Orange Mart သို့ ဈေးနှုန်းဈေးကွက်အခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       (၁၉.၁၁.၂၀၂၅) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး မှ ဒေါ်လဲ့လဲ့ဌေး(စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်းများသည် မြောက်ဥက္ကလာပမြို့နယ်ရှိ Orange Mart တွင် ရောင်းချနေသောကုန်စည်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေနှင့်ပစ္စည်းပြတ်လပ်မှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့စစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက ဈေးကွက်အတွင်း ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိနှင့် ယခင်အပတ်ဈေးနှုန်းနှင့်ယခုအပတ်ဈေးနှုန်းများ ကောက်ယူခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံမှ တင်သွင်းသည့် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဈေးနှုန်းမြှင့်တက်မှု ရှိ/ မရှိ၊ ကုန်ပစ္စည်းများကန့်သတ်ရောင်းချခြင်းရှိ/မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ကုန်စ္စည်းများတွင်ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိစစ်ဆေးခဲ့ပြီးယခင်အပတ်ဈေးနှုန်းနှင့်ယခုအပတ်တွင်ရောင်းချနေသောဈေးနှုန်းများကောက်ခံ၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မအူပင်မြို့နယ် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ စက်သုံးဆီ ရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ၊ သတ်မှတ်ရောင်းချဈေးနှုန်းများအတိုင်း ရောင်းချမှု ရှိမရှိ၊ စက်သုံးဆီ သိုလှောင်ထားရှိမှုနှင့် လိုင်စင်ရရှိမှုများ ကို ၁၃-၁၁-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ပူးပေါင်းစစ်ဆေးရေး အဖွဲ့က  သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ပူးပေါင်း စစ်ဆေးရေးအဖွဲ့များဖြစ်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး)နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး၊ (မြို့နယ်စည်ပင်သာယာရေးအဖွဲ့)၊ မြို့နယ် (စားသုံးသူရေးရာဦးစီးဌာန)  ဒေါ်ခိုင်ခိုင်လင်း ဒုဦးစီးမှူး တို့သည် မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ၌ ဆီလုံလောက်စွာရောင်းချပေးနိုင်ခြင်း ရှိ/မရှိ၊ စက်သုံးဆီလက်ကျန် ကျန်ရှိမှုအခြေအနေစစ်ဆေးခြင်း၊ စက်သုံးဆီရောင်းချနေတဲ့ ဆိုင်တွေမှာ စက်သုံးဆီ သိုလှောင်ထားရှိသော ပမာဏနှင့် ရောင်းချနိုင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ စက်သုံးဆီဆိုင်တွေမှာ သိုလှောင်ထားတဲ့ ဆီပမာဏပေါ်မူတည်ပြီး ဖွင့်လှစ်ရောင်းချနိုင်စေရန် စစ်ဆေးခြင်းဖြစ်ပြီး မအူပင်မြို့နယ်အတွင်းမှာရှိတဲ့ စက်သုံးဆီဆိုင် (၇) ဆိုင်မှာ မိဘပြည်သူများအနေနဲ့ စက်သုံးဆီများကို စိတ်ချစွာ ဝယ်ယူနိုင်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းမှတ်ပုံတင်ခြင်း နှင့်စပ်လျဉ်း၍ မြေပြင်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်အေးအေး မော်နှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/မရှိကို (၁၉.၁၁.၂၀၂၅) ရက်နေ့ ၊ နေ့လည်(၁၅:၀၀)နာရီအချိန်တွင်  ဗိုလ်ဥာဏလမ်း၊  (၃၁)ရပ်ကွက်၊ ၊မြောက်ဒဂုံမြို့နယ်သို့သွားရောက်၍ “ချစ်သက်ဂျပန်အွန်လိုင်း”အား Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုဆွေးနွေးရာ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြု ထုတ်ပေးလျက်ရှိကြောင်း ၊ e-Commerce Registration စနစ်မှတစ်ဆင့်လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက် လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှု ရှိ/မရှိ မြေပြင် ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

သူရသံလွင် Co.Ltd အား Online  မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည် နှင့်ဝန်ထမ်းများသည်(၁၉.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ပင်လုံလမ်း၊  (၃၅) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ သွားရောက်၍ “သူရသံလွင်  Co.Ltd မှ sale & marketing သင်ကြားရေးဝန်ဆောင်မှု” ပေးသောလုပ်ငန်အား   Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း ဆိုင်ရာအချက်အလက်များ ကိုက်ညီ မှု ရှိ/မရှိ ကို စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ရောင်းချခြင်း လုပ်ငန်း နှင့်ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေအ ဖြစ်သတ်မှတ်ထားကြောင်း မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

YANGON PARIS BAKERY မုန့်လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေ ရေးဈေးကွက်စောင့်ကြည့်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုကြည် (စစ်ဆေး ရေးအရာရှိ) နှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်ဝန်ထမ်းများနှင့်ပူးပေါင်း၍ (၁၉-၁၁-၂၀၂၅) ရက်နေ့ ၊ နံနက် (၁၄:၀၀) နာရီအချိန်တွင် အမှတ် (၁၀၅၃) ၊ သင်းဝင်း(၃)လမ်း၊ (၃၄)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ YANGON PARIS BAKERY မုန့်လုပ်ငန်းသို့သွားရောက်၍ ထုတ်ကုန်လုံခြုံ စိတ်ချမှုရှိစေ ရေးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့သည် ပြုလုပ်ပုံလုပ်ငန်းအဆင့်ဆင့်ကိုမေးမြန်းပြီး၎င်းတို့ပြုလုပ်နေသောမုန့်လုပ်ငန်း၏ စားသုံးရန် (သို့) အသုံးပြုရန်သင့်/ မသင့်၊ ဘေးအန္တရာယ် ကင်းရှင်းမှုရှိ/ မရှိနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့်အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များရှိ/ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအား အသေးစိတ်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

CORAL K သောက်ရေသန့်လုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုကြည်(စစ်ဆေးရေး အရာရှိ)နှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်ဝန်ထမ်းများနှင့်ပူးပေါင်း၍  (၁၉-၁၁-၂၀၂၅) ရက်နေ့၊ နံနက်  (၁၁:၃၀)နာရီ အချိန်တွင် အမှတ် (၁၇/၁၈)၊ ဦးဝိစာရလမ်း၊ (၄၁)တိုးချဲ့ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ CORAL K သောက်ရေသန့်လုပ်ငန်းသွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိ စေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

          အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် CORAL K သောက်ရေသန့်လုပ်ငန်းတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်နေမှုများရှိ/ မရှိ၊  သက်ဆိုင်ရာဌာနများ၏ ထောက်ခံ ချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင်ထုတ်လုပ်နိုင်ရေး၊ အလေးထားဆောင်ရွက် စေလိုခြင်းများ မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာပါရှိမှုရှိ/မရှိ စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး CORAL K သောက်ရေသန့်လုပ်ငန်းတွင် ကုန်အညွှန်းအမှတ်အသား များပြည့်စုံစွာပါရှိကြောင်း စစ်ဆေးသိရှိရပါသည်။ 

DOCA(ရန်ကုန်)

ညောင်ဦးမြို့၊ သီတာစိုး ဆန်ဆိုင်သို့ကွင်းဆင်း

        ညောင်ဦးမြို့တွင် ဆန်အရောင်းဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ရွှေဘိုပေါ်ဆန်း ဈေးနှုန်း၊ ဈေးကွက်နှင့် ဆန်စီးဝင်၊ စီးထွက်မှုအခြေအနေများ၊ (My RO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro. com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို စာရင်းထည့်သွင်းပေးနိုင်ရေး၊ ရေးသွင်းသော စာရင်းအချက်အလက်များနှင့် မြေပြင်ရှိကုန်လက်ကျန် စာရင်းကိုက်ညီမှုရှိစေရေး၊  ညောင်ဦးခရိုင်တာဝန်ခံရုံးအနေဖြင့် (၁၃.၁၁.၂၀၂၅)ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် ခရိုင်တာဝန်ခံနှင့်ဝန်ထမ်းများသည် ညောင်ဦးမြို့၊  မဏိစည်သူဈေးတိုက်တန်းရှိ သီတာစိုး ဆန်အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်ရှင်များအနေဖြင့် ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက်မှုရှိရန်နှင့် လိုက်နာမှုမရှိသော လုပ်ငန်းပိုင်ရှင်များအား စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်ခြင်းများရှိကြောင်း အသိပေးဆွေးနွေး၍ မြေပြင်ကြီးကြပ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့၊ ဝင်းစတား ဆန်ဆိုင်သို့ကွင်းဆင်း

      ညောင်ဦးမြို့တွင် ဆန်အရောင်းဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ရွှေဘိုပေါ်ဆန်း ဈေးနှုန်း၊ ဈေးကွက်နှင့် ဆန်စီးဝင်၊ စီးထွက်မှုအခြေအနေများ၊ (My RO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro. com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန် အခြေအနေများကို စာရင်းထည့်သွင်းပေးနိုင်ရေး၊ ရေးသွင်းသော စာရင်းအချက်အလက်များနှင့် မြေပြင်ရှိကုန်လက်ကျန် စာရင်းကိုက်ညီမှုရှိစေရေး၊  စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံရုံးရှိ ခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၃.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ် ၁၃:၃၀ နာရီအချိန်တွင် ညောင်ဦးမြို့၊ မဏိစည်သူဈေးတိုက်တန်းရှိ ဝင်းစတား  ဆန်အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်ရှင်များအနေဖြင့် ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက်မှုရှိရန်နှင့် လိုက်နာမှုမရှိသော လုပ်ငန်းပိုင်ရှင်များအား စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူဆောင်ရွက်ခြင်းများရှိကြောင်း အသိပေးဆွေးနွေး၍ မြေပြင်ကြီးကြပ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 “သန်လျင်မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိဆန်ဆိုင်များအားဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း”

                  ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဆန် ဆိုင်များတွင် ဆန်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းအား စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာန တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းအောင် ဒုဦးစီးမှူးနှင့်အဖွဲ့သည် နိုဝင်ဘာလ(၁၈)ရက်နေ့၊ နေ့လည်(၁၁:၃၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်း သိရှိရသည်။

            စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စည်ပင် သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ သန်လျင်မြို့မဈေးအတွင်းရှိ ကျော်/ပိုဆန်ဆိုင်၊ ဒေါ်ခင်လေးဆန် ဆိုင်နှင့် မြို့မဈေးအပြင်ဘက်တန်းရှိ မိဘမေတ္တာဆန်ဆိုင်များသို့  ရွှေဘိုပေါ်ဆန်းနှင့် ပေါ်ဆန်း ဆန်များအား ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း မပြုလုပ်ကြရန်နှင့် ပြည်တွင်းစားသုံးသူ ပြည်သူများအတွက် မျှတ၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့်သာ ရောင်းချကြရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ