Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရှမ်း(တောင်)ကုန်စိမ်းသီးနှံအများစုဈေးကျဆင်း

 

          ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ပထမပတ်အထိ ဈေးနှုန်းအမြင့်တွင်ရှိခဲ့သော ကုန်စိမ်းသီးနှံအများစု မှာ(၁၀.၁၂.၂၀၂၄)ရက်နေ့တွင် ဈေးနှုန်းများထက်ဝက်နီးပါးကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ လေ့လာသိရှိရပါသည်။ခရမ်းချဉ်၊ ဂေါ်ဖီ၊ ပန်းမုံလာ၊ ငရုတ်ပွ နှင့် မုန်ညှင်း စသောကုန်စိမ်းသီးနှံများ မှာ နှစ်စဉ်ဆောင်းကာလတွင် ဈေးလျော့ကျသည့်အစဉ်အလာရှိပြီး ယခုနှစ်တွင် ကုန်စည်ထွက်ရှိမှု လျော့ခြင်း၊ ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ခင်းအချို့ပျက်စီးခြင်း နှင့် အခြားဒေသမှ ကုန်ထွက်ရှိမှု နောက်ကျခြင်းကြောင့် ဈေးနှုန်းများမြင့်တက်ခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ယခုကာလတွင် ပဲ ခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းဒေသကြီးတို့မှ ကုန်စိမ်းများ လှိုင်လှိုင်ပေါ်လာချိန်ဖြစ်၍ ဈေး ကွက်ဝယ်လိုအားနှင့် ကုန်ထွက်ရှိမှု မျှတလာသဖြင့် ဈေးနှုန်းများကျဆင်းလာရခြင်းဖြစ်ပါသည်။ဒီ ဇင်ဘာလ ဒုတိယပတ်၏ ကုန်စိမ်းဈေးနှုန်းများမှာ ခရမ်းချဉ်သီး (၂၇၀၀-၃၅၀၀)ကျပ်၊ ဂေါ်ဖီ (၁၅၀၀-၁၈၀၀)ကျပ်၊ ပန်းမုံလာ (၁၅၀၀-၂၀၀၀)ကျပ်၊ မုန်ညှင်း (၁၅၀၀-၁၆၀၀)ကျပ်၊ ငရုတ်ပွ (၃၅၀၀-၄၅၀၀)ကျပ်၊ ဘိုစားပဲ (၁၈၀၀-၂၀၀၀)ကျပ်စသဖြင့် ဈေးပေါက်လျက်ရှိပြီး အာလူး (၂၅၀၀- ၅၅၀၀)ကျပ်သာ ဈေးကွက်ပေါက်ဈေးရှိပါကြောင်း နှင့် ကုန်စိမ်းသီးနှံများ ဈေးဆက်လက်ကျဆင်း နိုင်ကြောင်း လေ့လာသုံးသပ်ရေးသားအပ်ပါသည်။

DOCA(ရှမ်း)

ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သတ်၍ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် (၅.၁၂.၂၀၂၄)ရက်နေ့တွင် နမ့်စန်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၌ ဆပ်ပြာရည်အမျိုးမျိုး တို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာ၌ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ဆပ်ပြာရည်အမျိုးမျိုးတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ် ဖြစ်စေနိုင်သော ကုန်စည်များရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သတ်၍ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

 ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် (10.၁၂.၂၀၂၄)ရက်နေ့တွင် လွိုင်လင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၌ ဆပ်ပြာရည်အမျိုးမျိုး တို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာ၌ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ဆပ်ပြာရည်အမျိုးမျိုးတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ် ဖြစ်စေနိုင်သော ကုန်စည်များရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ရောနှောဆီအပါဝင်စားသုံးဆီအမျိုးမျိုးအရောင်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

 ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၆)ရက်နေ့၊ နံနက်(10:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း များသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ နမ့်စန်မြို့ပေါ်ရှိ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးရောင်းချသည့် ကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များပါဝင်မှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ဈေးကွက်အတွင်းတွင်  Goody၊ ရွှေပဲ၊ Duck ၊ အမေထွား အစရှိသည့် ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးတို့ကို ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိ ရပါသည်။

DOCA(ရှမ်း)

ထောပတ်ဝေဆာဒီဇင်ဘာ

ထောပတ်သီးသည် လူကြိုက်များသောသစ်သီးဝလံ ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံ အသီးသီးသို့ပါ တင်ပို့နေရသော ဈေးကွက်ဝင် သီးနှံတစ်မျိုးဖြစ်ပါသည်။ ထောပတ်သီးသည် အရသာကောင်းမွန် သောကြောင့် စားသုံးသူများပြားသည့်အပြင် အလှအပရေးရာအတွက်လည်း အသုံးဝင်သည့် အလှကုန်များ၊ ရေချိုး ဆပ်ပြာဆီများ၊ ဆံကေသာလိမ်းဆီများကဲ့သို့သော ပစ္စည်းများထုတ်လုပ်ရာတွင်လည်း အသုံးဝင်သည့်အတွက် ဈေးကွက် ၀ယ်လိုအား များပြားသော သီးနှံများထဲတွင် ထိပ်တန်းကပါဝင်နေပါသည်။

ထောပတ်သီး စတင်စိုက်ပျိုးရာ မူရင်း‌ဒေသမှာ အမေရိကတိုက်အလယ်ပိုင်း၊ မက်ဆီကို(တောင်ပိုင်း) မှ မူလအရင်းတည်ပြီးပီရူး အလယ်ပိုင်း သို့ရောက်ရှိလာကာ ဥရောပ၌ ဖြစ်ထွန်းခဲ့ကြောင်း၊ ထိုမှတစ်ဆင့် အပူပိုင်းနှင့် နွေးသမဇုန်များသို့ ပျံ့နှံ့သွားကြောင်းလေ့လာသိရှိရပါသည်။ မြန်မာနိုင်ငံတွင် ထောပတ်သီးကို မန္တလေးတိုင်း ပြင်ဦးလွင်မြို့တွင် စတင်စိုက်ပျိုးခဲ့ကြပြီး ယခုအခါ ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ရှမ်းပြည်နယ် (‌မြောက်ပိုင်း) ၊ ကယား ပြည်နယ် နှင့် ချင်းပြည်နယ်များတွင်ပါ စိုက်ပျိုးလာကြကြောင်း သိရှိရပါသည်။  ရှမ်းပြည်နယ်မှ ထောပတ်သီး ထွက်ရှိမှု အများဆုံးဖြစ်ပြီးစိုက်ပျိုးတောင်သူများအားဝင်ငွေတိုးအမြတ်ပိုစေသည့်သီးနှံဖြစ်ကြောင်းလည်းသိရှိရပါသည်။ထောပတ် သီးများသည် အောက်တိုဘာလတွင်စတင်ထွက်ရှိပြီး ဇန်နဝါရီလကုန်ပိုင်းတွင် အသီးကုန်ပါသည်။

 ယခုဒီဇင်ဘာလသည် ထောပတ်သီးဝေဆာစွာ ထွက်ရှိသောကာလဖြစ်ပြီး ရှမ်းပြည်နယ်မှ ထွက်ရှိသော ထောပတ်သီးများသည် ဈေးကွက်ဝင်လူကြိုက် များလှပေသည်။  ထောပတ်သီး ဒေသမျိုးရင်းများကို အဝိုင်းမျိုး ၊ မီးသီးမျိုး၊ ဘူးသီးမျိုးသဖြင့် ပုံသဏ္ဍာန်အနေအထားကိုလိုက်၍ အမည်ပေးခေါ်ဆိုမှုများ ရှိသကဲ့သို့ မိမိတို့စိုက်ပျိုးသော ထောပတ်ခြံအမည်ကို ပေးခြင်းဖြင့် လည်းကောင်း ခေါ်ဆိုကြပါသည်။   Hass ထောပတ်မျိုးများသည် ဈေးကွက်အတွင်း ပိုမိုတွင်ကျယ်လျက်ရှိနေသည်ကို လေ့လာတွေ့ရှိရပါသည်။ ဒေသမျိုးရင်းထောပတ်သီးများအပြင် HASS ထောပတ်သီး သည်လည်း မြန်မာနိုင်ငံအတွင်း လွန်စွာစားသုံးမှုများပြားလာသော ထောပတ်အမျိုးအစားတစ်ခုဖြစ်ပါသည်။ HASS ထောပတ်သီး၏ အရသာမှာ ဆိမ့်၍ စီးပိုင်သောအရသာရှိ၍ စားသုံးသူများ နှစ်သက်ကြပြီး HASS ထောပတ်သီး ဈေးနှုန်းသည်‌ဒေသသီးဈေးနှုန်းထက်ပိုမြင့်ပါသည်။ ဒေသသီးတစ်လုံးလျှင် ၁၅၀-၂၀၀ကျပ်ခန့်မှစ၍ ၆၀၀- ၈၀၀ကျပ်အထိ လည်းကောင်း၊  လက်လီဈေး ၂၅၀-၅၀၀ ကျပ်ခန့်မှ ၁၀၀၀- ၁၂၀၀ကျပ်ခန့်အထိ လည်းကောင်း၊  အရွယ်အစားနှင့် ထောပတ် အမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းအမျိုးမျိုးကွဲပြားပါသည်။ HASS ထောပတ်သီး ကိုမူ ကီလိုဂရမ်ဈေးဖြင့် ရောင်းချလေ့ရှိကြပြီး လက္ကားဈေး တစ်ကီလိုလျှင် ၃၀၀၀- ၄၀၀၀ ကျပ်အတွင်းပေါက်ဈေးရှိပြီး လက်လီဈေး တစ်ကီလို လျှင် ကျပ် ၃၅၀၀ - ၅၀၀၀ ကျပ်အတွင်းပေါက်ဈေးရှိပြီး အရွယ်အစားနှင့် လတ်ဆတ်မှုပေါ်မူတည်၍ ၆၅၀၀-၇၀၀၀ ကျပ် ခန့်အထိ ဈေးကောင်းရရှိနေကြောင်းသိရှိရပါသည်။ ထောပတ်သီးများကို ဒေသဈေးနေ့များတွင်ဝယ်ယူစားသုံးမှု များပြား ကြပြီး ဒေသတွင်းသစ်သီးရောင်းချသောဆိုင်များ၊ ပွဲရုံများနှင့်အင်တာနက်လိုင်းပေါ်မှတစ်ဆင့်လည်း ဝယ်ယူစားသုံးမှု များပြားကြကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

 

ဈေးကွက်အတွင်းသို့ ဝဥများ လှိုင်လှိုင်ဝင်ရောက်လာပြီ

 ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းဈေးကွက်သို့ ပတ်ဝန်းကျင်ဒေသများမှ စိုက်ပျိုးထုတ် လုပ်သော ဝဥ များလှိုင်လှိုင်ဝင်ရောက်လာကြောင်းသိရှိရပါသည်။ယခုကာလတွင် ဈေးကွက်အတွင်း ဝဥ အစိုများသာဝင်ရောက်မှုရှိပြီး တစ်ပိဿာလျှင် (၂၈၀၀)ကျပ် ဈေးရှိကြောင်းသိရှိရပါသည်။ဝဥ များကိုပြည်တွင်း၌ ပရဆေး၊ အသားတု၊ အသင့်စားခေါက်ဆွဲစသည့် ကုန်စည်များထုတ်လုပ်သည့် နေ ရာတွင် အသုံးပြုသည့်အပြင် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံများသို့ ပြည်ပတင်ပို့ကုန်အဖြစ် ပေးပို့ကြောင်း လေ့လာသိရှိရပါသဖြင့် စိုက်ပျိုးထုတ်လုပ်သင့်ပြီး ဈေးကွက်ခိုင်မာသောသီးနှံ ဖြစ်ပါသည်။အောင်ပန်း ဒေသဈေးကွက်သို့ အများဆုံးဝင်ရောက်သော ဝဥ များမှာ ပင်းတယ၊ ရွာငံ၊ ပင်လောင်း၊ ကလောဒေသ တို့မှ တောတွင်းအလေ့ကျပေါက်ရောက်မှု နှင့် သီးသန့်စိုက်ပျိုးထုတ်လုပ်မှုတို့မှ ဖြစ်ကြောင်းသိရှိရပါ သည်။၂၀၂၄ခုနှစ် ဒီဇင်ဘာလဈေးကွက်မှသည် ၂၀၂၅ခုနှစ်ဖေဖော်ဝါရီလအထိ ဝဥ အားစိုက်ပျိုးထုတ် လုပ်ရောင်းချမည့် ဈေးကွက်ခိုင်မာနေဦးမည်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(ရှမ်း)

ဆေးဖက်ဝင်အရသာကောင်းမွန်သည့်ယာဂွန်ဥ

  ယာဂွန်ဥကိုရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းလောင်းမြို့နယ်၊ နောင်တရားဒေသ၊ ပေါင်းလောင်း ဒေသတို့တွင်စီးပွားဖြစ်စိုက်ပျိုးကြပြီး ကလောနှင့်တောင်ကြီးဘက်တွင်လည်း အများအပြားစိုက်ပျိုး ကြောင်းသိရှိရပါသည်။ယာဂွန်ဥကိုနှစ်စဉ် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင်တူးဖော်ကြပြီးဈေး ကွက်အတွင်းသို့ (၁)ပိဿာလျှင် ၃၀၀၀၊ ၃၅၀၀ကျပ်ဖြင့်ရောင်းချကြပါသည်။ ယာဂွန်ဥစိုက်ပျိုးခြင်း သည်တောင်သူများအတွက်စီးပွားဖြစ်တွက်ခြေကိုက်သောသီးနှံဖြစ်ပါသည်။

          ယာဂွန်ဥသည်ကန်စွန်းဥနှင့်ဆင်တူပြီး အရသာနှင့်အာဟာရတန်ဖိုးမှာ မတူဘဲကွဲပြားသည်ကို လေ့လာသိရှိရပါသည်။ အရသာမှာပန်းသီး၊ဖရဲသီးနှင့်တရုတ်နံနံကို ပေါင်းစားရသလိုမျိုးဖြစ်ပြီး မြေ အောက်ပန်းသီးလို့ပင်တင်စားခေါ်ဝေါ်ကြပါသည်။အစိမ်းစားလျှင် ချိုပြီးကြွပ်ရွကာ အရည်ရွှမ်းသော အသီးတစ်မျိုးဖြစ်ပါသည်။

          ယာဂွန်ဥတွင်ရေဓာတ်ပါဝင်မှု ၇၅ %၊ ကာဗွန်ဟိုက်ဒရိတ် ၂၀ %၊ အသားဓာတ် ၂ %၊ အဆီ၁%၊ သကြား၊ ဖိုက်ဘာ၊ ဗိုက်တာမင်စီ၊ ကယ်ဆီယမ်၊ ပိုတက်ဆီယမ်နှင့် ပြာဓာတ်တို့ပါဝင်နေပါသည်။ ယာ ဂွန်ဥတွင်ပါဝင်သော အချိုဓာတ်သည် ဆီးချိုသမားများပင် စားသုံးနိုင်ပါသည်။ အရိုးပွရောဂါကိုကာ ကွယ်နိုင်ပြီးသွေးတိုးရောဂါရှိသူများပုံမှန်စားသုံးပေးခြင်းဖြင့်သွေးပေါင်ထိန်းညှိခြင်းနှင့်ဖိုက်ဘာအမျှင် ဓာတ်ပါဝင်သောကြောင့်အူလမ်းကြောင်းကျန်းမာရေးကိုအထူးကောင်းမွန်စေပါသည်။ယခုအခါတွင် ယာဂွန်ဥကိုတစ်ကမ္ဘာလုံးစိုက်ပျိုးထုတ်လုပ်စားသုံးနေကြပြီဖြစ်ကြောင်းလေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

 

          ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့၊ နံနက် (၁၀:၄၅)နာရီအချိန်တွင် ကျိုင်းတုံမြို့၊ အခြေခံပညာအလယ်တန်းကျောင်း (အ.လ.က-၄)တွင် စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးအောင်လင်းဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး၏လုပ်ငန်းရှင်၏တာဝန်နှင့် ဝတ္တရားများ၊ ကုန်စည် တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ် အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်း အမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားပြီး ထောက်ခံချက်ရှိသော အစားအစာနှင့် ထောက်ခံချက်မရှိသော အစားအစာများကို ပုံများနှင့်တကွ ရှင်းလင်းပြသခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါသည်။

          DOCA(ရှမ်း)

 

ကျောင်းမုန့်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

  ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့၊ နံနက်(၀၉ꓽ၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်း များသည် ကျိုင်းတုံမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(အ.လ.က-၄)အတွင်းရှိ မုန့်အရောင်းဆိုင် များသို့သွားရောက်၍ ၎င်းတို့ရောင်းချနေသော စားသောက်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိမှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကျောင်းမုန့်ဈေးဆိုင်များအား ကွင်းဆင်းစစ်ရေးရာတွင် ကျောင်းမုန့်ဈေးရောင်းချသူများ အနေဖြင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မိမိတို့ရောင်းချနေ သော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန် ကန်စွာဖော်ပြပါရှိသည့် ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် ကုန်စည်နှင့် သန့်ရှင်းလတ်ဆက်သည့်ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေး၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

DOCA(ရှမ်း)

ပန်းတနော်မြို့နယ်ရှိ ဆန်ဆိုင်လုပ်ငန်းရှင်နှင့် ဆန်စက် သိုလှောင်ရုံ စပါး သိုလှောင်ရုံ လုပ်ငန်းရှင်များ စပါး/ ဆန် MyRo တွင် မှတ်ပုံတင်နိုင်ရေး ရှင်းလင်းဆွေးနွေး

       စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူက ပန်းတနော် မြို့နယ်အတွင်း စပါး/ဆန် သိုလှောင်ရုံ မှတ်ပုံတင်နိုင်ရေး မှတ်ပုံတင်ရရှိပြီး ပြုပြင်ပြောင်းလဲမှု ရှိ၍ ပြင်ဆင်လိုပါက www.myro.com တွင် သတ်မှတ်ချက်နှင့်အညီ လျောက်ထားနိုင်ရေးကို ပန်းတနော်မြို့နယ်တာဝန်ခံရုံးခန်းမတွင် လုပ်ငန်းရှင်များအား (၁၆.၁၂.၂၀၂၄) ရက်နေ့ (၁၀၀၀)အချိန်က ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

          စားသုံးသူရေးရာဦးစီးဌာန၊ပန်းတနော်မြို့နယ်တာဝန်ခံရုံးသို့ ပန်းတနော် မြို့နယ်ရှိ ဆန်စက် လုပ်ငန်းရှင်၊ ဆန်ဆိုင်လုပ်ငန်းရှင်၊ စပါးသိုလှောင်သူတောင်သူများက သိူလှောင်ရုံမှတ်ပုံတင်ခြင်း ဆိုင်ရာ ကိစ္စရပ်နှင့် စပ်လျဉ်း၍ လာရောက်မေးမြန်းရာ ဦးအောင်ကျော်သက်က  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာနသည် ၂၀၂၄ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့တါင် အမိန့်အမှတ် ၈၂/၂၀၂၄ကို ဆန်စပါးသို လှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကို ထုတ်ပြန်ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များက ဆန်တန်ချိန် ၂၅နှင့်အထက် သိုလှောင်ရုံ သိုမဟုတ် စပါးတင်း ၂၅၀၀နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com တွင် သတ်မှတ်ထားသည်နှင့်အညီ မှတ်ပုံတင်လျောက်ထားရမည်ဖြစ်ကြောင်း၊ ဆန်စပါး သိုလှောင်ရုံနှင့် စပ်လျဉ်း၍ မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးနောက် စာရင်းအချက်အလက် ပြောင်းလဲမှုရှိ၍ ပြင်ဆင်လိုလျှင် www.myro.com တွင်သတ်မှတ်ထားသည့်နှင့် အညီ လျောက်ထားရမည်ဖြစ်ကြောင်းကို သိုလှောင်ရုံ အမျိုးအစား သတ်မှတ်ချက် မှတ်ပုံတင်ကြေးပေးသွင်းပြီး မှတ်ပုံတင်ဆောင်ရွက်ရန် လိုအပ်သော အချက်အလက် ထောက်ခံချက်များကို ရရယူပြီး မှတ်ပုံတင်လျောက်ထားပုံပဆင်ဆင့်ကို ရှင်းလင်းဆွေးနွေးပေး ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ