Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လက်ပံတန်းမြို့တွင်ဆန်ဂိုဒေါင်နှင့်ဆန်ဆိုင်များကွင်းဆင်းစစ်ဆေးခြင်း

               စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် တာဝန်ခံဦးကျော်မျိုးထွန်း သည် လက်ပံတန်းမြို့နယ်တွင် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေး၊ သမားရိုးကျ ရောင်းဝယ်ခြင်းမဟုတ်သော ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့် တင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရေးအတွက် လက်ပံတန်း မြို့အတွင်းရှိ ဆန် လက်လီ/ လက်ကား အရောင်းဆိုင်များ ၊ သိုလှောင်ရုံများ ၊ ဆန်စက်များသို့ အပတ်စဉ်အင်္ဂါနေ့တိုင်း ကွင်းဆင်း စစ်ဆေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၆  ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် လက်ပံတန်းမြို့နယ်ရှိ မြို့မ  ဈေးအတွင်းရှိ ဆန်ဆိုင်သို့  သွားရောက်ကွင်းဆင်းခဲ့ရာ ဒေသထွက် ဧည့်မထစပါးများကို ဝယ်ယူ ကြိတ်ခွဲ လျက်ရှိပါကြောင်း၊ ဆန်ဈေးနှုန်းအနေဖြင့် (၂၄) ပြည် တစ်အိတ်လျှင် (၇၂၀၀၀) ကျပ်ဖြင့် ရောင်းချ လျက်ရှိကြောင်း စစ်ဆေးသိရှိရပါသည်။

DOCA(ပဲခူး)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၂၂၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

 

 

 

 

     စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့မှ 3၀ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ,၂2၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

အုတ်ဖိုမြို့တွင်ဘူးသွင်းဆီ(Consumer Park) ဈေးကွက်ကွင်းဆင်းစစ်ဆေး

        ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း ရောင်းချလျက်ရှိသော စားအုန်း ဆီဈေးကွက်တွင် ပြည်တွင်း၌ ဘူးသွင်းဆီ (Consumer Park) ထုတ်လုပ်ဖြန့်ဖြူးခွင့်ဖြင့် ရောင်းချမှု အခြေအနေအား ၂၀၂၆ခုနှစ် ဇူလိုင်လ ၁၅ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့  ပါဝင်သော  ပူးပေါင်းအဖွဲ့တို့ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် Meizom တံဆိပ် .8 L   ၁ဘူးလျှင် ၁၄၀၀၀ ကျပ်၊ Duck တံဆိပ် .8L ၁ဘူးလျှင် ၆၅၀၀ ကျပ်၊  ၊ Duck တံဆိပ် .9L ၅သားအပြည့် ၁ဘူးလျှင် ၈၀၀၀ ကျပ်၊ Good Choice .9L ၁ဘူးလျှင် ၈၅၀၀/၉၀၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိကြောင်း တွေ့ရှိရပါသည်။

DOCA(ပဲခူး)

  ကြို့ပင်ကောက်မြို့နယ်အတွင်းရှိမုန့်ဆိုင်နှင့်ကုန်စုံဆိုင်များအားကွင်းဆင်းစစ်ဆေး

           ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ မုန့်မျိုးစုံရောင်းဝယ် ရေးဆိုင်နှင့် ကုန်စုံဆိုင်များအား ၂၀၂၆ခုနှစ် ဇူလိုင်လ ၁၄ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ FDA၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မွေးမြူရေးနှင်ကုသရေးဦးစီးဌာန၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့တို့မှ ပူးပေါင်း၍ ဈေးကွက်အတွင်းရှိ ဘေးအန္တရာယ်ရှိသော အစားအသောက်များ၊ စားသုံးရန် မသင့်သည့် ဆိုးဆေးပါဝင်သော ကုန်စည်များ၊ ငရုတ်သီး မှုန့်အထုပ်အမျိုးမျိုး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ ၊သက်တမ်းလွန် ကုန်စည်များ ရောင်းချမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် နမူနာကောက်ယူစစ် ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး မြို့နယ်စည်ပင်သာယာရေး ရုံးခန်း၌ ရောင်းချသည့်ဆိုင်ရှင် (၁၅) ဦးအား သိသင့် သိထိုက် သည်များကို သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပါသည်။

DOCA(ပဲခူး)

ဇီးကုန်းမြို့၌ ဘူးသွပ်ဆီနှင့်စားအုန်းဆီရောင်းချမှုပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေး

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဇူလိုင်လ(၇)ရက်နေ့ နေ့လည်(၁း၀၀) နာရီ တွင် မြို့နယ်စည်ပင်သာယာဈေးနှင့် ဈေးအနီးကုန်မျိုးစုံဆိုင်(၈)ဆိုင်အား တားမြစ်ထားသော အမှတ်တံဆိပ်ပါ စားသုံးဆီများနှင့် ခွဲတမ်းရစားအုန်းဆီများ သတ်မှတ်ထားသော အရည်အသွေးပြည့်မီရေး၊ ကျန်းမာရေးနှင့် ကိုက်ညီပြီး ဘေးအန္တရာယ်ကင်းစွာ သုံးစွဲနိုင်ရေး ရည်ရွယ်၍ ခရိုင်မြို့နယ်အဖွဲ့စုံဖြင့် စစ်ဆေးခဲ့ပါသည်။

          အဆိုပါစစ်ဆေးမှုတွင် တရားဝင်ရောင်းချခွင့် မပြုထားသော ပုဇွန်နှစ်ကောင်အမှတ်တံဆိပ် ဘူးသွပ်ဆီ ရောင်းချမှုရှိ/မရှိနှင့် ရည်ညွှန်းဈေးဖြင့် ခွဲတမ်းရစားအုန်းဆီဆိုင်များအား အိမ်ထောင်စု စာရင်းပါ ဆောင်ရွက်ထားသော ဆီထုတ်စာအုပ်ဖြင့် ရောင်းချစေရန်၊ အပါတ်စဉ် ဈေးနှုန်းပြောင်း လဲမှုအား ဗီနိုင်းချိတ် ဆွဲ၍ ရောင်းချရန် ဌာနမှသတ်မှတ်ထားသော မှန် (၆)မှန်နှင့်အညီ အရည်အသွေး၊ အလေးချိန်၊ ဈေးနှုန်း၊ နေရာ၊ သတ်မှတ်ပမာဏ သတ်မှတ်စည်းကမ်းချက်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နတ်တလင်းခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်အေးအေးသင်းနှင့်ဝန်ထမ်းများ ၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ်မြင့်မြင့်ခင်နှင့် ဝန်ထမ်းများ၊ နတ်တလင်းခရိုင် အထူး စုံစမ်းစစ်ဆေးရေးမှူး ဦးဇင်မျိူးသူနှင့် တာဝန်ရှိသူများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်နှင့် ပြန်ဆက်ဌာနမှတာဝန်ရှိ သူများနှင့် ပူးပေါင်းဆောင်ရွက် ခဲ့ပါသည်။

DOCA(ပဲခူး)

စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ခြင်း

                စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဦးကျော်ဇင်ထွေး(ဒု-ဦးစီးမှူး)           ဦးဆောင်သော ဝန်ထမ်း ( ၄ )ဦးသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ( ၁၆ )ရက်နေ့၊ နံနက်( ၁၀:၀၀ ) နာရီအချိန် တွင် လွိုင်ကော်မြို့နောင်ယား(ခ)ရပ်ကွက်ရှိ အမှတ်( ၂ ) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ စုစုပေါင်း( ၁၅၂ )ဦးကို စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေး ဟောပြောရှင်းလင်းဆွေးနွေးခဲ့ရာ ကျောင်းသား/ကျောင်းသူများ အနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေး( ၈ )ချက်ကို အပြည့်အဝနားလည်ပြီး တောင်းဆိုရယူတတ်စေရန် စားသုံးသူအခွင့်အရေးများနှင့် တာဝန်များ၊ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့် အချက်များ၊ နေ့စဉ်ဝယ်ယူသုံးစွဲသည့် ကုန်ပစ္စည်းများအပေါ်ပေးထားသော ဝန်ဆောင်မှုများ အပြည့်အဝ ရရှိစေရေးကိုလည်းကောင်း၊ ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုများ ဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Websiteမှဖြစ်စေ၊ Doca Myanmar applicationများမှဖြစ်စေ ဆက်သွယ်တိုင်ကြား နိုင်ပါကြောင်း၊ MPT U9 Atom Mytel ဆင်းကတ်များ ဖြင့်လည်း ၁၅၃၅ နံပါတ်များသို့ ခေါ်ဆို၍ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သိရှိလိုသည်များမေးမြန်းခြင်း၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားခြင်းများပြုလုပ်နိုင်ကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခဲ့ကြောင်းနှင့် ကျောင်းကျန်းမာရေးအဖွဲ့နှင့်အတူ ကျောင်းမုန့်ဈေးတန်းများပါ တစ်ပါတည်းစစ်ဆေးဆောင်ရွက်ခဲ့မှုအား သတင်းရရှိပါသည်။

DOCA(ကယား)

ဇီးကုန်းမြို့တွင်စားသုံးသူကာကွယ်ရေး အသိပညာပေး ပြောကြားခြင်းနှင့် ကျောင်းမုန့်ဈေးတန်းစစ်ဆေး

              ၃..၇.၂၀၂၆ နေ့ နံနက် (၉း၃၀)တွင် ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်၊အမှတ်(၁)ရပ်ကွက်၊ သံပုရာဂုံလမ်းရှိ မူလွန်ကျောင်းရှိ ဆရာ/ဆရာမ၊ကျောင်းသား/သူ (၇၀)ဦးအား စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်း (၁)ဦးမှ အသိပညာပေးခြင်းနှင့် ကျောင်းရှိ ဈေးတန်း စစ်ဆေးမှုအား ကျောင်းကျန်းမာရေးအဖွဲ့နှင့် စစ်ဆေးခဲ့ပါသည်။

              ကျောင်းသား/သူများအား စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်ခင် (ဦးစီးမှူး)မှစားသုံးရန်မသင့်သည့် အန္တရာယ်ရှိသော အစားအစာ၊အမှတ်တံဆိပ်ပါ၊မုန့်မျိုးစုံ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား၊ သတင်းအချက်အလက်ဖတ်ပြီး ရွေးချယ်ဝယ်ယူစား သောက်ရန် ထုတ်လုပ်သည့် ရက်စွဲ၊ ကုန်ဆုံးသည့်ရက်စွဲ ဖော်ပြထားမှုအား သေချာစွာဖတ်ပြီးမှ ဝယ်ယူစားသုံးသည့် အလေ့အထအား အန္တရာယ်ကင်းရှင်းစေရေး၊အမည်များဖော်ပြထားမှု ရှောင်ရန် အချက်များအား အသိပေးဟောပြောပြီးနောက် ဦးဇေလင်းထက် (ငယ်/ရေး) မှ စားသုံးရန်မသင့်သည့် ကျောင်းမုန့်ဈေးတန်းတွင် တွေ့ရှိခဲ့သော နမူနာမုန့်များနှင့် တကွ သတင်းအချက်အလက်များ ဖော်ပြထားမှု မရှိသည့် အန္တရာယ်ရှိသည့် မုန့်မျိုးစုံတို့ကို ချပြသတိပေးမှုများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ ဆောင်ရွက်ခဲ့ခြင်းဖြင့် ဆရာ/ဆရာမများ ၊ကျောင်းသား/သူများမှ စားသုံးမှု၌ ရွေးချယ်ဝယ်ယူစားသုံးရန် သတင်းအချက်အလက်ဖတ်၍ ဘေးအန္တရာယ်နည်းပါးစွာ ထိန်းကျောင်း နိုင်မည်ဖြစ်ကြောင်း သိရသည်။

DOCA(ပဲခူး)

သာယာဝတီမြို့တွင်မုန့်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

               စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၇.၇.၂၀၂၆ ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ ဦးမျိုးဝင်း မုန့်မျိုးစုံနှင့် ရောင်းဝယ်ရေးဆိုင်များအား ကုန်အညွှန်း အမှတ်အသားများ ပြည်စုံစွာ ဖော်ပြခြင်း ရှိ/မရှိကို ဌာနဆိုင်ရာအဖွဲ့များနှင့် သာယာဝတီမြို့မှမြို့နယ်တာဝန်ခံဒေါ်အေးသန္တာထွန်းနှင့်ဝန်ထမ်း တို့မှ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ   တိကျမှန်ကန်ရှင်းလင်းသော သတင်း အချက်များ  သိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊  စိတ်ကျေနပ်မှုရှိစေရန် အတွက်အာမ ခံချက် ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင် ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေး လုပ်ငန်း ရှင်များအနေဖြင့် စားသုံးသူ ကာကွယ်ရေးဥပ ဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ် ချက်များ နှင့်အညီ ပြည့်စုံစွာ ဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

ကယားပြည်နယ်ဦးစီးမှူးရုံးတွင် ကွန်ပျူတာသင်တန်းဖွင့်လှစ်ဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာန၊ကယားပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်း၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင် လ ၁၃ ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် လျင်မြန်လွယ်ကူ စေရန်အတွက် ကွန်ပျူတာသင်တန်းဖွင့်ပွဲအခမ်းအနားအား ဖွင့်လှစ်ခဲ့ပါသည်။ 

          အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဦးစီးမှူး ဦးမိုးညွန့်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ဝန်ထမ်းငယ်လေးများအနေဖြင့် ယခု ဖွင့်လှစ်ပို့ချသော ကွန်ပျူတာသင်တန်းတွင် သင်ကြားပို့ချသည်များကို ကြိုးစားသင်ယူကြရန် ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး စားသုံး/ ထုတ်လုံ တာဝန်ခံ ဦးစီးအရာရှိ ဒေါ်သစ္စာဖူးက  ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ (Point) ထုတ် ပြီးတင်ပြရာတွင် အသုံးပြုသည့် Power  Point အသုံးပြုနည်းအဆင့်ဆင့်ကို သင်ကြားပို့ချခဲ့ပါသည်။

          စီမံ/ငွေစာရင်းတာဝန်ခံ ဒေါ်နော်ကြူကြူ(ဦးစီးမှူး)က ကွန်ပျူတာစာစီစာရိုက် တစ်ခုဖြစ် သည့် Microsoft Excel အသုံးပြုပုံ သင်ကြားရာတွင်   Short Cut Key များ၊ Filter ၊ စာရင်းဇယား ရေးဆွဲနည်းများသင်ကြားပို့ချခဲ့ပါသည်။ ဆက်လက်ပြီး သတင်း/နည်းတာဝန်ခံ ဒေါ်အေးအေးမော် (ဌာနခွဲစာရေး)က ကွန်ပျူတာစာစီစာရိုက်တစ်ခုဖြစ်သော Microsoft Word အသုံးပြုပုံ သင်ကြားရာ Microsoft Word ဖြင့် ရုံးစာတစ်စောင်ရိုက်ရာတွင် Tab  ၊ Control ၊ line spacing ၊ Short Cut Key များ၊ ကွန်ပျူတာသန့်ရှင်းရေးလုပ်နည်းများ အသေးစိတ်ရှင်းလင်းပို့ချခဲ့ပြီး အဆိုပါ ကွန်ပျူတာ သင်တန်းကို ၂ ရက်တာ ကာလဆောင်ရွက်ခဲ့ပြီး သင်တန်းဆင်းပွဲအား ၂၀၂၆ ခုနှစ်၊ ဇူလိုင် လ ၁၄ ရက်နေ့တွင်  ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကယား)

 

ပြည်ခရိုင်အတွင်း ဈေးကွက်မရောက်မီကုန်စည်များကို စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ

               စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်း ပြည်ခရိုင်ဦးစီးမှူးဦးဆောင်၍  ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်ရှိ ရွှေခေတ်သစ်” ဆီစက်သို့လည်းကောင်း၊ ပြည်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ကနောင်မင်းသားကြီးလမ်း၊ စက်မှုဇုန်ရှိ “GMG” သောက်ရေသန့် လုပ်ငန်း သို့လည်းကောင်း၊ နဝဒေးစက်မှုဇုန်(၂)ဒေါနလမ်းရှိ “STD” ဘက္ထရီအက်စစ်ကွန်ပေါင်း လုပ်ငန်းသို့လည်းကောင်း၊ ကျောင်းအိုးရပ်ကွက်၊ ကုန်သည်လမ်းရှိ ကြယ်စင်သစ်” ခေါင်းလျှော်ရည် လုပ်ငန်းနှင့် ပြည့်လျှံ” ကိတ်မုန့်လုပ်ငန်းသို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကြာနီကန်ရပ်ကွက်၊ ကူကြီးလမ်းရှိ “Top” ယိုစုံလုပ်ငန်းသို့လည်းကောင်း၊ ယွန်းတန်းရပ်ကွက်၊ တောင်ဘုရားကြီးလမ်းရှိ ဥမ္မာကျော်” စားသောက်ကုန်လုပ်ငန်းသို့ လည်းကောင်း၊ သရက်တော ရပ်ကွက်ရှိ အိုဆာကာ” ရွှေတောင်ခေါက်ဆွဲလုပ်ငန်းသို့လည်းကောင်း၊ ပန်းတောင်းမြို့နယ်တာဝန်ခံ နှင့်ဝန်ထမ်းများသည် လဲကျေးရွာရှိ “Ever Cool” သောက်ရေသန့် လုပ်ငန်းနှင့် ဘရဏီ” ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းသို့လည်းကောင်း၊  ဝန်လိုရပ်ကွက်ရှိ “သဘာဝအရသာ” ယိုစုံလုပ်ငန်း သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ သည် အမှတ်(၃)ရပ်ကွက်ရှိ ဇွဲဓန” မြေပဲယိုလုပ်ငန်းသို့လည်းကောင်း၊ အမှတ်(၂)ရပ်ကွက်ရှိ ထူးခြား” ဆီစက်လုပ်ငန်းသို့လည်းကောင်း သွားရောက်၍ ဈေးကွက်မရောက်မီ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက် များနှင့်ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်း ရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ ပါကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြချက် များနှင့် ကိုက်ညီမှုရှိပါကြောင်းသတင်း ရရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ