Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူမြို့နယ်၌ ဘိလပ်မြေအရောင်းဆိုင်များအား အပတ်စဉ်ကွင်းဆင်းစစ်ဆေး

             စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက် နံနက်(၀၉:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေနှင့်အိမ်ဆောက်ပစ္စည်း ရောင်းချသည့်ဆိုင်များသို့ အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေ ဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်းအခြေအနေအားလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းများ၏လက်ကျန် အခြေအနေများအားလည်းကောင်း၊ ကွင်းဆင်း စိစစ်ခဲ့ရာ ဘိလပ်မြေနှင့်ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှဝယ်ယူရကြောင်း၊ ယခုပတ်အတွင်း ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုမရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

ကော့သောင်းမြို့နယ် ဆန်လှေ‌ရောက်ရှိမှုအားကွင်းဆင်းစစ်ဆေးခြင်း

    ကော့သောင်းခရိုင်ဆန်ကုန်သည်များအသင်းသည်ကော့သောင်းခရိုင်အတွက်လိုအပ်သည့်ဆန်များကိုရန်ကုန်တိုင်းဒေသကြီးမှ ဆန်တန်(၉၀၀)၊ အိတ်ရေ(၁၈၀၀၀) အား MV Shwe Toe သင်္ဘောဖြင့် (၁၁.၁၁.၂၀၂၅) ရက်နေ့တွင်ကော့သောင်းမြို့သို့ရောက်ရှိလာကြောင်း သိရှိရပါသည်။

     အဆိုပါ ရောက်ရှိလာသော ဆန်အိတ်များကို ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ ကော့သောင်းကုန်သွယ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ တို့ပါဝင် သောအဖွဲ့များဖြင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရ ပါသည်။

DOCA(တနင်္သာရီ)

လွိုင်လင်မြို့ပေါ်ရှိစားအုန်းဆီရောင်းချနေမှုအားကွင်းဆင်းစစ်ဆေးခြင်း

 

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၇.၁၁.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁3:၀၀) နာရီအချိန်တွင်  လွိုင်လင်မြို့ပေါ်ရှိ စားအုန်းဆီရောင်းချ နေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားအုန်းဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ အချိန်အတွယ် မှန်ကန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

ကျောင်းမုန့်ဈေးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့၊ နေ့လည် (၁၃း၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် တောင်ကြီးမြို့၊ .မ.ကမူလွန် ဖရဲ ကျောင်းအတွင်းရှိ ကျောင်းမုန့်ဈေးအရောင်းဆိုင်များသို့ သွားရောက်၍ ၎င်းတို့ ရောင်းချနေသော စားသောက်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိမှု ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ပါသည်။

     ထိုသို့ ကျောင်းမုန့်ဈေးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ရေးရာတွင် ကျောင်းမုန့်ဈေး ရောင်းချသူများအနေဖြင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မိမိတို့ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိသည့် ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် ကုန်စည်နှင့် သန့်ရှင်းလတ်ဆတ် သည့် ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေး၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

DOCA(ရှမ်း)

ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၉.11.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လွိုင်လင်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(1)ဆိုင်အား   ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက်‌ ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်း ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး အိမ်သုံး ဆေးဝါများ ဈေးကွက်အတွင်းပြတ်လပ်မှု ရှိ/မရှိ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

ကိတ်မုန့်နှင့်ပေါင်မုန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင်(ဦးစီးမှူး) ဦးဆောင်ကာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့်ပူးပေါင်း၍   တာချီလိတ်မြို့၊ လွယ်စတုံ(အောက်)ရွာရှိ ရွှေငါးအမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါ သည်။

           ထိုသို့စစ်ဆေးရာတွင် ရွှေငါးအမှတ်တံဆိပ် ကိတ်မုန့်နှင့်ပေါင်မုန့်သည် စားသုံးသူ ကာကွယ် ရေးဥပဒေအခန်း(၁၈)ပါ “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ပြည့်စုံစွာ ဖော်ပြ ထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို  စစ်ဆေးတွေ့ရှိရပါ သည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်အား စားသုံးသူ များဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများ စနစ်တကျ သိုလှောင်ရန်၊  စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

စိန်လင်းလက်အမှတ်တံဆိပ် သောက်ရေသန့်စက်ရုံအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့၊ နံနက် (:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ကတ်တောင် အုပ်စု၊ ဝမ်ကန်ရွာအတွင်းရှိ စိန်လင်းလက်အမှတ်တံဆိပ် သောက်ရေသန့်စက်ရုံအား ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိရေးတို့နှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စိန်လင်းလက်အမှတ်တံဆိပ် သောက်ရေသန့် ထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

          ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေး ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့ရှိ “SMK Fiber Internet” အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီသို့ ဝန်ဆောင်မှုကိစ္စရပ်များနှင့် ပတ်သက်၍ စားသုံးသူနစ်နာမှုမရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း

       ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ (၁၇) ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)အတွင်းရှိ SMK Fiber Internet” အင်တာနက် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီအား ဝန်ဆောင်မှုကိစ္စရပ်များနှင့် ပတ်သက်၍ စားသုံးသူနစ်နာမှုမရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါ သည်။         

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ တာဝန်ရှိသူများသည် SMK Fiber Internet” အင်တာနက် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီအနေဖြင့် စားသုံးသူများအပေါ် ဝန်ဆောင်မှုပေးရာတွင် အရည်အသွေး ပြည့်မှီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေရေးနှင့် သတင်းအချက်အလက်များအား စားသုံးသူ များသိရှိစေရန် ဗွီနှိုင်းပိုစတာများကပ်၍ ဆောင်ရွက်ထားရန်၊ အစဉ်မပြတ် ဆက်သွယ်၍ အကြောင်းကြားရန်ပြောကြားခဲ့ပြီး စာချုပ်စာတမ်းများထားရှိရန်နှင့် ဖြစ်ပေါ်လာသော ပြဿနာများအား ဝန်ဆောင်မှုပြည့်ဝစွာပေး၍ ဖြေရှင်းဆောင်ရွက်ရန် Call Center များထားရှိမှု အခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

အောင်မြေသာစံမြို့နယ်အတွင်းရှိ အောင်ပြည့်ဖြိုး ဆန်အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

          မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ  ဆန်အရောင်းဆိုင်များသို့ ရွှေဘိုပေါ်ဆန်း နှင့် အခြားပေါ်ဆန်းအမျိုးအစားဆန်များ  သင့်တင့်မျှတသည့် ဈေးနှုန်းထက် ပိုမို မြင့်တက်မှုမရှိစေရေး၊ ဆန်ဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး (၁၄.၁၁.၂၀၂၅)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးအောင်သန်းဇော် (မြို့နယ် အုပ်ချုပ်ရေးမှူး)၊မြို့နယ်ရဲတပ်ဖွဲ့မှဦးသီဟဝင်း(ဒု-ရဲအုပ်)၊ စည်ပင်သာယာရေးအဖွဲ့မှ ဦးကျော်ကျော်နိုင် (ဒု-အုပ်ချုပ်ရေးမှူး )၊ ဆန်၊စပါးကုန်သည်များအသင်း (မန္တလေးတိုင်းအသင်းခွဲ)မှ ဦးသူရထိုက် (အတွင်းရေးမှူး)နှင့်စားသုံးသူရေးရာဦးစီးဌာနမှဒေါ်ဇင်မာဦး(ဦးစီးအရာရှိ)တို့ပါဝင်သော ပူးပေါင်း အဖွဲ့သည် အောင်ပြည့်ဖြိုး ဆန်ရောင်းဝယ်ရေး အရောင်းဆိုင်သို့  ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။                                                                                                                     DOCA(မန္တလေး)

                                               

အောင်မြေသာစံမြို့နယ်အတွင်းရှိ သိန်းထွန်းအောင်(၂)ဆန်အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

                  မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ  ဆန်အရောင်းဆိုင်များသို့ ရွှေဘိုပေါ်ဆန်း နှင့် အခြားပေါ်ဆန်းအမျိုးအစားဆန်များ  သင့်တင့်မျှတသည့် ဈေးနှုန်းထက် ပိုမို မြင့်တက်မှုမရှိစေရေး၊ ဆန်ဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး (၁၄.၁၁.၂၀၂၅)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးအောင်သန်းဇော် (မြို့နယ် အုပ်ချုပ်ရေးမှူး)၊မြို့နယ်ရဲတပ်ဖွဲ့မှဦးသီဟဝင်း(ဒု-ရဲအုပ်)၊ စည်ပင်သာယာရေးအဖွဲ့မှ ဦးကျော်ကျော်နိုင် (ဒု-အုပ်ချုပ်ရေးမှူး )၊ ဆန်၊စပါးကုန်သည်များအသင်း(မန္တလေးတိုင်းအသင်းခွဲ)မှဦးသူရထိုက်(အတွင်းရေးမှူး)နှင့်စားသုံးသူရေးရာဦးစီးဌာနမှဒေါ်ဇင်မာဦး(ဦးစီးအရာရှိ)တို့ပါဝင်သောပူးပေါင်းအဖွဲ့သည်သိန်းထွန်းအောင်(၂)ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။                                                                                                                      DOCA(မန္တလေး)                                             

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ