Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အောင်မြေသာစံမြို့နယ်အတွင်းရှိ ပစ်တိုင်းတောင်ဆန်အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

              မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ  ဆန်အရောင်းဆိုင်များသို့ ရွှေဘိုပေါ်ဆန်း နှင့် အခြားပေါ်ဆန်းအမျိုးအစားဆန်များ သင့်တင့်မျှတသည့် ဈေးနှုန်းထက် ပိုမို မြင့်တက်မှုမရှိစေရေး၊ ဆန်ဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး (၁၄.၁၁.၂၀၂၅)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးအောင်သန်းဇော် (မြို့နယ် အုပ်ချုပ်ရေးမှူး)၊မြို့နယ်ရဲတပ်ဖွဲ့မှဦးသီဟဝင်း(ဒု-ရဲအုပ်)၊ စည်ပင်သာယာရေးအဖွဲ့မှ ဦးကျော်ကျော်နိုင် (ဒု-အုပ်ချုပ်ရေးမှူး )၊ ဆန်၊စပါးကုန်သည်များအသင်း (မန္တလေးတိုင်းအသင်းခွဲ)မှ ဦးသူရထိုက် (အတွင်းရေးမှူး)နှင့်စားသုံးသူရေးရာဦးစီးဌာနမှဒေါ်ဇင်မာဦး(ဦးစီးအရာရှိ)တို့ပါဝင်သော ပူးပေါင်း အဖွဲ့သည် ပစ်တိုင်းထောင်ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။                                                                                                                                                                                                                                       DOCA(မန္တလေး)

အောင်မြေသာစံမြို့နယ်အတွင်းရှိ ယုဇနဆန်အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

           မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ  ဆန်အရောင်းဆိုင်များသို့ ရွှေဘိုပေါ်ဆန်း နှင့် အခြားပေါ်ဆန်းအမျိုးအစားဆန်များ  သင့်တင့်မျှတသည့် ဈေးနှုန်းထက် ပိုမို မြင့်တက်မှုမရှိစေရေး၊ ဆန်ဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး (၁၄.၁၁.၂၀၂၅)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးအောင်သန်းဇော် (မြို့နယ် အုပ်ချုပ်ရေးမှူး)၊မြို့နယ်ရဲတပ်ဖွဲ့မှဦးသီဟဝင်း(ဒု-ရဲအုပ်)၊ စည်ပင်သာယာရေးအဖွဲ့မှ ဦးကျော်ကျော်နိုင် (ဒု-အုပ်ချုပ်ရေးမှူး )၊ ဆန်၊စပါးကုန်သည်များအသင်း (မန္တလေးတိုင်းအသင်းခွဲ)မှ ဦးသူရထိုက်(အတွင်းရေးမှူး)နှင့်စားသုံးသူရေးရာဦးစီးဌာနမှဒေါ်ဇင်မာဦး(ဦးစီးအရာရှိ)တို့ပါဝင်သော ပူးပေါင်း အဖွဲ့သည် ယုဇနဆန်ရောင်းဝယ်ရေး အရောင်းဆိုင်သို့  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

                                                                                                                                                                                      

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

    ၂၀၂ ခုနှစ်၊ ‌နိုဝင်ဘာလ ၁၉ ရက်နေ့၊  ၁၄း၃၀ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးစတားယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Yadanarbon Global Network Distribution Co,Ltd မှ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၁၈) ပေပါကို ယာဥ်မောင်း ဦးစည်သူအောင်၊ ယာဉ်အမှတ် 1M-3466 ISUZU မော်တော်ယာဥ်ဖြင့် ရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေဿကြီး ဦးစီးမှူးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါ စားအုန်းဆီ (၁၈) ပေပါအား ကုမ္ပဏီ၏ လက်ကားအရောင်း ကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အနောက်ရပ်၊ ဦးကျော်ရင် လမ်းရှိ ဦးစန်းအောင်၏ အောင်ပွဲရုံ ကုန်စုံဆိုင် အပါအဝင် အထိုင်ရောင်းချနေသည့် လက်လီဆိုင် ၁၅ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း စားသုံးသူပြည်သူများသို့ ခွဲဝေရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online - MyRO) တွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ထားရှိမှု

၁။         ဆန်စပါးသိုလှောင်မှုလုပ်ငန်းများ၊ သိုလှောင်မှုအခြေအနေများနှင့် နိုင်ငံအနှံ့ရှိ သိုလှောင်ရုံများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျမှတ်ပုံတင်နိုင်သည့် မြန်မာဆန်စပါး အွန်လိုင်း (Myanmar Rice Online - MyRO) အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါ သည်။

၂။         မြန်မာဆန်စပါးအွန်လိုင်း (MyRO) တွင် အွန်လိုင်းစနစ်ဖြင့် သိုလှောင်ရုံမှတ်ပုံတင် ခြင်း လုပ်ငန်းများကို သိုလှောင်ရုံအကျယ်အဝန်း သတ်မှတ်ချက်များအလိုက် အုပ်စု ၄ စုခွဲ၍ ကောက်ခံလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ထိ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မှတ်ပုံ တင်ထားသည့် ဆန်စပါးသိုလှောင်ရုံ ၅,၄၆၆ လုံး မှတ်ပုံတင်ထားရှိနိုင်ခဲ့ပါသည်။

 

စျေးကွက်အတွင်း ရောင်းချနေသော ဆေးနှင့် ဆေးပစ္စည်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

     တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော စားသုံးသူ ရေးရာဦးစီးဌာနအပါအဝင် အထူးစုံစမ်းစစ်ဆေး‌‌ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ သည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်နေ့၊ နံနက်(၁၁း၀၀)အချိန်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဘေးအန္တ ရာယ်ကင်းသော ထုတ်ကုန်များသုံးစွဲရေး၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုမရှိစေရေး၊ ဒေသ တွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းရှိ/မရှိနှင့် ကုန်အညွှန်း အမှတ်အသားဖော်ပြပါရှိသော ဆေးဝါးများ‌ရောင်းချမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(တနင်္သာရီ)

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ နာဂဝင်းရှိ သိုလှောင်ရုံအမှတ်- ၅၃၊ ၅၄၊ ၅၅ (၃)လုံးတွဲ သိုလှောင်ရုံအား ၃ နှစ် သက်တမ်းဖြင့် ငှားရမ်းသည့် အိတ်ဖွင့်တင်ဒါကြော်ငြာစာအား အောက်ပါ  File တွင် ကြည့်ရှုနိုင်ပါသည်။

မြိတ်မြို့ရှိ My Link internet ဝန်ဆောင်မှုအား ကွင်းဆင်းစစ်ဆေး

      ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်နေ့တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် အတူ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့ဖြင့် မြိတ်မြို့၊ အမှတ်(၅၅)၊ စကားဝါလမ်း၊ ကန်ခေါင်းရပ်ရှိ My Link အိမ်သုံးဖိုင်ဘာအင်တာနက်လုပ်ငန်းသို့ အင်တာနက်ဝန်ဆောင်မှုနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် အင်တာနက်ဝန်ဆောင်မှုသည် ဆက်သွယ်ရေးကဏ္ဍ အားလုံး အတွက် အရေးကြီးဆုံးအစိတ်အပိုင်းတစ်ရပ်အနေဖြင့်ပါဝင်သည့်အတွက် အရည်အသွေးပြည့်မှီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေရေးနှင့် သတင်းအချက်အလက်များအား စားသုံးသူများသိရှိစေရန် လက်ကမ်းကြော်ငြာများနှင့် ရုံးတွင်ဗီနိုင်းဆိုင်းဘုတ်များကပ်၍ ဆောင်ရွက်ထားရန်နှင့် စားသုံးသူများ၏အခွင့်အရေးများနှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန်အချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာချုပ်စာတန်းများဆောင်ရွက်ထားရှိမှုနှင့် call center များ ထားရှိမှု အခြေအနေများကို စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့တွင် စားအုန်းဆီများသတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချနေခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာနသည် ဒေသတွင်း စားသုံးဆီများဖူလုံစေရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်မှ စားအုန်းဆီသတ်မှတ်ရည်ညွှန်းစျေးနှုန်းများချမှတ်ပေးလျက်ရှိရာ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာ လ(၁၉)ရက်နေ့တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် မြိတ်မြို့၊ နောက်လယ်ရပ်နှင့် တလိုင်းစုရပ်သို့သွားရောက်၍ သတ်မှတ်ရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေး‌ရာတွင် မြိတ်မြို့အတွင်း စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များ၌ သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ဗီနှိုင်းများကပ်၍ ရောင်းချနေကြောင်းသိရှိရပြီး လက်ကားကိုယ်စားလှယ်များမှ ရရှိကြောင်း၊ မြိတ်မြို့တွင်သယ်ယူပို့ဆောင်စရိတ်နှင့် ၂ ရာခိုင်နှုန်းပေါင်း၍ ရောင်းချကြောင်း သိရှိရပြီး ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်းများဖြင့် ရောင်းချရန်နှင့် စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမျိုးမဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကျောက်ပန်းတောင်းမြို့ ရှမ်းရွှေရည် ပဲကြော်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

        ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊  ကျောက်ပန်းတောင်း မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဥပဒေများနှင့်အညီ ထုတ်လုပ်နိုင်စေရေးအတွက်  ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရှိရာ ကျောက်ပန်းတောင်းမြို့ ပြည်တော်သာရပ်ရှိ ရှမ်းရွှေရည်အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းခွင်သို့ ကွင်းဆင်းခဲ့ကြောင်း သိရသည်။

     ကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)က MSME လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းသုံးစားအုန်းဆီများကိုလည်း လုပ်ငန်းခွင်များတွင် မှန်ကန်စွာသုံးစွဲရ မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းပစ္စည်းများသည် အရည်အသွေးကောင်းမွန်မှုရှိရန်၊ မိမိတို့ထုတ်လုပ်သောကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာဖြင့်ထုတ်လုပ်၍ ကျန်းမာရေးနှင့်ညီညွတ်ရန် အထူးအလေးထားလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ကုန်စည်နှင့်သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရမည် ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း အသိပညာပေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းနှင့် ဆက်လက်၍လည်း ဒေသအတွင်းရှိ MSME လုပ်ငန်းခွင်များသို့ စဉ်ဆက်မပြတ်ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြိတ်မြို့ပေါ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

    မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့သည် မြိတ်ခရိုင်ဆန်ကုန်သည်အသင်းဥက္ကဌနှင့် ပူးပေါင်း၍ စျေးကွက်တွင် ရွှေဘို ပေါ်ဆန်းနှင့် အခြားပေါ်ဆန်းအမျိုးအစားများ၏ ဆန်ဈေးနှုန်းသည် သင့်တင့်မျှတသည့် ဈေးနှုန်းထက် ပိုမိုမြင့်တက်လာကြောင်း သိရှိရသဖြင့် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၁၉)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ နောက်လယ်ရပ်နှင့် မြစ်ငယ်ရပ်ရှိ ဆန်ဆိုင်များအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့အတွင်းရောင်းချနေသောစျေးနှုန်းများကို သတ်မှတ်ရည်ညွှန်းစျေးအတိုင်းရောင်းချနေခြင်းရှိ/မရှိနှင့် ဈေးကွက် ဈေးနှုန်းတည်ငြိမ်စေရန်အတွက် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရန် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ