Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

AWD ရောဂါဖြစ်ပွါးမှုမရှိစေရန် စားသောက်ဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

            ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် AWDရောဂါဖြစ်ပွါးမှု မရှိစေရန်အတွက် မြို့ပေါ်ရှိ စားသောက်ဆိုင်များအား (၁၇-၈-၂၀၂၆)ရက်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေး စစ်ဆေး ပေးခြင်း၊ ဝမ်းပျက်ဝမ်းလျှော မဖြစ်ပေါ်စေရေးအတွက်၊ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။ 

            အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်စည်ပင်  သာယာရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီ၊ မြို့နယ်မီးသတ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရပ်ကွက်ကျေးရွာအုပ်ချုပ် ရေးမှူးများ ပူးပေါင်း၍ မြို့ပေါ်ရှိစားသောက်ဆိုင်များအား ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပေါ်စေရန် သန့် (၅)သန့်အကြောင်း၊ အစားအသောက်ဘေးကင်းစေရေးအကြောင်း၊ အစားအသောက်များအား ယင်မ နားစေရန် ဂရုပြုဆောင်ရွက်စေရေး၊ စားသောက်ဆိုင်ရောင်းချသည့်လုပ်ငန်းရှင်အား လက်သည်းရှည် မထားရန်နှင့် လက်အိတ်သုံးစွဲရန်၊ သုံးစွဲသည့်ရေသန့်ရှင်းမှုရှိစေရေး၊ အမှိုက်များကိုလည်း စွန်ပစ်ရာတွင် စနစ်တကျအမှိုက်ပုံးများတွင်ဖုံးအုပ်စွန်ပစ်ရန်  AWD ရောဂါဖြစ်ပွါးမှုမရှိစေရန် အသိပညာပေးဆောင်ရွက် ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ရေသန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးဟောပြောခြင်း

                     စားသုံးသူရေးရာဦးစီးဌာန ၊    ပဲခူးတိုင်းဒေသကြီး၊    သာယာဝတီခရိုင် ၊  လက်ပံတန်းမြို့နယ်၊ ကျွန်းကလေးကျေးရွာအုပ်စု၊ ကျွန်းကလေးကျေးရွာရှိ၊Green Land သောက်ရေသန့် လုပ်ငန်းရှင် ဒေါ်အေးအေးဖီးနှင့် ၂၀၂၆ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့၊ နံနက်(၁၀:၀၀ ) နာရီအချိန်တွင်၊ လက်ပံ တန်းမြို့နယ်  တာဝန်ခံ ဦးကျော်မျိုးထွန်းနှင့်ဝန်ထမ်းတို့မှ တွေ့ဆုံ၍  စားသုံးသူကာ ကွယ်ရေးဥပဒေ အခန်း ( ၁၈ )ပါ ကုန်စည်များ ပေါ်တွင်ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းနှင့်စပ်လျဉ်း၍   ကုန်စည် အမျိုးအစားအလိုက်သတ်မှတ်ချက်များနှင့်အညီဖြန့်ဖြူးရောင်းချရန်၊ကုန်စည်၏အရည်အသွေး၊ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအား လည်းကောင်း၊ဥပဒေအခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ဥပဒေအခန်း(၁၁)ပါကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူလက်ခံနိုင်သည့်အရည်အသွေး ရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန်  အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင် ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

အခြေခံစားကုန်နှင့်သားငါးဈေးကွက်စောင့်ကြည့်စစ်ဆေး

             ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ ၊ မြို့မဈေးရှေ့တွင် ၂၀၂၆ခုနှစ် ဩဂုတ်လ ၁၇ရက်နေ့၊ နံနက် ( ၇ : ၀၀) အချိန်၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်လျက် မြို့နယ်ကုန်ဈေးနှုန်း ထိန်းချုပ်ရေးအဖွဲ့ဝင်များဖြစ်ကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြန် ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပါဝင်သောပူးပေါင်းအဖွဲ့ဝင်များသည် လက်ပံတန်း မြို့၊မြို့မဈေးရှေ့၌ အခြေခံစားသောက်ကုန်ဆိုင်များနှင့် သား / ငါးအရောင်းဆိုင်များသို့ ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် အသား/ငါးအရောင်းဆိုင်များအား ၎င်းတို့၏ကုန်ကြမ်းဝယ်ယူသော ဈေးနှုန်းများ၊ သယ်ယူစရိတ်နှင့် လုပ်သားသုံးစွဲခများ၊ အခွန်အခများနှင့် ကုန်ချောရောင်းချသော  ဈေးနှုန်းအခြေအနေများအား စုံစမ်းမေးမြန်းပြီး ဖြစ်သင့်ဖြစ်ထိုက်သော အမြတ်ဈေးကို တွက်ချက် စီစစ်၍ စားသုံးသူများအား သက်သာသောဈေးဖြင့်သာ ရောင်းချကြရန် အလေးချိန်၊ အချိန်   အတွယ်များ မှန်မှန်ကန်ကန်ဖြင့် ရောင်းချကြရန်နှင့် မသမာသောနည်းဖြင့် ရောင်းချမှုမပြုကြရန် အထူးမှာကြားခဲ့ပြီး လိုက်နာရန်ပျက်ကွက်ပါက အရေးယူစစ်ဆေးဆောင်ရွက်မည်ဖြစ်ကြောင်း အသိ ပေးပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ကြို့ပင်ကောက်မြို့လုပ်ငန်းသုံးဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

                  ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ စက်မှုလုပ်ငန်းသုံးဆီ လျှောက်ထားသည့် လုပ်ငန်းရှင်များနှင့် ဆီကုန်သည်အသင်းဥက္ကဌ ဆီလက်ကားကိုယ်စားလှယ် တို့အား ၂၀၂၆ခုနှစ် ဩဂုတ်လ ၁၇ရက်နေ့၊နံနက်(၁၀:၀၀) နာရီတွင် ဆီရရှိမှု၊ဖြန့်ဝေမှုအခြေအနေ တို့အား သိရှိနိုင်ရန် စားသုံးသူရေးရာဦးစီးဌာန  မြို့နယ်တာဝန်ခံရုံးတွင် တွေ့ဆုံဆွေးနွေး ဆောင်ရွက် ခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲအား မြို့နယ်တာဝန်ခံဒေါ်ရီရီရှိန်မှ တက်ရောက်လာကြသော စားသောက် ကုန်လုပ်ငန်း၊စားသောက်ဆိုင်လုပ်ငန်း၊ လုပ်ငန်းရှင်(၁၀)ဦးတို့အား စက်မှုလုပ်ငန်းသုံးဆီ လျှောက် ထားရာတွင် လိုအပ်သည့်စာရွက်စာတမ်းများပါ လျှောက်ထားရန်နှင့် ရရှိလာသောဆီများကို လည်း လုပ်ငန်းအတွက် အမှန်တကယ်အသုံးပြုရန် ပြင်ပသို့လည်း ရောင်းချမှုမရှိရပါကြောင်းနှင့် ရောင်း ချပါက အရေးယူဆောင်ရွက်မှုတွေရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဆီကုန်သည် နှင့် တက်ရောက်လာသည့် လုပ်ငန်းရှင်များ သိလိုသည်များကို ပြန်လည်ဆွေးနွေးပြောကြား ဆောင် ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

မုန့်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

                စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၁ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့မဈေး အတွင်းရှိ  မုန့်မျိုးစုံနှင့် ရောင်းဝယ်ရေးဆိုင်များအား ကုန်အညွှန်း အမှတ်အသားများ ပြည်စုံစွာ ဖော်ပြခြင်း ရှိ/မရှိကို ဌာနဆိုင်ရာအဖွဲ့များနှင့် လက်ပံတန်းမြို့နယ် တာဝန်ခံ ဦးကျော်မျိုးထွန်းတို့နှင့်  ဝန်ထမ်း တို့မှ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ   တိကျမှန်ကန်ရှင်းလင်းသော သတင်း အချက်များ  သိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊  စိတ်ကျေနပ်မှု ရှိစေရန် အတွက် အာမခံချက် ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန် ဆောင်မှုများ ဖော်ဆောင် ဖြည့်ဆည်း ပေးနိုင် စေရေးနှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာ ဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာ ဖော်ပြခြင်းရှိ/မရှိ ဈေးကွက်  စောင့်ကြည့်စစ်ဆေးခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

Consumer Packaging ဆန်များဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး စိစစ်ကြပ်မတ်ကွင်းဆင်းဆောင်ရွက်ခြင်း

             မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ၂၀၂၆ခုနှစ်ဩဂုတ်လ၊ စက်တင်ဘာလ၊အောက်တိုဘာလ၊ နိုဝင်ဘာလ (ဆန်စပါးသစ်ပေါ်ချိန်အထိ) ရောင်းချရမည့်သင့်တင်မျှတသော ဈေးကွက်ဈေးနှုန်း (Resonable Market Price) များအား မြန်မာနိုင်ငံလက်လီရောင်းချသူများ အသင်းသို့အကြောင်း ကြားထားပြီး Consumer Packaging ဆန်များအားဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များ၌ ဆန်ဆိုင်၊ ပွဲရုံ၊ ဆန်ဂိုဒေါင် ကြီးများတွင် Consumer Packaging ဆန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်း(ရှင်းရှင်း) အမှတ်တံဆိပ် 1kgတစ်အိတ်လျှင် ၄၇၀၀ ကျပ်၊ 3kg တစ်အိတ်လျှင် ၁၄၁၀၀ ကျပ်၊6kgတစ်အိတ်လျှင် ၂၈၂၀၀ ကျပ်၊ မြတ်ရွှေဝါတံဆိပ် 2kg တစ်အိတ်လျှင် ၁၀၀၀၀ ကျပ်၊6kg တစ်အိတ်လျှင် ၃၀၀၀၀ ကျပ်၊ မွန်မွန်တံဆိပ် 6kgတစ်အိတ်လျှင် ၃၃၀၀၀ ကျပ်ဖြင့် ရောင်းချနေကြောင်း စိစစ်တွေ့ရှိရပြီး အမျိုးအစားများအလိုက် သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာ ရောင်းချနေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူခရိုင်၏ ဩဂုတ်လအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း  ဆောင်ရွက်နိုင်မှုအခြေအနေ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တ ရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်ကာ မိတ်ဖက်ဌာန များနှင့်ပူးပေါင်း၍ ပြည်ပမှတင်သွင်းသော ကုန်စည်များကိုသာမက ပြည်တွင်း၌ထုတ်လုပ်သောကုန် စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ် ဈေးကွက်ရောက်ပြီး ကုန်စည်များ၏ဘေး အန္တရာယ်ရှိ/မရှိစစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်းကို ကန့်ဘလူမြို့နယ်အနေဖြင့် ကန့်ဘလူမြို့မဈေးရှိ ကုန်စုံဆိုင်များနှင့် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းများအားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်း စသည်ဖြင့်စုစုပေါင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၂)ကြိမ်၊ ကျွန်းလှမြို့နယ်အနေ ဖြင့်ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးဆိုင် များနှင့် ပိတောက်မြိုင်ရပ်ကွက်ရှိ စတိုးဆိုင်များအားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်း(၂)ကြိမ်၊ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်အား အထူးဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်မြန် မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကို သာဖြန့်ဖြူးရောင်းချရန်၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့် ထုတ်ပြန်ထားသည့်ကုန်စည်များ ကိုရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မ ရှင်၏ ညွှန်ကြားချက်အမှတ် (၂/ ၂၀၁၉)ပါလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့၌ ဈေးကွက်ရောက်ပြီး ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် (၂၅.၈.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ရွှေစေတနာကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် ရောင်းချသော အသင့်စားမုန့်အမျိုးမျိုးတွင်  ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ၊ မရှိဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကိုသိရှိလိုပါက Consumer Call Center 1535သို့ ဆက်သွယ်နိုင်သည့်အကြောင်းများ၊ Online Sale မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်း အကြောင်းများနှင့် မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုခရိုင်၏ (၈/၂၀၂၆)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိနှင့် အထက်ဌာန၏ လမ်းညွှန်ချက်များအရ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက် လျက်ရှိပါသည်။

     ရွှေဘိုခရိုင်အနေဖြင့် (၈/၂၀၂၆)လအတွင်း ခရိုင်ဦးစီးမှူးဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ် တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ဈေးကွက် ရောက်ပြီးကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ရွှေဘိုမြို့၊ အမှတ်()ရပ်ကွက်ရှိ၊ စည်းစိမ်စံ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်၊ ရွှေစေတနာကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်၊ စည်ပင်သာယာဈေးအတွင်းရှိ ကောင်းမြတ်ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်နှင့် နှင်းနှင်းကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တို့အား ဆောင်ရွက် ခဲ့ပြီးဈေးကွက်မရောက်မီကုန်စည်များဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက် ရှိရွှေသမင်မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းအားလည်းကောင်း၊ ရွှေဘိုမြို့၊ အမှတ်(၅) ရပ်ကွက်ရှိ MPT ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်ပါ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းမြို့၊ ဇေယျာရပ်ရှိ ဆေးဆိုင်များတွင်ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေးနှင့်ဈေးနှုန်းများ မှန်ကန်စွာရောင်းချနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်း”

            စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၃)ဦးတို့သည် ဆေးနှင့် ဆေးပစ္စည်းများအား လက်ကားဈေးပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းမြင့်တင်ရောင်းချမှု  မရှိစေရေးနှင့်  လက်လီ ရောင်းချနေမှုအပေါ် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် မြို့နယ်စည် ပင်သာယာရေးအဖွဲ့မှ တာဝန် ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် စစ်ကိုင်းမြို့၊ ဇေယျာရပ်ရှိ သစ္စာနှင့် ခိုင်ရွှေဖြိုး  ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ ဆေးဆိုင်များအနေဖြင့် ရောင်းချသည့် ဆေးအမယ်ပေါင်း ၁၀၀/၁၅၀ မျိုး ခန့်ရှိပြီး ကုမ္ပဏီများမှ ခွဲတမ်းရရှိမှုအပေါ် မူတည်၍ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းထိ အမြတ်တင် ရောင်းချခြင်း ၊ ဆေးကဒ်တစ်ကဒ် ၁၀ဝိ/-မှ ၂၀ဝိ/-ထိ အရေအတွက်ပေါ် မူတည်၍သာ အမြတ်ယူရောင်းချကြကြောင်း၊ ကုမ္ပဏီများထံမှ ဝယ်ယူရသည့် ဈေးနှုန်းအပေါ် အခြေပြု၍ ဈေးနှုန်းအပြောင်းအလဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပြီး စားသုံးသူ ရေးရာဦးစီးဌာမှ တာဝန်ရှိသူများက ဆေးအရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် တရားဝင်ဆေးဝါး မှတ်ပုံတင် လျှောက်ထားရရှိပြီးသော ဆေးဝါးများကို တင်သွင်းဖြန့်ဖြူးရောင်းချရန်နှင့် ဆေးနှင့် ဆေးပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန် ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ