Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပေါင်မြို့နယ်၌ တရားမဝင်အေးခဲအသားများ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ၂၇.၈.၂၀၂၆ ရက်နေ့ နံနက် (၀၇:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊‌ စားသုံးသူ ရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၊ မင်္ဂလာဈေးအတွင်းရှိ တရားမဝင်အေးခဲအသားများ ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးအတွင်းရှိ အသားအရောင်းဆိုင်များအား လိုက်လံစစ်ဆေးခဲ့ပြီး တရားမဝင်အေးခဲအသားများ ရောင်းချနေမှု မရှိကြောင်း သိရှိရ ပါသည်။

DOCA (မွန်)

မုဒုံမြို့နယ်တာဝန်ခံသည် အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

      ၂၇.၈.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံသည် မုဒုံမြို့၊ မြို့မ (၃) ရပ်ကွက်ရှိ “July Moe” အိမ်သုံးပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာ တွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ် ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ချောင်းဆုံမြို့နယ်တာဝန်ခံသည် အမှတ် (၁) မြို့မဈေး၌ တရားမဝင်အေးခဲအသားများ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

          ၂၇.၈.၂၀၂၆ ရက်နေ့ နံနက် (၀၇:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဖွဲ့စည်းတာဝန်ပေးအပ်မှုအရ တရားမဝင်တင်သွင်းလာသော အေးခဲအသားများ မြို့နယ်အတွင်းမရှိစေရေးနှင့် ရှာဖွေဖော်ထုတ်ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ချောင်းဆုံမြို့နယ်၊ အမှတ် (၁) မြို့မဈေးအတွင်းရှိ အသား/ငါးရောင်းချနေသော ဆိုင်များသို့ တရားမဝင်အေးခဲအသားများ ရောင်းချခြင်း ရှိ/မရှိ ကိုစစ်ဆေးခဲ့ရာ ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး တရားမဝင်အေးခဲအသားများ အား တင်သွင်းရောင်းချခြင်း မပြုရန်နှင့် ရောင်းချခြင်းအားတွေ့ရှိပါက အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်းတို့ကို အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

၂၀၂၆ခုနှစ် ဇူလိုင်လအတွင်း ပြည်ခရိုင်ရှိ အစားအသောက်  ဝန်ဆောင်မှုလုပ်ငန်းများအား စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျှက်ရှိ

                    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း ၂၀၂၆ခုနှစ်၊ ဇွန်လအတွင်း စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှု ရရှိစေရေးတို့အတွက် အာမခံချက် ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းနိုင်စေရန်၊ စားသောက်ဆိုင်များအနေဖြင့် လုံလောက်သည့်သတင်းအချက်အလက်များ ဈေးနှုန်းများ ပွင့်လင်း မြင်သာစွာ အသိပေးဖော်ပြစေခြင်းအားဖြင့် စားသုံးသူအခွင့်အရေး ရရှိစေရန်၊ အစားအသောက်များ၊ အသုံးအဆောင်များ၊ မီးဖိုဆောင်များ၊ ဝန်ထမ်းများ၊ သန့်ရှင်းမှုရှိစွာဖြင့် ဘေးအန္တရယ်ကင်းရှင်းစွာ ရောင်းချနိုင်စေရေးအတွက် ရည်ရွယ်၍ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ရွာဘဲရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ “ပင်လယ်ပြာ” စားသောက်ဆိုင်၊ ကနောင်မင်းသားကြီးလမ်း၊ စက်မှုကွက်သစ်ရှိ “အမေ့အိမ်” စားသောက်ဆိုင်နှင့် နဝဒေးရပ်ကွက်ရှီ “ရွှေပြည်မောင်” စားသောက်ဆိုင် သို့လည်း ကောင်း၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် လမ်းမတော်လမ်း  ၊ ကြာနီကန် ရပ်ကွက်ရှိ “ရခိုင်မလေး”စားသောက်ဆိုင်နှင့် “ပစ်တိုင်းထောင်”စားသောက်ဆိုင်သို့လည်းကောင်း၊ ပန်းတောင်း မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည်ရတနာပုံရပ်ကွက်၊ ဥသျှစ်ပင်ရှိ“YADANAPONE” စားသောက် ဆိုင်နှင့် “တော်ဝင်ရတနာ” စားသောက်ဆိုင်သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် အမှတ်(၄) ရပ်ကွက်၊ ပြည် - တောင်ငူလမ်း ရှိ  “ဖြိုး” စားသောက်ဆိုင်နှင့် အမှတ်(၁၄)ရပ်ကွက်၊ပြည်-တောင်ငူလမ်းရှိ “မေတ္တာအိမ်” စားသောက်ဆိုင် လုပ်ငန်း  သို့လည်း ကောင်း အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများ  ဆောင်ရွက်နေသည်ကို ကွင်းဆင်း စစ်ဆေး၍ အစားအသောက်ပြုပြင် ရောင်းချသည့်နေရာများ သန့်ရှင်းမှုရှိ/မရှိ၊ အစားအသောက်ကိုင်တွယ် ချက်ပြုတ် သူများနှင့် ဝန်ဆောင်မှုပေးသူများ၏တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များ သန့်ရှင်းလတ်ဆတ် မှုရှိ/မရှိ၊ စားသောက်ဆိုင်များသည် မိမိတို့ဆိုင်များမှ ပေးအပ်သည့် ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ စားသုံးသူများအားလုံလောက်သည့် သတင်းအချက် အလက်များကို အသိပေး ဖော်ပြခြင်း ရှိ/မရှိနှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား(size) ပမာဏအလိုက် ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာ ကြိုတင်ဖော်ပြထားခြင်း ရှိ/မရှိ ၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ သန့်ရှင်းလတ်ဆက်မှုရှိခြင်း၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း ၍ သီးခြားရယူထားမှုမရှိခြင်းနှင့် ဈေးနှုန်းများ ဖော်ပြထားသည့် Menuစာရွက်များကို စားပွဲများတွင် တင်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ပါကြောင်း နှင့်အစားအသောက် ရောင်းချသည့် ဝန်ဆောင်မှု လုပ်ငန်းများ အနေဖြင့် စားသုံးသူများအား ဝန်ဆောင်မှုပေးရာတွင် စားသုံးသူစိတ် ကျေနပ်မှုရှိစေရေး၊ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူနစ်နာ ဆုံးရှုံးမှု မဖြစ်စေရေး တို့ကို ဦးစားပေး ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

DOCA(ပဲခူး)

 ပြည်ခရိုင်အတွင်း ဈေးကွက်မရောက်မီကုန်စည်များကို စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ

                  စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ၂၀၂၆ခုနှစ်၊ ဇူလိုင်လအတွင်း ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်းထမ်း များသည် စာတိုက်တန်းလမ်းရှိ ”မစန်းလေး” အသင့်စားထမင်းသုပ်ဆိုင်၊ နဝဒေးရပ်ကွက်၊ စံကျောင်း လမ်းရှိ“A-ဝမ်း”အာလူးကြော်လုပ်ငန်း၊ ပွဲစားတန်းလမ်းရှိ“ဒေါ်ဥ” အသင့်စား ထမင်းသုပ်ဆိုင်နှင့် ခရမ်းကုန်းရပ်ကွက်၊ စံပယ်လမ်းရှိ “စွဲမက်”  အာလူးကြော်လုပ်ငန်းသို့လည်းကောင်း၊ ရွှေတောင်မြို့ နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကြာနီကန်ရပ်ကွက် ကင်းမွန်းခြုံလမ်းရှိ “လင်းရောင်ခြည်” ယိုစုံလုပ်ငန်းနှင့် ဆင်မကြပ်ရွာ၊ နွားမယံအုပ်စုရှိ“တူးတူးလေး” ယိုစုံလုပ်ငန်းသို့လည်းကောင်း၊ ပန်းတောင်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် ပန်းတောင်းမြို့၊ လဲကျေးရွာရှိ  “ဘရဏီ” ကိတ်နှင့်ပေါက်မုန့် လုပ်ငန်းသို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် အမှတ်(၂)ရပ်ကွက်ရှိ "SuperFine” သောက်ရေသန့်လုပ်ငန်း နှင့်အမှတ်(၃)ရပ်ကွက်ရှိ “ဇွဲဓန” မြေပဲယို လုပ်ငန်းသို့လည်းကောင်း သွားရောက်၍ ဈေးကွက်မရောက်မီ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်း ရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ပါကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါကြောင်းသတင်းရရှိပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းရှိ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်း

                         စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့်   ရပ်ကွက်/ ကျေးရွာနေ    စားသုံးသူပြည်သူများနှင့်တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သော   ကျောင်း သား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရေး ရည်ရွယ်၍ခရိုင်အတွင်း မြို့နယ်များရှိ ရပ်ကွက်/ကျေးရွာများနှင့် အခြေခံပညာ ကျောင်းများတွင် အသိပညာပေးဟောပြော ဆွေးနွေးခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင် လျက်ရှိရာ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်မှ (၃၀)ရက်အတွင်း ပြည်ခရိုင် ၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှဒေါ်ဝင်းလဲ့ဝါ(ဦးစီးမှူး)ကကျောက်ဖြူပညာရေးဒီဂရီကောလိပ်နှင့်ပြည်နည်းပညာရေးတက္ကသိုလ်ကျောင်းသိုလည်းကောင်း၊  ပြည်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ပြည်မြို့(အ.ထ.က) အောင်ဆန်းကျောင်းနှင့်မြို့သစ်ရပ်ကွက်အတွင်းရှိ မြို့သစ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် (ဆီလက်လီ၊ လက်ကား) လုပ်ငန်းရှင်များအားလည်းကောင်း၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ရွှေတောင်မြို့ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်း (လျှပ်စစ်ပြင်သင်တန်းသားများ) ၊ အ.မ.က (အိုးထိမ်းကုန်း)ကျောင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် TalkShow အစီအစဉ်ဖြင့်လည်းကောင်း၊ ပေါက်ခေါင်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် ပေါက်ခေါင်းမြို့ ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် TalkShow အစီအစဉ်နှင့် အမှတ်(၁)အထက  ကျောင်းသို့လည်းကောင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင် ရွက်ခဲ့ပါသည်။

              အဆိုပါ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မြို့နယ် တာဝန်ခံများမှ စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ် ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၁၆)ရက်မှ (၃၁)ရက်အတွင်း ပြည်ခရိုင်ရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာ ဖေါ်ပြမှုရှိစေရေး ရှင်းလင်း ဆွေးနွေးခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျက် ရှိရာ၂၀၂၆ခုနှစ်၊ ဇူလိုင်(၁၆ ) ရက်မှ(၃၁ )ရက်အတွင်း၌ ပြည်မြို့နယ်တွင် ပြည်ခရိုင်ဦးစီးမှူး  ဦး ဆောင်၍ ပြည်ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ခရိုင်အတွင်းရှိ (MSME) လုပ်ငန်းရှင်များ ကိုအသိပညာပေးဆောင််ရွက်ခဲ့ပြီးပြည်ခရိုင်ဦးစီးမှူးဦးဆောင်၍မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ လမ်းရှည်လမ်း၊ ဆံတော်ရပ်ကွက်ရှိ ဦးရဲဝင်းအောင်၏ ဆီစက် လုပ်ငန်း၊ ကျောင်းအိုးရပ်ကွက်ရှိ ဦးဇေယျာစိုး၏“ပြည်ဝ”ဆီအရောင်းဆိုင်၊ ပြည်-တာဂွလမ်း၊ ရွှေတံခါး ရပ်ကွက်ရှိ ဦးတင်ဦး၏ “တိုးတက်ဝေ”ပဲကြော်လုပ်ငန်းသို့လည်းကောင်း၊ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စက်မှုဇုန်(၂)၊ ဗိုလ်တေဇလမ်းရှိဦးသန်းနိုင်၏“Morning” သောက်ရေသန့်လုပ်ငန်းနှင့် နဝဒေးစက်မှုဇုန်(၂)၊ တိုးချဲ့(၁၂)ဇုန်လမ််းရှိဦးမင်းသန်းနိုင်၏“TMS”သောက်ရေသန့် လုပ်ငန်းနှင့် အောင်ဆန်းရပ်ကွက်၊(F)လမ်းရှိ ဒေါ်မြင့်မြင့်စီ၏ “ရွှေမြင့်မိုရ်” နို့ဆီချက်လုပ်ငန်းသို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်ကြာနီကန်ရပ်ကွက်၊ဆေးရိုးတန်းလမ်းရှိဦးခင်မောင်သန်း“ဧဝရတ်”ဆီစက်သို့လည်းကောင်းသွားရောက်၍ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များ တွင် အရည် အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာ ဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက်ဖေါ်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများ နှင့်အတူ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်အတွင်း ဆန်စက်သိုလှောင်ရုံများအား စပါး/ဆန် လက်ကျန်စာရင်းရေးသွင်းနိုင်ရေး  မြို့နယ်ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

              မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါးအွန်လိုင်း(MyRo)တွင် ဆန်စပါး သိုလှောင်ရုံ လုပ်ငန်း ရှင်များအနေဖြင့်  ကုန်ရ၊ ကုန်ထုတ်၊  ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၁၀ ရက်နေ့ အတွင်း Update ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ် ပြည့်မြောက်ပြီးပါက သက်တမ်းတိုးနိုင်ရေး  စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူး၊ တောင်ငူမြို့နယ်တာဝန်ခံနှင့် သတင်းအချက်အလက်နည်းပညာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများ သည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍  (၄.၈.၂၀၂၆) ရက်နေ့ နံနက်  (၁၀:၃၀)နာရီအချိန်တွင် တောင်ငူမြို့နယ်အတွင်းရှိ ဆန်စက်သိုလှောင်ရုံများအား MyRoတွင် ကုန်ရ/ကုန်ထုတ်/ကုန် လက်ကျန်စာရင်းများ ထည့်သွင်းနိုင်ရေးနှင့် ဆန်စပါးလက်ကျန် အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် ပူးပေါင်းအဖွဲ့သည် ဆန်စက် တာရှိသူများနှင့် တွေ့ဆုံ ၍ ဆန်စက်ကြိတ်ခွဲ ထုတ်လုပ်မှုအဆင့်ဆင့်အကြောင်းနှင့် ထွက်ရှိလာသောဆန်များကို ရန်ကုန်ဈေးကွက်သို့တင်ပို့ခြင်း၊ ဆန်/စပါးဈေးနှုန်းဈေးကွက်အခြေအနေများ၊ ဆန်စက်မှထွက်ရှိလာ သောဆန်များကို ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှသည် အရည်အသွေးမြင့်ကုန်စည်အဖြစ် တိုးတက်ထုတ်လုပ်၍ ပြည်ပပို့ကုန်အထိ တိုးမြှင့်ဆောင်ရွက်နိုင်ရန် နည်းလမ်းကောင်းများကို ဆွေးနွေးပြီး လုပ်ငန်းရှင်တို့၏ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်အပေါ် အာမခံချက်ပေးနိုင် ခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ လုပ်ငန်းရှင် လိုက်နာရမည့်တာဝန်၊ တားမြစ် ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းများကို အပြန် အလှန် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း ၊ MyRo မှတ်ပုံတင် တစ်နှစ်သက်တမ်းပြည့်ပြီးသော ဆန်စက် များအား သက်တမ်းတိုး ဆောင်ရွက်နိုင်ရေး သိုလှောင်ရုံ လုပ်ငန်းစဉ် အဆင့်ဆင့်အား ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။

            ထို့ပြင် တောင်ငူမြို့နယ်အတွင်းရှိ ဆန်စက်အချို့သည် စစ်တောင်းမြစ်နှင့်နီးကပ်စွာ တည်ရှိ နေသောကြောင့် ဇွန်လမှစက်တင်ဘာလအထိ မြစ်ရေမြင့်တက်မှုနှင့် ရေကြီးရေလျှံမှု၊ ဘေးအန္တရာယ် များကို စိုးရိမ်ရသည့်အတွက် ဒေသတွင်းဆန်စက်ပိုင်ရှင်များအနေဖြင့် စပါး/ဆန်များကို ရေရှည် သိုလှောင်ထားခြင်း မရှိဘဲပုံမှန်ကြိတ်ခွဲ ရောင်းချလျက်ရှိကြောင်းလည်း စပါး/ဆန် စက်တာဝန်ရှိ သူများ၏ပြောပြချက်အရ သိရှိရ သည်။

DOCA(ပဲခူး)

တောင်ငူမြို့၊အ.ထ.က(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူ အသိပညာပေး ဟောပြောပွဲ ကျင်းပ

            ၂၀၂၆ခုနှစ်၊ဩဂုတ်လ ၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းဇော်၊ဒုတိယခရိုင်ဦးစီးမှူးနှင့်ဦးမြင့်သူ၊မြို့နယ်တာဝန်ခံတို့သည် အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ကျောင်းကျန်းမာရေးအဖွဲ့တို့ပူးပေါင်း၍ တောင်ငူမြို့၊ အ.ထ.က (၂) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယင်းနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျောင်းရှိ မော်ကွန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ ဦးမင်းဇော်၊ ဒုတိယခရိုင် ဦးစီးမှူး က ကုန်စည် နှင့် ဝန်ဆောင်မှုများအကြောင်း၊စားသုံးသူအကြောင်း၊သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန်၊ ကုန်အညွန်းအမှတ်အသား ပြည်စုံစွာ ပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးပြောကြားခြင်း၊ စားသုံးသူ များ ၏အခွင့်အရေးများအကြောင်း၊ကုန်အညွှန်းအမှတ်အသားအရေးပါပုံများအား အသိပညာပေး ပြော ကြားခဲ့ပါ သည်။

          ဆက်လက်၍ မြို့နယ်တာဝန်ခံ ဦးမြင့်သူက   စားသုံးသူအခွင့်အရေးများ ထိခိုက်နစ်နာမှုများ ကြုံတွေ့ရပါက သက်ဆိုင်ရာ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် နည်းလမ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက်အဆိုပါ ပူးပေါင်းအဖွဲ့သည် ကျောင်းမုန့်ဈေးတန်း ရောင်းချသူများအား စားသုံးသူ ကာကွယ်ရေးဥပဒေနှင့် အညီလုံခြုံစိတ်ချရသော ကုန်ပစ္စည်းများသာရောင်းချရန်၊ သက်တမ်း လွန် စားသောက်ကုန်များ မရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသောကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် သန့်ရှင်းသပ်ရပ်စွာ ရောင်းချရေးတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

       အဆိုပါ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများ စုစုပေါင်း (၂၅၀)ဦး တက်ရောက်ခဲ့ကြပြီး စားသုံးသူအခွင့်အရေးများနှင့်ပတ်သက်၍ တက်ရောက်လာသည့် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ကြောင်း သိရှိရသည်။

DOCA(ပဲခူး)

စားအုန်းဆီများ ရောက်ရှိမှု ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် အငယ်တန်းစားရေးဦးရန်အောင် ထွန်းတို့သည် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ရောက်ရှိလာ သောစားအုန်ဆီပီပါများ၏အရေအတွက်၊ သိုလှောင်ထားရှိမှုနှင့် ဖြန့်ဖြူးရောင်းချရေး အခြေအနေများ ကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

          အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ဂိုဒေါင်အတွင်း စားအုန်းဆီပီပါများကို စနစ်တကျ သိုလှောင် ထားရှိမှု၊ ရောက်ရှိလာသည့်ပမာဏနှင့် ဖြန့်ဖြူးရောင်းချရန် အသင့်ပြင်ဆင်ထားရှိမှု အခြေအနေများ ကိုစစ်ဆေးခဲ့ပြီး စားသုံးသူပြည်သူများထံ သတ်မှတ်ဈေးနှုန်းဖြင့် အဆင်ပြေစွာ ရောက်ရှိဖြန့်ဖြူးနိုင် ရေး အလေးထားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ကရင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ