Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များအား အသိပညာပေး

 

ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အွန်းလိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း များနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များကို အွန်လိုင်းလုပ်ငန်းများအား မှတ်ပုံတင်ရယူရေး ဆောင်ရွက်စေရန်အတွက် အသိပညာပေးဟောပြောခြင်းများ လစဉ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူ ရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ‌ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၁၃-၇-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ မှတ်ပုံတင်လက်မှတ်ရရှိထားသော အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်(၂)ဦးနှင့် တွေ့ဆုံ၍ အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ အသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေး လုပ်ငန်းရှင်၏အဓိပ္ပာယ်၊  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်၅၀/၂၀၂၃အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကို အရေးကြီးဝန်ဆောင်လုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှုအခြေအနေ၊ အွန်လိုင်းရောင်းချ ခြင်းလုပ်ငန်း၏အဓိပ္ပာယ်၊ အွန်လိုင်းရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာ အမှတ် ၅၁/၂၀၂၃အရ  မှတ်ပုံတင်လျှောက်ထားခြင်းနှင့် လျှောက်ထားမှုအတွက် သတ်မှတ်ချက် များအကြောင်း၊ မှတ်ပုံတင်လျှောက်ထားရန် ကြိုတင်ပြင်ဆင်သင့်သည့် အချက်အလက်များနှင့် မဖြစ်မနေ ပူးတွဲတင်ပြရမည့် အထောက်အထားများ၊ eComReg System ၏ Report နှင့်ပတ်သက် သည့် အသုံးပြုရန်နည်းလမ်းများ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်နှင့်အခွင့်အရေးများအကြောင်း၊ မှတ်ပုံတင်ထုတ်ပေးခြင်း၊ ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်းဆိုင်ရာအကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ ၏ တာဝန်ဖောက်ဖျက်မှု ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်းနှင့် အွန်လိုင်းရောင်းချမှုကဏ္ဍများတွင် စားသုံးသူအခွင့်အရေးများ ထိခိုက်နစ်နာခဲ့ပါက တိုင်ကြားမှုများကို လက်ခံဖြေရှင်းဆောင်ရွက် ပေးနေမှုအခြေအနေ၊ အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းများတွင် တရားမဝင်တင်သွင်းလာသည့် ကုန်စည်များအား ရောင်းချခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီပြည့်စုံသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချရန်၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းတို့ကို အသိပညာပေးဆွေးနွေး ခဲ့ပြီး “မိမိတို့ အွန်လိုင်းဆိုင်တွေကို ဘယ်မှာဘယ်လို မှတ်ပုံတင်ရမှာလဲ” လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA( ကချင်)

လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းတို့သည် ၁၃-၇-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ သာစည် ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင် (၁) ဦး နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် အချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

     ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပုဒ်မ၂၁အရ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များဖြစ်သော စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထပ်မံပေးချေရမည့်တန်ဖိုးကို စားသုံးသူကဝယ်ယူ အသုံးမပြုမီ  သိရှိစေရန် အတိအလင်းဖော်ပြပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဥ် ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဥ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြား နည်းလမ်းများဖြင့်ဖြစ်စေ စားသုံးသူအပေါ် ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်ခြင်း၊ မဟုတ်မမှန်ပြောဆို ခြင်း၊ ရေးသားခြင်းနှင့်ပြုမူခြင်းတို့ကိုရှောင်ကြဥ်ခြင်း စသည့်အချက်များအကြောင်း၊ ဥပဒေ အခန်း (၁၈) ပုဒ်မ (၄၁) ပါ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြပါရှိသည့် ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချ ရန်အကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အာမခံပေး ထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ ဥပဒေပါတားမြစ်ချက် များနှင့် ပြစ်မှု၊ ပြစ်ဒဏ်အကြောင်းတို့အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

မြစ်ကြီးနားမြို့ပေါ်ရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

    `ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဆောင်၍ ကချင်ပြည်နယ် စားအုန်းဆီဖြန့်ဖြူးမှုစစ်ဆေးရေးအဖွဲ့ဝင်များဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ၊ စားအုန်းဆီလက်ကားကိုယ်စားလှယ်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၁၃-၇-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့ပေါ်ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ သွားရောက်ပြီး စားသုံးသူပြည်သူများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် စားအုန်းဆီများ ဝယ်ယူရရှိရေး၊ မသမာသောနည်းလမ်းများဖြင့် ရောင်းချမှုမရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ ပြည်နယ်ဦးစီးမှူးနှင့် ကချင်ပြည်နယ် စားအုန်းဆီဖြန့်ဖြူးမှု စစ်ဆေးရေးအဖွဲ့ဝင်များသည် လက်လီအ‌ရောင်းဆိုင်များအား ဗွီနိုင်းများ ချိတ်ဆွဲ၍ ရောင်းချမှု ရှိ/မရှိ၊ အလေးချိန်မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး  သတ်မှတ်ရည်ညွှန်း ဈေးနှုန်းများဖြင့် မှန်မှန်ကန်ကန် ရောင်းချစေရေး၊ အလေးချိန်၊ အချိန်အတွယ် မှန်ကန်စေရေး၊ ဆီအရည်အသွေးမှန်ကန်စေရေး အလေးထားဆောင်ရွက် သွားရန် ညွှန်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

မြစ်ကြီးနားမြို့ပေါ်ရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

      ကချင်ပြည်နယ်ရှိ စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဝယ်ယူရရှိရေး၊ မသမာသောနည်းလမ်းများဖြင့် ရောင်းချမှုမရှိစေရေးအတွက် ၁၁-၇-၂၀၂၆ ရက် နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဆောင်၍ ကချင်ပြည်နယ် စားအုန်းဆီ ဖြန့်ဖြူးမှုစစ်ဆေးရေးအဖွဲ့ဝင် များဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ၊ စားအုန်းဆီလက်ကားကိုယ်စားလှယ်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် မြစ်ကြီးနားမြို့ပေါ်ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ သွားရောက်ပြီး သတ်မှတ် ဗွီနိုင်းများ ချိတ်ဆွဲ၍ ရောင်းချမှု ရှိ/မရှိ၊ အလေးချိန်မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်း များအတိုင်း ရောင်းချမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး လက်လီအ‌ရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်း ဈေးနှုန်းများဖြင့် မှန်မှန်ကန်ကန် ရောင်းချစေရေး၊ အလေးချိန်၊ အချိန်အတွယ် မှန်ကန်စေရေး၊ ဆီအရည်အသွေးမှန်ကန်စေရေး အလေးထားဆောင်ရွက်သွားရန် ညွှန်ကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ကချင်)

 

အသိပညာ‌ပေး‌ဟောပြောခြင်း

    စားသုံးသူစွမ်းဆောင်နိုင်မှုကို မြှင့်တင်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတ ပြည့်ဝသောစားသုံးသူများ ပြုစုပျိုးထောင်ပေးရန်နှင့် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေး ၊ စိတ်ကျေနပ်မှု ရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေး မြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဒေါ်သီတာဖြိုး (အကြီးတန်းစာရေး)သည် ၁၀-၇-၂၀၂၆ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့နယ်၊ နောင်နန်း ကျေးရွာ၊ အမှတ်(၈)၊ အခြေခံပညာ မူလတန်းကျောင်းရှိ ဆရာ/ ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၅၀)ဦးအား အသိပညာပေး‌ ဟောပြောခဲ့ပါသည်။

     ထိုသို့ အသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေး စတင်ပေါ်ပေါက်လာပုံ၊ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကြောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူ အတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည် ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကိုဆိုလိုကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်းချက်ပါ စားသုံးသူ၏အခွင့်အရေး (၈) ချက် နှင့် တာဝန်(၄)ချက်အကြောင်း၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ အတွက် တိုင်ကြားနိုင်သည့်နည်းလမ်းနှင့် ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေ၊ အချိုရည်များအလွန် အကျွံသောက်သုံးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များအကြောင်း၊ တာရှည်ခံဆေးများနှင့် အစားအသောက်တွင် သုံးစွဲခွင့်မရှိသော ဓာတုဆိုးဆေးများအကြောင်း၊ အီလက်ထရောနစ် အငွေ့ရှူစက်ဖြစ်သည့် အီလက် ထရောနစ်စီးကရက်၊ အီလက်ထရောနစ်ရှီးရှား၊ အပူပေးအငွေ့ရှူစက် နှင့်ပတ်သက်၍ သိကောင်းစရာများ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာများနှင့် ကုန်စည်များ ကို ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန်တို့ကို  အသိပညာပေးဟောပြောခဲ့ပြီး “စားသုံးသူအခွင်းအရေး” လက်ကမ်းစာစောင် များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

ဓနုဖြူမြို့နယ်တွင် ရပ်ကွက်နေပြည်သူများအား ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပေး

       ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်တွင် ရပ်ကွက်နေပြည်သူများအနေဖြင့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို အသုံးပြုရာ၌ စားသုံးသူအခွင့်အရေးများကို သိရှိနားလည်ပြီး မိမိတို့၏ အခွင့်အရေးများကို အပြည့်အဝ တောင်းဆိုအသုံးချနိုင်စေရေးအတွက် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းကို ၂၀၂၆ခုနှစ် ဇူလိုင်လ (၈)ရက်နေ့က မြို့နယ်စာကြည့်တိုက်ခန်းမတွက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        အသိပညာပေးဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုးက ဝန်ဆောင်နှင့် စပ်လျဉ်း၍ စားသုံးသူများတွင် အခွင့်အရေးအပြည့်အဝရှိကြောင်း၊ စားသုံးသူသည် ဝန်ဆောင်မှုရယူရာ၌ စားသုံးသူများရရှိသင့်သည့် အရည်အသွေးပြည့်မီသော ဝန်ဆောင်မှု၊ မှန်ကန်တိကျသော သတင်းအချက်အလက် ရရှိပိုင်ခွင့်၊ လုံခြုံစိတ်ချရသော ဝန်ဆောင်မှုရရှိပိုင်ခွင့်၊ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြားခွင့်နှင့် နစ်နာကြေးတောင်း ဆိုပိုင်ခွင့်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

        ထို့အပြင် ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူအခွင့်အရေး ချိုးဖောက်ခံရပါက သက်ဆိုင်ရာ စားသုံးသူရေးရာဦးစီးဌာနသို့ဖြစ်စေ၊ Consumer Call Center (1535) သို့ဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားရာတွင် အထောက်အထားများကို စနစ်တကျ ထိန်းသိမ်းထားရန် လိုအပ်ကြောင်းလည်း အသိပညာပေး ဟောပြောပွဲသို့ ရပ်ကွက်နေပြည်သူ ၈၅ဦးတက်ရောက်ခဲ့ပြီး ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ သိရှိလိုသည်များမေးမြန်းကာ တာဝန်ရှိသူမှ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင်၍ ခရိုင်စားသုံးသူ‌ရေးရာဦးစီးဌာနမှဝန်ထမ်းတို့သည် 10-7-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက်ရှိ ‌နွေး (ကုန်စုံဆိုင်) သို့သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ နမ့်ဆန် တီးမစ် အမှတ်တံဆိပ်ပါ အသင့်ဖျော် လက်ဖက်ရည်သည် (အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုး)တွင် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး ကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုး အစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့်အချက်(၇)ချက်အနက် အစားအသောက်များ ကုန်စည် အုပ်စုရှိ အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုးတွင်   ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ကို မြန်မာဘာသာဖြင့် ကိုက်ညီပြည့်စုံ စွာဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ ဖော်ပြထားကြောင်း၊ ပြည်တွင်း၌ထုတ်လုပ်သော ကုန်စည်ဖြစ်၍ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့် လိပ်စာ ပြည့်စုံစွာ ပါရှိကြောင်းနှင့် သက်ဆိုင်ရာ အစိုးရဌာနများကဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့်ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်း မပြုလုပ်ရန်နှင့် ဆင်တူရိုးမှား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်း မပြုကြရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဘောမ်ဇုံး (ရုံးအုပ်) ဦးဆောင်သည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းတို့သည် ၁၀-၇-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ လက်လီရောင်းချလျက်ရှိသော ဦးအားဇော်(ကုန်စုံဆိုင်)သို့သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ၊ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ “MAMEE” အမှတ်တံဆိပ်ပါ မာမီးခေါက်ဆွဲ (အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုး)တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန် ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ဖော်ပြ ရမည့်အချက်(၇)ချက်အနက် အစားအသောက်များကုန်စည်အုပ်စုရှိ အသင့်စားခေါက်ဆွဲခြောက်ထုပ် အမျိုးမျိုးတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ကို မြန်မာဘာသာဖြင့် ကိုက်ညီပြည့်စုံစွာဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲတို့ ဖော်ပြထားကြောင်း၊ ပြည်တွင်း၌ထုတ်လုပ်သော ကုန်စည်ဖြစ်၍ ထုတ်လုပ်သည့် လုပ်ငန်းအမည်နှင့် လိပ်စာ ပြည့်စုံစွာပါရှိကြောင်းနှင့် သက်ဆိုင်ရာအစိုးရဌာနများကဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များ ဖော်ပြထားကြောင်းစစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့်ကုန်စည်များ၊ ကုန်အညွှန်း အမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန်နှင့် ဆင်တူရိုးမှား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်း မပြုကြရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

Consumer Call Center (1535) သို့ ဆက်သွယ်တိုင်ကြားနိုင်မှုအကြောင်း အသိပညာပေးခြင်း

      စားသုံးသူများအနေဖြင့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူအခွင့်အရေး ထိခိုက်နစ်နာမှုများ၊ မလုံခြုံသောကုန်ပစ္စည်းများ၊ ကုန်အညွှန်းအမှတ်အသား မပြည့်စုံသောကုန်ပစ္စည်းများ၊ သက်တမ်းလွန်ကုန်ပစ္စည်းများ ရောင်းချခြင်းနှင့် အခြားစားသုံးသူအခွင့်အရေး ချိုးဖောက်ခံရသည့်ကိစ္စရပ်များကို Consumer Call Center (1535) သို့ ဆက်သွယ်၍ အခမဲ့တိုင်ကြားနိုင်ကြောင်းကို ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ရပ်ကွက်နေပြည်သူများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းတွင် အသိပညာပေးခဲ့ကြောင်း သိရသည်။

        ပန်းတနော်မြို့နယ် အလယ်ပိုင်းရပ်ကွက်နေ ပြည်သူများကို အသိပညာပေးရာ စားသုံးသူအခွင့်အရေး နစ်နာမှုရှိလာပါက တိုင်ကြားရာတွင် ဖြစ်စဉ်အသေးစိတ်၊ ဝယ်ယူခဲ့သည့် ဆိုင်အမည်၊ ဝယ်ယူသည့်နေ့ရက်၊ ပြေစာ (ရှိပါက)၊ ကုန်ပစ္စည်းဓာတ်ပုံနှင့် သက်သေအထောက်အထားများကို ပူးတွဲတင်ပြပေးပါက စုံစမ်းစစ်ဆေးဆောင်ရွက်ရာတွင် ပိုမိုထိရောက်ကြောင်း၊ ဆက်သွယ်ဆောင်ရွက်ရာတွင် Consumer Call Center (1535) လိုင်းခွဲ(၁၊၂၊၃)အား ရုံးချိန်အတွင်း ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းကိုလည်းကောင်း Consumer Call Center (1535) သည် စားသုံးသူများ၏ တိုင်ကြားချက်များကို လက်ခံ၍ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ညှိနှိုင်းကာ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပြီး စားသုံးသူများ၏ အခွင့်အရေးကာကွယ်ရေးနှင့် တရားမျှတသော ဈေးကွက်စနစ် ဖြစ်ပေါ်စေရေးအတွက် အရေးပါသော ဝန်ဆောင်မှုတစ်ရပ်ဖြစ်ကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး တိုင်ကြားမှုကို ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် ဖြစ်စဉ်များကို ဟောပြောပေးခဲ့ကြောင်း တက်ရောက်သူ ပြည်သူ ၈၀ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍  အသိပညာပေးဟောပြောခြင်း

     ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အွန်းလိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း များနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များကို အွန်လိုင်းလုပ်ငန်းများအား မှတ်ပုံတင်ရယူရေး ဆောင်ရွက်စေရန်အတွက် အသိပညာပေးဟောပြောခြင်းများ လစဉ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူ ရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဖြူသွယ်လင်း (ဦးစီးမှူး) ဦးဆောင်၍ အငယ်တန်းစာရေး ဒေါ်မြတ်နိုးလွင်တို့သည် ၉-၇-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့ရှိ နာရီအမျိုးမျိုး ရောင်းဝယ်ရေးလုပ်ငန်းရှင် (၂)ဦးတို့အား မိုးညှင်းခရိုင်ဦးစီးမှူးရုံး၌တွေ့ဆုံ၍  အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ အသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေး လုပ်ငန်းရှင်၏အဓိပ္ပာယ်၊  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်၅၀/၂၀၂၃အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကို အရေးကြီးဝန်ဆောင်လုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှုအခြေအနေ၊ အွန်လိုင်းရောင်းချ ခြင်းလုပ်ငန်း၏အဓိပ္ပာယ်၊ အွန်လိုင်းရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာ အမှတ် ၅၁/၂၀၂၃အရ  မှတ်ပုံတင်လျှောက်ထားခြင်းနှင့် လျှောက်ထားမှုအတွက် သတ်မှတ်ချက် များအကြောင်း၊ မှတ်ပုံတင်လျှောက်ထားရန် ကြိုတင်ပြင်ဆင်သင့်သည့် အချက်အလက်များနှင့် မဖြစ်မနေ ပူးတွဲတင်ပြရမည့် အထောက်အထားများ၊ eComReg System ၏ Report နှင့်ပတ်သက် သည့် အသုံးပြုရန်နည်းလမ်းများ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်နှင့်အခွင့်အရေးများအကြောင်း၊ မှတ်ပုံတင်ထုတ်ပေးခြင်း၊ ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်းဆိုင်ရာအကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက်မှု ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်းနှင့် အွန်လိုင်းရောင်းချမှုကဏ္ဍများတွင် စားသုံးသူအခွင့်အရေးများ ထိခိုက်နစ်နာခဲ့ပါက တိုင်ကြားမှုများကို လက်ခံဖြေရှင်းဆောင်ရွက် ပေးနေမှုအခြေအနေ၊ အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းများတွင် တရားမဝင်တင်သွင်းလာသည့် ကုန်စည်များအား ရောင်းချခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီပြည့်စုံသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချရန်၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းတို့ကို အသိပညာပေးဆွေးနွေး ခဲ့ပြီး “မိမိတို့ အွန်လိုင်းဆိုင်တွေကို ဘယ်မှာဘယ်လို မှတ်ပုံတင်ရမှာလဲ” လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ