Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ချောင်းဆုံမြို့နယ်၊ အ.မ.က (ကညှော်) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

  ၁၈..၂၀၂ ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦး နှင့် အကြီးတန်းစာရေး ဒေါ်ယွန်းမီမီဖူးဝေတို့သည် ချောင်းဆုံမြို့နယ်၊ အ.မ.က (ကညှော်)ကျောင်း၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့သည်။

          အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ အကြီးတန်းစာရေး ဒေါ်ယွန်းမီမီဖူးဝေက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့် သိကောင်းစရာများ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ နည်းလမ်းများ၊ Consumer Call Center အကြောင်းအရာများနှင့် www.doca.gov.mm တွင်လည်း ဝင်ရောက် ကြည့်ရှု့လေ့လာနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

   အဆိုပါ ဟောပြောဆွေနွေးပွဲသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ (၁၀၅) ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

   ၁၇.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့ရှိ ဆေးဆိုင်များအား လက်ကားဈေးအပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မော်လမြိုင်မြို့ရှိ ဆေးဆိုင်များတွင် လက်ကားဈေးအပေါ်၌ ဒေသ ပေါက်‌ဈေးထက်ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီရောင်းချနေမှုမရှိကြောင်း စစ်ဆေး တွေ့ရှိရပါသည်။

DOCA (မွန်)

မုံရွာမြို့နယ်ရှိ ကျောင်းမုန့်ဈေးတန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

       ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့ နံနက်(၁၀း၀၀) နာရီအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံး/ ထုတ်လုံဌာနခွဲတာဝန်ခံသည် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာ၊ ရဲတပ်ဖွဲ့၊ ထွေထွေအုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးနှင့် အဖွဲ့သည်  အလုံတပ်မြို့ရှိ အထက(၂) အခြေခံပညာနှင့်စိုက်ပျိုးရေး အထက်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ရာတွင် အသင့်စားမုန့်အမျိုးမျိုး၌ စာသုံးသူကာကွယ်ရေးဥပ‌ဒပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိ/ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ရောင်းချသူဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပြည့်စုံစွာ ပါဝင်ခြင်းမရှိသော ကုန်စည်များမှာ စားသုံးသူများအား ဘေးအန္တရာယ် ဖြစ်စေနိုင်သည့်အတွက် ရောင်းချခြင်းမပြုရန်၊ FDAမှ စားသုံးရန်မသင့်ဟု တရားဝင်ထုတ်ပြန်ထားသော စားသောက်ကုန်များနှင့် သက်တမ်းလွန်စားသောက်ကုန်များကိုလည်း ရောင်းချခြင်းမပြုရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk ဆွေးနွေးပွဲ ကျင်းပပြုလုပ်

၁၀.၉.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံး မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး သထုံခရိုင်ရုံးမှ ဝန်ထမ်းများ Zoom  ဖြင့်တက်ရောက်ခဲ့သည်။

          ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးက Thursday Talk ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းခြင်း၊ သထုံခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူက “ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှု အထောက် အကူပြုဆိုင်ရာအကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုဒုံမြို့နယ် PERFECT Private School တွင် လူငယ်စကားဝိုင်းကျင်းပ

   ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ၁၁.၉.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီက မွန်ပြည်နယ်၊ မုဒုံမြို့နယ် PERFECT Private School ကိုယ်ပိုင်ကျောင်း၌ ပြုလုပ်ခဲ့သည်။

   အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ြမဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ညှိနှိုင်းရေးမှူး (Moderator)အဖြစ် ဆောင်ရွက်၍ (Grade-7)နှင့် (Grade-9) ကျောင်းသား/သူများက လူငယ်နှင့် ပညာရေး၊ လူငယ်နှင့်မူးယစ်ဆေး၊ ယဥ်ကျေးသွင်ပြင် ဝတ်စားဆင်၊ ကြိုတင်ပြင်ဆင်အောင်ပွဲဝင် ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

   ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူ များက လူငယ်စကားဝိုင်းတွင် ဆွေနွေးသည့် အကြောင်းအရာများအား မိမိတို့သိရှိလိုသည် များကို မေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြပြီး လူငယ်စကားဝိုင်းအစီအစဉ်အား ရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းသို့ တက်ရောက်ခဲ့ကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား /ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေး နံရံကပ်၊ စာအုပ်စာစောင်မျာအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

DOCA (မွန်)

ဘီးလင်းမြို့၊ အ.မ.က (မြို့သစ်) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့် ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ၁၁.၉.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက အ.မ.က (မြို့သစ်) ကျောင်း သို့ သွားရောက် ဆောင်ရွက်ခဲ့ကြ‌သည်။

အသိပညာပေးဟောပြောပွဲတွင် ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုဝင်းက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးတို့အတွက် နယ်လှည့်အသိပညာပေး လုပ်ငန်းများ လာရောက်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း အသိပညာပေး ဟောပြောပြီး၊ ကျောင်းသား၊ ကျောင်းသူများအား ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ ကာတွန်းစာစောင်များစသည့် ကလေးစာပေများကို ဖတ်ရှူစေခဲ့သည်။

            အဆိုပါ အသိပညာပေးလုပ်ငန်းတွင် မူးယစ်‌ဆေးဝါးအန္တရာယ် သတိပြုကာကွယ်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး စသည့်အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်း ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှူ လေ့လာခဲ့ကြောင်း သိရသည်။

DOCA (မွန်)

 

မော်လမြိုင်မြို့နယ်တွင် ထိုင်းနိုင်ငံမှ ဈေးကွက်အတွင်းဝင်ရောက်လာသည့် အေးခဲငါးဘူးများအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

          ၁၁.၉.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် မွန်ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ထိုင်းနိုင်ငံမှ ဈေးကွက်အတွင်းဝင်ရောက်လာသည့် အေးခဲငါးဘူးများအား ပြည်သူများကျန်းမာရေးထိခိုက်မှု မရှိစေရေးအတွက် ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးရာ မော်လမြိုင်မြို့နယ်ရှိ ငါးဈေးများတွင် ထိုင်းနိုင်ငံမှ ဈေးကွက်အတွင်းဝင်ရောက်လာသည့် အေးခဲငါးဘူးများ ရောင်းချနေခြင်းမရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

သထုံမြို့နယ်တွင် ဆန်ဆိုင်ကြီးများနှင့် ဆန်ဂိုဒေါင်များသို့ ကွင်းဆင်းစစ်ဆေး

   ၁၀.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူနှင့် ဦးစီးအရာရှိ ဦးအောင်ကျော်မင်းတို့သည် သထုံမြို့နယ် အတွင်းရှိ ရောင်းချလျက်ရှိသော ဆန်ဆိုင်ကြီးများနှင့် ဆန်ဂိုဒေါင်များအား ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဈေးကွက်အတွင်း ဆန်များရောနှောရောင်းချခြင်း ရှိ/မရှိနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တစ်လတစ်ကြိမ်ထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ကရင်)

မုဒုံမြို့နယ်တွင် ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ အာမခံပေးခြင်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

   ၁၁..၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ အာမခံပေးခြင်းဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ပါသည်။

          ထိုဆွေးနွေးပွဲတွင်မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက (Talk Show) ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးမှ စီးပွားရေး လုပ်ငန်းရှင်များက ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များအကြောင်း၊ အာမခံ ပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများအကြောင်း၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍စီးပွားရေးလုပ်ငန်းရှင်များမှ ဖော်ပြရမည့်အာမခံချက်များနှင့် အာမခံချက်အပေါ် စားသုံးသူက တောင်းဆိုင်နိုင်သည့် အခွင့်အရေးများအကြောင်းတို့အား ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။

DOCA (မွန်)

ချောင်းဆုံမြို့နယ်တာဝန်ခံသည် “သူ‌‌ဋ္ဌေးစံ” အမှတ်တံဆိပ် ကြက်ဥခေါက်မုန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

   ၁၁.၉.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် “သူဋ္ဌေးစံ” အမှတ်တံဆိပ် ကြက်ဥ ခေါက်မုန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ချောင်းဆုံမြို့နယ်တာဝန်ခံက လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဋ္ဌာန်းချက်အတိုင်း ကုန်အညွှန်း အမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ