Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူမြို့တွင် စက်သုံးဆီအရောင်းဆိုင်များအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် အချိန်အတွယ် မှန်ကန်မှု ရှိ/မရှိ တို့ကို ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းက ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိ သူများပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက် တရားဝင်သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချပေးခြင်း ရှိ/မရှိ၊ ဆီကန်များအတွင်း စက်သုံးဆီ ရောက်ရှိမှုနှင့် လက်ကျန်အခြေအနေများ၊ အချိန်အတွယ် လီတာခွက် စံနှုန်းမှန်ကန်မှု ရှိ/မရှိ တို့ကို မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

      ယင်းနောက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များနှင့် မန်နေဂျာများအား စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆီဈေးနှုန်းများကို စနစ်တကျ ပြသရောင်းချရန်၊ အချိန်အတွယ်နှင့် အရည်အသွေး ပြည့်ဝမှန်ကန်စေရေး အလေးထားဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ  ဆာကူရာမုန့်လုပ်ငန်းရှင်နှင့်  တွေ့ဆုံဆွေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)တို့သည် (၁၀.၇.၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ဆာကူရာ မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်း ရှင်များ လိုက်နာရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။  

          ထိုသို့ ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀) ပုဒ်မ၂၁အရ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များဖြစ်သော စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထပ်မံပေးချေရမည့်တန်ဖိုးကို စားသုံးသူကဝယ်ယူ အသုံးမပြုမီ  သိရှိစေရန် အတိအလင်း ဖော်ပြပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဥ်ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဥ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်း များဖြင့်ဖြစ်စေ စားသုံးသူအပေါ် ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်ခြင်း၊ မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကိုရှောင်ကြဥ်ခြင်း စသည့်အချက်များအကြောင်း၊   ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် မဖြစ်အနေ သိသာထင်ရှားစွာ ဖော်ပြရမည့်  အချက်များအကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်း၊ မုန့်များထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ တို့အား စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် လိုက်နာရမည် ကျင့်ဝတ်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA (စစ်ကိုင်း)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသောအသင့်စား ကိတ်မျိုးစုံဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၄.၇.၂၀၂၆) ရက်နေ့၊ မွန်လွှဲ(၁၅း၀၀) နာရီအချိန်တွင် အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ မုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ကိတ်မျိုးစုံဘူးများအား ကုန်အညွှန်းအမှတ်အသားပြည့်စု့မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ အိမ်မဲမြို့နယ်၊ အထက်ပိုင်းရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသော အသင့်စားကိတ်မျိုးစုံဘူးများအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှု ရှိ/ မရှိ စစ်ဆေးခဲ့ပြီး ကုန်မျိုးစုံဆိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေး ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်းကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသား ဖော်ပြချက်၊ပြည့်စုံမှုရှိ/ မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင် ရွက်သွားပါမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် မြို့ပေါ်ရှိဆေးဆိုင်များတွင်  ဈေးနှုန်းမြှင့်တင်ရောင်ချခြင်းရှိ/ မရှိနှင့် ဆေးဝယ်ယူရရှိမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၃.၇.၂၀၂၆)ရက်နေ့ နံနက် (၁၁း၀၀) နာရီအချိန်တွင် မြောင်းမြမြို့ပေါ်ရှိ ဆေးဆိုင်များတွင် အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ အိမ်သုံးဆေးအရောင်းဆိုင်ဆိုင်ရှင်များအား စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆေးဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုရန် ဆေးဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ဆေးပြတ်လပ်မှုမဖြစ်ပေါ်စေရေး အဓိကထားဆောင်ရွက်ရန် ဈေးကွက်အတွင်း ယခင်လဈေးနှုန်းထက် အနည်းငယ်သာမြင့်တက်မှုရှိပြီး စားသုံးသူပြည်သူများအနေဖြင့် အခြေခံဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရာတွင် အခက်အခဲမရှိ ဝယ်ယူရရှိနိုင်ပြီး သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သို လှောင်ထားရှိခြင်းများစစ်ဆေး‌တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများ၏အမိန့်ညွှန်ကြားချက်၊ ဥပဒေများ လိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် အ.ထ.က(၂)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၄.၇.၂၀၂၆)ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် မော်ကျွန်းမြို့နယ်၊ အ.ထ.က(၂)ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ် တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ အားဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသောအစားအသောက်များတွင် ဓါတုဆိုးဆေးများ အလွန်အကျုးပါဝင်နေခြင်း၊ သက်တမ်းလွန် အစားအသောက်များအားမိမိ၏ အသိဖြင့်ဆင်ခြင်ဝယ်ယူ စားသောက်ကြရန် ဟောပြောခဲ့ကြောင်း သိရသည်။ ထို့နောက်ကျောင်းမုန့်ဈေးတန်းအဖွဲ့ ဖြင့်မုန့်ဆိုင်(၂)ဆိုင်အားစစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအား ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကိုသာ ရောင်းချရန်နှင့် သက်တမ်းလွန်မုန့်များရောင်းချခြင်းမပြုရန် အသိပေးဆောင်ရွက်ခဲ့ပါသည်၊ စားသုံးသူအသိပညာပေး ဟောပြောပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသားကျောင်းသူ စုစုပေါင်း(၃၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာမြို့၊ ဆားကျင်းအုပ်စု၊ ထင်းစုကျေးရွာရှိ စိန်မြင့်မိုရ်ဆန်စက်တွင် ဆန်စပါးလက်ကျန်စာရင်းနှင့် My Ro တွင် သက်တမ်းတိုးနိုင်ရေးကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် တာဝန်ရှိသူများနှင့်ပူးပေါင်း၍ လပွတ္တာမြို့၊ထင်းစုကျေးရွာရှိ စိန်မြင့်မိုရ်ဆန်စက်သို့ (၁၃.၇.၂၀၂၆) ရက်နေ့၊ နေ့လယ် (:၃၀နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။   

                ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ ဆန်စက်လုပ်ငန်း ရှင်ဦးသန်းညွန့်အား ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှုနှင့်ပြည်ပတင်ပို့နိုင်ရေး၊ အဆင့်အတန်း မီဆန်နှင့်ဆန်ထွက်ပစ္စည်းများ ကြိတ်ခွဲထုတ်လုပ်နိုင်ရေး၊ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများအတိုင်း တင်ပို့ရောင်ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့်  ပိုးသတ်ဆေး၊ ဓါတ်ကြွင်းဓါတ်ကျန်များမပါရှိစေရန်နှင့် စက်ရုံအတွင်းသန့်ရှင်းမှုရှိစေရေးဆောင်ရွက်ထားကြရန်နှင့် MyRoတွင် မှတ်ပုံတင်ထားသည့် သတ်မှတ်ပမာဏထက်ပိုမို သိုလှောင်ခွင့်မရှိကြောင်း၊ မှတ်ပုံတင်ထားပြီးသည့် ဆန်စပါးသိုလှောင်ရုံများအနေဖြင့် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများအားအချိန်မီ Update ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်းတစ်နှစ်ပြည့်မြောက်ပြီး သက်တမ်းတိုးနိုင်ရေးနှင့် ဆန်စပါးလက်ကျန် အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် အိမ်မဲကြီးရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များတွင်ရောင်းချနေသော အသင့်စားမုန့်ထုပ်များ တွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တာဝန်ခံဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၃.၇.၂၀၂၆) ရက်နေ့၊ မွန်လွှဲ(၁၅:၀၀) နာရီအချိန်တွင် အိမ်မဲမြို့နယ် အိမ်မဲကြီးရပ်ကွက်ရှိ မုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသောအသင့်စား မုန့်ထုပ်များအား ကုန်အညွှန်းအမှတ် အသားပြည့်စုံမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ အိမ်မဲမြို့နယ်၊ အိမ်မဲကြီးရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံဆိုင်များတွင်ရောင်းချနေသော အသင့်စားမုန့်ထုပ်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းပြည့်စုံမှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး ကုန်မျိုးစုံဆိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ပြီး ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်းကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင်ကုန်ညွှန်းအမှတ်အသားဖော်ပြချက်၊ ပြည့်စုံမှုရှိ/ မရှိအားဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားပါမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်ရှိ စက်သုံးဆီရောင်းချနေသောဆိုင်များအား ရည်ညွှန်းဈေးဖြင့်ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် အထွေထွေစီမံအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၃..၂၀၂) ရက်   နေ့လယ် (၁၃:၃၀နာရီအချိန်တွင် မြို့ပေါ်ရှိ စက်သုံးဆီ ရောင်းချနေသောဆိုင်များတွင်  သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်    ရောင်းချပေးနေခြင်း  ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ မြို့ပေါ်ရှိ စက်သုံးဆီ ရောင်းချနေသော ဆိုင်များအားစက်သုံးဆီများကိုလက်လီ/လက္ကားရောင်းချ နေမှုအပေါ်သတ်မှတ် ရည်ညွှန်းဈေးဖြင့်ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရန်၊ အလေးချိန်ပြည့်ဝ မှန်ကန်စွာရောင်းချကြရန်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး စက်သုံးဆီရောင်းချနေသောဆိုင်ပိုင်အားစက်သုံးဆီ ရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းကြီးမြင့်နေမှုကို မိမိတို့ဆိုင်များအနေဖြင့် ပြည်သူများအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြုရန် ၊သတ်မှတ်ဈေးနှုန်းဖြင့်သာရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်သုံးဆီဆိုင်ပိုင်ရှင်အား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံနှင့်မုန့်မျိုးစုံ ရောင်းချသည့် စီးပွားရေးလုပ်ငန််းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့်ဝန်ထမ်းများသည် (၁၃.၇.၂၀၂၆)ရက်နေ့ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင်  ကုန်မျိုးစုံနှင့် မုန့်မျိုးစုံရောင်းချသောစီးပွားရေး လုပ်ငန််းရှင်များအား  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ ကုန်မျိုးစုံနှင့် မုန့်မျိုးစုံရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ ကုန်အညွှန်းပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန် အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး မိမိတို့၏ ကုန်ပစ္စည်းများအား ဈေးကွက် အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်မျိုးစုံရောင်းချ သောလုပ်ငန်းရှင်များအား အသိပေးဆွေးနွေး ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ကုန်မျိုးစုံနှင့် မုန့်မျိုးစုံရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်(၆)ဦး၊ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

သတ်မှတ်ရည်ညွှန်းစျေးနှင့် အညီ အိမ်ထောင်စုအလိုက် ဆီရောင်းချစေရေး ဆီကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး

        ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် လယ်တော်အဝေးပြေးကားဝန်းအတွင်းရှိ ဟင်္သာတခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းရုံး၌ (၁၂.၇.၂၀၂၆)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ဟင်္သာတမြို့နယ်ရှိ စားအုန်းဆီခွဲတမ်းရလက်လီ/ လက်ကားကိုယ်စားလှယ်များနှင့် တွေဆုံ၍ သတ်မှတ်ရည်ညွှန်းစျေးနှင့် အညီ အိမ်ထောင်စုအလိုက် ရောင်းချပေးရန်ရရှိသော ဆီအရေအတွက်အား အပြည့်အဝရောင်းချပေးရေး၊ ပြင်ပဆီနှင့် ရောနှောဆီများရောင်းချမှုမရှိစေရေး၊ ရပ်ကွက်/ ကျေးရွာများဆီဖြန့်ဖြူးရောင်းချရာတွင် အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်စုများဆီ လာရောက်ထုတ်ယူနိုင်ခြင်း မရှိပါက ရက်အနည်းငယ်စောင့်ဆိုင်း၍ အိမ်ထောင်စုပြည့်စုံအောင် ရောင်းချပေးရေးနှင့် ရရှိသော ဆီခွဲတမ်းအရေအတွက်အပေါ် မသမာသောနည်းလမ်းများသုံး၍ရောင်းချမှုမရှိစေရေး အသိပညာပေး ဆွေးနွေးမှုအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ရပ်ကွက်/ကျေးရွာနေ ပြည်သူများလက်ဝယ်အရောက် ဆီစာအုပ်များဖြန့်ဖြူးနိုင်ရေး၊ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်ဖြင့်ရောင်းချခြင်းအား ရာနှုန်းပြည့်ဆောင်ရွက်စေရေး ဆီလက်လီ/ လက္ကားကိုယ်စားလှယ်များအနေဖြင့် အလေးထား စိစစ်ကြပ်မတ်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များကလည်း သိလိုသည်များ ပြန်လည်ဆွေးနွေးခဲ့ပြီး နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ဆွေးနွေးပွဲ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ