Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

(MEVM)မဲပေးစက်ဆိုင်ရာ လက်တွေ့စမ်းသပ်အခမ်းအနားကျင်းပ

          (၁၁.၉.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ရေတွင်းဖြူကျေးရွာအုပ်စု၊ ထန်းပင်ကုန်းဘုန်းကြီးကျောင်း၌ တိုက်ကြီးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ပြုလုပ်သော မဲဆန္ဒရှင်ပြည်သူများအား (MEVM)မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ကျင်းပခဲ့ပါသည်။

          အခမ်းအနားသို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှအဖွဲ့ဝင် ဒေါ်ခင်ဝင်းမွန်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကို၊ မြို့မရဲစခန်းမှ ဒုရဲအုပ်နိုင်လင်းသူနှင့်  ကျေးရွာအုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲပေးခြင်းဆိုင်ရာ အချက်အလက်များအား အသိပညာပေးဟောပြောခြင်း၊ မဲဆန္ဒရှင်ပြည်သူများအား စမ်းသပ်မဲပေးခြင်းနှင့်ပတ်သက်ပြီး အသိပညာပေးခြင်း၊ မဲဆန္ဒရှင်ပြည်သူများအား ကိုယ်တိုင်စမ်းသပ်မဲပေးစေခြင်းများ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ စမ်းသပ်မဲပေးမည့် မဲဆန္ဒရှင်ပြည်သူအင်အား (၄၉၈)ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားကို (၁၆:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                                            

ရွှေသုန်နဒီဘိလပ်မြေအရောင်းဆိုင်သို့ ဈေးကွက်စောင့်ကြည့်စိစစ်ခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် အမှတ် (၉၂) ပြည်လမ်း၊ တပ်ကြီးကုန်းကျေးရွာရှိ “ရွှေသုန်နဒီ” ဘိလပ်မြေ အရောင်းဆိုင်သို့ ဈေးနှုန်းဈေးကွက် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

           အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် ဘိလပ်မြေဆိုင်များအနေဖြင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်ရေးတို့အတွက် ဘိလပ်မြေအရောင်းဆိုင်များမှ ဘိလပ်မြေအိတ်များကိုဝယ်ရင်း ဈေးထက်အမြတ် (၁၀%) ထက်ပို၍ ရောင်းချခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ အဆိုပါ အရောင်းဆိုင်အနေဖြင့် ဝယ်ရင်းဈေးထက် အမြတ် (၂%) သာယူ၍ ရောင်းချလျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့်စိစစ်ခဲ့မှုအရ သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

အလှကုန်ပစ္စည်းများ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/ မရှိ စျေးကွက်​စောင့်ကြည့်စစ်​ဆေးခြင်း​ဆောင်ရွက်

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦး​နှင့် ဝန်ထမ်းများသည် ၁၀.၉.၂၀၂၅ နံနက်ပိုင်းတွင် မအူပင်မြို့ပေါ်ရှိ  အလှကုန်ပစ္စည်းများ ရောင်းချနေ​သော အလှကုန်ဆိုင် (၇) ဆိုင် သို့သွားရောက်၍ ကုန်စည်များပေါ်တွင် စားသုံးသူ ကာကွယ်ရေး ဥပဒေအခန်း ၁၈ ပါ ပြဌာန်းချက်များအရ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့​ကြောင်း သိရသည်။

    ထိုသို့စစ်ဆေးရာတွင်  စျေးကွက်အတွင်းထုတ်လုပ်တင်သွင်းရောင်းချလျက်ရှိ​သော အလှကုန်ပစ္စည်း အမျိုးမျိုးပေါ်တွင် ကုန်အညွှန်အမှတ်အသား ဖော်ပြရမည့်အချက်များ ရှိမရှိ၊ အလှကုန်ပစ္စည်းများ စားသုံးသူ က စမ်းသပ်စစ် ဆေးခွင့် ရှိမရှိ မေးမြန်းခြင်း၊ တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခွင့် မရှိကြောင်းနှင့်  စီးပွားရေးလုပ်ငန်းရှင်တာဝန်များမှ စားသုံးသူအပေါ် ခွဲခြားဆက်ဆံရောင်းချခြင်း မရှိရန် စီးပွားရေးလုပ်ငန်းရှင်များသည် စားသုံးသူကာကွယ်ရေး ဥပ​ဒေ ပုဒ်မ (၄၃)အရ ကုန်အညွှန်းအမှတ် အသားများ ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်​စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့တစ်ခုထက်ပို၍ဖြစ်​စေ တွဲလျက် ဖော်ပြရမည်ဖြစ်​ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအ​နေဖြင့်  လိုက်နာ​ဆောင်ရွက်ခြင်း ရှိမရှိ စျေးကွက်​စောင့်ကြည့်စစ်​ဆေးခြင်း​ဖြစ်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်တွင် အခြားကုန်စည်များ ပြုပြင်ထုတ်ပိုး စားသောက်ကုန်အမျိုးမျိုးတွင် ကုန်အညွှန်အမှတ်အသား စစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန စစ်ဆေးရေးမှူး ဒေါ်ခိုင်ခိုင်လင်း နှင့် ဝန်ထမ်းများသည် ၁၀.၉.၂၀၂၅ နံနက်ပိုင်းတွင် မအူပင်မြို့ပေါ်ရှိ  အခြားပြုပြင်ထုတ်ပိုး ပစ္စည်းများ ရောင်းချနေ​သော  ကုန်စုံဆိုင်(၈)ဆိုင် သို့သွားရောက်၍ ကုန်စည်များပေါ်တွင် စားသုံးသူ ကာကွယ်ရေး ဥပဒေအခန်း ၁၈ ပါ ပြဌာန်းချက်များအရ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့​ကြောင်း သိရသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့နယ်အတွင်း အခြားပြုပြင်ထုတ်ပိုး ဖြန့်ဖြူးရောင်းချသူလုပ်ငန်းများ ရှိပါက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပြီး ကုန်မျိုးစုံဆိုင်များတွင် အခြားပြုပြင်ထုတ်ပိုး ကုန်စည်များရောင်းချသူ များ ကုန်အညွှန်းအညွှန်း အသား ဖော်ပြပါဝင်ခြင်း ရှိမရှိစစ်ဆေးဆောင်ရွက်ရာ အခြားပြုပြင်ထုတ်ပိုး စားသောက်ကုန်များတွင် အမျိုးအမည်၊ အရွယ်အစား/အသားတင်ပမာဏ၊ သုံးစွဲပုံ၊ ထားသိုပုံအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုး ကျိုး၊ ကြိုတင်သိပေးချက်များ ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖော်ပြပါဝင်ခြင်း ရရှိမရှိစစ်ဆေးခြင်း၊ အခြားသော သက်ဆိုင်ရာဌာနများ၏ ခွင့်ပြချက်၊ ထောက်ခံချက်ပါဝင်မှု ရှိမရှိစစ်ဆေးခြင်း၊ ကုန်စည်အုပ်စုအလိုက် ကုန်အညွှန်းအမှတ် အသားအသေးစိတ် ဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိမရှိကိုစစ်ဆေးဆောင်ရွက်ခဲ့ပြီး ဈေးကွက်အတွင်း ရောင်းချနေသော အခြားပြုပြင်ထုတ်ပိုး စားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာ ဖော်ပြထားသောကုန်စည်ကိုသာ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်ရှိ စားအုန်းဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ဦးစီးမှူး ရုံးကိုယ်စား မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်အဖွဲ့သည်  (၁..၂၀၂)နေ့တွင် (၁၀:၀၀)နာရီ အချိန်တွင် ပန်းတနော် မြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြ ပါသည်။

    စစ်ဆေးရာတွင် ပန်းတနော်ဆီအရောင်းဆိုင်ရှင်များကို ခရိုင်ဦးစီးမှူးဦးဇော်မင်းမှ ပန်းတနော်မြို့နယ် အတွင်း ရောင်းချနေသောဆီများတွင် အလေးအချိန်အတွယ် မှန်ကန်စွာနှင့်  ဈေးနှုန်းမှန်ကန်စွာ ရောင်းချကြရန်နှင့် အခြားသော အမှတ်တံဆိပ်ပါ ဆီအမျိုးမျိုးတွင်လည်း ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ခြင်းမရှိသော ကုန်စည်များရောင်းချခြင်း ရှိ/မရှိကို စစ်ဆေးကြပြီး၊ ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်အညွှန်း အမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်စေရေး၊ လုပ်ငန်းရှင်များအား မိမိတို့ရောင်းချ နေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပါဝင်သော ကုန်စည်များကိုသာ ရောင်းချရန်ကြရန် ကုန်စုံဆိုင် လုပ်ငန်း ရှင်များကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“လူငယ်ရေးရာအသိပညာပေးနှင့် စားသုံးသူအသိပညာပေးဟောပြောပွဲကျင်းပ”

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ရန်ကုန်ပေါက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိ ပညာပေးဟောပြောခြင်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

         အဆိုပါ ဟောပြောပွဲတွင် တွံတေးမြို့နယ် ရန်ကုန်ပေါက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်မိတ်ဆက် အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာ ဗဟုသုတတိုးပွားလာစေရေး၊ နှုတ်မှုစွမ်းရည်များတိုးတက်လာစေရန် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ရည်ရွယ်ပြီး လူငယ်ရေးများအတွက် အသိပညာပေး ဟောပြောပေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက စားသုံးသူပြည်သူများ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေကို ထုတ်ပြန်ပြဌာန်းရခြင်းဖြစ်ကြောင်း၊ ဥပဒေနှင့်စပ်လျဉ်း၍ ကျောင်းသား/ ကျောင်းသူများ အနေဖြင့် သိရှိထားရမည့် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ကျောင်းသား/ကျောင်းသူ၊ စားသုံးသူပြည်သူများ စားသောက်ကုန်၊ လူသုံးကုန်၊ ဝန်ဆောင်မှုများအပေါ် ဝယ်ယူစားသောက် အသုံးပြုခြင်းဆိုင်ရာ သိထားရမည့်အချက်များအား သတိပြုရမည့်အချက်များအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပြောကြားပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်စပါးကုန်သည်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း ဆောင်ရွက်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် (၁၀-၉-၂၀၂၅)ရက်နေ့ နံနက် ၁၀နာရီအချိန်တွင် ဆန်၊စပါးလုပ်ငန်းရှင်များကို ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးခန်းမတွင် ဆန်၊ စပါးရောင်းဝယ်သည့်စီးပွားရေးလုပ်ငန်းရှင်(၁၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

         အဆိုပါဆွေးနွေးပွဲ ဟောပြောဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေ အကြောင်းသိ ကောင်းစရာကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနသည် လက်ရှိဆောင်ရွက်နေသောလုပ်ငန်းများ ၊ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်များ၏ လိုက်နာရမည့်တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ ဖေါ်ပြရမည့်အာမခံချက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ အကြောင်းကို အကျယ်တဝင့် ရှင်လင်းပြောကြား ဆွေးနွေးခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်းကုန် သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများကို ပါဆောင်ရွက်လုပ်ကိုင်နေသောကြောင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် မိုးစပါးစိုက်ပျိုးထုတ်လုပ်သော တောင်သူများအနေဖြင့် ရိတ်သိမ်းချွေလှေ့ပြီး ပြန်လည်ပေးသွင်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရမည့် လုပ်ငန်းစဉ်များ၊ ပန်းတနော်မြို့နယ်တွင် စပါးများ ရိတ်သိမ်းချွေလှေ့နေပြီဖြစ်ပြီး ဆန်ကုန်သည်များအသင့်နှင့် စီးပွား‌ရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ လုပ်ငန်းဖွဲ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင် ဆောင်ရွက်နိုင်ရန်အကြောင်းကိုပါ အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပဲကြက်ခေါက်မုန့်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းဆောင်ရွက်

    (၁၁--၂၀၂) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ  ဦးခိုင်လွမ်းမိုး (အငယ်တန်းစာရေး) သည် ဓနုဖြူ မြို့ (၁၁)ရပ်ကွက် (၂)လမ်းရှိ ပိုင်ရှင် ဒေါ်လှလှမြင့်၏ ပဲကြက်ခေါက်မုန့်လုပ်ငန်းခွင်သို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ကွင်ဆင်းစစ်ဆေး အသိပညာပေး ဆောင်ရွက်ခြင်း ပြုလုပ်ခဲ့ပါသည်။

    အဆိုပါကွင်ဆင်းဆောင်ရွက်မှုတွင် ဦးခိုင်လွမ်းမိုးက တစ်နိုင်တပိုင်လုပ်ကိုင် ဆောင်ရွက် လျှက်ရှိသော ပဲကြက်ခေါက်လုပ်ငန်းရှင် ဒေါ်လှလှမြင့်နှင့် တွေ့ဆုံ၍ မုန့်လုပ်ငန်း ဆောင်ရွက်ပုံ အဆင့်ဆင့်ကိုမေးမြန်းပြီး ကုန်ကြမ်းဝယ်ယူမှု တစ်နေ့တာ အသုံးပြုကုန်ကျစရိတ်နှင့် ထွက်ရှိသော မုန့်များတွက်ခြေကိုက် အကျိုး အမြတ်ရရှိမှု အခြေအနေများ၊ မုန့်များ ဈေးကွက်ဖြန့်ချီမှု လုပ်ငန်း အဆင့်ဆင့်ကို ပိုင်ရှင်မှ ရှင်းလင်း ပြောကြား ပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)၏ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်ရမည့် အချက်အလက်များအကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းကိုလည်းကောင်း၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်သော ကုန်စည်များကို ဈေးကွက်အတွင်း ဖြန့်ချီနိုင်ရေး ပဲကြက်ခေါက်မုန့် လုပ်ငန်း Packing ထုတ်ပိုးမှု အဆင့်မြှင့်တင်နိုင်ရေးနှင့် မုန့်လုပ်ငန်းတို့အား စားသောက်ကုန်လုံခြုံစိတ်ချရေး ဆိုင်ရာလမ်းညွှန် ချက်များနှင့်အညီ မုန့်ထုတ်လုပ်သော ကုန်ကြမ်းနှင့်လုပ်ငန်းခွင်များ ကျန်းမာရေးနှင့်ညီညွတ်မှုရှိစေရေးတို့ကို အကျယ်တဝင့် ရှင်းလင်းအသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ဧရာဝတီ)

“ကော့မှူးမြို့နယ် ဈေးကွက်အတွင်း ရောနှောဆီအပါအဝင် အမှတ်တံဆိပ် ပြည်တွင်းထုတ်စားသုံးဆီများ ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး”

         စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများနှင့် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်များသို့ စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရောနှောဆီအပါအဝင် အမှတ်တံဆိပ်ပြည်တွင်းထုတ် စားသုံးဆီများ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာခဲ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးအေးသွင်တို့သည် အခြေခံစားသောက်ကုန်ပစ္စည်းအမျိုးမျိုး ဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော မကျီးတန်းရပ်ကွက်၊ မကျီးတန်းကျေးရွာ၊ စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်စုံဆိုင်များရှိ ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးဆီအမျိုးမျိုးနှင့် စပ်လျဉ်းသည့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက်များအား ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံဖော်ပြစေရန် ရည်ရွယ်၍ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil Cooking Oil)နှင့်စပ်လျဉ်းသော ကုန်အညွှန်းအမှတ်အသား ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အား ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် ထုတ်ပြန်ထားပြီး ယခုအချိန်အထိ ကိုက်ညီမှုရာခိုင်နှုန်းပြည့်မီအောင် လိုက်နာဆောင်ရွက်ထားခြင်းမရှိသည့်ကို စိစစ်တွေ့ရှိရသည့်အတွက် ယခုလိုလစဉ်လတိုင်း စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးနေရခြင်းဖြစ်ကြောင်း မိမိတို့၏ ဈေးဆိုင်များတွင်လည်း ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့်ကိုက်ညီသော စားသုံးဆီအမျိုးမျိုးတို့ကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန် စားသုံးသူကာကွယ်ရေးအသိ ပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကျောင်းကုန်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များဖြင့် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် 2025-ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့ နံနက် (10:30)အချိန်တွင် ကျောင်းကုန်းမြို့နယ်တာဝန်ခံရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါဆွေးနွေးမှုတွင် ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် ဆန်ဈေးနှုန်းများကို မြှင့်တင်ရောင်းချ ခြင်းမပြုလုပ်ကြရန်နှင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များမပြုလုပ်ကြရန်၊ My r o မှတ်ပုံတင်ရန်ကျန်ရှိသည့် ဆန်စက်များအား မှတ်ပုံတင်ရန်၊  My r o မှတ်ပုံတင်ရန် လိုအပ်ချက်များကိုပြောကြား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ