Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွှေတောင်မြို့တွင်စားအုန်းဆီများအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

               ရွှေတောင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ (၇.၅.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တင် ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသော စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် မြှင့်တင်ရောင်းချ ခြင်းရှိ/ မရှိ၊ ဈေးကွက်အတွင်း စားအုန်းဆီ ပြတ်လပ်မှုရှိ/ မရှိ၊ ရောင်းချရာတွင် အလေးချိန်၊ အချိန်အတွယ် မှန်ကန်မှုရှိ/ မရှိ သွားရောက် စစ်ဆေးခဲ့ပါသည်။ စစ်ဆေးခဲ့ရာတွင် ရောင်းချလျက် ရှိသော စားအုန်းဆီများအား သက်မှတ်ရည်ညွှန်း ဈေးနှုန်းထက်မြှင့်တင်ရောင်းချခြင်း၊ ပြတ်လပ်ခြင်း မရှိပါကြောင်း၊ ရောင်းချနေသော စားအုန်းဆီများ အလေးချိန်၊ အချိန်အတွယ်မှာ မှန်ကန်မှုရှိ ပါကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသည်။

DOCA(ပဲခူး)

ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး(မန္တလေး)မှ ကြီးကြပ်၍ ဖွင့်လှစ်သော  ကုန်သွယ်မှု ဆိုင်ရာအသိပညာပေးသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၏  လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးပို့ချ

    ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး(မန္တလေး) မှ ကြီးကြပ်၍ ဖွင့်လှစ်သော ကုန်သွယ်မှုဆိုင်ရာအသိပညာပေးသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက (၂၀--၂၀၂၆)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီ အချိန်တွင် စားသုံးသူကာ ကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များ နှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်းသိကောင်းစရာများ၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၏  လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော် ပြချက်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) လုပ်ငန်းများ မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းနှင့်ပတ်သက်၍ ဆွေးနွေးချက်များ၊ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး နှင့်ကုန်ဈေးနှုန်းတည်ငြိမ်ရေးဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းဆွေးနွေးပို့ချခဲ့ပါသည်။

DOCA(မန္တလေး)

Thursday Talk ကျင်းပပြုလုပ်

       စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများ အသိပညာဗဟုသုတများရရှိစေပြီး လုပ်ငန်းတာဝန်များ ထမ်းဆောင်သည့်အခါတွင် ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်ဆောင်ရွတ်တတ်စေရန် တစ်ဦးနှင့်တစ်ဦး အသိပညာဗဟုသုတများဖလှယ်၍ ဟောပြောဆွေးနွေးမှုများအား ရုံးလုပ်ငန်းများမပျက်စေဘဲ တစ်လလျှင်တစ်ကြိမ် ကြာသာပတေးနေ့တိုင်း(Thursday Talk) အသိပညာပေးဆွေးနွေးပွဲများကို နေပြည်တော်ဦးစီးမှူး၏ ဦးဆောင်မှုဖြင့် (၂၁.၅.၂၀၂၆)ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် နေပြည်တော်ဦးစီးမှူးရုံးတွင် အလှည့်ကျပါဝင်ဆွေးနွေးဟောပြောခဲ့ပါသည်။

          ဟောပြောဆွေးနွေးရာတွင် ဦးမြင့်နိုင်(ဦးစီးအရာရှိ)က အောင်မြင်သောအသိပညာပေးခြင်း ဟူသည့်ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးရာတွင် ဟောပြောပွဲပြုလုပ်ရာ၌ အသိပညာပေးဟော ပြောပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်းများဆောင်ရွက်ရပါကြောင်း၊ သက်ဆိုင်ရာဌာနများကိုလည်း ကြိုတင်အကြောင်းကြားရပါကြောင်း၊ ဟောပြောပွဲတွင်ပြောမည့် အကြောင်းအရာနှင့်သက်ဆိုင်သည့် စာရွက်စာတမ်း သိကောင်းစရာစာအုပ်များ ကြိုတင်ပြင်ဆင်ရပါကြောင်း၊ ဌာန၏အမိန့်၊ ညွှန်ကြားစာ များ ကြိုတင်ပြင်ဆင်ရပါကြောင်း၊ ဟောပြောပွဲများတွင် အသက်အရွယ်အလိုက်(မူလတန်း၊ အလယ်တန်း၊အထက်တန်း၊တက္ကသိုလ်အဆင့်) ခွဲခြား၍ စိတ်ဝင်စားဖွယ်ရာကိစ္စရပ်များ ဟောပြော ဆောင်ရွက်သင့်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအတွက်ဆိုပါက စီးပွားရေးလုပ်ငန်းရှင်များ၏ အခွင့်အရေးနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း ဟောပြောဆွေးနွေးမှုများအား ဥပမာများဖြင့် သိရှိမြင်သာအောင် ဆွေးနွေးဟောပြောခဲ့ရာ ဟောပြောပွဲသို့ နေပြည်တော်ဦးစီးမှူးနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ယခုလို Thursday Talk အသိပညာ ပေးဟောပြောခြင်းဖြင့် ဝန်ထမ်းများ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများ၊ အသိပညာဗဟုသုတများ၊ စကားပြောစွမ်းရည် များ တိုးတက်မှုမြင့်မားစေလာနိုင်ပြီး လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် တစ်ဖက်တစ်လမ်းမှ များစွာအထောက်အကူများရရှိစေနိုင်မှာဖြစ်ပါကြောင်းနှင့် ဆက်လက်၍လည်း တစ်လလျှင်တစ်ကြိမ်  ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၄၂၃ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

          စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေးအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင်  ငွေကျပ် 7,၄၂၃ ဖြစ်ကြောင်း စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာ ထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

 

ပင်းတယမြို့ပေါ်ရှိ စားသောက်ဆိုင်များအား စားသုံးသူများအနေဖြင့် အစားအသောက်များ ဝယ်ယူစားသုံးရာ၌ ဘေးကင်းလုံခြုံမှုရရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

            ၂၀၂၆ ခုနှစ်၊ မေ လ (၁၉)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့၊ ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးဦးဆောင်၍မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဌာနတို့ပူးပေါင်းကာ ပင်းတယမြို့၊ ရွာသစ်ရပ်ကွက်ရှိ ညောင်ရွှေစားသောက်ဆိုင်နှင့် ရွာငယ်ရပ်ကွက်ရှိ လားရှိုးစားသောက်ဆိုင်တို့အား စားသုံးသူများ အနေဖြင့် အစားအသောက်များ ဝယ်ယူစားသုံးရာ၌ ဘေးကင်းလုံခြုံမှု ရရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ ပါသည်။

          ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချသည့် လုပ်ငန်းရှင်များအား အစားအသောက်များ ချက်ပြုတ်ရာတွင် သက်ဆိုင်သည့် အထောက် အကူပြုပစ္စည်းများ၊ စားသောက်ကုန်ကြမ်းများအား သန့်ရှင်းသပ်ရပ်စွာထားရန်၊ ချက်ပြုတ်သည့် စားဖိုမှူးများ၏ တစ်ကိုယ်ရည်သန့်ရှင်းရေးအား အလေးထားဆောင်ရွက်ရန်၊ စားသောက်ဆိုင်၏ မီနူးတွင် ဈေးနှုန်းများ ဖော်ပြထားရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါစီးပွားရေး လုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။       

 DOCA(ရှမ်း)   

ထားဝယ်မြို့ရှိမုန့်တိုက်အား စျေးကွက်မ‌ရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

          ၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်နေ့၊ နေ့လယ် (၃း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့၊ အာဇာနည်လမ်းရှိ ဆန်းသစ်မုန့်တိုက်အား စျေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေး ခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ  ဘေးအန္တရာယ်ကင်းရှင်း စွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်မရောက်မီကုန်စည်များနှင့် စျေးကွက်အတွင်း ဖြန့်ဖြူး မည့် ကုန်စည်များတွင် မြန်မာဘာသာနှင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုခုနှင့် ဖြစ်စေတွဲလျက် ဖော်ပြ ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန် ကန်စွာပါရှိမှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်၊ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုများရှိ/မရှိ၊ စစ်ဆေးခြင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ ကျင့်ဝတ်များအကြောင်း အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ အလှကုန်ဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

          ၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်နေ့ ၊ ၀၉း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ အလှကုန်ဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင် ရွက်ခဲ့ပါသည်။

          အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ ဘေးအန္တရာယ် ကင်းရှင်း စွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်းရောင်းချနေသော အလှကုန်အမျိုးမျိုး တွင် မြန်မာဘာသာနှင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုခုနှင့် ဖြစ်စေတွဲလျက် ဖော်ပြထားသော ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ပါရှိမှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းလွန်ပစ္စည်းများနှင့် သက် ဆိုင်ရာဌာနများမှ ကန့်သတ်ထားသည့် အလှကုန်ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ပင်းတယမြို့နယ်အတွင်းရှိ စားအုန်းဆီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

       ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး နှင့်ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် ပင်းတယမြို့  ဦးငြိမ်းချမ်း စားအုန်းဆီလက်လီအရောင်းဆိုင် နှင့် ဦးသက်မိုးဦး စားအုန်းဆီ လက်လီ အရောင်းဆိုင် သို့ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မိမိတို့ရရှိသောခွဲတမ်းများကို စားသုံးသူပြည်သူလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိအောင် စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၁)ပိဿာနှုန်းဖြင့်ရောင်းချပေးပြီးစာအုပ်မရှိသောစစ်ဘေးရှောင်များကိုလည်းရောင်းချပေးလျက်ရှိကြောင်း၊ ဈေးနှုန်း မြှင့်တင် ရောင်းချ ခြင်းမရှိဘဲ သတ်မှတ်ရည်ညွှန်းဈေးနှုန်း အတိုင်းရောင်းချပေးပါကြောင်း၊ သိုလှောင်ထား ရှိခြင်းလည်း မရှိပါကြောင်း၊ ရောင်းချမှုလက်ခံစာရင်းဇယားများလည်းစနစ်တကျထားရှိပါကြောင်းစစ်ဆေးတွေ့ရှိရပြီးမိမိတို့ဌာနမှလည်းအခြားမသမာသောနည်းလမ်းများသုံး၍ ရောင်း ချခြင်း/ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ရောင်းချရမည့် ကျေးရွာများကိုလည်း စဉ်ဆက်မပြတ် ရောင်းချပေးနိုင်ပါရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)            

ထားဝယ်မြို့ ကမ်းနားပျံကျစျေးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်နေ့၊ နံနက်(၀၈း၀၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီး မှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာဌာနပူးပေါင်းအဖွဲ့များဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့တို့နှင့်အတူ ထားဝယ်မြို့၊ ကမ်းနားပျံကျစျေးအတွင်းရှိ ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့‌စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ဦးစားပေးကုန်စည်များမှ စစ်ဆေးရမည့် စည်သွပ်အစားအစာများ၊ အချဉ်ရည်များတွင် စားသုံးသူပြည်သူများ‌ ဘေးအန္တရာယ် ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စားသောက်ကုန်များအား သက်တမ်းကုန်လွန်ခြင်း များရှိ/မရှိ စစ်ဆေးခြင်းနှင့်ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖြစ်စေ ပြည့်စုံမှန်ကန်စွာပါရှိ မှု ရှိ/မရှိစစ်ဆေးခြင်းများနှင့် ခေါက်ဆွဲဖတ်၊ မုန့်ဖတ်များတွင် ဖော်မလင်နှင့်ကန့်သတ်ဓါတုပစ္စည်းများထည့်သွင်းရောင်းချခြင်းများ မရှိစေရေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)

 

စားအုန်းဆီရောင်းချသူလုပ်ငန်းရှင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကြိုးစားပမ်းစားလုပ်ဆောင်လျက်ရှိရာ ၂၁.၅.၂၀၂၆ ရက်နေ့တွင် ပျဉ်းမနား မြို့နယ်ရှိ စားအုန်းဆီလက်ကားရောင်းချသူများအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          နေပြည်တော်ဦးစီးမှူးသည် ပျဉ်းမနားမြို့ရှိ စားအုန်းဆီရောင်းချသည့်လုပ်ငန်းရှင် များကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုလုပ်ရန်၊ သတ်မှတ်ထားသော သတ်မှတ်ရည်ညွှန်း ဈေးအတိုင်းသာရောင်းချရန်၊ အလေးချိန်၊ အချင်အတွယ် မှန်ကန်စွာ ရောင်းချပေးရန်နှင့် ရောင်းချရာတွင်လည်း မှန်(၆) မှန်ဖြင့်ရောင်းချရန်၊ ရောင်းချရာတွင် ဗီနိုင်းချိတ်ဆွဲရောင်းချရန်၊ သတ်မှတ်ပမာဏအတိုင်း ပြည်သူများလက်ဝယ်စနစ်တကျ ဖြန့်ဖြူးရောင်းချပေးရေး၊ ဆီစာအုပ် များအတိုင်း အကြိမ်ရေမှန်ကန်စွာရောင်းချရန်၊ အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ