Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၂၂၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

      စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ 7 ရက်နေ့မှ 23 ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ,၂2၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

 

မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်(၂/၂၀၂၆) အစည်းအဝေးအား မန္တလေးတိုင်းဒေသကြီးမှ Online ဖြင့်တက်ရောက်

     မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (/၂၀၂၆)လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅၂) တွင် (၃၀--၂၀၂၆) ရက်နေ့ နံနက် (:၃၀) နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ပြည်ထောင် စုဝန်ကြီး ဦးထွန်းအုံ နှင့် အဖွဲ့ဝင် ဝန်ကြီးဌာနမှတာဝန်ရှိသူများ က်ရောက်ခဲ့ကြပါသည်။ အခမ်းအနားသို့ တိုင်း ဒေသကြီး / ပြည်နယ် စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ခရိုင်စားသုံးသူရေးရာ ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးသိန်းဌေးက မန္တလေးတိုင်းဒေသကြီးအတွင်း စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အခြေအနေများ၊ ပြခန်းခင်းကျင်းပြသသည့် အခြေအနေများ၊ သင်တန်း ဖွင့်လှစ်ပို့ချသည့် အခြေအနေများ၊ တိုင်း/ခရိုင် စားသုံးသူရေးရာ ကော်မတီကျင်းပဆောင်ရွက်နိုင်မှု အခြေအနေများ၊ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်ပို့ချခဲ့မှု အခြေအနေများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေအပြင် ဌာနမှ လုပ်ငန်းဆောင်ရွက်ချက်များကို အများပြည်သူ သိရှိနိုင်စေရေး Talk Show ကျင်းပဆောင်ရွက်ခဲ့မှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အတွင်း ဦးစားပေးဈေးကွက် စောင့်ကြည့် စစ်ဆေး မည့် ကုန်စည်(၁၀)မျိုး၏အခြေအနေများ၊ ပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍအပေါ်ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့သည့် အခြေအနေများ၊ စားသောက်ဆိုင် ဝန်ဆောင်မှုအပေါ် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့သည့် အခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား စိစစ်ခွင့်ပြုပေးမှု အခြေအနေများ၊ Online မှတ်ပုံတင် ကွင်းဆင်းစစ်ဆေးခြင်း အခြေအနေများနှင့် စားသုံးသူနစ်နာဆုံးရှုံးမှု အပေါ်ဖြေရှင်းဆောင်ရွက်ပြီးစီးမှု၊ ဖြေရှင်းရန်ကျန်အခြေအနေများအား တင်ပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

ကျောက်ပန်းတောင်းမြို့နယ်ရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဟောပြောပွဲဆောင်ရွက်

    ၂၀၂၆ ခုနစ်၊ ဇူလိုင်လ(၂)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များကို မိမိတို့၏ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာပါရှိရေးနှင့် MSME စက်မှုလုပ်ငန်းသုံးစားအုန်းဆီများ လုပ်ငန်းခွင်များတွင် အမှန် တကယ်အသုံးပြုစေရေးအတွက် မြို့နယ်တာဝန်ခံနှင့် မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။

          အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)က MSME လုပ်ငန်းများအတွက်အသုံးပြုရန် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို နိုင်ငံတော်မှ ရောင်းချထုတ်ပေးခဲ့ပါကြောင်း၊ ယခုလည်းဆက်လက်ထုတ်ပေးသွားမည်ဖြစ်ပြီး၊ MSME လုပ်ငန်းများ တွင်  အမှန်တကယ်အသုံးပြုရမည်ဖြစ်ပါကြောင်း၊ စားအုန်းဆီသည် အရေးကြီးကုန်စည် အမျိုးအစား တွင် ပါဝင်သဖြင့် သတ်မှတ်လုပ်ငန်းများမှလွဲ၍ အခြားနည်းဖြင့် ပြန်လည်သယ်ယူရောင်းချခွင့် မရှိ ပါကြောင်း၊ လုပ်ငန်းရှင်များ၏ လုပ်ငန်းခွင်လစဉ် လိုအပ်ချက်စားအုန်းဆီများကိုလည်း ကွင်းဆင်း စိစစ်၍ လုပ်ငန်းပမာဏအလိုက် ခွင့်ပြုပေးလျက် ရှိပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသုံးသူများ ထိခိုက်နစ်နာမှု မဖြစ်ပေါ်စေရေး ကာကွယ်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင် စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးကူညီပေးခြင်း၊ MSME လုပ်ငန်းများ ကြီးထွားလာစေရန်၊ လုပ်ငန်း အမျိုးအစားအလိုက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ထောက်ခံချက်များ၊ နည်းပညာ များ၊ အရင်းအနှီးချေးငွေရရှိရေး၊ ပြပွဲပြိုင်ပွဲတွင်ပါဝင်ပြသနိုင်ရေး စသည့်လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ MSME လုပ်ငန်းများမှ ထွက်ရှိလာသည့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါကုန်အညွှန်အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြစေရေးတို့ကို ဆောင်ရွက်လျက်ရှိ ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

          ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် MSME လုပ်ငန်းရှင်များမှ သိရှိလိုသည်များဆွေးနွေး မေးမြန်းရာ မြို့နယ်တာဝန်ခံက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်(၄၈) ဦးတက်ရောက် ခဲ့ကြောင်းနှင့်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံဆွေး နွေးပွဲအခမ်းအနားကို နံနက် ၁၁:၄၅  နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံခရိုင်ဦးစီးမှူးရုံး၏၇/၂၀၂၆ ဝန်ထမ်းထုဆန္ဒခံယူပွဲအစည်းအဝေးကျင်းပ

                   စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)ဦး ဆောင်ကျင်းပသော လစဉ်ဝန်ထမ်းထုဆန္ဒခံယူပွဲအစည်းအဝေးအား (..၂၀၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်၌ မြင်းခြံခရိုင်ရုံးရှိ အရာထမ်း/အမှုထမ်းများ၊ ညောင်ဦးခရိုင်ဝန်ထမ်းများ နှင့် ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံရုံးရှိဝန်ထမ်းများ OnlineVirtualစနစ် ဖြင့်ကျင်းပပြုလုပ်ခဲ့ပါ သည်။  ခရိုင်ဦးစီးမှူး မှ အဖွင့်အမှာစကားပြောကြားပြီး ဌာနခွဲတာဝန်ခံများ၊ ခရိုင်တာဝန်ခံ/ မြို့နယ် တာဝန်ခံများမှ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းဆွေးနွေးကြရာ ယခင်လ အစည်းအဝေးဆုံးဖြတ်ချက် ဆောင်ရွက်ပြီးစီးမှုများ၊ ခရိုင်ဦးစီးမှူးမှနိဂုံးချုပ်စကားပြောကြားရာတွင် မိမိအနေဖြင့် ဝန်ထမ်းများ၏ ဌာနခွဲအလိုက်တာဝန် ထမ်းဆောင်မှုနှင့် ပတ်သက်၍ မိမိတို့အားပေးအပ် ထားသည့် တာဝန်များကို အရှိန်အဟုန်မပျက်  ဆက်လက်ဆောင် ရွက်သွားကြရန်နှင့် ခရိုင်ဦးစီးမှူးထံ နေ့/ညအချိန်မရွေးဆက်သွယ်၍ မိသားစုရင်းချာများသဖွယ် သဘောထားကာတင်ပြကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။လုပ်ငန်းစဉ်များအား အသေးစိတ်ဆွေးနွေးဆောင်ရွက်တင်ပြခဲ့ပြီး မြင်းခြံခရိုင်မှအရာထမ်း(၃)ဦး၊ အမှု ထမ်း(၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)    

ရွှေဘိုမြို့ရှိ Online Sale လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းဆောင်ရွက်

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံး အနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၂၆.၆.၂၀၂၆)ရက်နေ့၊  (၁၃:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ “KK Silk & Fabric House (ကေကေပိုးထည်နှင့် အထည်ဆိုင်)” အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းအား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ရွှေဘိုခရိုင်ဦးစီးမှူးက Online Sale မှတ်ပုံတင် လုပ်ငန်းဆောင်ရွက်ခြင်းအတွက် လိုအပ်သောအချက်အလက်များ၏ မြေပြင်စစ်ဆေးရာ ကိုက်ညီမှုရှိ သဖြင့် တွေ့ရှိချက်များကို Online Sale  Application တွင်ဖြည့်သွင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါမြေပြင် စစ်ဆေးတွေ့ရှိချက်များကို ကုန်သွယ်ရေးဦးစီးဌာနမှ ဆက်လက်စိစစ်ပြီးပါက လုပ်ငန်းမှတ်ပုံတင် လက်မှတ် ထုတ်ပေးခြင်း(သို့) ပယ်ဖျက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း၊ ပြင်ဆင်ခြင်းတို့အတွက် သတ်မှတ်နှုန်း ထားများ၊ Online Saleမှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ  ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

မိတ္ထီလာမြို့နယ်ရန်မျိုးအောင်အ.လ.ကတွင်စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြောပွဲ

            မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်မိတ္ထီလာမြို့နယ် ၊ ရန်မျိုးအောင် အ.လ.ကတွင်  စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက် ၂၀၂၆ခုနှစ် ၊ ဇွန်လ (၂၂)ရက်နေ့တွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။

               ဟောပြောပွဲတွင်စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဌာန ၊  ခရိုင်ဦးစီးမှူးရုံးရှိ ဒေါ်မူမူသန်း(ဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲလုပ်ငန်းများနှင့် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှု များအတွက် ညှိနှိုင်းဖြေရှင်းမှုများဆောင်ရွက်လျှက်ရှိကြောင်း ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးများနှင့် လိုက်နာရမည့််တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း များအားလည်းကောင်း စားသုံးသူအခွင့််အရေး နစ်နာဆုံးရှုံးမှုများအတွက် ဖြေရှင်းပေးမှုမျာအား အကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြား ကုန်စည်ကို ဝယ်ယူသုံးစွဲရာတွင်  မိမိတို့ကိုယ်တိုင် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူ အခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ပြည်နယ်နှင့်ခရိုင်ရုံးများတွင် ဖွင့်လှစ် ထားသော စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ပါကြောင်း၊  DOCA Myanmar Application နှင့်စားသုံးသူရေးရာ ဦးစီးဌာန၏ Website www.doca.gov. mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်ကြောင်း ၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း ဆောင်ရွက်နိုင်ပါကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ဟောပြောပွဲတွင်ဆရာ/မနှင့် ကျောင်းသား/ သူဦးရေ (၁၅၁)ဦးခန့်တက်ရောက်ခဲ့ပါသည်။ လက်ကမ်းစာစောင်များ လည်းဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)         

“ Online မှ ရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်”

              ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ကျောက်ဆည်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဇူလိုင်လ(၃)ရက်နေ့တွင် ကျောက်ဆည်မြို့၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ တွင် ကျောက်ဆည်မြို့၊ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ထွေးက အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်မြို့နယ် တာဝန်ခံ ဦးစိုးမင်းထွန်းက အွန်လိုင်းရောင်းဝယ်မှုအသိပညာပေးဆွေးနွေးရာတွင် စားသုံးသူပြည်သူများအနေဖြင့် မိမိဝယ်ယူ သုံးစွဲမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုသည့် တိကျမှန်ကန်သောသတင်းအချက်များဖော်ပြ ထားခြင်းရှိ/မရှိစစ်ဆေးရန်၊ Page  သို့မဟုတ် Website တွင်ဖော်ပြထားသည့် ဖုန်းနံပါတ်များနှင့် နေရပ်လိပ်စာများမှန်ကန်မှုရှိ/မရှိ ၊သတ်မှတ်ထားသောငွေပေးချေမှုစနစ်ရှိ/မရှိ နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပါက တိုင်ကြားနိုင်သောနည်းလမ်းများနှင့် Call Center သို့ တိုင်ကြားလာသည့် အမှုများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)     

“ ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေးအတွက်ပိုကောင်းကောင်းစာကလေးခွေးကြော် လုပ်ငန်းရှင်နှင့်တွေ့ဆုံ”

                    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊  ‌ကျောက်ဆည် ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များအနေဖြင့် လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ ၊ စားသုံးသူများ နေ့စဉ် အသုံးပြုလျှက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှု ရှိစေရေး ကုန်စည်များကို သတ်မှတ်စံချိန်းစံညွှန်းများ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ / မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိပါသည် ။ ဇူလိုင်လ(၂)ရက်နေ့တွင် ‌ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး၌ ပိုကောင်းကောင်း စာကလေးခွေကြော် လုပ်ငန်းရှင်နှင့်တွေ့ဆုံ‌ခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မိမိတို့ရောင်းချသည့် ကုန်ပစ္စည်းများ ပေါ်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြရမည့် အသေးစိတ် အချက်အလက်များအား ပြည့်စုံစွာထည့်သွင်း ဖော်ပြထားရန်လိုကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုသာ ရောင်းချရန်လိုကြောင်း ၊ လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး (၈)ချက်ရှိကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်း ဥပဒေပြစ်မှု ၊ ပြစ်ဒဏ်များအကြောင်းကိုလည်း အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)     

 

 

“တံတားဦးမြို့ရှိ ကျောင်းမုန်စျေးတန်းများအားပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေး”

                       ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်းပြီး ဇူလိုင်လ(၂)ရက်နေ့တွင် တံတားဦးမြို့ပေါ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နှင့် မြို့မ ၊ အခြေခံပညာအလယ်တန်း‌ကျောင်းများရှိ ကျောင်းမုန့်စျေးတန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည် ။ ထိုသို့စစ်ဆေးရာတွင် အစားအသောက်ရောင်းချသည့် လုပ်ငန်းရှင်များအားအစားအသောက်များရောင်းချရာတွင် သန့်ရှင်းသပ်ရပ်စွာထားရှိရန်၊ ဆိုးဆေးများပါရှိသော အစားအသောက်များအား ရောင်းချခြင်းမပြုရန် ၊  အစားအသောက် ကိုင်တွယ်သူများအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှုရှိရန် ၊ အစားအသောက်များ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသည့် အစားအသောက်များကိုရွေးချယ် ရောင်းချကြရန်  နှင့် စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များ ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ ၊ စီးပွားရေးလုပ်ငန်း ရှင်များလိုက်နာရမည့် တာဝန်များ ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီး ဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)     

“တံတားဦးမြို့နယ်၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့်မြို့မ၊အခြေခံပညာ အလယ်တန်းကျောင်းများ၌စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်”

                 ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်း နှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်: လုပ်ငန်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ ဇူလိုင်လ(၂)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီး တံတားဦးမြို့၊ အမှတ်(၁)အခြေံပညာအထက်တန်း ကျောင်းနှင့်မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ‌ဆွေးနွေးပွဲ၌ ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦး‌ဇော်မင်းလတ်(ဒု-ခရိုင်ဦးစီးမှူး) က တက်ရောက်လာသည့် ဆရာ/ဆရာများ နှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်သည့် ရည်ရွယ်ချက်များ ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီး ဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်‌ရောက် တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်ဖြူဖြူဇော် (ဦးစီးအရာရှိ)က  အစားအသောက်များ စားသုံးရာတွင် သန့်ရှင်းသည့် အစားအစာများကို ဝယ်ယူစားသုံးကြရန် နှင့်သွေးလွန်တုပ်ကွေးရောဂါအကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

                အသိပညာပေးဟောပြောပွဲသို့ အမှတ်(၁)အခြေံပညာအထက်တန်းကျောင်းမှ  ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်း(၂၅၀)ဦး နှင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ၊ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသူများအား စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)           

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ