Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွှေဘိုမြို့ရှိ Online Sale လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းဆောင်ရွက်

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံး အနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၂၆.၆.၂၀၂၆)ရက်နေ့၊  (၁၃:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ “KK Silk & Fabric House (ကေကေပိုးထည်နှင့် အထည်ဆိုင်)” အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းအား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ရွှေဘိုခရိုင်ဦးစီးမှူးက Online Sale မှတ်ပုံတင် လုပ်ငန်းဆောင်ရွက်ခြင်းအတွက် လိုအပ်သောအချက်အလက်များ၏ မြေပြင်စစ်ဆေးရာ ကိုက်ညီမှုရှိ သဖြင့် တွေ့ရှိချက်များကို Online Sale  Application တွင်ဖြည့်သွင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါမြေပြင် စစ်ဆေးတွေ့ရှိချက်များကို ကုန်သွယ်ရေးဦးစီးဌာနမှ ဆက်လက်စိစစ်ပြီးပါက လုပ်ငန်းမှတ်ပုံတင် လက်မှတ် ထုတ်ပေးခြင်း(သို့) ပယ်ဖျက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း၊ ပြင်ဆင်ခြင်းတို့အတွက် သတ်မှတ်နှုန်း ထားများ၊ Online Saleမှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ  ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

မိတ္ထီလာမြို့နယ်ရန်မျိုးအောင်အ.လ.ကတွင်စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြောပွဲ

            မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်မိတ္ထီလာမြို့နယ် ၊ ရန်မျိုးအောင် အ.လ.ကတွင်  စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက် ၂၀၂၆ခုနှစ် ၊ ဇွန်လ (၂၂)ရက်နေ့တွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။

               ဟောပြောပွဲတွင်စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဌာန ၊  ခရိုင်ဦးစီးမှူးရုံးရှိ ဒေါ်မူမူသန်း(ဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲလုပ်ငန်းများနှင့် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှု များအတွက် ညှိနှိုင်းဖြေရှင်းမှုများဆောင်ရွက်လျှက်ရှိကြောင်း ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးများနှင့် လိုက်နာရမည့််တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း များအားလည်းကောင်း စားသုံးသူအခွင့််အရေး နစ်နာဆုံးရှုံးမှုများအတွက် ဖြေရှင်းပေးမှုမျာအား အကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြား ကုန်စည်ကို ဝယ်ယူသုံးစွဲရာတွင်  မိမိတို့ကိုယ်တိုင် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူ အခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ပြည်နယ်နှင့်ခရိုင်ရုံးများတွင် ဖွင့်လှစ် ထားသော စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ပါကြောင်း၊  DOCA Myanmar Application နှင့်စားသုံးသူရေးရာ ဦးစီးဌာန၏ Website www.doca.gov. mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်ကြောင်း ၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း ဆောင်ရွက်နိုင်ပါကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ဟောပြောပွဲတွင်ဆရာ/မနှင့် ကျောင်းသား/ သူဦးရေ (၁၅၁)ဦးခန့်တက်ရောက်ခဲ့ပါသည်။ လက်ကမ်းစာစောင်များ လည်းဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)         

“ Online မှ ရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်”

              ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ကျောက်ဆည်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဇူလိုင်လ(၃)ရက်နေ့တွင် ကျောက်ဆည်မြို့၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ တွင် ကျောက်ဆည်မြို့၊ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ထွေးက အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်မြို့နယ် တာဝန်ခံ ဦးစိုးမင်းထွန်းက အွန်လိုင်းရောင်းဝယ်မှုအသိပညာပေးဆွေးနွေးရာတွင် စားသုံးသူပြည်သူများအနေဖြင့် မိမိဝယ်ယူ သုံးစွဲမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုသည့် တိကျမှန်ကန်သောသတင်းအချက်များဖော်ပြ ထားခြင်းရှိ/မရှိစစ်ဆေးရန်၊ Page  သို့မဟုတ် Website တွင်ဖော်ပြထားသည့် ဖုန်းနံပါတ်များနှင့် နေရပ်လိပ်စာများမှန်ကန်မှုရှိ/မရှိ ၊သတ်မှတ်ထားသောငွေပေးချေမှုစနစ်ရှိ/မရှိ နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပါက တိုင်ကြားနိုင်သောနည်းလမ်းများနှင့် Call Center သို့ တိုင်ကြားလာသည့် အမှုများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)     

“ ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေးအတွက်ပိုကောင်းကောင်းစာကလေးခွေးကြော် လုပ်ငန်းရှင်နှင့်တွေ့ဆုံ”

                    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊  ‌ကျောက်ဆည် ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များအနေဖြင့် လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ ၊ စားသုံးသူများ နေ့စဉ် အသုံးပြုလျှက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှု ရှိစေရေး ကုန်စည်များကို သတ်မှတ်စံချိန်းစံညွှန်းများ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ / မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိပါသည် ။ ဇူလိုင်လ(၂)ရက်နေ့တွင် ‌ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး၌ ပိုကောင်းကောင်း စာကလေးခွေကြော် လုပ်ငန်းရှင်နှင့်တွေ့ဆုံ‌ခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မိမိတို့ရောင်းချသည့် ကုန်ပစ္စည်းများ ပေါ်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြရမည့် အသေးစိတ် အချက်အလက်များအား ပြည့်စုံစွာထည့်သွင်း ဖော်ပြထားရန်လိုကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုသာ ရောင်းချရန်လိုကြောင်း ၊ လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး (၈)ချက်ရှိကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်း ဥပဒေပြစ်မှု ၊ ပြစ်ဒဏ်များအကြောင်းကိုလည်း အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)     

 

 

“တံတားဦးမြို့ရှိ ကျောင်းမုန်စျေးတန်းများအားပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေး”

                       ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်းပြီး ဇူလိုင်လ(၂)ရက်နေ့တွင် တံတားဦးမြို့ပေါ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နှင့် မြို့မ ၊ အခြေခံပညာအလယ်တန်း‌ကျောင်းများရှိ ကျောင်းမုန့်စျေးတန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည် ။ ထိုသို့စစ်ဆေးရာတွင် အစားအသောက်ရောင်းချသည့် လုပ်ငန်းရှင်များအားအစားအသောက်များရောင်းချရာတွင် သန့်ရှင်းသပ်ရပ်စွာထားရှိရန်၊ ဆိုးဆေးများပါရှိသော အစားအသောက်များအား ရောင်းချခြင်းမပြုရန် ၊  အစားအသောက် ကိုင်တွယ်သူများအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှုရှိရန် ၊ အစားအသောက်များ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသည့် အစားအသောက်များကိုရွေးချယ် ရောင်းချကြရန်  နှင့် စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များ ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ ၊ စီးပွားရေးလုပ်ငန်း ရှင်များလိုက်နာရမည့် တာဝန်များ ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီး ဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)     

“တံတားဦးမြို့နယ်၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့်မြို့မ၊အခြေခံပညာ အလယ်တန်းကျောင်းများ၌စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်”

                 ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်း နှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်: လုပ်ငန်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ ဇူလိုင်လ(၂)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီး တံတားဦးမြို့၊ အမှတ်(၁)အခြေံပညာအထက်တန်း ကျောင်းနှင့်မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ‌ဆွေးနွေးပွဲ၌ ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦး‌ဇော်မင်းလတ်(ဒု-ခရိုင်ဦးစီးမှူး) က တက်ရောက်လာသည့် ဆရာ/ဆရာများ နှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်သည့် ရည်ရွယ်ချက်များ ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီး ဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်‌ရောက် တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်ဖြူဖြူဇော် (ဦးစီးအရာရှိ)က  အစားအသောက်များ စားသုံးရာတွင် သန့်ရှင်းသည့် အစားအစာများကို ဝယ်ယူစားသုံးကြရန် နှင့်သွေးလွန်တုပ်ကွေးရောဂါအကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

                အသိပညာပေးဟောပြောပွဲသို့ အမှတ်(၁)အခြေံပညာအထက်တန်းကျောင်းမှ  ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်း(၂၅၀)ဦး နှင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ၊ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသူများအား စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)           

မကွေးမြို့ပေါ်ရှိ စားသောက်ဆိုင်များသို့ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊  မကွေး/ချောက်ခရိုင်တာဝန်ခံ ဒေါ်တင်တင်လှ (လက်ထောက်ညွှန်ကြားရေးမှူး)သည် (၉.၇.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များဝယ်ယူနိုင်ရန်အတွက် အစားအသောက် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများဖြစ်သည့် စားသောက်ဆိုင်များသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စားသောက်ဆိုင်ရောင်းချသူတာဝန်ခံများနှင့် တွေ့ဆုံ၍ လုပ်ငန်းတွင် အစားအသောက်ချက်ပြုတ်သူများ၊ အစားအ‌သောက်ဝန်ဆောင်မှုပေးသူများ၏ ကျန်းမာရေး၊ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/ မရှိ၊ အစားအသောက်ချက်ပြုတ်ရန်နေရာများ သန့်ရှင်းမှုရှိ/ မရှိနှင့် အမှိုက်ပုံးထားရှိစွန့်ပစ်မှုများ အစားအသောက်ချက်ပြုတ်ရာတွင် ပါဝင်သည့် ဟင်းသီးဟင်းရွက်၊ အသား/ငါးများ သန့်ရှင်းလတ်ဆတ်မှုရှိ/ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၃)၊ ပုဒ်မ (၂၆)(၂၇)ပါ ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ ကြိုတင်အသိပေးခြင်း၊ မှန်ကန်၍ ပြည့်စုံသော ဝန်ဆောင်မှုအဆင့်အတန်းနှင့် အညီဖြစ်ခြင်း၊ လိုအပ်ချက်နှင့်ကိုက်ညီခြင်း၊ သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးဆောင်ရွက်ပေးခြင်း၊ သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်းပေးအပ်စေခြင်း၊ ပျက်ကွက်မှုအတွက် လျော်ကြေးပေးစေခြင်း၊ စားသုံးသူ၏ နစ်နာမှုအတွက် ကုစားခွင့်ပေးစေခြင်းတို့ကို ရှင်းလင်းဆွေးနွေး၍ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပြီး ဌာနမှ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား အထူးစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးသည် ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချမှုမရှိစေရေးနှင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေးတို့အတွက် အပတ်စဉ် ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ မကွေး/ ချောက်ခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၀.၇.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် မကွေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဆေးဆိုင်များအား အထူးစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့စစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ ဆေးဆိုင်လိုင်စင်သက်တမ်းတိုးစစ်ဆေးခြင်းနှင့် ထိန်းချုပ်ဆေးဝါးများ ထားသိုသိမ်းဆည်းမှု မှတ်ပုံတင်စာရင်းများအား စစ်ဆေးခြင်း၊ တရားမဝင်မှတ်ပုံတင်မဲ့ဆေးဝါးများရောင်းချခြင်းရှိ/ မရှိ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းရှိ/ မရှိ၊ ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ၊ ဆေးဈေးနှုန်းများမြှင့်တင် ရောင်းချရန်ရည်ရွယ်ချက်ဖြင့် ဆေးများစုပုံသိုလှောင်ထားခြင်းရှိ/ မရှိနှင့် ဆေးများပစ္စည်းပြတ်လပ်မှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏ ကျင့်ဝတ်တို့နှင့်အညီ ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

              ရှမ်းပြည်နယ်(မြောက်ပိုင်း)၊စားသုံးသူရေးရာဦးစီးဌာန၊ လားရှိုးမြို့၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(6)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီ အချိန်တွင်မြို့နယ် ကျန်းမာရေး ဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့တို့နှင့်ပူးပေါင်း၍ လားရှိုးမြို့၊ အမှတ်(၅)အခြေခံ ပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၁၉၂)ဦးတို့အား စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။  

           အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော စားသုံးသူ ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ၊ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ၊ စားသုံးသူနစ်နာ ဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်ခဲ့သည့် အခြေအနေများအား အသိပညာပေး ဟောပြော ခဲ့ကြောင်း သိရှိရပါသည်။ ထို့အပြင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ တွင် ပြဋ္ဌာန်းထားသော စားသုံးသူတို့၏ အခွင့်အရေးများနှင့်တာဝန်များအား ဥပမာ၊ သာဓကများနှင့်ရှင်းလင်းဟောပြောခဲ့ပြီး ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကျောင်းသား/သူများ ဗဟုသု တကြွယ်ဝစေရန် ထည့်သွင်းဟောပြော ခဲ့ကြောင်း သိရှိရပါသည်။

           ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ  ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော  မြို့နယ် ကျောင်းကျန်းမာရေး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့တို့သည် ကျောင်းမုန့် ဈေးတန်းတွင် ရောင်းချနေသော မုန့်များ၌ မြန်မာစာကုန်အညွှန်းအမှတ်အသားများ ဖော်ပြပါရှိခြင်း ရှိ/မရှိ ၊ ကျန်းမာရေး နှင့်ညီညွတ်မှုမရှိသော အစားအသောက်များရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

ပင်းတယမြို့ပေါ်ရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

         ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ()ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့၊ ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဌာနတို့ပူးပေါင်းကာ ပင်းတယမြို့အတွင်းရှိ စားသောက်ဆိုင်များသို့ကွင်းဆင်း၍ အစားအသောက် ရောင်းချမှုများ၊ ဝန်ဆောင်မှုပေးခြင်းများနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များ ကို ကွင်းဆင်းစစ်ဆေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 

          ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချသည့် လုပ်ငန်းရှင်များအား အစားအသောက်များ ချက်ပြုတ်ရာတွင် သက်ဆိုင်သည့် အထောက် အကူပြုပစ္စည်းများ၊ စားသောက်ကုန်ကြမ်းများအား သန့်ရှင်းသပ်ရပ်စွာထားရန်၊ ချက်ပြုတ်သည့် စားဖိုမှူးများ၏ တစ်ကိုယ်ရည်သန့်ရှင်းရေးအား အလေးထားဆောင်ရွက်ရန်၊ စားသောက်ဆိုင်၏ မီနူးတွင် ဈေးနှုန်းများ ဖော်ပြထားရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါစီးပွားရေး လုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။         

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ