Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လွိုင်ကော်မြို့ပေါ်ရှိ အသင့်စားအစားအစာအမျိုးမျိုး ရောင်းချနေသော လက်လီ/လက္ကားကုန်စုံ ဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

               စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး( ဦးစီးအရာရှိ ) ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ( ၃ ) ရက်နေ့  ( ၁၄:၀၀ ) နာရီအချိန်တွင် လွိုင်ကော်မြို့၊ ‌လောဓမ္မရပ်ကွက်ရှိ အသင့်စားအစားအစာအမျိုးမျိုးရောင်းချနေသော လက်လီ/လက္ကားကုန်စုံဆိုင်များ သို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( /၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ် ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင်လွိုင်ကော်မြို့ပေါ်ရှိအသင့်စားအစားအစာအမျိုးမျိုးရောင်းချနေသော လက်လီ/လက္ကား ကုန်စုံဆိုင်များ၌ ရောင်းချနေသောအသင့်စားအစားအစာအများစုမှာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏( /၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များ နှင့် ကိုက်ညီမှုရှိသည့် အသင့်စားအစားအစာများကိုသာ တင်သွင်းရောင်းချကြရန်၊ စီးပွားရေးလုပ်ကိုင် ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန်နှင့် တရားမဝင်ကုန်စည်များ ရောင်းချခြင်း၏ဆိုးကျိုးများအား အသိပညာပေး ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(ကယား)

 

ညောင်ဦးမြို့တွင် ဆေးပစ္စည်းအရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် (ဦးစီးအရာရှိ)သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာသာရေး အဖွဲ့တို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၂၀.၈.၂၀၂၆)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင်  ညောင်ဦးမြို့ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ကွင်းဆင်းရာတွင်  ဆေးနှင့်ဆေးပစ္စည်းရောင်းချသော ဆေးဆိုင်များတွင် အရည်အသွေးမပြည့်မီသည့်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန် ဆေးဝါးများနှင့်ခွင့်ပြုလိုင်စင် မရှိသည့်ထိန်းချုပ်ဆေးဝါးများအား ရောင်းချခြင်းများမရှိစေရေး၊ သက်ဆိုင်ရာဌာနထောက်ခံချက်ပါဝင်သောဆေးဝါးများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများနှင့်ကိုက်ညီသောဆေးဝါးများသာ ရောင်းချစေရေးတို့ အတွက် စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး၊ စားသုံးသူပြည်သူများ ကုန်ပစ္စည်းများကို ဝယ်ယူ သုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်း များနှင့်သာ ဝယ်ယူသုံးစွဲနိုင်ရေး၊ ဆေးဝါးပြတ်လပ်မှုမဖြစ်ပေါ်စေရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စဉ်ဆက်မပြတ်ဈေးကွက် စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

doca(မန္တလေး)

 

ညောင်ဦးမြို့ အထကကျောင်းမုန့်ဈေးတန်းများ၊ ဈေးများ၊ လမ်းဘေးဈေးဆိုင်များ၊ စားသောက်ဆိုင်များအားသက်ဆိုင်ရာဌာနများပူးပေါင်းကွင်းဆင်းစစ်ဆေး

     ညောင်ဦးမြို့နယ်အတွင်းဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် သက်ဆိုင်ရာ ဌာနများပူးပေါင်း၍ (၁၉.၈.၂၀၂၆) ရက်နေ့၊ နံနက်(၀၈:၃၀) နာရီအချိန်တွင် ညောင်ဦးမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းမုန့်ဈေးတန်းများ၊ ဈေးများ၊ လမ်းဘေးဈေးဆိုင်များနှင့် စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခြေခံ ပညာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်းပါဝင်ခဲ့ပြီး အစားအစာဈေးရောင်းချသူများအနေဖြင့် အစားအစာ များသန့်ရှင်းစွာထားသိုပြင်ဆင်၍ ရောင်းချရန်၊ ရောင်းချလျက်ရှိသော ကုန်စည်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနထောက်ခံချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုးအစားအလိုက် ထည့်သွင်းဖော်ပြပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများပြည်စုံ မှန်ကန်စွာပါဝင်သော အစား အသောက်များသာရောင်းချရန်၊ သတ်မှတ်ချက်များနှင့်မညီသော၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သော အစား အစာများရောင်းချခြင်းများမရှိစေရေးနှင့် ဝမ်းပျက်ဝမ်းလျောရောဂါမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်မှု လုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 DOCA(မန္တလေး)     

 

မကွေးမြို့၊ အောင်သစ်လွင်ဈေးရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက်ရှိသော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စာသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တာဝန်ခံနှင့် ဝန်ထမ်းသည် (၃.၉.၂၀၂၆)ရက်နေ့၊ နံနက်(၀၈:၃၀)အချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ မကွေးမြို့၊ အောင်သစ်လွင်ဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိ သော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက် အတွင်းရောင်းချနေသော အမှတ်တံဆိပ်ပါ ဗူးသွပ်ဆီများတွင် FDA ထောက်ခံချက်ပါရှိသည့်အပြင် ကုန် အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထား သော ကုန်ပစ္စည်းများကို ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ် ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် တားမြစ်ချက်များ စသည်တို့ကို အသိပညာပေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

“မြစ်သားမြို့ ၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်”

           ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ သြဂုတ်လ(၂၄)ရက်နေ့ ၊ နံနက်(၉း၃၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီး မြစ်သားမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ဆရာ/ဆရာမများ နှင့် ကျောင်းသား/ ကျောင်းသူများ အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ‌ ဆွေးနွေးပွဲ၌ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဇော်မင်းလတ်(ဦးစီးအရာရှိ)ကတက်ရောက်လာသည့် ဆရာ/ဆရာမများ နှင့် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် ပတ်သက်သည့် ရည်ရွယ်ချက်များ ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး / ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆို တိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca. gov.mm ထဲသို့ ဝင်‌ရောက် တိုင်ကြားနိုင်ပါကြောင်း အကျယ်တဝင့် ဆွေးနွေး ပြောကြားခဲ့ပြီး ကုသရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာနေစိုးအောင် က ဆိုးဆေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူ  များ ၊ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသူများအား စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

 DOCA(မန္တလေး)                                                                                          

မကွေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား အထူးစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာနသည် ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းအဆမတန် မြှင့်တင် ရောင်းချမှုမရှိစေရေးနှင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေးတို့အတွက် အပတ်စဉ် ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ မကွေး/ ချောက်ခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၃၀.၈.၂၀၂၆)ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်တွင် မကွေးမြို့ပေါ်ရှိ အထူးကုဆေးရုံကြီးများ၊ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဆေးဆိုင်များအား အထူးစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် အထူးကုဆေးရုံကြီးများ၊ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များ၌ သက်တမ်း လွန်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ၊ ဆေးနှင့် ဆေးပစ္စည်းများအား ဈေးနှုန်းများမြှင့်တင် ရောင်းချခြင်းရှိ/မရှိ၊ ဆေးဈေးနှုန်းများမြှင့်တင် ရောင်းချရန်ရည်ရွယ်ချက်ဖြင့် ဆေးများစုပုံသိုလှောင် ထားခြင်းရှိ/မရှိနှင့် ဆေးများ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ သက်တမ်းလွန်ဆေးဝါးများအား စနစ်တကျ စွန့်ပစ်မှုရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၃) ပုဒ်မ (၂၆)ပါ စီးပွားရေး လုပ်ငန်းရှင်များသည် စားသုံးသူများအပေါ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးနိုင်သည့် အချက် များအား သိရှိနိုင်စေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

“ကျောက်ဆည်မြို့တွင် အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လက်မှတ်လျှောက်ထားလာသည့် လုပ်ငန်းများအား မြေပြင်စစ်ဆေး”

          စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး နှင့် ဝန်ထမ်းများ သည် ၂၀၂၆ ခုနှစ်၊ သြဂုတ်လ(၂၀) ရက်နေ့ ၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် ကျောက်ဆည်မြို့၊စုကြီး ရပ်ကွက်ရှိ ပရိုမက်(စ်)ဖုန်းကာဗာနှင့်ဖုန်းအပိုပစ္စည်း ရောင်းချသည့်လုပ်ငန်း မှ အွန်လိုင်းရောင်းချခွင့် လိုင်စင်လျှောက်ထားလာမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ဒု-ခရိုင်ဦးစီးမှူးမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများ ရှိ/မရှိ နှင့် အခြားလိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ အား DOCA Application  အသုံးပြု၍ စစ်ဆေးခြင်းနှင့် အွန်လိုင်းမှရောင်းချရာတွင် လိုက်နာဆာင်ရွက်ရမည့်တာဝန်များ ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊တာဝန်များ၊စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများ အကြောင်းရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)  

ဆေးဆိုင်များသို့ သက်တမ်းလွန်ဆေးဝါးများ ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

 

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာန ခွဲတာဝန်ခံနှင့် ဝန်ထမ်းတို့သည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသောဆေးနှင့် ဆေးဝါးများကို ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ (..၂၀၂၆) ရက်နေ့၊ နံနက်(၀:၀၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ဆေးဆိုင်များသို့ သွားရောက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် အစားအသောက်နှင့် ဆေးဝါး ကွက်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ ဈေးကွက်အတွင်းရောင်းချနေသော ဆေးဆိုင်များတွင် ဆေးဝါး အတုများ၊ စံမညီဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများအား ဈေးကွက်အတွင်းရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် သက်တမ်းလွန်ဆေးဝါးများရှိပါက ဆက်လက်မရောင်းချရန်၊ တရားဝင်တင်သွင်း ထားသော ဆေးဝါးများကိုသာ ရောင်းချသွားရန် သက်ဆိုင်ရာအစိုးရဌာနများနှင့်ပူးပေါင်း၍ အသိ ပညာပေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေး ရာတွင် သက်တမ်းလွန်ဆေးဝါးများကို တွေ့ရှိရ၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ဆက်လက်ပြီး ဆေးဆိုင်များတွင် သက်တမ်းလွန် ဆေးဝါးများ မထားရှိရန်နှင့် ရောင်းချခြင်းမပြုရန် လုပ်ငန်းရှင်များ ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး သက်တမ်းလွန် ဆေးဝါးများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိမ်းဆည်းခဲ့ကြောင်း သိရှိရပါ သည်။

DOCA(မကွေး)

 

၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု ဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှု များဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ လစဉ်သတ်မှတ်ထားသောဦးစားပေး ကုန်စည်အမျိုးမျိုးနှင့် အခြားကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီ မှုရှိ/မရှိ ဈေး ကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဝန်ဆောင်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကွင်းဆင်းစောင့်ကြည့်စစ်ဆေးမှုများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍လည်းကောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင် ရွက်လျက်ရှိပါ သည်။

       ပခုက္ကူခရိုင်အနေဖြင့် ဩဂုတ်လအတွင်း ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့မှ ဦးဆောင်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် အသင့်သောက်အချိုရည် အမျိုးမျိုး အား ဦးစား ပေးကုန်စည်အဖြစ် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးလျက်ရှိရာ ပခုက္ကူမြို့တွင် ရောင်းချနေရှိသော ကုန်စုံဆိုင်နှင့် စတိုးများတွင် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့် သွင်းဖော်ပြထားခြင်း ရှိ/မရှိ(၁)ကြိမ်၊ ဆိပ်ဖြူမြို့တွင် (၁)ကြိမ်၊ ဂန့်ဂေါမြို့၊ ကျောင်းမုန့်ဈေးတန်းတွင်(၁)ကြိမ်၊ ပခုက္ကူမြို့ နှင့်ဆိပ်ဖြူမြို့တွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၂)ကြိမ်၊ ဈေးကွက် မရောက်မီ စားသုံးဆီအမျိုးမျိးအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များထံသို့ ကွင်း ဆင်းဆောင်ရွက်ခြင်းအား ပခုက္ကူမြို့(၁)ကြိမ်၊ ဆိပ်ဖြူ မြို့(၁)ကြိမ်၊ စုစုပေါင်းဈေးကွက်စောင့် ကြည့်စစ် ဆေးခြင်း(၇)ကြိမ်၊ အထူးဈေးကွက်အနေဖြင့် စက်သုံးဆီ နှင့်ဆေးဝါးများအား သတ်မှတ် ရည်ညွှန်းဈေးများနှင့် အချဉ်အတွယ်မှန်ကန်မှုရှိစေရန် မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက် ကွင်းဆင်းခဲ့ပြီး ဌာန၏ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါအကြောင်းအရာများကို အသိပညာပေး ဆွေးနွေးပြီး ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ကုန်အမှတ်တံဆိပ်(၄)ခု၊ အမျိုးအစား ပေါင်း (၁၉)မျိုးအား ကုန်အညွှန်းအမှတ် အသားစိစစ်ခွင့်ပြုချက်လျှောက်ထားမှုများ ဆောင်ရွက်ခဲ့ပါသည်။

       ထို့ပြင် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းစနစ် ဖြင့် ရောင်းချနေသော မှတ်ပုံတင်လက်မှတ်ရရှိထားသည့် အလှကုန်ပစ္စည်းများ ရောင်းချသည့် လုပ်ငန်းရှင်များအား မြေပြင်စစ်ဆေးအတည်ပြုပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်း ဆိုင် ရာအမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များသိရှိစေရန် အသိပညာပေးခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း၊ မိဘပြည်သူများအား အသိပညာပေးခြင်းနှင့် အွန်လိုင်းမှတ်ပုံတင်ရန်အတွက် လိုအပ်သည့် အချက်အလက်များအား သိရှိစေရန် အသေးစိတ်ရှင်း လင်းဆွေးနွေးခြင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်း၍  ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန် ဆောင်မှု)ကဏ္ဍစုံအား  ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးရှိ ကုန်စုံဆိုင်များတွင် အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်၍ ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချနေသော အသင့်သောက် အချို ရည် အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိကို (၁၁.၈.၂၀၂၆)ရက်နေ့ ၊နံနက် (၀:၃၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်ရာတွင် မြို့နယ်တာဝန်ခံက အသင့်သောက်အချိုရည် အမျိုးမျိုးတို့တွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဦးစားပေးဖြန့်ဖြူးရောင်းချရန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ