Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တိုက်ကြီးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

        (၈.၆.၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၁၅)နာရီအချိန်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုက်ကြီးမြို့နယ်တာဝန်ခံ ဦးရှင်းခန့်ကိုကိုတို့ ပါဝင်သော အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

         ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် အိုးတန်းရပ်ကွက်ရှိ (Apex ရတနာ)၊ အင်းယက်ကြီးကျေးရွာရှိ (Silver Summit)နှင့် ဂျိုးဖြူကျေးရွာရှိ (မြတ်မင်္ဂလာ) စက်သုံးဆီအရောင်းဆိုင် (၃) ဆိုင်အား ကွင်းဆင်းစစ်ဆေးပြီး စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီများဝယ်ယူ စု ဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်းသာ ရောင်းချစေရေးတို့ကို အသိပေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

လွိုင်ကော်မြို့ပေါ်ရှိ အရန်သင့်အစားအစာအမျိုးမျိုးရောင်းချနေသော လက်လီ/လက္ကားကုန်စုံ ဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

               စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး( ဦးစီးအရာရှိ ) ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ( ၉ ) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ အရန်သင့်အစားအစာအမျိုးမျိုးရောင်းချနေသော လက်လီ/လက္ကားကုန်စုံဆိုင်များသို့ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏( /၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင် ရွက်ခဲ့ပြီး ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လွိုင်ကော်မြို့ပေါ်ရှိ အရန်သင့်အစားအစာအမျိုး မျိုးရောင်းချနေသော လက်လီ/လက္ကားကုန်စုံဆိုင်များ၌ ရောင်းချနေသော အရန်သင့်အစားအစာ အများစုမှာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( /၂၀၁၉ )ပါ ကုန်အညွှန်းအမှတ် အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များအနေ ဖြင့် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့်အရန်သင့်အစားအစာများကို သာ တင်သွင်းရောင်းချကြရန်၊ စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန်နှင့် တရားမဝင်ကုန်စည်များ ရောင်းချခြင်း၏ ဆိုးကျိုးများ အား  အသိပညာပေး ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ကယား)

သာစည်မြို့နယ်အတွင်းရှိ စတိုးဆိုင်များတွင်ရောင်းချလျှက်ရှိသော အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံ ဒေါ်ဖြူဖြူထွန်း (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့တို့နှင့်ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ(၃) ရက်နေ့တွင် သာစည်မြို့ပေါ်ရှိ အလှကုန်ဆိုင်များတွင် ရောင်းချလျှက်ရှိသော အလှကုန်ပစ္စည်းအမျိုးမျိုးအား  ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရှိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သာစည်မြို့ပေါ်ရှိ အလှကုန်ဆိုင်များ တွင် ရောင်းချလျက် ရှိသော အလှကုန်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိ/မရှိ၊ ဘေးအန္တရာယ်ဖြစ်နိုင်ချေရှိ/မရှိ၊ ကုန်ပစ္စည်းတစ်မျိုးချင်စီအလိုက် ကြိုတင်သတိပေးထားချက် မရှိသော ကုန်စည်များရောင်းချခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရ ပါသည်။

DOCA(မန္တလေး)     

Online မှတ်ပုံတင်ဆောင်ရွက်နိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

               စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပျော်ဘွယ္မြို့နယ်တာဝန်ခံ၊ ဦးစန်းအောင်(ဒု-ဦးစီးမှူး)သည် (၁.၆.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရန်အောင်ကျေးရွာရှိ ဒေါ်နွယ်နီထွန်းသည် ဘာသာရေးဆိုင်ရာအဝတ် အထည်နှင်ဆက်စပ်ပစ္စည်းများ Online မှရောင်းချသည့်လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ Online စနစ်ဖြင့်ရောင်းချသည့်လုပ်ငန်း နှင့်စပ်လျဉ်း၍ မှတ်ပုံတင်မည့်လုပ်ငန်းအမည် မှန်ကန်မှုရှိ/မရှိ ၊ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/မရှိ ဖုန်း နံပါတ်မှန်ကန်မှုရှိ/မရှိ၊ လျောက်ထားသူ၏ အကျင့်စာရိတ္တကောင်းမွန်ကြောင်း၊ အမည်ပျက်စာရင်း တွင်ပါဝင်ခြင်းမရှိကြောင်းထောက်ခံချက်နှင့် ရောင်းချနေသည့်ကုန်စည်နှင့်ဝန်ဆောင်မှုအုပ်စုအတိုင်း ကိုက်ညီမှုရှိ/မရှိ၊ ရောင်းချနေသည့်ကုန်စည်နှင့်ဝန်ဆောင်မှုသည် ဥပဒေတစ်ရပ်ရပ်အရ တာမြစ်ထားခြင်း၊ ကန့်သတ်ထားသော(သို့)ဥပဒေတစ်ရပ်ရပ်နှင့်ငြစွန်းခြင်းရှိ/မရှိ၊Online မှတ်ပုံတင်လျှောက်ထား ခြင်းနှင့်မြေပြင်အခြေအနေကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်း၏ တာဝန်နှင့်အာမခံရသည့်အချက်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)     

Online Shop ဖြင့်ရောင်းချခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး Talk Show ဆောင်ရွက်

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ရမည်းသင်းမြို့နယ်တာဝန်ခံ၊ ဦးစန်းအောင်(ဒု-ဦးစီးမှူး)သည် (၁.၆.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရမည်းသင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် Online စနစ်ဖြင့်ရောင်းချခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး Talk Show ပွဲပြုလုပ်ခဲ့ပါသည်။

          ထိုသို့အအသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ အမိန့်ကြော်စာအမှတ် (၅၀/၂၀၂၃) ဖြင့် ၂၀၂၃ ခုနှစ်၊ဇူလိုင်လ(၂၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး (၆)လပြည့်သည့်နေ့ရက်မှစ၍ မှတ်ပုံတင်ထားခြင်းမရှိဘဲရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ(၅)အရအရေးယူခံရမည်ဖြစ်ကြောင်း၊ အွန်လိုင်းမှတ်ပုံ တင်လျှောက်ထားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေးဦးစီးဌာန၏ https;//www.ecomerg.gov.mm မှာဝင်ရောက်လျှောက်ထားရမည်ဖြစ်ကြောင်း၊ မဖြစ်မနေပူးတွဲတင် ရမည့်အထောက်အထားများဖြစ်သည့်လုပ်ငန်း၏ (Jpg File)၊ လုပ်ငန်းလိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံချက်(Pdf File)၊ လုပ်ငန်းရှင်၏ Passoport size ဓာတ်ပုံ(Jpg File)၊ လုပ်ငန်းရှင် မှတ်ပုံနင်Color ရှေ့နောက်(Pdf File) ၊ လုပ်ငန်းရှင်၏ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက် (Pdf File) စသည့်အထောက်အထားများအား သတ်မှတ်ချက်များအတိုင်း ပူးတွဲတင်ပြ၍လျှောက်ထား ရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မိမိတို့စားသုံးသူရေးရာဦးစီးဌာမှ Online Shopping ရောင်း ချခြင်းနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ မှတ်ပုံတင်လက်မှတ် မရှိဘဲ Online Shop ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းခြင်း၊ မှတ်ပုံတင်လျှောက်ထားသည့်အချက်အလက် နှင့် မြေပြင်အခြေအနေ မှန်ကန်မှုရှိ/မရှိစစ်ဆေးခြင်း၊ ရောင်းချသောကုန်စည်များတွင် စားသုံးသူကာ ကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကုန်မှုရှိ/မရှိစစ်ဆေးခြင်း၊ ရောင်းချသောကုန် စည်နှင့်ဝန်ဆောင်မှုသည် ဥပဒေတစ်ရပ်ရပ်အရတားမြစ်ထားခြင်း၊ ကန့်သတ်ထားခြင်း၊ ဥပဒေငြိစွန်း ခြင်းရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)     

သာစည်မြို့နယ်အတွင်းရှိ ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ သာစည်မြို့နယ် တာဝန်ခံ၊ ဒေါ်ဖြူဖြူထွန်း(ဒု-ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့်ပူးပေါင်း၍ စျေးကွက်အတွင်း တရားမဝင်သောက်ရေသန့်များ ဖြန့်ဖြူးရောင်းချမှုမရှိစေရေး သောက်ရေသန့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ သာစည်မြို့နယ်အတွင်း  ရေသန့်လုပ်ငန်းများအား ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂)   ရက်နေ့တွင် ကွင်းဆင်း၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

          ရေသည် လူတို့၏နေ့စဉ်ဘဝတွင်မရှိမဖြစ်အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်နေသည့် အတွက် လူတို့နေ့စဉ်သောက်သုံးရန် ထုတ်လုပ်နေသော သောက်ရေသန့်စက်ရုံများသည် စားသုံးသူ များဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာဌာနများ၏ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင် ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများကို မြန်မာ ဘာသာဖြင့်ပြည့်စုံစွာ ဖော်ပြရန်ဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်မှ ကုန်အညွှန်းအမှတ်အသားထည့်သွင်း လိုကြောင်းတင်ပြလာရာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များပါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြောင်းသိရှိရသည်။

DOCA(မန္တလေး)     

သာစည်မြို့၊ TK နှင့် အာရောဂျံ စတိုးဆိုင်အတွင်း အသင့်စားမုန့်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင် ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများသုံးစွဲရာတွင် ထိခိုက် နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပြဌာန်းချက် များနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များလျော့နည်း ပပျောက်သွားစေရေးတို့အတွက် နေရာစုံ၌ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၃)   ရက်နေ့တွင် သာစည်မြို့နယ်တာဝန်ခံ ဒေါ်ဖြူဖြူထွန်း (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ်ပြည်တွင်း အခွန်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြိုန့ယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သာစည်မြို့၊ TKနှင့် အာရောဂျံ စတိုင်းဆိုင်တို့တွင် အသင့်စားမုန့်အမျိုးမျိုး အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်တွင် ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများမှ ကန့်သတ်တားမြစ် ထားသည့်မုန့်များ ရောင်းချခြင်း ရှိ/မရှိနှင့်  စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော မုန့်များရောင်းချ ခြင်း ရှိ/မရှိတို့အေား စစ်ဆေးခဲ့ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန် အညွှန်အမှတ်အသားပြည့်စုံစွာဖော်ပြဆောင်ရွက်မှုရှိ/မရှိအား ဌာနမှစျေးကွက် စောင့်ကြည့်စစ်ဆေး ခြင်းများကို ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံ စွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများအား‌ရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး၊သတ်မှတ် စံချိန်စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင် ရာဌာနများမှ ခွင့်ပြုထားသောသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော အသင့်စားမုန့်အမျိုးမျိုးကိုသာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိ ကြောင်း သိရှိရပါ သည်။

DOCA(မန္တလေး)     

မုဒုံမြို့နယ်၌ စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ၄.၆.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံသည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ မုဒုံမြို့၊ မြို့မဈေးရှိ ကုန်စုံဆိုင်များတွင်‌ ရောင်းချနေသော စားသုံးဆီ အမျိုးမျိုးနှင့် စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါကုန်စုံဆိုင်များတွင် ရောင်းချနေ သော စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော စားသုံးဆီများ ရောင်းချနေခြင်း ရှိ/မရှိ တို့အား စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော စားသုံးဆီအမျိုးမျိုးတို့ကိုသာ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုဒုံမြို့နယ်၌ စည်သွပ်အစားအစာအမျိုးမျိုးတို့အား ဈေးကွက်ကွင်းဆင်းစစ်ဆေး

          ၄.၆.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ်အတွင်းရှိ မိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းပြီး အရည်အသွေးပြည့်မီသော စားသောက်ကုန်များကို စားသုံးနိုင်ရေးအတွက် မုဒုံမြို့၊ မြို့မဈေးရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ ဦးစားပေးကုန်စည်ဖြစ်သည့် စည်သွပ်အစားအစာအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက မုဒုံမြို့မဈေးနှင့် ကုန်စုံဆိုင်များ၌ ရောင်းချလျက်ရှိသော စည်သွပ်အစားအစာအမျိုးမျိုးတို့တွင် ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးမည့်ရက်စွဲ၊ မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး ရောင်းချသူများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်ပစ္စည်းများကို စနစ်တကျ ရောင်းချရန်၊ သက်တမ်းလွန်ကုန်ပစ္စည်းများ မရောင်းချရန်နှင့် စားသုံးသူများ၏ ကျန်းမာရေး ကို ထိခိုက်စေနိုင်သော ကုန်ပစ္စည်းများ မရောင်းချကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

     DOCA (မွန်)

   ဝမ်းတွင်းမြို့နယ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ ကာကွယ်ပေးရေးဥပဒေအရ ကုန်စည်(သို့)ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာ ဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊ စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည်(သို့)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍သော်လည်းကောင်း  စုံစမ်းစစ်ဆေး မှုများ ပြုလုပ် ၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးရဲမြင့်ဆန်ဦးဆောင်သော ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့ ၊ နံနက် (၁၀း၀၀) အချိန်တွင် ဝမ်းတွင်းမြို့ပေါ်ရှိ မိဘမေတ္တာဆေးဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါ ရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ဆရာဝန်ညွှန်မကြားချက်မလိုသော အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ /မရှိစသည့် တို့ကို စစ်ဆေးခဲ့ပြီး၊ စပ်ဆေးအသုံးပြုမှုလျော့ပါးစေရေး၊ အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီ၏ ထောက်ခံချက်မရှိသော အရည်အသွေးနှင့်စံချိန်စံညွှန်းစစ်ဆေးမှုခံယူထားခြင်းမရှိသည့် အာမခံချက် မရှိသောတရားမဝင်ဆေးဝါးများရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်း နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းစသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဆေးမျိုးစုံအရောင်းဆိုင် (၈) ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)     

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ