Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘိုကလေးမြို့နယ်(၅)ရပ်ကွက်ကမ်းနားလမ်းရှိမိုးပျံ(သုံးဒေါင့်)မုန့်လုပ်ငန်းသို့MSMEsလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်ခြင်း

     စားသုံးသူရေးရာဦးစီးဌာန ဘိုကလေးမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့မ(၅)ရပ်ကွက်ရှိ မိုးပျံ(သုံးဒေါင့်)မုန့်လုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          မိုးပျံ သုံးဒေါင့်မုန့်လုပ်ငန်းမှ ထွက်ရှိသောကုန်စည်၏ ပါဝင်ပစ္စည်းများမှာ(သကြား၊ဂျုံ၊ဘဲဉ၊ ဆီ၊ရေသန့်)ဖြစ်ပြီး တစ်နေ့ထုတ်လုပ်မှုမှာဘူး(၁၀၀)ဘူးထုတ်လုပ်နိုင်ပြီး မုန့်တစ်ဘူးလျှင်လက်လီ (၃၀၀၀) ကျပ်နှင့်လက်က္ကား(၂၇၀၀) ကျပ်ဖြင့် ရောင်းချပေးလျှက်ရှိပါသည်။ လုပ်သားဦးရေမှာ မိသားစုဝင်(၄)ဦးဖြင့် တပိုင်တနိုင် လုပ်ကိုင်လျှက်ရှှိပါသည်။ ဈေးကွက်အနေဖြင့် ဒေသအတွင်း၌သာ ရောင်းချလျက်ရှိပါသည်။

          ထို့နောက်ကုန်စည်အရည်အသွေး ပြည့်ဝစွာထုတ်လုပ်နိုင်ရေး၊ဈေးနှုန်းဈေးကွက် အခြေအနေ နှင့်ထုတ်ကုန်လုံခြုံ စိတ်ချမှုရှိစေရေးအတွက် ဆွေးနွေးမှုအပေါ် သတင်းရရှိပါသည်။

( Doca ဧရာဝတီ )

မင်းရွှေစင် ဆန်စက်သို့ MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေး

    ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ “အောင်မြင့်မိုရ်”ဆန်စက်သို့ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် “မင်းရွှေစင်”ဆန်စက်သို့ MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် “မင်းရွှေစင်” ဆန်စက်အား  စပါး/ ဆန်သိုလှောင်မှု စာရင်းများကို လုပ်ငန်းရှင်များကို ပြည်တွင်းဈေးကွက်၌ ဆန်ဈေးနှုန်း တည်ငြိမ် မှုရှိစေရေး၊ ပြည်ပသို့ဆန်တင်ပို့မှုကို စနစ်တစ်ကျ ဆောင်ရွက်နိုင်ရေး၊ ဆန်စပါးသိုလှောင်မှုများ စနစ်ကျနမှုရှိစေရေးတို့အတွက် ဆန်စပါးသိုလှောင်မှုအား မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များက ပူပေါင်း ဆောင်ရွက်ကြရန်၊ MIROစာရင်းများ မှန်ကန်စွာပေးပို့ရန်နှင့် လိုအပ်သည်များကို ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။

( Doca ဧရာဝတီ )

ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ဆန်/ စပါး သိုလှောင်ရုံများ(Myro)မှတ်ပုံတင်ခြင်း အစည်းအဝေးပြုလုပ်

      ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မြို့နယ်အစည်းအဝေးခန်းမတွင် ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဖျာပုံမြို့နယ်အတွင်းရှိ ဆန်း/ စပါး လုပ်ငန်းရှင်များအသင်းနှင့် ဆန်စက်ပိုင်ရှင်များသည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့၊ နေ့လယ် ( ၁၄: ၀၀ )နာရီအချိန်တွင် ဆန်/ စပါး သိုလှောင်ရုံများ(Miro)မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းက ဖျာပုံ မြို့နယ်အတွင်း ဆန်/ စပါး သိုလှောင်ရုံများ (MIRO)နှင့်ပတ်သက်၍ မှတ်ပုံတင်ခြင်းကိစ္စများ၊ (MIRO) ဆန်/ စပါး ရ/ထုတ်/လက်ကျန်စာရင်းများ၊ ဆန်/စပါး စီးဝင်/စီးထွက်နှင့် ကုန်ပို့လွှာစနစ်ဖြင့် ဆောင်ရွက်ကြရန်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်မှ ဆန်/ စပါး သိုလှောင်ရုံများ (MIRO) လစဉ် မှန်ကန်စွာပေးပို့ကြရန်နှင့် ဆန်စက်ပိုင်ရှင်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရပါသည်။

( Doca ဧရာဝတီ )

ဖျာပုံမြို့နယ် မြို့မဈေးကြီးအတွင်းရှိ “555”ဆန်ဆိုင်သို့ ဆန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေး

     ဖျာပုံမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် မြို့မဈေးကြီးအတွင်းရှိ “555” ဆန်ဆိုင်သို့ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့၊ နေ့လယ် ( ၁၄ : ၀၀ ) အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    အဆိုပါဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒုခရိုင်ဦးစီးမှူးမှ ဆန်များ သက်မှတ်ထားသည့်ဈေးနှုန်းထက် ကျော်လွန်ရောင်းချခြင်းမပြုလုပ်ရန်၊ ရည်ညွန်းဈေး အပေါ် သင့်တင့်မျှတစွာ တွက်ချက်ရောင်းချနေမှုများကို ကွင်းဆင်းစစ်ဆေးခြင်း၊ ဆန်သိုလှောင်ရုံများ မှတ်ပုံသက်တမ်းပြည့်မြောက်ပါက ထပ်မံသက်တမ်းတိုးဆောင်ရွက်ရန် ဆန်လက်ကျန်စာရင်းနှင့်  ဈေးနှုန်းဈေးကွက်အခြေအနေနှင့် ဖျာပုံမြို့နယ်မှ ဆန် ဆိုင်ပိုင်ရှင်နှင့် ဆန်ကုန်သည်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရရှိပါသည်။

( Doca ဧရာဝတီ )

ဖျာပုံမြို့နယ်အတွင်းရှိ အောင်မြင့်မိုရ် ဆန်စက်သို့ MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေး

     ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ “အောင်မြင့်မိုရ်”ဆန်စက်သို့ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် “အောင်မြင့်မိုရ်”ဆန်စက်သို့ MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် “အောင်မြင့်မိုရ်” ဆန်စက်အား  စပါး/ ဆန်သိုလှောင်မှု စာရင်းများကို လုပ်ငန်းရှင်များကို ပြည်တွင်းဈေးကွက်၌ ဆန်ဈေးနှုန်း တည်ငြိမ် မှုရှိစေရေး၊ ပြည်ပသို့ဆန်တင်ပို့မှုကို စနစ်တစ်ကျ ဆောင်ရွက်နိုင်ရေး၊ ဆန်စပါးသိုလှောင်မှုများ စနစ်ကျနမှုရှိစေရေးတို့အတွက် ဆန်စပါးသိုလှောင်မှုအား မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များက ပူပေါင်း ဆောင်ရွက်ကြရန်၊ MIROစာရင်းများ မှန်ကန်စွာပေးပို့ရန်နှင့် လိုအပ်သည်များကို ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။

( Doca ဧရာဝတီ )

အောင်သပြေ ဆန်စက်သို့ MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေး

    ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ “အောင်သပြေ”ဆန်စက်သို့ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် “အောင်သပြေ”ဆန်စက်သို့ MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

   အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် “အောင်သပြေ” ဆန်စက်အား  စပါး/ ဆန်သိုလှောင်မှု စာရင်းများကို လုပ်ငန်းရှင်များကို ပြည်တွင်းဈေးကွက်၌ ဆန်ဈေးနှုန်း တည်ငြိမ် မှုရှိစေရေး၊ ပြည်ပသို့ဆန်တင်ပို့မှုကို စနစ်တစ်ကျ ဆောင်ရွက်နိုင်ရေး၊ ဆန်စပါးသိုလှောင်မှုများ စနစ်ကျနမှုရှိစေရေးတို့အတွက် ဆန်စပါးသိုလှောင်မှုအား မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များက ပူပေါင်း ဆောင်ရွက်ကြရန်၊ MIROစာရင်းများ မှန်ကန်စွာပေးပို့ရန်နှင့် လိုအပ်သည်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

( Doca ဧရာဝတီ )

“ဖျာပုံတမံ”ကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စားသုံးဆီဖြန့်ဖြူး ရောင်းချနိုင်ရေး အတွက် ကျေးရွာဆီကော်မတီအဖွဲ့ဝင်များအား ဆွေးနွေးပြောကြား

     ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက “ဖျာပုံတမံ”ကျေးရွာရှိ စားအုန်းဆီ ကော်မတီ အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။

       အဆိုပါတွေ့ဆုံပြောကြားရာတွင် “ဖျာပုံတမံ” ကျေးရွာရှိ ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်   ကျေးရွာအတွင်း ရှိအိမ်ထောင်စု ဝင်အားလုံး စားသုံးဆီရရှိစေ‌ရေး၊  သတ်မှတ်ညွှန်ကြား ပေးသော ဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးနှင့် ပြည်သူများထံသို့ရောင်းချ နေမှုတို့အား ဓာတ်ပုံမှတ်တမ်းများ ပေးပို့ရန်ပြောကြားခဲ့ပြီး “ဖျာပုံတမံ”ကျေးရွာရှိ  စားသုံးဆီ ကော်မတီအဖွဲ့ဝင်များအား လိုအပ်သည် များကိုမှာကြားခဲ့ကြောင်း သိရှိရပါသည်။

( Doca ဧရာဝတီ )

ဓနုဖြူမြို့နယ် စားသုံးဆီရောင်းချသော လက်လီ/လက်ကား ဆိုင်ရှင်များနှင့် တွေ့ဆုံ၍ အသိပညာပေး ဆေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၅.၁၁.၂၀၂၅) ရက်နေ့တွင် ဓနုဖြူမြို့နယ် တာဝန်ခံရုံး ၌ စားအုန်းဆီလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်(၁၅)ဦးနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်ဦးစီးမှူးရုံး မှ ဦးခိုင်လွမ်းမိုးက လုပ်ငန်းရှင်များကို ဆွေးနွေးပြေကြားရာတွင် စားအုန်းဆီလက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချရာတွင် မိမိမြို့နယ်အတွက်ရရှိသော ဆီခွဲတမ်းများကို စားအုန်းဆီထုတ်ယူခွင်စာအုပ်ဖြင့် လာရောက်ထုတ်ယူသူများအတွက် သတ်မှတ်ရက်များအတွင်း အချိန်နှင့်တပြေးညီ စားသုံးသူပြည်သူများကို  အချိုးကျခွဲဝေရောင်းချပေးနိုင်ရေးနှင့် ပက်သက်၍ သတ်မှတ်ရည်ညွှန်းဈေးနှုန်းကို ထင်သာမြင်သာသောနေရာတွင် ချိတ်ဆွဲထား၍  ဖြန့်ဖြူးပေးနိုင်ရေး အခြေအနေနှင့် စားသုံးသူများ ဆီဝယ်ယူ မှု အခက်အခဲမရှိ တိုင်ကြားလာမှု များမရှိစေရန်နှင့် မြို့ပေါ် ဆီရောင်းချမှုများကို သတ်မှတ်ချက်များနှင့်အညီ ရောင်းချစေရေးကို ပုံမှန်စစ်ဆေးသွားမည်ဖြစ်ကြောင်း တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည် ။

 

DOCA(ဧရာဝတီ)

၂၀၂၅-၂၀၂၆ခုနှစ် အောက်တိုဘာလ အထိ လယ်ယာထွက်ကုန်သီးနှံများနှင့် ရေထွက်ကုန်ပစ္စည်းများ ပြည်ပသို့ တင်ပို့နိုင်မှုအခြေအနေ

 

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ညောင်တုန်းမြို့နယ်မှ လယ်ယာထွက်ကုန်သီးနှံများနှင့် ရေထွက်ကုန်ပစ္စည်းများ ပြည်ပသို့ တင်ပို့နိုင်မှုရှိပြီး အောက်တတိုဘာလ အထိ  ဆန်၊ဆန်ကွဲ၊ ပေါင်းဆန်၊ ကြဆန်၊ ငါးမျိုးစုံ၊မတ်ပဲ၊ ပဲတီစိမ်း၊ အစြေထုတ်ပြောင်းများတင်ပို့လျက်ရှိကြောင်း သိရသည်။

ဆန်များကို တင်ပို့သော ကုမ္ပဏီများမှာ ညောင်တုန်းမြို့နယ်  ရွှေဝါနဒီစိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီ၊ မှ ဆန်၂၇၉၆၉ တန်၊ ညောင်တုန်းမြို့နယ် YOMA Sun Co., Ltd မှ ၄၉၄၀ တန်၊ ညောင်တုန်းမြို့နယ် The PerPetual Co.,Ltd မှ တင်ပို့မှု မရှိ၊  ညောင်တုန်းမြို့နယ် Good BrotherCo., Ltd မှ ၅၄၃၅ တန်၊ ဓနုဖြူမြို့နယ်  GoldDelta Co.,Ltd  ၄၁၇၇၆ တန် တင်ပို့ကြောင်းသိရသည်။

ဆန်ကွဲများကို တင်ပို့သော ကုမ္ပဏီများမှာ ညောင်တုန်းမြို့နယ်  ရွှေဝါနဒီစိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီ၊ မှ (၁၂၇၄၂)တန်၊ ညောင်တုန်းမြို့နယ် YOMA Sun Co., Ltd မှ (၉၆၁၅) တန်၊ ညောင်တုန်းမြို့နယ် The PerPetual Co.,Ltd မှ တင်ပို့မှု မရှိ၊  ညောင်တုန်းမြို့နယ် Good BrotherCo., Ltd မှ (၅၂၈၈၀) တန်၊ ဓနုဖြူမြို့နယ်  GoldDelta Co.,Ltd  (၂၄၀၃၀) တန် တင်ပို့ကြောင်းသိရသည်။

ပေါင်းဆန်များကို တင်ပို့သော ကုမ္ပဏီများမှာ ညောင်တုန်းမြို့နယ်  ရွှေဝါနဒီစိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီ၊ မှ (၂၆၈၃) တန်၊ ညောင်တုန်းမြို့နယ် The PerPetual Co.,Ltd မှ  (၂၃၅၁)တန် တင်ပို့ကြောင်းသိရသည်။

ဆန်ကြာဇံကို King Food Globalမှ ၂၁၁၈ တန် တင်ပို့ကြောင်း၊ ငါးမျိုးစုံကို ဝါဝါဝင်ကုမ္ပဏီမှ ၂၄၃တန်တင်ပို့ ကြောင်း၊ မတ်ပဲကို  တန် ၂၀၀၀၀၊ ပဲတီစိမ်း တန် ၁၈၀၀၊ အစြေထုတ်ပြောင်း တန် ၂၀၀၀၀တင်ပို့ပြီးဖြစ်ကြောင်း နယ်မြေစာရင်း ကုမ္ပဏီများမှ ပေးပို့သော စာရင်းအရသိရသည်။

DOCA(ဧရာဝတီ)

တိုင်းရင်ဆေးဆိုင်မျာအား ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် တိုင်းရင်ဆေးအမျိုးမျိုးရောင်းချသော ဆိုင်များအား သတ်တမ်းလွန်‌ဆေးဝါးများ ရောင်းချမှုရှိ/မရှိ စစ်‌ဆေးခြင်း၊ တားမြစ်ထားသည့်ဆေးဝါးများ၊ ဆေးဝါးရောင်းချမှု ခွင့်ပြုချက်ရှိ/မရှိနှင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိတို့ကို  မြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ တိုင်ရင်းဆေးပညာဦးစီးဌာန၊မြို့နယ် စားသုံးသူရေးရာဦးစီးဌာ၊  နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးဝန်ထမ်းများ ပူးပေါင်း၍ ဓနုဖြူယွန်းလေး ဆေးဆိုင်အား (၁၅-၁၁-၂၀၂၅) ရက်နေ့ နံနက် ၉နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် တိုင်ရင်းဆေးပညာဦးစီးဌာနက တားမြစ်ဆေးဝါးများ ၁၀မျိုးကိုကြော်ငြာထား၍ ဈေးကွက်အတွင်းရောင်းချခြင်းရှ်မရှိကို စစ်ဆေးခြင်း, တိုင်ရင်းဆေးဝါးလိုင်စင်များကို စစ်ဆေးခဲ့ကြပြီး၊ စားသုံးသူရေးရာဦးစီးဌာနက ဦးခိုင်လွမ်းမိုးက တိုင်းရင်ဆေးများတွင် ဖော်ပြပါဝင်ရမည့် ကုန်အညွှန်အညွှန်း အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ ကိုက်ညီမှု ရှိမရှိကို စစ်ဆေးခြင်း၊ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ကုန်စည် ၈မျိုးမှ ဆေးဝါးနှင့် ဖြည်စွပ်သာများ ဖော်ပြရန် သတ်မှတ်ချက်နှင့် ကိုက်ညီမှု ရှိမရှိကို စစ်ဆေးခြင်း၊ လုပ်ငန်းရှင်များ၏ တာဝန်မျာအကြောင်းကို ရှင်းလင်ပြောကြားခဲ့ပြီး၊ အခြားသော ကျန်းမာရေးဦးစီးဌာနက သတ်တမ်းလွန်ဆေးများ ရောင်းချမှု ရှိမရှိနှင့် ဆေးဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု၊ ရှိ/မရှိ စစ်ဆေးခြင်း၊တိုင်းရင်းဆေးဆိုင်များတွင် ဆေးဝါးမှတ်ပုံတင်ခွင့်ပြုထားခြင်းမရှိသော အမှတ်တံဆိပ် တိုင်းရင်းဆေးများထုတ်လုပ်ရောင်းချမှု မရှိစေရေးကွင်းဆင်းစစ်ဆေး အသိပေးဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ