Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လမ်းအူကြောင်းနှင့် ဝက်လဟာကျေးရွာအုပ်စု၊ ကညင်တပင်ကျေးရွာရှိ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြို မြေနေရာများအတွက် မြေနေရာချထားပေးနိုင် ကြည့်ရှုစစ်ဆေး

  စက်တင်ဘာလ (၁၆) ရက်နေ့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း၌  အင်္ဂပူ-ညောင်ကျိုးလမ်း လမ်းသစ်ဖောက်လုပ်ရန်အတွက် လျာထားလမ်းအူကြောင်းနှင့် ဝက်လဟာကျေးရွာအုပ်စု၊ ကညင်တပင်ကျေးရွာရှိ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြို  မြေနေရာများအတွက် နေရာချနိုင်ရေး  ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) မှ (ညောင်ကုန်း-ဝက်လဟာ-ကညင်တပင်လမ်း) အား ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် မြေသားတာဘောင်ချဲ့ခြင်း၊ ချောင်းကျောက်ဖြင့်အမာခံလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန်ရန်ပုံငွေတင်ပြတောင်းခံထားရှိမှုအခြေအနေများ၊ ခရိုင်အုပ်ချုပ်ရေးမှူးမှာ ငဝန်မြစ်ရေတိုက် စားမှုကြောင့် ကမ်းပြိုခဲ့သည့်  မြေနေရာများအတွက် မြေနေရာချထားပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုများကိုရှင်းလင်းတင်ပြသည်။

  ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကညင်တပင်ကျေးရွာသို့သွားရောက်၍ ကမ်းပြိုခဲ့သည့် မြေနေရာများအတွက် မြေနေရာ ချထားပေးမည့် တည်နေရာများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့သည်။

DOCA (ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ အင်းသောင်ကြီးတံတား တည်ဆောက်နေမှု၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း၌ အင်္ဂပူ-ညောင်ကျိုးလမ်း လမ်းသစ်ဖောက်လုပ်ရန်အတွက် လျာထား

     စက်တင်ဘာလ (၁၆ )ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင်အတူ ယနေ့ညနေပိုင်းတွင် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ  အင်းသောင်ကြီးတံတား တည်ဆောက်နေမှုနှင့် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း၌  အင်္ဂပူ-ညောင်ကျိုးလမ်း လမ်းသစ်ဖောက်လုပ်ရန်အတွက် လျာထားလမ်းအူကြောင်းနှင့် ဝက်လဟာကျေးရွာအုပ်စု၊ ကညင်တပင်ကျေးရွာရှိ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြို မြေနေရာများအတွက်  မြေနေရာချထားပေးနိုင် ကြည့်ရှုစစ်ဆေးခဲ့သည်။

   ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သောင်ကြီးနှင့် အင်းသောင်ကြီး ကျေးရွာသို့ ဆက်သွယ်ထားသော ဒါးကချောင်းကူးတံတား(အင်းသောင်ကြီးတံတား)(၀/၀မိုငျ-၀/၄မိုင်)ကြား၊ ကွန်ကရစ်တံတား(၃၀၀)ပေ၊ A1 Bored Pile -5 Nos & P1 Bored Pile -5 Nos တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှုအ ခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးတို့ကို မှာကြားခဲ့သည်။  အဆိုပါ ဒါးကချောင်းကူးတံတား(အင်းသောင်ကြီးီးတံတား) အမျိုးအစားမှာ အပေါ်ထည်သံကူကွန် ကရစ်ယက်မ+ကြမ်းခင်း၊ ကိုယ်ထည် သံကူကွန်ကရစ်ကမ်းကပ်ခုံ၊ အုတ်မြစ် 0.8 Bored pile Foundation၊ တံတားအရှည် ၉၁.၄၄ မီတာ (၃၀၀ ပေ)၊ တံတားခန်းဖွင့်ဖွဲ့စည်းပုံ (၆၀ ပေ  ၅ ခန်း)၊ တံတားအကျယ် ၆.၁ မီတာ (၂၀ ပေ)၊ ရေလမ်းကင်းလွတ်အမြင့် ၁.၈၃မီတာ (၆)ပေ၊ ရေလမ်းကင်းလွတ်အကျယ် ၁၄.၆၃ မီတာ (၄၈ ပေ)၊ ယာဉ်သွားလမ်းအကျယ် ၅.၅ မီတာ (၁၈ ပေ)၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင်(၁)ပေစီနှင့် ခွင့်ပြုယာဉ်အလေးချိန် HS-20-44ရှိမည် ဖြစ်ကြောင်းသိရသည်။

DOCA (ဧရာဝတီ)

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၁၆.၉.၂၀၂၅ ရက်နေ့တွင် မိုးညှင်းမြို့၊ မြို့ရှောင်လမ်းအနီး၊ ရွာသစ်ကုန်းကျေးရွာရှိ သောက်ရေသန့် ထုတ်လုပ်သည့်စက်ရုံ ဇွဲမဟာ အမှတ်တံဆိပ် (သောက်ရေသန့်အမျိုးမျိုး) အား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သွားရောက်စစ်ဆေးခဲ့ပါ သည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဇွဲမဟာ သောက်ရေသန့်စက်ရုံမှ ထုတ်လုပ်သည့် ကုန်စည် အမျိုးအစား (၁) မျိုးဖြစ်သည့် (၂၀) လီတာ သောက်ရေသန့်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက်အမှတ် (၂/၂၀၂၉) ပါ အစားအသောက်များ ကုန်စည်အုပ်စုတွင် ပါဝင်သည့် သောက်ရေသန့်အမျိုးမျိုးတွင် မြန်မာဘာသာဖြင့် ကုန်ညွှန်းအမှတ်အသား ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း တို့အား ပြည့်စုံစွာ ဖော်ပြထားရှိပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန၏ ထောက်ခံချက်၊ စည်ပင်သာယာ ရေးအဖွဲ့၏ လုပ်ငန်းလိုင်စင်များနှင့်အညီ ကိုက်ညီစွာထုတ်လုပ် ဖြန့်ဖြူးရောင်းချလျှက်ရှိကြောင်း စစ် ဆေးတွေ့ရှိရပြီး သောက်ရေသန့်လုပ်ငန်းရှင် ဒေါ်သီသီထွန်း အား စားသုံးသူကာကွယ်ရေးဥပဒေပါ  ကုန်စည်နှင့် ဝန်ဆောင်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် (၁၁) ချက်၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု အပေါ်တာဝန်ရှိမှုနှင့် စပ်လျဉ်း၍ အာမခံချက် ပေးရမည့်အချက်များ၊ အာမခံချက်ပေးထားမှုအပေါ် စားသုံးသူက‌တောင်းဆိုနိုင်သည့် အခွင့်အရေး များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဖော်ပြရမည့်အချက်များ၊ ဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်စည်များကို  ဖြန့်ဖြူးရောင်းချနေကြောင်း တွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူ ခံရမည့်အပြင် သက်ဆိုင်ရာဌာနများ၏ ဥပဒေအရလည်း အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာ ပေး ဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်

  ပုသိမ်  စက်တင်ဘာ  ၁၇ ရက်နေ့တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်း သား အားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊  အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသား ၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။

   ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂ဝ၂၅- ၂ဝ၂၆ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီးအဆင့် အခြေခံ ပညာကျောင်းသား အားကစားပွဲတော်ကို ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ  အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄)ရပ်ကို အပြည့်အဝ အထောက်အကူဖြစ်စေရန်၊ကျောင်းတွင်း အားကစားပြိုင်ပွဲမှတစ်ဆင့် နိုင်ငံ့ကိုယ်စားပြု အားကစားသမားများအဖြစ် လေ့ကျင့်ပြုစုပေးနိုင်ရန် ၊ အားကစားစိတ်ဓာတ်ကိုအရင်းခံ၍ အချင်းချင်းချစ်ခင်ရင်းနှီးမှု၊ ဇွဲရှိမှု၊ သည်းခံမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ အသင်း အဖွဲ့စိတ်ဓာတ်ရှိမှု၊ စည်းကမ်းဥပဒေနှင့် နည်းဥပဒေများကို လေးစားလိုက်နာမှု၊ ယဉ်ကျေးသိမ်မွေ့မှုနှင့် နိုင်ငံ့သားကောင်းများ ဖြစ်မှုစသည့် ကောင်းမြတ်သော အရည်အသွေးကောင်းများရရှိလာစေရန်၊ တိုင်းဒေသကြီးအဆင့် အခြေခံပညာကျောင်းသား အားကစား ပွဲတော်မှ ထွက်ပေါ်လာမည့် ထူးချွန်အားကစားသမားများအား (၁၄)ကြိမ်မြောက် အရှေ့တောင်အာရှ ကျောင်းသားအားကစား ပွဲတော်အတွက် အကောင်းဆုံး အားကစားသမားများ ရွေးချယ်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ရွေးချယ်ခံနိုင်ရန် ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့်  ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသား အားကစားပွဲတော်ကို ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ အားကစားသမား အချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် ယှဉ်ပြိုင်ကစား နိုင်ရေး၊ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာစေရန်၊  ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့ခရိုင် ၊ မိမိတို့တိုင်းဒေသကြီး၏ဂုဏ်ကို ဆောင်နိုင်ပြီး တိုင်းဒေသကြီး အဆင့် အခြေခံပညာကျောင်းသား အားကစားပွဲတော်တွင် သတ်မှတ် စံချိန်ပြည့်မီအောင် ကြိုးစားဆောင်ရွက်ပြီး တိုင်းဒေသကြီးဂုဏ်ကို ဆောင်မည့် (၁၄)ကြိမ်မြောက် အရှေ့တောင်အာရှကျောင်းသားအားကစား ပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်နိုင်အောင် ကြိုးစားဆောင်ရွက်ကြရန်နှင့် ကျန်းမာ ပျော်ရွင်မှုရှိမှသာ အားကစားကို အောင်မြင်အောင် ကြိုးစားဆောင်ရွက် နိုင်မှာဖြစ်သည့့်အတွက် အုပ်ချုပ်သူများ၊ နည်းပြများ၊ တာဝန်ရှိသူအားလုံးက ပြိုင်ပွဲဝင် ကစားသမားများ၏ ကျန်းမာရေး ကောင်းမွန်စေရေး၊ ဘေးကင်းလုံခြုံမှု ရှိစေရေးတို့အတွက် အထူးအလေးထား ဆောင်ရွက်ကြရန်လိုပါကြောင်း တိုက်တွန်းအမှာစကားများပြောကြားပြီး ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသား အားကစားပွဲ တော်ကိုဖွင့်လှစ်ပေးကာ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော်အတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

   ဆက်လက်၍  စစ်ကြောင်းမှူးဦးဆောင်သည့် အားကစားအဖွဲ့များက တိုင်းဒေသကြီးဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာခဲ့ကြသည်။ ယင်းနောက် တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ကျောင်းသူလေးများ၏ကပြဖျော်ဖြေမှုများနှင့် အမျိုးသားဘောလုံးပြိုင်ပွဲ ပထမအုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသည့် ပုသိမ်ခရိုင်အသင်းနှင့် ဟင်္သာတခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

   ယခုနှစ် တိုင်းဒေသကြီးအဆင့် အခြေခံပညာကျောင်းသား အားကစားပွဲတော်ကို ဘောလုံး(ကျား၊မ)၊ ဘော်လီဘော(ကျား၊မ)၊ ဘတ်စကက်ဘော(ကျား၊မ)၊ ကြက်တောင်(ကျား၊မ)၊ ပိုက်ကျော်ခြင်း (ကျား၊မ)၊ ပြေးခုန်ပစ်(ကျား၊မ)၊ စားပွဲတင်တင်းနစ် (ကျား၊မ) စသည့် အားကစားနည်း (၇)မျိုးဖြင့် (၁၇.၉.၂ဝ၂၅)ရက်နေ့မှ (၂၂.၉.၂ဝ၂၅) ရက်နေ့အထိ ပုသိမ်မြို့ပေါ်ရှိ ကိုးသိန်းအားကစားကွင်း၊ ကျောက်တိုင်အားကစားကွင်း၊ ကိုးသိန်းအားကစားရုံနှင့် အထက်တန်းကျောင်း ဘောလုံးကွင်းအသီးသီးတို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ဒေါ်နှင်းခိုင် (ကုန်စုံဆိုင်) သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၁၆.၉.၂၀၂၅ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်ရှိ ဒေါ်နှင်းခိုင်(ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Ve Ve အမှတ်တံဆိပ်ပါ လိုင်ချီးအချိုရည်သည် အသင့်သောက် အချိုရည်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်စည်အမျိုးမျိုး ရောင်းချဖြန့်ဖြူးရာတွင်လည်း ကုန်အညွှန်းအမှတ် အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချဖြန့်ဖြူးရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ကန့်ဘလူမြို့နယ်၌ ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့သည် ကန့်ဘလူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ  (အ.ထ.က)(၂)ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင်များအား ကျောင်းဆရာ/ဆရာမများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်၍  ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆမများပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသည့် မုန့်မျိုးစုံတွင် ကုန်အညွှန်အမှတ်အသားများကို(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ကြောင်း၊ မြို့နယ်တာဝန်ခံက လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့် ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသည့်ကုန်စည်များ စသည်တို့ကိုရောင်းချရန် အသိပညာပေးပြောကြားခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များပါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၂၀၂၅ခုနှစ်၊ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားတက်ရောက်

   ပုသိမ်စက်တင်ဘာ     ၁၆ ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်  ၂၀၂၅ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊ ကျောင်းသူ များတက်ရောက်ခဲ့ကြသည်။

   ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က   အိုဇုန်းလွှာကာကွယ်ရေးအတွက် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်၏ ဦးဆောင်ကြိုးပမ်းဆောင်ရွက်မှုဖြင့် ၁၉၈၅ ခုနှစ်၊ဩစတေးလျနိုင်ငံ၊ ဗီယင်နာမြို့မှာ အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာဗီယင်နာကွန်ဗင်းရှင်း (The Vienna Convention for the Protection of the Ozone Layer) ကို ချမှတ်နိုင်ခဲ့ပြီး ၁၉၈၇ ခုနှစ်မှာအိုဇုန်းလွှာပျက်စီးစေသည့်  ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ် နောက်ဆက်တွဲစာချုပ် (The Montreal Protocol on Substances that Deplete the Ozone Layer)ကို ကနေဒါနိုင်ငံ၊ မွန်ထရီယယ်မြို့မှာ ထပ်မံချုပ်ဆိုနိုင်ခဲ့ပါကြောင်း၊  မွန်ထရီရယ်သဘောတူစာချုပ်ရဲ့ နောက်ဆုံးပြင်ဆင်ချက်ဖြစ်တဲ့ ကီဂါလီပြင်ဆင်ချက်ကတော့ လက်ရှိသုံးစွဲမှု လျှော့ချရပ်ဆိုင်းလျက် ရှိတဲ့ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (Hydrochloro fluorocarbons- HCFCs) အစားထိုးအသုံးပြုလျက်ရှိတဲ့ ဟိုက်ဒရိုဖလူရိုကာဗွန် (HFCs) ဖြစ်ကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိလာတဲ့အတွက် ဟိုက်ဒရိုဖလူရိုကာဗွန် (HFCs) အသုံးပြုမှုကို လျှော့ချမှုနှင့်အတူ အိုဇုန်းလွှာထိခိုက်မှုမရှိစေတဲ့ Global Warming Potential မြင့်မားခြင်းမရှိတဲ့ အစားထိုးဒြပ်ပစ္စည်းတွေသုံးစွဲသောနည်းပညာမြင့် စက်ပစ္စည်းတွေ တီထွင်အသုံးပြုဖို့နှင့် စက်မှုကဏ္ဍတွေမှာလည်းစွမ်းအင်ချွေတာတဲ့ နည်းပညာတွေ ပေါင်းစပ်ဆောင်ရွက်နိုင်ဖို့တို့ကို အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ အဆိုပါ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ် အတည်ပြုခဲ့တဲ့ ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ကို ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ် အခမ်းအနား တွေကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြပြီး မြန်မာနိုင်ငံအနေနဲ့ ၂၀၀၈ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့တာ ဖြစ်ပါကြောင်း၊ ယခု ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ From science to global action အိုဇုန်းလွှာ ကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံး မြှင့်တင်ဆောင်ရွက်ပေး ဖြစ်ပါကြောင်း၊ ၎င်းဆောင်ပုဒ်၏ ဆိုလိုရင်းမှာ အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဖြေရှင်းရာတွင် သိပ္ပံပညာ၏ အရေးပါမှုကို မီးမောင်းထိုးပြသရန် ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း အိုဇုန်းလွှာထိန်းသိမ်း ကာကွယ်ခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ လုပ်ငန်းတွေကို အစိုးရဌာနများ၊ တက္ကသိုလ်နှင့်အခြေခံပညာကျောင်းများ၊ ရပ်ကွက် နေပြည်သူများနှင့်ကျေးရွာများအထိ အသိပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီးအတွင်း ရေထု၊ လေထုအရည်အသွေးများအား လစဉ်တိုင်းတာ ဆောင်ရွက်လျက် ရှိပြီး ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေး အစီအစဉ်များနှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေး အစီအစဉ်များအား ဆောင်ရွက်ခြင်း၊ စီမံကိန်း လုပ်ငန်းများကြောင့် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအတွက် စိစစ်ကြပ်မတ်ခြင်းတို့ကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊  အိုဇုန်းလွှာပျက်စီးခြင်းနှင့် ရာသီဥတု ပြောင်းလဲခြင်းတို့သည် တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သည့် ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာရပ်ဖြစ်သည့်အတွက် လူသားများနှင့် ကမ္ဘာပေါ်ရှိသက်ရှိများ ကျန်းမာပျော်ရွှင်စွာ အသက်ရှင်နေထိုင်နိုင်ရေးအတွက် အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး ဆိုင်ရာ လုပ်ငန်းစဉ်များကို အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်လိုပါကြောင်း တိုက်တွန်းအမှာစကားပြောကြားသည်။

  ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည်  ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၊ မစ္စတာအန်တိုနီယိုဂူတာရက်စ်၏ သဝဏ်လွှာဗီဒီယို၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် အမှုဆောင်ညွှန်ကြားရေးမှူး မစ္စအင်ဂါအန်ဒါစန်၏ ဗီဒီယိုမက်ဆေ့ချ် နှင့်  ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဗီဒီယိုပြသမှုတို့ကို ကြည့်ရှုအားပေးခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၅ခုနှစ်၊  ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ (ပထမ) နှင့် ပန်းချီပြိုင်ပွဲ (ပထမ) ဆုရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ (ဒုတိယ) နှင့် ပန်းချီပြိုင်ပွဲ (ဒုတိယ)ဆုရရှိသူများအားလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီးက အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ (တတိယ)နှင့် ပန်းချီပြိုင်ပွဲ (တတိယ) ဆုရရှိသူများအားလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ၂၀၂၅၊ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသောပြခန်းများကိုလှည့်လည်ကြည့်ရှု အားပေးခဲ့ ကြောင်းသိရသည်။

DOCA (ဧရာဝတီ)

ဇလွန်မြို့နယ် မေရီလန်းကျေးရွာနှင့် ဓနုဘေးကျေးရွာရှိ စားအုန်းဆီလက္ကား၊ လက်လီဆိုင်များမှ ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချနေမှုအားကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဇလွန်မြို့နယ် တာဝန်ခံတို့ပါဝင်သောအဖွဲ့သည် (၁၇.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မေရီလန်းကျေးရွာနှင့် ဓနုဘေးကျေးရွာရှိ စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်း ရှင်များနှင့်တွေ့ဆုံပြီး စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊သတ်မှတ်ရည်ညွှန်းဈေးထက်ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိ‌စေရေး၊ကွင်းဆင်း စစ်ဆေးခြင်းကို   ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် ခွဲတမ်းရ စားသုံးဆီ ကုန်စုံဆိုင်လုပ်ငန်းရှင်များ အနေဖြင့် စားအုန်းဆီရောင်းချရာတွင် ရပ်ကွက်၊ကျေးရွာနေပြည်သူများအား နှံ့နှံ့စပ်စပ် ရောင်းချပေး ရန်၊ ဆီရောင်းချရာတွင်လည်း Daily စာရင်းများပြုစုထားရှိပြီး သတ်မှတ်ရည်ညွှန်းဈေး ထက်မပိုပဲ မှန်မှန်ကန်ကန်ရောင်းချရန်၊ ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးရေးသားထားသည့် ဗွီနိုင်းများကို ချိတ်ဆွဲထား၍ရောင်းချရန် စိစစ်ခဲ့ပြီး၊ စားသုံးဆီလက်လီ/ လက္ကားဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ် ရည်ညွှန်းဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိပြီး၊ အိမ်ထောင်စုများအား ဆီစာအုပ်ဖြင့် ဖြန့်ဝေရောင်းချ ရာတွင်  တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး တစ်လလျှင် (၂)ကြိမ် ရောင်းချ ကြောင်း ၊ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကျေးလက်ပြည်သူများထံ ဆီဝယ်ယူခွင့်စာအုပ်များဖြင့်ရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၆.၉.၂၀၂၅)ရက်နေ့၊နေ့လည်(၁၃:၃၀) နာရီအချိန်တွင် ကြံခင်း မြို့နယ် အုတ်တွင်းအုပ်စု၊ ကိုးအင်းအုပ်စုနှင့် မြို့မရပ်ကွက်ရှိ အိမ်ထောင်စု များအား စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် လက်လီဆိုင်များမှ ရောင်းချမှုရှိ/မရှိ ၊ ဈေးနှုန်းမှန်ကန်မှု ရှိ/မရှိ လစဉ်ဆီရရှိမှုအကြိမ်ရေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ကြံခင်းမြို့နယ် ကျေးရွာ/ရပ်ကွက်အတွင်း စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှု နှင့်ပတ်သက်၍ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်း၊ ပြည်သူများလက်ဝယ်သို့ အမှန်တစ်ကယ် ရောက်ရှိခြင်း စစ်ဆေးခဲ့ပြီး၊ ထိုသို့ရောင်းချရာတွင်လည်း  အဆင့်အလိုက်(၂)% အမြတ်ထက် ကျော်လွန် ၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်း ဈေးဖြင့် သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှု မရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ် ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်း ၊ ဆီဝယ်ယူခွင့် စာအုပ်များဖြင့် ပြည်သူများထံ ဖြန့်ဖြူး ရောင်း ချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့ စားသုံးဆီလက်လီ/လက္ကားအရောင်းဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ၊ မြန်အောင်မြို့နယ်ဦးစီးမှူး နှင့်ဝန်ထမ်းများသည် (၁၅..၂၀၂၅)ရက်နေ့ နေ့လည်(၁၂:၃၀)နာရီအချိန်တွင် မြန်အောင်မြို့နယ် သပြေကုန်းအုပ်စု၊ အမှတ်(၃)ရပ်ကွက်ရှိ ဆီလုပ်ငန်းရှင် ဦးမျိုးတင့် နေအိမ်၌ စားသုံးဆီ လက်လီ/ လက္ကားအရောင်းဆိုင် လုပ်ငန်းရှင်များအား ကျေးရွာ လက်လီအရောင်းဆိုင်ရှင်များနှင့် ပြည်သူသို့ ဆီအရောင်းစာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချရေး အရေအတွက် အချင်အတွယ် မှန်ကန်စွာ ရောင်းချပေးရေး သတိပေးဆွေးနွေးခြင်းကို ဆောင်ရွက် ခဲ့ပါသည်။

   ထိုဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ခွဲတမ်းရစားသုံးဆီများ ရောင်းချ ရာတွင် ထားရှိရမည့် စာရင်းဇယားများ၊ ရောင်းချမှုမှတ်တမ်းဓါတ်ပုံများ ပြည့်စုံစွာထားရှိရန်၊ သတ်မှတ် ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိစေရေးရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲဖြောင့် မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့် အညီ ဆောင်ရွက်ရန်၊ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင်အနေဖြင့်ဈေးနှုန်းမြှင့်တင် ရောင်းချမှု မရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အရေးကြီးကုန် စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှု ပြစ်ဒဏ်များအရအရေးယူဆောင်ရွက်နိုင်သည့် အကြောင်း၊ ဆီအရောင်းစာအုပ်များနှင့် စျေးနှုန်း မှန်ကန် စွာ ရောင်းချ ရေး အရေအတွက် အချင်အတွယ် မှန်ကန်စွာရောင်းချပေးရေး သတိပေးဆွေးနွေးခဲ့ပြီး ဆီလုပ်ငန်းရှင်ဘက်မှလည်း သိလိုသည်များ မေးမြန်း၍အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ