Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အသိပညာပေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် ၁၀-၉-၂၀၂၆ ရက်နေ့ (၁၃:၀၀)နာရီ အချိန်တွင် မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်ရှိ စားသုံးသူများအား အသိပညာပေး ဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ အသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏အဓိပ္ပာယ် ဖွင့်ဆိုချက်အကြောင်း၊ ဥပဒေ အခန်း(၉) ပုဒ်မ(၁၉)ပါ စားသုံးသူ၏ အခွင့်အရေးများအကြောင်း၊ ဥပဒေ အခန်း(၉)ပုဒ်မ(၂၀)ပါ   စားသုံးသူ၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း သည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီ ပေးချေ ခြင်းစီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန်ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေး နည်းလမ်း များဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက် နစ်နာစေရန် မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့်ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးနှင့် တက်ရောက်လာသော  စားသုံးသူများအား Consumer Call Center 1535 သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့်နည်းလမ်းများအကြောင်း၊ အွန်လိုင်းမှ ဈေးဝယ်ယူရာတွင် သတိထားဝယ်ယူသင့်သည့် အချက်များအကြောင်း၊ Digital ငွေကြေးဝန်ဆောင်မှု ရယူအသုံးပြုရာတွင် စားသုံးသူများ၏ ပုဂ္ဂိုလ် ရေးဆိုင်ရာ အချက်များကို လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ဆောင်ရန်ရှောင်ရန်များအကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ  အသိပညာများအကြောင်းတို့အား အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ညောင်တုန်းမြို့နယ် ရွှေသောင်စုကျေးရွာ အထက်တန်းကျောင်းတွင် ကျောင်းမုန့်ဈေးတန်း ကွင်းဆင်းစစ်ဆေး

     (၁၉-၈-၂၀၂၆) ရက်နေ့ နံနက် (၁၂:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် ရွှေသောင်စုကျေးရွာအုပ်စုရှိ အထက်တန်းကျောင်း၌ ကျောင်းသားကျောင်းသူများ ဘေးအန္တရာယ် ကင်းရှင်း၍ သန့်ရှင်းလတ်ဆတ်သော အစား အသောက်များ စားသုံးနိုင်ရေးအတွက် ကျောင်းမုန့်ဈေးတန်း ကွင်းဆင်းစိစစ်ခြင်း ကို ညောင်တုန်းမြို့နယ် စားသုံးသူရေး ရာဦးစီးဌာနမှ ဒေါ်ချိုမီဇင်နှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်း ရောင်းချနေသည့် မုန့်နှင့် အစားအသောက်များ၏ **သန့်ရှင်းလတ်ဆတ်မှု၊ အရည်အသွေးပြည့်မီမှု၊ ထုပ်ပိုးမှုနှင့် သက်တမ်းကုန်ဆုံးရက်**များကို စစ်ဆေးခဲ့သည်။ ထို့အပြင် ကျောင်းသားကျောင်းသူများအတွက် ကျန်းမာရေးနှင့် မသင့်လျော်နိုင်သည့် အစားအသောက်များ ရောင်းချမှုရှိ/ မရှိကိုလည်း စိစစ်ခဲ့ကြောင်း သိရသည်။ တာဝန်ရှိသူများက မုန့်ဈေးတန်းရောင်းချသူများအား အစားအသောက်များကို သန့်ရှင်းစနစ်တကျ ပြင်ဆင်၊ ထုပ်ပိုး၊ သိုလှောင်ရောင်းချရန်၊ သက်တမ်းလွန် အစားအသောက်များ မရောင်းချရန်နှင့် ဝမ်းပျက်ဝမ်းလျောစေမည့် အစားအသောက်များကို မရောင်းချရန်၊  ကျောင်းသား ကျောင်းသူများ၏ ကျန်းမာရေးကို ထိခိုက်မှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်ရန် အသိပညာပေးလမ်းညွှန်ခဲ့ကြောင်း သိရသည်။ ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကိုက်ညီမှုရှိမရှိနှင့် ကျောင်းမုန့်စျေးတန်းများတွင် ရောင်းချနေသည့် မုန့်များတွင် FDA ခွင့်ပြုချက် ရှိ/မရှိ၊ ရက်လွန်မုန့် များရောင်းချခြင်း၊ မသန့်ရှင်းသောပစ္စည်း၊ ဓာတုဆိုးဆေးနှင့် ယင်နားစာများ စနစ်တကျထားသို ရောင်းချခြင်းရှိ/ မရှိ၊မုန့်များကို ဘေးအန္တရာယ်ကင်းရှင်းရေး စစ်ဆေးခြင်း၊ တားမြစ်ကုန်စည်များရောင်းချမှု ရှိ/ မရှိ စစ်ဆေးခြင်း၊  လိုအပ်သည့် အသိပညာပေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် မဲဇလီအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန (DOCA) မှ ဦးဆောင်၍ ပြည်သူများ၊ ကျောင်းသားကျောင်းသူများနှင့် လုပ်ငန်းရှင်များအတွက် စားသုံးသူအခွင့် အရေးနှင့် တာဝန်များ၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်ချေများကို ကျောင်းများ၊ ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောပွဲများကို မြို့နယ်အသီးသီး၌ ပုံမှန်ကျင်းပပြုလုပ်ပေးလျက်ရှိသည်။

      (၁၈-၈-၂၀၂၆) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် မဲဇလီဒလ ကျေးရွာအုပ်စုရှိ မဲဇလီအထက်တန်းကျောင်း၌ လူငယ်များအနေဖြင့် ဗဟုသုတနှင့် အသိပညာများ ပိုမိုရရှိစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းနှင့် အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

        အဆိုပါ လူငယ်စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တို့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်၍ လူငယ်များနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ စားသုံးသူရေးရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ် တာဝန်ခံ ‌ဒေါ်ချိူမီဇင် ကအသိပညာပေးဟောပြောရာစားသုံးသူရေးရာဦးစီး ဌာန ပေါ်ပေါက်လာ ပုံ အဆင့်ဆင့်အကြောင်း၊ ကမ္ဘာ့စားသုံသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊        စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်၊ စားသုံးသူကာကွယ် ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက် စားသုံးသူအကာကွယ်ပေးရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားသော ကုန်စည်များတွင် အမျိုးအမည်၊ အရွယ်အစား အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေချက်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ စသည့် အချက်အလက်များ ပြည့်စုံစွာ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူ စားသောက် အသုံးပြုတတ်ရန်တို့ကိုရှင်းလင်းပြီး ထို့ အပြင် စားသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရပါက သက်ဆိုင်ရာဌာနများထံ တိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူရေးရာ Call Center (1535) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်း အသိပညာပေး ပြောကြားခဲ့သည်။

         အဆိုပါ လူငယ်စကားဝိုင်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ (၅၁၂) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင် သည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတို့သည် ၀--၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ သီတာရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင် (၁) ဦးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန် အချက်များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

     ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပုဒ်မ၂၁အရ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များဖြစ်သော စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ထပ်မံပေးချေရမည့် တန်ဖိုးကို စားသုံးသူက ဝယ်ယူ အသုံးမပြုမီ သိရှိစေရန် အတိအလင်းဖော်ပြခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ် ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေး နည်းလမ်းများဖြင့်ဖြစ်စေ၊ အခြား နည်းလမ်းများဖြင့်ဖြစ်စေ စားသုံးသူအပေါ် ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်ခြင်း၊ မဟုတ်မမှန် ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း စသည့်အချက်များအကြောင်း၊ အခန်း (၁၈) ပုဒ်မ (၄၁) ပါ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြပါရှိသည့် ကုန်ပစ္စည်းများ ကိုသာ ဖြန့်ဖြူးရောင်းချရန်အကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက် ပေးခြင်းနှင့် အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊  ဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းတို့အား အသိပညာပေး ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

 

စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး) ဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ အခြားမိတ်ဖက်ဌာနများနှင့် ၁၀-၉-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်၊ စည်ပင်သာယာဈေးအတွင်းရှိ ဦးစိုးဝင်းနှင့် သမီးများ (ကုန်စုံဆိုင်)သို့သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ကိုက်ညီမှုရှိ မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ “C-Mix” အမှတ်တံဆိပ်ပါ အသင့်ဖျော်သီးစုံဖျော်ရည် တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း နှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ကိုက်ညီပြည့်စုံစွာ ဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့်ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု မရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန်နှင့် ဆင်တူရိုးမှား အတုအပ အမှတ် တံဆိပ်များ ဝယ်ယူရောင်းချခြင်းမပြုကြရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ  ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

“Online မှတ်ပုံတင် လျှောက်ထားသည့် လုပ်ငန်းအားမြေပြင်ကွင်းဆင်းစစ်ဆေး”

          ၂၀၂၆  ခုနှစ်၊ စက်တင်ဘာလ()ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် လားရှိုးမြို့၊  ရပ်ကွက်(၇)၊ ရန်ကင်းလမ်းရှိ “ရွှေတံတား”အမည်ဖြင့် ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ အထည် အလိပ်၊ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ ရောင်းရောင်းချသည့်လုပ်ငန်းမှ အွန်လိုင်းရောင်းချ ခွင့်လိုင်စင် လျှောက်ထားလာမှုအား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင့်သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့် အချက်အလက်များနှင့်မြေပြင်အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ DOCA Application အား အသုံးပြု၍စစ်ဆေးခြင်းနှင့် အွန်လိုင်းမှရောင်းချရာတွင် လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်တာဝန်နှင့် ဝတ္တရားများအား အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

Ferrovit အမှတ်တံဆိပ် သံဓာတ်အားဖြည့်ဆေးအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိရေး ကွင်းဆင်းစစ်ဆေးခြင်း

         ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့၊ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေး ရေးမှူး ဦးကျော်ဇင်ဦး(ဦးစီးအရာရှိ) ဦးစီး၍ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲတို့ပူးပေါင်း၍ ကျိုင်းတုံမြို့၊ ကျိုင်းတုံ-တောင်ကြီးလမ်းမကြီးပေါ်ရှိ ဆေးနှင့်ဆေး ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချနေသော Ferrovit အမှတ်တံဆိပ် သံဓာတ်အားဖြည့်ဆေးအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိရေး ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ Ferrovit အမှတ်တံဆိပ် သံဓာတ်အားဖြည့်ဆေးအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာတွင် သက်ဆိုင်ဌာန၏ထောက်ခံချက်နှင့်  ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး တရားမဝင်တင်သွင်းထားသော ဆေးနှင့်ဆေးပစ္စည်း များရောင်းချခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ယင်းနောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ဆေးဆိုင်ပိုင်ရှင်များအား သက်တမ်းလွန် ဆေးဝါးများနှင့် သက်ဆိုင်ရာ ဌာနများမှ တားမြစ်ထားသောဆေးပစ္စည်းများကို ဈေးကွက်အတွင်း ရောင်းချခြင်းမပြု လုပ်ရန်နှင့် ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/တင်သွင်းသည့် ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင် အမှတ် Import Registration No.(IR)များ ဖော်ပြထားသော ဆေးနှင့်ဆေးဝါးပစ္စည်းများ ကိုသာရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင် ၏တာဝန်များ”ကို သိရှိ လိုက်နာဆောင်ရွက်စေရန် ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(ရှမ်း)

အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ (၇.၉.၂၀၂၆) ရက်၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ဦးသန်းတိုး (ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည်  နမ့်စန်မြို့ အတွင်းရှိ ကုန်စုံဆိုင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင်  နမ့်စန်မြို့ရှိ ဒေါင်းတိုက်(ကုန်စုံဆိုင်)၌ မြန်မာ နိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အချက်(၇)ချက်အနက် အသင့်စား ခေါက်ဆွဲခြောက် အမျိုးမျိုးတွင်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊  အရေအတွက်၊ အသားတင် ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ကို မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ တို့ကိုလည်း ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပြီး ကုန်စုံဆိုင်ပိုင်ရှင်များကိုလည်း စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် လိုက်နာရမည့် တာဝန်များအကြောင်းကိုလည်းအသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ

           ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ()ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခမ်းမ၌ စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သည့် ထွေ/အုပ်ဝန်ထမ်း စုစုပေါင်း (၂၅)ဦးအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ် ကာ ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

          ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ပြည်နယ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လင်းမျိုးသာမှ စားသုံးသူကာကွယ်ရေး ဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ ထွေ/အုပ်ဝန်ထမ်းများအား အသိပညာပေးဟောပြောခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် ဝတ္တရားများ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့် အချက်များ၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့်အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့် သည့် ကုန်အညွှန်းအမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားပြီး ထောက်ခံချက်ရှိသော အစားအစာနှင့် ထောက်ခံချက်မရှိသော အစားအစာများကို ပုံများနှင့်တကွ ပြသခဲ့ပြီး  စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို  (:၃၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(ရှမ်း)

 

Online စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးရောင်းချသည့် Soe Fashion လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမျိုးအောင် (ဦးစီးအရာရှိ)နှင့် တာဝန်ရှိ သူများသည် တာချီလိတ်မြို့၊ မကာအိုခမ်းရပ်ကွက်အတွင်းရှိ Online စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးရောင်းချသည့် Soe Fashion လုပ်ငန်းအားကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ တာဝန်ရှိသူများသည် Online စနစ်ဖြင့် ရောင်းဝယ်မှု ပြုလုပ်ရာ တွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်မှတ်ပုံတင်ပြုလုပ်၍ စနစ်တကျဖြန့်ဖြူး ရောင်းဝယ်မှုပြုလုပ်ရန်၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန်အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ