Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင် သည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတို့သည် ၁၀-၉-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ မနွယ် (ကျောင်းဈေးဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက် အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ “နီမို” အမှတ်တံဆိပ်ပါ ငါးချဉ်စပ်အရသာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (/၂၀၁၉) အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ကိုက်ညီပြည့်စုံစွာ ဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်တို့ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့် ကုန်စည်များ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့်ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်နှင့် ဆင်တူရိုးမှား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချ ခြင်းမပြုရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် (ရုံးအုပ်) ဦးဆောင်သည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းတို့သည် ၁၁-၉-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိ ငယ်လေး (ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက် စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ “MUM MUM” အမှတ်တံဆိပ် ချဉ်စပ်ခေါက်ဆွဲတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် နှင့် အသားတင်ပမာ၊ သုံးစွဲပုံနည်းလမ်းတို့ကို မြန်မာဘာသာဖြင့် ကိုက်ညီပြည့်စုံစွာ ဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့် ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု မရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချခြင်း မပြုလုပ်ရန်နှင့် ဆင်တူရိုးမှား အတုအပ အမှတ် တံဆိပ်များ ဝယ်ယူရောင်းချခြင်းမပြုကြရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ  ဖြန့်ဝေခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုံး(ရုံးအုပ်) ဦးဆောင်၍ ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများသည် ၁၁--၂၀၂၆ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရန်ကြီးအောင် ရပ်ကွက်အတွင်းရှိ ကုန်ပစ္စည်းရောင်းချသည့်လုပ်ငန်းရှင်(၁)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန် အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။   

            ထိုသို့ ဆွေးနွေးရာတွင် ဦးဘောမ်ဇုံး(ရုံးအုပ်)က စားသုံးသူကာကွယ်ရေးပဒေပါ အခန်း(၁) ပုဒ်မ (၂) ပုဒ်မခွဲ(ဂ)အရ စီးပွားရေးလုပ်ငန်းရှင်နှင့် ဝန်ဆောင်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အကြောင်း ဥပဒေ အခန်း(၁၀)ပုဒ်မ၂၁အရ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ ကုန်စည်/ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် အချက်များ အကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိသည့်ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန် နှင့်  အရေးကြီးကုန်စည်၏ ဝန်ဆောင်မှုဥပဒေနှင့်ပတ်သက်သည့် အမိန့်ညွှန်ကြားချက်များ၊ အွန်လိုင်း စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိစေရန်နှင့် သက်ဆိုင်ရာ FDA ထောက်ခံချက်များပါရှိရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်မှု၊ပြစ်ဒဏ်များအကြောင်းတို့အား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ပခုက္ကူမြို့ပေါ် ရှိ ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာန ခွဲတာဝန်ခံနှင့် ဝန်ထမ်းတို့သည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသောဆေးနှင့် ဆေးဝါးများကို ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ (..၂၀၂၆) ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ဆေးဆိုင်များသို့ သွားရောက်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း စေရန်အတွက် အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ ဈေးကွက်အတွင်း ရောင်းချ နေသောဆေးဆိုင်များတွင်ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါး များအားဈေးကွက် အတွင်းရောင်းချခြင်းရှိ/မရှိနှင့် တရားဝင်တင်သွင်းထားသောဆေးဝါးများကိုသာ ဆက်လက်ရောင်းချသွားရန် သက်ဆိုင်ရာအစိုးရဌာနများနှင့်ပူးပေါင်း၍ အထူးဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်ထံသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

 

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး နှင့် ဝန်ထမ်းသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များအား မြို့နယ်အတွင်း ရောင်းချနေ သောလုပ်ငန်း၊ နေရပ်လိပ်စာနှင့် ကုန်စည်များသည်မြေပြင်တွင် အမှန်တကယ်ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို(၂.၉.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် အွန်လိုင်း မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင် (၂) ဦးထံသို့ သွားရောက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းမှာ မှတ်ပုံတင်ထားသည့်လုပ်ငန်းများဖြစ်သည့် အလှကုန်ပစ္စည်းများ၊ အထည်အလိပ်၊ အဝတ် အထည်နှင့် ဆက်စပ်ပစ္စည်းများအား အွန်လိုင်းဖြင့် ရောင်းချသည့်လုပ်ငန်းများသို့ သွားရောက်၍ အွန်လိုင်းရောင်းချခွင့် လုပ်ငန်းမှတ်ပုံတင် လျှောက်ထားစဉ်က ဖြည့်သွင်းထားသည့်နေရပ်လိပ်စာ၊ ရောင်းချရန် ကုန်စည် (သို့)ဝန်ဆောင်မှုအမျိုးအစားစာရင်းများ ကိုက်ညီမှုရှိ/မရှိ စသည်တို့ကို မေးမြန်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး အွန်လိုင်းရောင်းချမှုလုပ်ငန်းနှင့်စပ်လျဉ်း၍ မြေပြင် စစ်ဆေးခြင်း လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့် အညီစနစ်တကျဆောင်ရွက်လျက်ရှိပြီး မှတ်ပုံ တင်လက်မှတ်ရရှိပြီးနောက် တာဝန်ဖောက်ဖျက်မှုမရှိစေရန် ကိုမြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်း များ လုပ်ငန်းစဉ်အတိုင်း စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉အရ လည်း အရေးယူခံရမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့် အ‌ရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အကြောင်းများကို အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်အားသိရှိနိုင်စေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဖျာပုံမြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များသို့ ၂၀၂၆ခုနှစ်၊ ဩဂုတ်လ (၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှုးနှင့် ဝန်ထမ်းများ၊ စားအုန်းဆီဖြန့်ဖြူးရောင်းချရေး ကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဖျာပုံမြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များသို့ ကွင်းဆင်းဆောင်ရွက် ခဲ့ပါသည်။

          အဆိုပါကွင်းဆင်းစိစစ်ရာတွင်  စားအုန်းဆီဈေးနှုန်းများ ကြီးမြှင့်စွာရောင်းချမှု မရှိစေရေး၊ ဆိုင်းဘုတ်တင်ရောင်းချစေရေး၊ ဆိုင်ဘုတ်များကို အများပြည်သူများ ထင်သာမြင်သာအောင် ချိတ် စွဲထားရှိစေရေး၊ အလေးချိန်၊ အချိန်အတွယ်၊ မှန်ကန်မှုရှိစေရေး၊ လုပ်ငန်းရှင်များအား စားအုန်းဆီ ဈေးနှုန်းကြီးမြှင့်စွာ ရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည် ဖြစ် ကြောင်း ရှင်းလင်းပြောကြားခြင်းနှင့် ရောင်းချနေသောကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်မှသာ ရောင်းချကြစေရန် နှင့် စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့် အချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

ဘိုကလေးမြို့နယ် ပြန်ဆက်ဦးစီးဌာနရုံး၌ သင်တန်းတက်ရောက်သူများအား စားသုံးသူကာကွယ် ရေး အသိပညာပေးဟောပြော

       စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ခုနှစ်၊ ဩဂုတ်လ(၁၈)ရက်နေ့၊ နေလည် (၁၂:၀၀)နာရီတွင် ဆပ်ပြာဆီလုပ်နည်း သင်တန်းတက်ရောက်သူ (၁၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဉပဒေနှင့် ပတ်သက်၍ စားသုံးသူများ၏ အခွင့်အ ရေးနှင့် တာဝန်များ၊ စားသုံးသူများ လုံခြုံစိတ်ချရမှု ရှိစေရေး၊ ကုန်စည်ဝန်ဆောင်မှုများအား ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့် အချက်များ ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား နှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် ရေးသားဖော်ပြချက်များ ပါဝင်နေပြီး စားသုံးသူများ ရွှေးချယ် ဝယ်ယူနိုင်ကြောင်း၊ ကုန်စည် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါ က အရေးဆို တိုင်ကြားနိုင်သည့် Call Centerများ တိုး/ခရိုင် နှင့် ရုံးချုပ်များတွင် ဖွင့်လှစ်ထားရှိပါကြောင်း Call Center 1535 သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ ပါသည်။

 (DOCA ဧရာဝတီ)

 

Top One သုံးဒေါင့်မုန့်လုပ်ငန်းသို MSME လုပ်ငန်း ဖွံ့ဖြိုးရေး ကွင်းဆင်းခြင်း

    ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၆ခု နှစ် ဩဂုတ်လ(၁)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် မြို့မ (၁)ရပ်ကွက် ဒုတိယလမ်းရှိ Top One သုံးဒေါင့်မုန့်လုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          Top Oneသုံးဒေါင့်မုန့်လုပ်ငန်းမှ ထွက်ရှိသော ကုန်စည်၏ ပါဝင်ပစ္စည်းများမှာ သကြား၊ ဂျုံ၊ ဘဲဉ၊ ဆီ၊ ရေသန့် ဖြစ်ပြီး တစ်နေ့ထုတ်လုပ်မှုအနေဖြင့် ဘူးအရေအတွက် (၃၅၀)ဘူးခန့် ဖြစ်ပြီး ဈေးကွက်အတွင်း ရောင်းဝယ်မှုအခြေအနေပေါ်မူတည်၍ တစ်ဘူးလျှင် လက်လီ ဈေးနှုန်း (၄၆၀၀)၊ လက်ကားဈေးနှုန်း (၄၅၀၀)ကျပ်ဖြင့် ရောင်းချပေးပါသည်။ လုပ်သားဝန်ထမ်း (၉)ဦးရှိပြီး တစ်လ လျှင် ၂၀၀၀၀၀ ကျပ် ဝန်းကျင်ခန့်ပေးရပါသည်။ ဈေးကွက်အရ ဒေသတွင်းနှင့် ရန်ကုန်မြို့များသို့ ဖြန့်ဖြူးရောင်းချပေးလျှက်ရှိပါသည်။

          ထုတ်လုပ်သောကုန်စည်နှင့်ပတ်သက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်အညွန်းအမှတ်အသားဖော်ပြချက်များကိုလည်း ကုန်စည်ထုတ်ပိုးမှုအပေါ်တွင် ထည့်သွင်းဖော်ပြရန် ရှင်းလင်း ဆွေးနွေးမှုအပေါ် သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

ဘိုကလေးမြို့ (၆)ရပ်ကွက်ရှိ မင်းသစ်ကျော် ရေခဲစက်သို့ MSMEလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ခုနှစ်၊ ဩ ဂုတ်လ (၁)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မ(၆)ရပ်ကွက် မြို့ဦးကျောင်းလမ်းရှိ ဦးမောင်ဇော်ပိုင် “မင်းထက်ကျော်”ရေခဲစက်သို့ MSMEလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ မင်းထက်ကျော် ရေခဲစက် ပျမ်းမျှအနေဖြင့် ထုတ်လုပ်နိုင်မှုမှာ ၃၀၀ပေါင်ရှိ ၁၅၀/၂၀၀ တုံး ကို ပုံမှန်ထုတ်လုပ်မှုမှု မရှိဘဲ ရေထရက် (၅)ရက်နား၊ ရေသေရက် (၂)ရက်နားဖြင့် ထုတ်လုပ်လျှက် ရှိကြောင်း ဈေးနှုန်းအနေဖြင့် ၁တုံးကို ၁၂၀၀၀/၁၃၀၀၀ နှုန်းဖြင့် ရောင်းချ လျှက်ရှိကြောင်းနှင့် ဈေး ကွက်အနေဖြင့် အပြင်မဖြန်ဘဲ မိသားစု ငါးဒိုင်တွင် ပြန်သုံး၍ လုပ်ကိုင်နေပါကြောင်း လုပ်သားအနေ ဖြင့် (၈)ဦး၊ လုပ်ငန်းလည်ပတ်လျှက်ရှိပြီး အရည်အသွေး ပြည့်မီစွာ ထုတ်လုပ်နိုင်ရေးနှင့် MSMEလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် လုပ်ငန်းရှင်များ အား ဆွေးနွေး၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

ကျိုက်လတ်မြို့နယ်မှ မြိတ်မြို့သို့ ဆန်တင်ပို့မှုအား ကွင်းဆင်းစစ်ဆေးခြင်း

             ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်သည် ဆန်စပါးအဓိကစိုက်ထုတ် လုပ်ပြီး အခြားတိုင်းဒေသကြီးသို့ ဆန်စပါးတင်ပို့ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ၂၀၂၆ခုနှစ်၊ ဩဂုတ်လ (၂၂)ရက်နေ့ (၁၆:၃၀)အချိန်တွင် မြိတ်မြို့သို့ တင်ပို့မည့် ဆန်တင်ထားသော ရေယာဉ်အား ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင် ၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လ.ဝ.က ဦး စီးဌာန၊ အခွန်ဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ ဆန်စက်ပိုင်ရှင်အသင်း စသည့် ပူးပေါင်း အဖွဲ့သည် (MV-မြမြမွန်) ရေယာဉ်ပေါ်တွင် ပေါ်ဆန်းဆန်၊ ဧည့်မထဆန်အိတ်များ တင်ဆောင်၍ ဆန်များသယ်ဆောင်ရာတွင် ကန်သတ်ကုန်ပစ္စည်းများ သယ်ဆောင်ခြင်း မရှိစေရေးနှင့် တရားဉပဒေနှင့် ညီညွှတ်မှုမရှိသည့် ကိစ္စရပ်များ ဖြစ်ပွားမှုမရှိစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ