Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ဆန်/ စပါး သိုလှောင်ရုံများ(Myro)မှတ်ပုံတင်ခြင်း အစည်းအဝေးပြုလုပ်

      ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မြို့နယ်အစည်းအဝေးခန်းမတွင် ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဖျာပုံမြို့နယ်အတွင်းရှိ ဆန်း/ စပါး လုပ်ငန်းရှင်များအသင်းနှင့် ဆန်စက်ပိုင်ရှင်များသည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့၊ နေ့လယ် ( ၁၄: ၀၀ )နာရီအချိန်တွင် ဆန်/ စပါး သိုလှောင်ရုံများ(Miro)မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းက ဖျာပုံ မြို့နယ်အတွင်း ဆန်/ စပါး သိုလှောင်ရုံများ (MIRO)နှင့်ပတ်သက်၍ မှတ်ပုံတင်ခြင်းကိစ္စများ၊ (MIRO) ဆန်/ စပါး ရ/ထုတ်/လက်ကျန်စာရင်းများ၊ ဆန်/စပါး စီးဝင်/စီးထွက်နှင့် ကုန်ပို့လွှာစနစ်ဖြင့် ဆောင်ရွက်ကြရန်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်မှ ဆန်/ စပါး သိုလှောင်ရုံများ (MIRO) လစဉ် မှန်ကန်စွာပေးပို့ကြရန်နှင့် ဆန်စက်ပိုင်ရှင်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရပါသည်။

( Doca ဧရာဝတီ )

ဖျာပုံမြို့နယ် မြို့မဈေးကြီးအတွင်းရှိ “555”ဆန်ဆိုင်သို့ ဆန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေး

     ဖျာပုံမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် မြို့မဈေးကြီးအတွင်းရှိ “555” ဆန်ဆိုင်သို့ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့၊ နေ့လယ် ( ၁၄ : ၀၀ ) အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    အဆိုပါဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒုခရိုင်ဦးစီးမှူးမှ ဆန်များ သက်မှတ်ထားသည့်ဈေးနှုန်းထက် ကျော်လွန်ရောင်းချခြင်းမပြုလုပ်ရန်၊ ရည်ညွန်းဈေး အပေါ် သင့်တင့်မျှတစွာ တွက်ချက်ရောင်းချနေမှုများကို ကွင်းဆင်းစစ်ဆေးခြင်း၊ ဆန်သိုလှောင်ရုံများ မှတ်ပုံသက်တမ်းပြည့်မြောက်ပါက ထပ်မံသက်တမ်းတိုးဆောင်ရွက်ရန် ဆန်လက်ကျန်စာရင်းနှင့်  ဈေးနှုန်းဈေးကွက်အခြေအနေနှင့် ဖျာပုံမြို့နယ်မှ ဆန် ဆိုင်ပိုင်ရှင်နှင့် ဆန်ကုန်သည်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရရှိပါသည်။

( Doca ဧရာဝတီ )

ဖျာပုံမြို့နယ်အတွင်းရှိ အောင်မြင့်မိုရ် ဆန်စက်သို့ MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေး

     ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ “အောင်မြင့်မိုရ်”ဆန်စက်သို့ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် “အောင်မြင့်မိုရ်”ဆန်စက်သို့ MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် “အောင်မြင့်မိုရ်” ဆန်စက်အား  စပါး/ ဆန်သိုလှောင်မှု စာရင်းများကို လုပ်ငန်းရှင်များကို ပြည်တွင်းဈေးကွက်၌ ဆန်ဈေးနှုန်း တည်ငြိမ် မှုရှိစေရေး၊ ပြည်ပသို့ဆန်တင်ပို့မှုကို စနစ်တစ်ကျ ဆောင်ရွက်နိုင်ရေး၊ ဆန်စပါးသိုလှောင်မှုများ စနစ်ကျနမှုရှိစေရေးတို့အတွက် ဆန်စပါးသိုလှောင်မှုအား မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များက ပူပေါင်း ဆောင်ရွက်ကြရန်၊ MIROစာရင်းများ မှန်ကန်စွာပေးပို့ရန်နှင့် လိုအပ်သည်များကို ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။

( Doca ဧရာဝတီ )

အောင်သပြေ ဆန်စက်သို့ MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေး

    ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ “အောင်သပြေ”ဆန်စက်သို့ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် “အောင်သပြေ”ဆန်စက်သို့ MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

   အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် “အောင်သပြေ” ဆန်စက်အား  စပါး/ ဆန်သိုလှောင်မှု စာရင်းများကို လုပ်ငန်းရှင်များကို ပြည်တွင်းဈေးကွက်၌ ဆန်ဈေးနှုန်း တည်ငြိမ် မှုရှိစေရေး၊ ပြည်ပသို့ဆန်တင်ပို့မှုကို စနစ်တစ်ကျ ဆောင်ရွက်နိုင်ရေး၊ ဆန်စပါးသိုလှောင်မှုများ စနစ်ကျနမှုရှိစေရေးတို့အတွက် ဆန်စပါးသိုလှောင်မှုအား မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များက ပူပေါင်း ဆောင်ရွက်ကြရန်၊ MIROစာရင်းများ မှန်ကန်စွာပေးပို့ရန်နှင့် လိုအပ်သည်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

( Doca ဧရာဝတီ )

“ဖျာပုံတမံ”ကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စားသုံးဆီဖြန့်ဖြူး ရောင်းချနိုင်ရေး အတွက် ကျေးရွာဆီကော်မတီအဖွဲ့ဝင်များအား ဆွေးနွေးပြောကြား

     ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက “ဖျာပုံတမံ”ကျေးရွာရှိ စားအုန်းဆီ ကော်မတီ အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။

       အဆိုပါတွေ့ဆုံပြောကြားရာတွင် “ဖျာပုံတမံ” ကျေးရွာရှိ ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်   ကျေးရွာအတွင်း ရှိအိမ်ထောင်စု ဝင်အားလုံး စားသုံးဆီရရှိစေ‌ရေး၊  သတ်မှတ်ညွှန်ကြား ပေးသော ဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးနှင့် ပြည်သူများထံသို့ရောင်းချ နေမှုတို့အား ဓာတ်ပုံမှတ်တမ်းများ ပေးပို့ရန်ပြောကြားခဲ့ပြီး “ဖျာပုံတမံ”ကျေးရွာရှိ  စားသုံးဆီ ကော်မတီအဖွဲ့ဝင်များအား လိုအပ်သည် များကိုမှာကြားခဲ့ကြောင်း သိရှိရပါသည်။

( Doca ဧရာဝတီ )

ဓနုဖြူမြို့နယ် စားသုံးဆီရောင်းချသော လက်လီ/လက်ကား ဆိုင်ရှင်များနှင့် တွေ့ဆုံ၍ အသိပညာပေး ဆေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၅.၁၁.၂၀၂၅) ရက်နေ့တွင် ဓနုဖြူမြို့နယ် တာဝန်ခံရုံး ၌ စားအုန်းဆီလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်(၁၅)ဦးနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်ဦးစီးမှူးရုံး မှ ဦးခိုင်လွမ်းမိုးက လုပ်ငန်းရှင်များကို ဆွေးနွေးပြေကြားရာတွင် စားအုန်းဆီလက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချရာတွင် မိမိမြို့နယ်အတွက်ရရှိသော ဆီခွဲတမ်းများကို စားအုန်းဆီထုတ်ယူခွင်စာအုပ်ဖြင့် လာရောက်ထုတ်ယူသူများအတွက် သတ်မှတ်ရက်များအတွင်း အချိန်နှင့်တပြေးညီ စားသုံးသူပြည်သူများကို  အချိုးကျခွဲဝေရောင်းချပေးနိုင်ရေးနှင့် ပက်သက်၍ သတ်မှတ်ရည်ညွှန်းဈေးနှုန်းကို ထင်သာမြင်သာသောနေရာတွင် ချိတ်ဆွဲထား၍  ဖြန့်ဖြူးပေးနိုင်ရေး အခြေအနေနှင့် စားသုံးသူများ ဆီဝယ်ယူ မှု အခက်အခဲမရှိ တိုင်ကြားလာမှု များမရှိစေရန်နှင့် မြို့ပေါ် ဆီရောင်းချမှုများကို သတ်မှတ်ချက်များနှင့်အညီ ရောင်းချစေရေးကို ပုံမှန်စစ်ဆေးသွားမည်ဖြစ်ကြောင်း တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည် ။

 

DOCA(ဧရာဝတီ)

၂၀၂၅-၂၀၂၆ခုနှစ် အောက်တိုဘာလ အထိ လယ်ယာထွက်ကုန်သီးနှံများနှင့် ရေထွက်ကုန်ပစ္စည်းများ ပြည်ပသို့ တင်ပို့နိုင်မှုအခြေအနေ

 

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ညောင်တုန်းမြို့နယ်မှ လယ်ယာထွက်ကုန်သီးနှံများနှင့် ရေထွက်ကုန်ပစ္စည်းများ ပြည်ပသို့ တင်ပို့နိုင်မှုရှိပြီး အောက်တတိုဘာလ အထိ  ဆန်၊ဆန်ကွဲ၊ ပေါင်းဆန်၊ ကြဆန်၊ ငါးမျိုးစုံ၊မတ်ပဲ၊ ပဲတီစိမ်း၊ အစြေထုတ်ပြောင်းများတင်ပို့လျက်ရှိကြောင်း သိရသည်။

ဆန်များကို တင်ပို့သော ကုမ္ပဏီများမှာ ညောင်တုန်းမြို့နယ်  ရွှေဝါနဒီစိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီ၊ မှ ဆန်၂၇၉၆၉ တန်၊ ညောင်တုန်းမြို့နယ် YOMA Sun Co., Ltd မှ ၄၉၄၀ တန်၊ ညောင်တုန်းမြို့နယ် The PerPetual Co.,Ltd မှ တင်ပို့မှု မရှိ၊  ညောင်တုန်းမြို့နယ် Good BrotherCo., Ltd မှ ၅၄၃၅ တန်၊ ဓနုဖြူမြို့နယ်  GoldDelta Co.,Ltd  ၄၁၇၇၆ တန် တင်ပို့ကြောင်းသိရသည်။

ဆန်ကွဲများကို တင်ပို့သော ကုမ္ပဏီများမှာ ညောင်တုန်းမြို့နယ်  ရွှေဝါနဒီစိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီ၊ မှ (၁၂၇၄၂)တန်၊ ညောင်တုန်းမြို့နယ် YOMA Sun Co., Ltd မှ (၉၆၁၅) တန်၊ ညောင်တုန်းမြို့နယ် The PerPetual Co.,Ltd မှ တင်ပို့မှု မရှိ၊  ညောင်တုန်းမြို့နယ် Good BrotherCo., Ltd မှ (၅၂၈၈၀) တန်၊ ဓနုဖြူမြို့နယ်  GoldDelta Co.,Ltd  (၂၄၀၃၀) တန် တင်ပို့ကြောင်းသိရသည်။

ပေါင်းဆန်များကို တင်ပို့သော ကုမ္ပဏီများမှာ ညောင်တုန်းမြို့နယ်  ရွှေဝါနဒီစိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီ၊ မှ (၂၆၈၃) တန်၊ ညောင်တုန်းမြို့နယ် The PerPetual Co.,Ltd မှ  (၂၃၅၁)တန် တင်ပို့ကြောင်းသိရသည်။

ဆန်ကြာဇံကို King Food Globalမှ ၂၁၁၈ တန် တင်ပို့ကြောင်း၊ ငါးမျိုးစုံကို ဝါဝါဝင်ကုမ္ပဏီမှ ၂၄၃တန်တင်ပို့ ကြောင်း၊ မတ်ပဲကို  တန် ၂၀၀၀၀၊ ပဲတီစိမ်း တန် ၁၈၀၀၊ အစြေထုတ်ပြောင်း တန် ၂၀၀၀၀တင်ပို့ပြီးဖြစ်ကြောင်း နယ်မြေစာရင်း ကုမ္ပဏီများမှ ပေးပို့သော စာရင်းအရသိရသည်။

DOCA(ဧရာဝတီ)

တိုင်းရင်ဆေးဆိုင်မျာအား ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် တိုင်းရင်ဆေးအမျိုးမျိုးရောင်းချသော ဆိုင်များအား သတ်တမ်းလွန်‌ဆေးဝါးများ ရောင်းချမှုရှိ/မရှိ စစ်‌ဆေးခြင်း၊ တားမြစ်ထားသည့်ဆေးဝါးများ၊ ဆေးဝါးရောင်းချမှု ခွင့်ပြုချက်ရှိ/မရှိနှင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိတို့ကို  မြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ တိုင်ရင်းဆေးပညာဦးစီးဌာန၊မြို့နယ် စားသုံးသူရေးရာဦးစီးဌာ၊  နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးဝန်ထမ်းများ ပူးပေါင်း၍ ဓနုဖြူယွန်းလေး ဆေးဆိုင်အား (၁၅-၁၁-၂၀၂၅) ရက်နေ့ နံနက် ၉နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် တိုင်ရင်းဆေးပညာဦးစီးဌာနက တားမြစ်ဆေးဝါးများ ၁၀မျိုးကိုကြော်ငြာထား၍ ဈေးကွက်အတွင်းရောင်းချခြင်းရှ်မရှိကို စစ်ဆေးခြင်း, တိုင်ရင်းဆေးဝါးလိုင်စင်များကို စစ်ဆေးခဲ့ကြပြီး၊ စားသုံးသူရေးရာဦးစီးဌာနက ဦးခိုင်လွမ်းမိုးက တိုင်းရင်ဆေးများတွင် ဖော်ပြပါဝင်ရမည့် ကုန်အညွှန်အညွှန်း အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ ကိုက်ညီမှု ရှိမရှိကို စစ်ဆေးခြင်း၊ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ကုန်စည် ၈မျိုးမှ ဆေးဝါးနှင့် ဖြည်စွပ်သာများ ဖော်ပြရန် သတ်မှတ်ချက်နှင့် ကိုက်ညီမှု ရှိမရှိကို စစ်ဆေးခြင်း၊ လုပ်ငန်းရှင်များ၏ တာဝန်မျာအကြောင်းကို ရှင်းလင်ပြောကြားခဲ့ပြီး၊ အခြားသော ကျန်းမာရေးဦးစီးဌာနက သတ်တမ်းလွန်ဆေးများ ရောင်းချမှု ရှိမရှိနှင့် ဆေးဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု၊ ရှိ/မရှိ စစ်ဆေးခြင်း၊တိုင်းရင်းဆေးဆိုင်များတွင် ဆေးဝါးမှတ်ပုံတင်ခွင့်ပြုထားခြင်းမရှိသော အမှတ်တံဆိပ် တိုင်းရင်းဆေးများထုတ်လုပ်ရောင်းချမှု မရှိစေရေးကွင်းဆင်းစစ်ဆေး အသိပေးဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် စပါး သိုလှောင်သော ဆန်စက် သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေး

    စပါးဆန်နှင့် စပ်လျဉ်း၍ မှတ်ပုံတင်ဆောင်ရွက်ရာတွင် ဆန်တန်ချိန် (၅ဝ) သို့မဟုတ် စပါးတင်း (၅ဝဝဝ)နှင့်အထက် သိုလှောင်ထား သည့် ရုံများအားလုံး အကျုံးဝင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက အသိပေးထားပြီး ပြည်တွင်းစားသုံးသည့် ဆန်များနှင့် စပါးသိုလှောင်ထိန်းသိမ်းထားရှိမှုအပေါ် မှတ်ပုံတင်စနစ်ဖြင့် ထိန်းကြောင်းဆောင်ရွက်လျက်ရှိပြီး စည်းကမ်းသတ်မှတ်ချက်တွင် နိုင်ငံခြားသို့တင်ပို့မည့် ဆန်ဂိုဒေါင်များ အပါအဝင် ပြည်တွင်းသုံးစွဲမည့်ဆန်စပါးများ သိုလှောင်သည့် ဂိုဒေါင်များသာပါဝင်ပြီး ပိုင်ရှင်းအလိုက် နှင့် ဆန်စပါး အမျိုးအစားအလိုက်သိုလှောင်သည့် ပမာဏခွဲခြားတင်ပြ၍ မှတ်ပုံတင်ဆောင်ရွက်နိုင်ရေးကို စားသုံးသူရေးရာဦးစီးဌာနမှ ကြ်ပမတ်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

   မြေပြင်အမှန်တကယ် သိုလှောင်နေမှုနှင့် စပါးဆန် လက်ကျန်အခြေအနေများကို ဈေးကွက်ဈေးနှုန်း တည်ငြိမ်စေရေး အတွက် လစဉ် ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းများကို ၁၅-၁၁-၂၀၂၅ ရက်နေ့ နေ့လည်  ၃နာရီအချိန်က ပူးပေါင်းအဖွဲ့များဖြစ်သော မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြိုန့ယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် စစစ၊ မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း စစ်ဆေးခဲ့ပြီး ပြည်ပသို့ တင်ပို့ရန်  ဆန်နှင့် ဆန်ကွဲ သိုလှောင်ထားသော သိုလှောင်ရုံများအား အမှန်တကယ် ဆောင်ရွက်ချိန်မှာ လုပ်ဆောင် ထားရှိမှု  အခြေအနေများကို  လစဉ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း နှင့် စစ်ဆေးခဲ့သော သိုလှောင်ရုံများမှာ  ရွှေဝါနဒီ ဦးလူမော်မြင့်မောင်၏ သိုလှောင်ရုံ ဆန်အိတ် ၂၂၉၂၅ ရှိကြောင်း၊ သိုလှောင်ရုံ(၆)ဦးရှိကြောင်းနှင့် ၎င်သိုလှောင်ရုံများမှ စုစုပေါင်း စပါး ၂၈၀၄၁၁တင်း၊ ဆန် ၁၇၆၂၀၅ အိတ်ရှိကြောင်း၊  အောင်နိုင်သစ္စာ ဦးအောင်ဇော်လတ် ဆန်အိတ် ၂၁၄၅၆အိတ်နှင့် ပါရမီ ဦးကျော်ထွေး စပါး ၅၀၀တင်းနှင့် ရွှေဝါဦး ဦးသိန်းနိုင်ဦး စပါး ၂၃၀၆ တင်း ရှိကြောင်း စစ်ဆေးခင်ကာလက သိုလှောင်ထားရှိကြောင်း ကွင်းဆင်းစစ်ဆေးခြင်းအရသိရှိရပြီး အခြားသော ဆန်စက်၊ သိုလှောင်ရုံများကိုပါ လစဉ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရ သည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၅.၁၁.၂၀၂၅) ရက်နေ့ နံနက်(၈) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ညောင်တုနး်မြို့နယ် ၉ရပ်ကွက် အတွင်းရှိ ဆန်ဆိုင်ကြီးများအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ် ထုတ်ပြန်ထားသည့် ဈေးနှုန်းအပေါ် မြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်လွင်နှင့် အဖွဲ့တို့ က  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှ လအလိုက် ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း ဖြင့်ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန် ဈေးနှုန်းများအလိုက် ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန် ရောင်းချခြင်း  ရှိမရှိကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း၊ ဈေးကွက်အတွင်း ကုန်စည်များ ပြတ်လပ်မှု မရှိစေရေးတို့ကို စစ်ဆေးခဲ့ပြီး၊ ဒေသထွက် စားသုံးဆန်များအား ပစ္စည်းမှန်၊ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ရောင်းချ ပေးနိုင်ရေး ဆိုင်ရှင်များကို ဆွေးနွေးခဲ့ပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ဆန်ဈေးနှုန်းများမှာ သတ်မှတ် ရည်ညွှန်းဈေးများအတိုင်းရောင်းချလျက်ရှိပြီး ဈေးကစားလိုသောရည်ရွယ်ချက်ဖြင့် သိုလှောင်ထား ခြင်းများ မရှိကြောင်း နှင့် ဆန်ဆိုင်များမှ မှတ်ပုံတင်ဆောင်ရွက်ပြီးစီးကြောင်းနှင့် သက်တမ်းတိုးလုပ်ငန်းများလည်း ရက်ပြည်မီသူများက ဆောင်ရွက်ထား၇ှိပြီးဖြစ်ကြောင်း  စိစစ်တွေ့ရှိရသည်ဟုသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ