Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သာစည်မြို့၊ SM -2 သောက်ရေသန့်စက်ရုံအား ကွင်းဆင်းစစ်ဆေးခြင်း

              မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့၊ ရွာကြီးရွာရှိ (SM-2) သောက်ရေသန့်စက်ရုံ အား (၁၃.၇.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် MSME လုပ်ငန်းများ ၊ ဖွံ့ဖြိုးတိုးတက်စေရေး၊ သက်ဆိုင်ရာထောက်ခံချက်များရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းရှိ/မရှိ တို့ကို ဌာနဆိုင်ရာအဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ပုဂ္ဂလိကရေသန့်စက်ရုံများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန များ၏ ထောက်ခံချက်များရှိ/မရှိစစ်ဆေးခြင်း၊ စက်ရုံပတ်ဝန်းကျင်အခြေအနေ၊ ကုန်ကြမ်း/ကုန်ချောထား ရှိမှုအခြေအနေများ၊ ရေသန့်များထုတ်လုပ်ရာတွင် အရည်အသွေးပြည့်ဝအောင်ထုတ်လုပ်မှုအခြေအနေ များအားစစ်ဆေးခဲ့ပြီး စားသုံးသူများဘေးအန္တရယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန် ထုတ်ကုန်လုံခြုံစိတ်ချ မှုရှိစေရန် သောက်ရေသန့်ဘူးများပေါ်တွင် ကုန်စည်အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်း မှုအညွှန်းများအား မြန်မာဘာသာဖြင့်ဖော်ပြရန်နှင့် ကုန်စည်များပေါ်တွင်ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုလည်းစစ်ဆေးခဲ့ကြောင်း၊စက်ရုံအတွင်းအပြင်တို့၌သန့်ရှင်းရေးနှင့်ရေစီးရေလာကောင်းမွန်စေရန်၊ သတ်မှတ်အရည်အသွေးမည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်မှာကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

နတ်တလင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနတွင် မိတ်ဆုံစားပွဲနှင့် ThursdayTalk  ကျင်းပပြုလုပ်

            နတ်တလင်းခရိုင်၊ နတ်တလင်းမြို့ဦးစီးရုံးရှိ၊ ဝန်ထမ်းများ အသိပညာဗဟုသုတများရရှိစေပြီး လုပ်ငန်းတာဝန်များ ထမ်းဆောင်သည့်အခါတွင် ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်ဆောင်ရွက် တတ်စေရန် တစ်ဦးနှင့်တစ်ဦး အသိပညာဗဟုသုတများဖလှယ်၍ ဟောပြောဆွေးနွေးမှုများအား ရုံးလုပ်ငန်းများ မပျက်စေဘဲ တစ်လလျှင်တစ်ကြိမ် ကြာသာပတေးနေ့တိုင်း (Thursday Talk ) အသိပညာပေးဆွေးနွေးပွဲများကို (၁၆.၇.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် နတ်တလင်းခရိုင် ဦးစီးမှူးရုံးတွင် အလှည့်ကျ ဆွေးနွေးဟောပြောခဲ့ပါသည်။ဆွေးနွေးရာတွင်   ဇီးကုန်းမြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်ခင် (ဦးစီးမှူး)က “စားသုံးသူများဘေးကင်းဖို့ ဟန်ချက်ညီညီ ဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် ခရိုင်တွင်း ဝန်ထမ်း(၁၈)ဦးအား အသိပညာပေး ဟောပြောခဲ့ရာ နံနက်(၁၁:၀၀)နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ အမှတ်()ရပ်ကွက်ရှိ စားသုံးသူ ပြည်သူများအား စားသုံးသူအခွင့်အရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်နှင့် ဝန်ဆောင်မှု များကို မှန်ကန်စွာရွေးချယ်ဝယ်ယူတတ်စေရန် ရည်ရွယ်၍ ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်းက စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

     ဟောပြောပွဲတွင် ကန့်ဘလူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးမျိုးဝင်းသန်းက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူတစ်ဦးအနေဖြင့် ရရှိရမည့် အခြေခံအခွင့်အရေး များနှင့် လိုက်နာရမည့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများကို စစ်ဆေးခြင်း၊ မုန့်နှင့်အစား အသောက်များ ဝယ်ယူရာတွင် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲ၊ ထားသို သိမ်းဆည်းပုံအညွှန်းနှင့် ကြိုတင်သတိပေးချက်များကို သေချာစွာဖတ်ရှု့ရန်လိုကြောင်း၊ စားသုံးသူ ပြည်သူများအနေဖြင့် မိမိတို့ နေ့စဉ်ဝယ်ယူစားသောက်နေတဲ့ အစားအစာတွေမှာ ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာပါဝင်မှု ရှိ/မရှိ၊ နစ်နာဆုံးရှုံးမှုတွေရှိလာရင်လည်း တိုင်ကြားနိုင်တဲ့ နည်းလမ်းတွေကို သိရှိထားဖို့ အခုလို အသိပညာပေးရခြင်းဖြစ်ပါတယ်" ဟု စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံက ပြောကြားခဲ့သည်။

   ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော စားသုံးသူပြည်သူများကို စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး စားသုံးသူပြည်သူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ခံက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၊ အခြေခံပညာအထက်တန်းကျောင်းအား စားသုံးသူအကာအကွယ်ရေးရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်

          စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံရုံး ဝန်ထမ်း များသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၂၀)ရက်နေ့ နံနက်(၀၉;၀၀)နာရီ အချိန်တွင်  ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ အခြခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံနှင့် အငယ်တန်းစာရေး()ဦး၊ နေ့စားဝန်ထမ်း()ဦးတို့သည် စားသုံးသူ အကာအကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးမှ ကြိုဆိုနှုတ်ခွန်း ဆက် စကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်မှ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ အဆင့်ဆင့်အကြောင်း၊ ကမ္ဘာ့စားသုံသူအခွင့်အရေးများနေ့ ဖြစ်ပေါ် လာပုံအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ (၁၅)ရက်နေ့ ပြဌာန်းခဲ့ပြီး အခန်း ပေါင်း(၂၅)ခန်း ပုဒ်မပေါင်း(၈၄)ခု ပါဝင်ကြောင်း စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်၊ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက် စားသုံးသူ အကာကွယ်ပေးရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍  ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက် အသုံးပြု တတ်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေး()ချက် နှင့်  စားသုံးသူများ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်()ချက် နှင့်  စားသုံးသူနစ်နာ ဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြား နိုင်သည့် နေရာများဖြစ်သည့် Facebook Page ဖြစ်တဲ့ DOCA Myanmar Page တွင် လည်းကောင်း မိမိတို့ ဌာနခရိုင်ဦးစီးမှူးရုံး စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက် ရေးစင် တာ(CICC)တွင် လည်းကောင်း မိမိတို့ဌာန Website  ဖြစ်တဲ့ www. doca.gov. mm တွင် လည်းကောင်း MPT ; mytel ;  Telenor ;  Oredoo  ; SIM Card User များအားလုံးတို့ဖြင့် Call Center No. 1535 တွင်ဖုန်းခေါ်ဆို၍ အထောက်အထား အပြည့်အစုံဖြင့် တိုင်ကြားနိုင်ပါကြောင်း နှင့် သိလိုသည်များကို စုံစမ်းမေးမြန်းနိုင်သည့် အကြောင်းများ အကျယ်တဝင့် ဟောပြောခဲ့ပြီး ဒေါ်ဝေဇင်အောင် အငယ်တန်းစာရေးမှ  Online Sale ရောင်းချသူများအား Online မှတ်ပုံတင် လျှောက်ထားဆောင်ရွက်ရန် နှင့် လိုအပ်သည့်အချက်အလက်များကို ရှင်းလင်းပြောကြားခြင်း တို့အား ဆရာ/ ဆရာမ()ဦး၊ ကျောင်းသား/သူ(၁၂၈) စုစုပေါင်း (၁၃၆)ဦးတို့အား အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပါသည်။

        နိဂုံးချုပ်အနေဖြင့် မြို့နယ်တာဝန်ခံမှ လိုအပ်သည့်များ ဆက်လက်ပြောကြားပြီး ကျောင်းသား/ သူ များအား ဟောပြောပွဲတွင် ဟောပြောခဲ့သည့် အကြောင်းအရာများအား ပြန်လည်စိစစ်မေးမြန်းပြီး ကျောင်းသား/သူ(၃)ဦးတို့အား ဗလာစာအုပ်နှင့်ဘောပင်များ ဆုချီးမြှင့်ခဲ့ပြီး စားသုံး သူကာကွယ်ရေးလုပ်ငန်းသည် တစ်ကြိမ်တစ်ခါဟောပြောဆွေးနွေးရုံဖြင့် ပြီးဆုံးသည့်လုပ်ငန်း မဟုတ် ကြောင်း ကျောင်းသား/သူများအနေဖြင့် စားသုံးသူများ၏လိုက်နာရမည့် တာဝန်များကို လိုက်နာ ဆောင်ရွက်တတ်ပြီး စားသုံးသူအခွင့်အရေးများကို တောင်းဆိုတတ်တဲ့သူတွေဖြစ်ကြပါစေလို့ နိဂုံးချုပ်ပြောကြားခဲ့ပြီး ဌာန၏ အမိန့်ကြော်ငြာစာအမှတ်(/၂၀၁၉)ကုန်အညွှန်းအမှတ်အသား အသေးစိတ် စိစစ်ချက်များပါရှိသည့် လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီရန် လိုအပ်နေသေးသော စစ်ကိုင်းမြို့ရှိ MSME ထုတ်ကုန်များအား ပြန်လည်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူရုံးသည် စစ်ကိုင်းမြို့ရှိ MSME ထုတ်ကုန်များ အား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ တတိယပတ်တွင် စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိရန် လိုအပ်နေသေးသော  ထုတ်ကုန်များအား အသိပညာပေးကာလ (၁)လ သတ်မှတ်၍ သတ်မှတ် ချက်အတိုင်း ပြည့်စုံစွာ ဆောင်ရွက်နိုင်စေရေး အသိပညာပေးခဲ့ပါသည်။ ပညာပေးကာလ (၁)လပြည့်မြောက်ပြီးသည့်အချိန် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၂)ဦးနှင့် စစ်ကိုင်းမြို့နယ် တာဝန်ခံတို့သည် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူနှင့်အတူ စစ်ကိုင်းမြို့ရှိ MSME ထုတ်ကုန်များအား ပြန်လည်စစ်ဆေးခဲ့ကြောင်း သိရှိရ သည်။

     ထိုသို့ စစ်ဆေးခဲ့ရာတွင် စစ်ကိုင်းမြို့ရှိ “ခင်မမ” လက်ဖက်၊ ပဲကြော်စုံလုပ်ငန်း၊ “ရွှေအိ” စားသောက်ကုန်လုပ်ငန်း၊ “အောင်ရတီ” ဆီသန့်အာလူးကြော်လုပ်ငန်း၊ “စွမ်းထက်” မရွေးလုပ်ငန်း၊ “Sweety Bakery” “Soe” သဘာဝဒိန်ချဉ်လုပ်ငန်း၊ “သန့်ဇင်” မုန့်ဟင်းခါးခြောက်လုပ်ငန်းများမှ ထုတ်လုပ်သည့် ထုတ်ကုန်များသည် အသိပညာပေးကာလ (၁)လအတွင်း ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ပြည့်စုံစွာဆောင်ရွက်ထားရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။ စားသုံးသူရေးရာဦးစီးဌာန မှ တာဝန်ရှိသူက မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်ပါ အသေးစိတ်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျည်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ၊ အခန်း(၂၃)ပါ တားမြစ်ချက်များ ရှင်းလင်း ပြောကြားခဲ့ပြီး အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Nature Timber Trading Co;ltd၏ သစ်အချောထည်စက်ရုံသို့ မြေပြင်ကွင်းဆင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၁၇ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့နယ်၊ စကျင်ရွာ၊ ကန်သစ်တော ကွင်းတွင် Nature Timber Trading Co;ltdသစ်အချောထည်စက်ရုံသို့ လုပ်ငန်းလည်ပတ် မှုအခြေအနေများနှင့် စပ်လျဉ်း၍ မြေပြင်တွင် အမှန်တကယ်လည်ပတ်ခြင်း ရှိ/မရှိ ကုန်ထုတ်လုပ်မှု အခြေအနေများကို တစ်လလျှင် ရာဘာကုန်ကြမ်း (၁၅၀၀)တန်၊ Film Sheet (၄၈၀၀)ရွက်နှင့် အခြားဆက်စပ်ပစ္စည်းများကို ပြည်ပနိုင်ငံမှ ဝယ်ယူပြီး ကုန်ချောအနေဖြင့် တစ်လလျှင် ရေစိုခံဖလိုင်းနှင့် ရိုးရိုးဖလိုင်း (5mm to 12 mm)တန် (၁၅၀၀)ခန့် ထုတ်လုပ်လျက်ရှိပြီး မန္တလေး၊ နေပြည်တော်၊ မုံရွာနှင့် ဘီလင်းမြို့များသို့ တင်ပို့ကြောင်း လက်ရှိတွင် ဝန်ထမ်း (၂၀၀)ဦးဖြင့် လုပ်ငန်းလည်ပတ် လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

MSME ထုတ်ကုန်များ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစေရေးကြပ်မတ်ဆောင်ရွက်

          ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ  ဝန်ထမ်းများသည် မုံရွာမြို့ပေါ်ရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြချက် များနှင့် ကိုက်ညီမှုမရှိသည့်  MSME ထုတ်ကုန်များဖြစ်သော အရန်သင့်အစားအစာအမျိုးမျိုးနှင့် အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်း အမှတ်အသားများပြည့်စုံမှုရှိစေ‌‌ရေး အသိပညာ‌ပေးကာလ (၁)လ ပြည့် မြောက်ပြီးဖြစ်၍  ထပ်မံမြေပြင် ကွင်း ဆင်းစစ်‌ဆေးကြပ်မတ်ခဲ့ကြောင်းသိရှိရပါသည်။

           ထိုသို့ မြေပြင်ကွင်းဆင်းစစ်‌ဆေးကြပ်မတ်ရာတွင် နန္ဒဝန်ရပ်ကွက်ရှိ လွင်၊ ရသာမွန်နှင့် ရွှေလပ်ကီး အမှတ်တံဆိပ် မုန့်မျိုးစုံလုပ်ငန်းများ ၊ သလ္လာရပ်ကွက်ရှိ ဒို့မုံရွာအမှတ်တံဆိပ် မုန့်မျိုးစုံ လုပ်ငန်း၊ စက်မှုဇုန် ရပ်ကွက်ရှိ စိန်မြင်း အမှတ်တံဆိပ် ပဲကြော်လုပ်ငန်း၊ သင်းပျံ့ပျံ့ အမှတ်တံဆိပ် ပဲကြော်လုပ်ငန်း၊ ထန်းတောရပ်ကွက်ရှိ ဝိုင်းအုံ အမှတ်တံဆိပ်  လက်ဖက်နှင့် ပဲကြော်လုပ်ငန်းတို့အား စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိကြောင်း တွေ့ရှိခဲ့ပါသည်။

DOCA(စစ်ကိုင်း)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ) နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်း နှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (--၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပေါင်းလောင်း(၂)နယ်မြေ၊ ရွာကောက်ရပ်ကွပ်၊ ချယ်ရီလမ်း၊  ပျဉ်းမနားမြို့ရှိ TBL Collectionအဝတ်အထည်၊ အထည်အလိပ်နှင့် ဆက်စပ်ပစ္စည်းများလုပ်ငန်းသို့ သွားရောက် စစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

    အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊  မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ  ရောင်းချမှုမရှိစေရေး  အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ) နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်း နှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (၂၁--၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၄) ရပ်ကွပ်၊ လမ်းမတော်လမ်း၊  လယ်ဝေးမြို့ရှိ ဝင်းပဒေသာလူသုံးကုန်ပစ္စည်းများလုပ်ငန်းသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊  မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ  ရောင်းချမှုမရှိစေရေး  အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(ပြည်ထောင်စုနယ်မြေ)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ) နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်း နှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (၂၀--၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အိမ်အမှတ်(၂၀၆၇၃)၊ စွယ်တော်(၁၂)လမ်း၊ ဇဝနဒီပရပ်ကွပ်၊  ပုဗ္ဗသီရိမြို့နယ်ရှိ ကေအန်အွန်လိုင်းရှော့ အလှကုန်ပစ္စည်းများလုပ်ငန်းသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊  မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ  ရောင်းချမှုမရှိစေရေး  အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ