Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒိုက်ဦးမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန ၊ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်ရှိ OK Htoo စက်သုံးဆီဆိုင်၊ စိန်သဇင် စက်သုံးဆီဆိုင်တို့အား သွားရောက်၍ ရရှိထားသည့် စက်သုံးဆီခွဲတမ်းများအား သတ်မှတ်စျေးနှုန်းများဖြင့် ရောင်းချမှုရှိစေရေး ၊ အရည်အသွေးနှင့်အချင်အတွယ် မှန်ကန်မှုရှိစေရေးအတွက် ဧပြီလ ၂၂ရက်နေ့တွင် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချမည့် စက်သုံးဆီများအား ရရှိသော ခွဲတမ်းများအတိုင်း အထူးစျေးနှုန်းဖြင့် သတ်မှတ်ထားသော အရေအတွက်အတွင်း ရောင်းချမည်ဆိုပါက သတ်မှတ်ချက်များ ၊ ကျင့်ဝတ်စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ရောင်းချကြရန် ၊ စားသုံးသူပြည်သူများအား မိမိတို့ရောင်းချသည့် စက်သုံးဆီနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြန့်ဝေခြင်းများဆောင်ရွက်ကြရန် အသိပညာပေးပြောကြားခဲ့ပြီး ရောင်းချသည့် ဂါလံ ပြည့်/မပြည့် စစ်ဆေးခဲ့ပါသည်။ စက်သုံးဆီ လုပ်ငန်းရှင်များမှ သက်သာသောနှုန်းထားဖြင့် စက်သုံးဆီရောင်းချပေးသည့် ခွဲတမ်းပြီးဆုံးသွားပါက ပုံမှန်စျေးဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

စက်မှုလုပ်ငန်းအမျိုးအစားပေါ်မူတည်၍ စားအုန်းဆီသုံးစွဲမှု ပမာဏပြောင်းလဲ

             ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆီလုပ်ငန်းရှင်များမှ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးလျှက်ရှိပြီး စားအုန်းဆီများအား စားသုံးသူများ ၊ စားသောက်ဆိုင်များ ၊ ပဲကြော် ၊ အာလူးကြော်စသည့် အကြော်မျိုးစုံ လုပ်ငန်းများနှင့် မုန့်ဖုတ်လုပ်ငန်းများမှ ဝယ်ယူအသုံးပြုလျက်ရှိပါသည်။ စားအုန်းဆီ သုံးစွဲမှုအနေဖြင့် စားသုံးသူများ နေ့စဉ်ကြော်လှော်ချက်ပြုတ်ခြင်းနှင့် စားသောက်ဆိုင်များတွင် အသုံးပြုခြင်း ဖြင့် ပိဿာချိန် (၁၄၅၂၀၀၀) ခန့် ၊ စုစုပေါင်းသုံးစွဲမှု၏ ၅၀ % ရှိပြီး ပဲကြော် ၊ အာလူးကြော်၊ အကြော်မျိုးစုံ လုပ်ငန်းများတွင် ပိဿာချိန် (၄၃၅၆၀၀) ခန့် ၊ စုစုပေါင်း သုံးစွဲမှု၏ ၁၅ %ရှိပြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်များသို့လည်း ထပ်ဆင့်ရောင်းချမှုများ ပြုလုပ်ကြောင်း သိရှိရပါသည်။  

          စားအုန်းဆီသည် ကြော်လှော်ချက်ပြုတ် စားသောက်ရာတွင် အသုံးခံသည့် အခြေအနေများကြောင့် အခြေခံလူတန်းစားလူဦးရေ၏ ၄၀ %ခန့်မှာ စားအုန်းဆီသုံးစွဲပြီး အကြော်စုံလုပ်ငန်းများမှ အသုံးပြုပြီး ထွက်ရှိလာသော ဆီပမာဏ၏ ၅၀ % မှ ၇၀ %ခန့်ကို ဆပ်ပြာထုတ်လုပ်ရန်အတွက် ဒေသတွင်းနှင့် အခြားပြည်နယ်/ တိုင်းရှိ ဆပ်ပြာစက်ရုံများသို့  ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဖျာပုံမြို့ ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာ အသိပညာပေးဟောပြော

         ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန   ၊ဖျာပုံခရိုင် ဒုတိယခရိုင်ဦးစီးမှူး ဦးမိုးမင်းသန်း၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူးဦးစိုးလွင်တို့ ပူးပေါင်း၍ ဖျာပုံမြို့ ၊ မြို့မဈေးရှိ  ဈေးခေါင်းရုံးတွင် ဧပြီလ(၇)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီ တွင် ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်(၁၅)ဦးတို့အား ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

          အဆိုပါဟောပြောပွဲတွင် ဒုတိယခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၉) ပါစားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၁)ပါကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအား ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်တာဝန်ခံက ဟင်းသီးဟင်းရွက်ဆီ(Vegetable  Oil, Cooking  Oil ) နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ဖြင့် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ(၂၂)ရက်နေ့မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ ဖော်ပြချက်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များအရ ကုန်စည်တစ်ခုခု၏ အမျိုးအမည်မဟုတ်သည့်အပြင် ပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံဖော်ပြခြင်းမရှိသော ယေဘုယျဆန်သည့် အမျိုးအမည်တစ်ခုသာဖြစ်ပါကြောင်း၊ စားသုံးသူများ ထင်ယောင်ထင်မှားမဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်အပေါ် စိတ်ကျေနပ်မှုရှိစေရေးအတွက် သက်ဆိုင်ရာ စီးပွားရေးလုပ် ရှင်းများအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသည့်ဟင်းသီးဟင်းရွက်ဆီ(Vegetable  Oil, Cooking  Oil ) နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ စားအုန်းဆီ၊ အဆင့်မြင့်စားအုန်းဆီ စသည်ဖြင့် အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြ ရမည်ဖြစ်ကြောင်း၊ ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ပါကြောင်း အဆိုပါညွှန်ကြားချက်သည် စတင်ထုတ်ပြန်ပြီး(၆)လပြည့်မြောက်ပြီးသည့်နေ့ရက်မှ စတင်အာဏာသက်ရောက်မည်ဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းစာတွင် ညွှန်ကြားချက်ဖော်ပြပြီးဖြစ်၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ယခုနှစ် ဇွန်လ(၂၂)ရက်နေ့တွင်(၆)လပြည့်မြောက်ပြီးဖြစ်၍ ကြိုတင်အသိပေးရပါကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

        ထို့နောက်တက်ရောက်လာသူများမှ သိလိုသည်များမေးမြန်းမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ဆန်၊ စပါးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဆန်၊ စပါးဈေးကွက်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး၊ အသိပညာပေး

              ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး၊ ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၂၀.၄.၂၀၂၂) နေ့ နံနက် (၀၉၀၀)နာရီ အချိန်တွင် မဲဇလီကျေးရွာရှိ၊ ညောင်တုန်းကုန်စည်ဒိုင်တွင်  ဆန်၊ စပါးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဆန်၊စပါး ဈေးကွက်အခြေအနေနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးတို့ကို အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

            အဆိုပါဆွေးနွေးပွဲတွင် ညောင်တုန်းမြိ့နယ် ဆန်၊စပါးလုပ်ငန်းရှင်များ၏ တင်ပြချက်အရ စပါး စိုက်ပျိုးထုတ်လုပ်မှု၊ ကြိတ်ခွဲမှု၊ မြို့တွင်းဈေးကွက်နှင့် ရန်ကုန်ဆန်တင်ပို့မှု အခြေအနေများ၏ အားသာချက်၊ အားနည်းချက်များကို အသေးစိတ်တင်ပြမှုအပေါ် ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ ဆန်အရည်အသွေးမြင့်မားရေး၊ ဈေးကွက်ရရှိရေး၊ စားသုံးသူရေးရာဦးစီးဌာန၏ ထုတ်ကုန်လုံ ခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်နိုင်ရန် အထက်ဌာန၏ လမ်းညွှန်ချက်များ ဆွေးနွေးပြီး လုပ်ငန်းရှင်များက သိရှိလိုသော အချက်အလက်များကို အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

တောင်ငူမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ၊  တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ ဧပြီလ ၂၀ ရက်နေ့ နံနက် ပိုင်းက တောင်ငူမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များသို့ သွားရောက်၍ စက်သုံးဆီဘောက်ဆာကားများ အဝင်ရှိ/မရှိ၊ စက်သုံးဆီ ပြတ်လပ်မှုရှိ/မရှိ၊ ကြော်ငြာဆိုင်းဘုတ်တွင် ကြော်ငြာထားသည့် ဈေးနှုန်းများအတိုင်း ရောင်းချမှု ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

              ထိုသို့ကွင်းဆင်းစစ်ဆေးကြည့်ရှုရာတွင် တောင်ငူမြို့ ရွှေဝါစက်သုံးဆီအရောင်းဆိုင်၌ ဧပြီ လ ၁၉ ရက်နေ့ ညပိုင်း၌ Ron 92 ပြတ်လပ်မှုရှိခဲ့ကြောင်း တွေ့ရှိရပြီး ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ဘောက်ဆာကားရောက်ရှိလာသဖြင့် ပုံမှန်အတိုင်းပြန်လည်ရောင်းချနေပြီဖြစ်ကြောင်း၊ အမြန်လမ်းမ ကြီး ၁၄၆ မိုင်မှ Nilar Yoma စက်သုံးဆီဆိုင်မှာ ဧပြီ ၁၉ ရက်နေ့က ဆီဘောက်ဆာအဝင်မရှိသေးသဖြင့် လူတစ်ဦးလျှင် ကျပ်ငါးသောင်းဘိုးအထိသာ ရောင်းချပေးပြီး ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ဘောက်ဆာကားရောက်ရှိလာသဖြင့် ပုံမှန်အတိုင်းပြန်လည်ရောင်းချနေပြီဖြစ်ကြောင်း တွေ့ရှိရပါ သည်။

              အခြားဆီဆိုင်များအနေဖြင့် ပုံမှန်အတိုင်း အရောင်းအဝယ်ရှိနေကြောင်း၊ ဆီဆိုင်များ အားလုံး ကြော်ငြာဆိုင်းဘုတ်တွင် ကြော်ငြာထားသည့် ဈေးနှုန်းများအတိုင်း ရောင်းချလျှက်ရှိကြောင်းကို တွေ့ရှိရပါသည်။ တောင်ငူမြို့နယ်အတွင်း ယခုအချိန်တွင် စက်သုံးဆီရောင်းချနေမှုများမှာ ပုံမှန်အတိုင်းရှိနေပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

မြန်အောင်မြို့ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

               ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ မြို့နယ်တာဝန်ခံ ဦးမြင့်အောင်မှ (၄.၄.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌ အမှတ်(၂) ရပ်ကွက်၊ စာကြည်တိုက်တွင် ကုန်မျိုးစုံရောင်းချသူလုပ်ငန်းရှင် (၁၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခြင်းကို ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင်  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အကြောင်းသိကောင်းစရာများနှင့် စားသုံသူကာကွယ်ရေးဥပဒေပါ အခန်း (၁၀)မှ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ အခန်း(၁၁) ပုဒ်မ(၂၂)(၂၃)အရ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အခန်း(၁၈) ပုဒ်မ(၄၁)(၄၃)အရ ကုန်အညွှန်းအမှတ်အသားများကို  မြန်မာဘာသာဖြင့် ဖော်ပြရမည့်အကြောင်း စသည့်တို့ကိုဟောပြောခဲ့ပြီး၊ တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်းခဲ့ပြီးစားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံ ဦးဘိုဘိုသည် (၇.၄.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ထူးကြီးမြို့၊ အမှတ်(၁) ရပ်ကွက်၊ ကုန်မျိုးစုံရောင်းချသူလုပ်ငန်းရှင်(၁၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းကို ပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဘိုဘိုမှ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များအကြောင်း၊ အခန်း(၉)ပါ စာသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အကြောင်း တို့ကိုဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်းခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး နန်းတော်ကုန်း ကျေးရွာက ဝင်းသီင်္ဂီ ဆန်စက်အား ကွင်းဆင်းအသိပညာပေးခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မိတ်ဖက်အဖွဲ့အစည်းဖြစ်သော စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၇.၄.၂၀၂၂) ရက်နေ့ နံနက် (၀၉၀၀) နာရီအချိန်တွင် နန်းတော်ကုန်းကျေးရွာ ဝင်းသီင်္ဂီ ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါ ကွင်းဆင်းလေ့လာမှုတွင် ဓနုဖြူမြို့နယ်၊ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝင်းသီင်္ဂီ ဆန်စက်ပိုင်ရှင် ဦးတင်လှိုင်တို့တွေ့ဆုံ၍ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး ဆောင်ရွက်ထားနိုင်ရေးတို့အပြင်၊ ဓနုဖြူမြို့နယ်၏ ဆန်၊စပါး ဈေးကွက်အခြေအနေ၊ ရန်ကုန်သို့ ဆန်တင်ပို့နိုင်မှု အခြေအနေများနှင့် ဆန်းစပါးလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှု အလာအလာကောင်းများ  ကို အကျယ်တဝင့် ဆွေးနွေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ်ကုန်ခြောက်ဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များစားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်

           စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဧပြီလ (၁၈)ရက်နေ့ ၊ နံနက် (၀၈:၀၀) နာရီတွင် ကုန်ခြောက်ဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များကို  စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားတွင် မြို့နယ်တာဝန်ခံက  စားသူကာကွယ်ရေးဥပဒေပါအခန်း (၁၈) ပုဒ်မ (၄၁) ၊ (၄၃) အရ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာဖြင့်ဖြစ်စေ  ၊မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု  သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း ဆွေးနွေးပါသည်။ ဆက်လက်၍  မြို့နယ်တာဝန်ခံက  ဈေးကွက်မရောက်မီ ကုန်စည်များ၊  ဈေးကွက် အတွင်းရောက်ရှိပြီး  ကုန်စည်များအား  မြန်မာနိုင်ငံ  စားသုံးသူကာကွယ်ရေးကော်မတီ၏ ညွှန်ကြား ချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်အမျိုးအစားအလိုက်ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများ ပြည့်စုံလုံခြုံမှု ရှိ/မရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက် ရှိပါကြောင်း ၊သတ်မှတ်ချက်နှင့်အညီ ပြည့်စုံမှုမရှိသော ကုန်စည်များအား ဥပဒေပါအတိုင်း အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း    ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအနေဖြင့်   ကုန်စည်များတွင်ကုန် အညွှန်းအမှတ်အသားများ ပြုလုပ်ထားသည့်အတိုင်း ဖော်ပြရမည်ဖြစ်ပါကြောင်းဆွေးနွေးခဲ့ပါသည်။

ထိုနောက်တက်ရောက်သူများမှသိလိုသည်များမေးမြန်းမှုအပေါ် မြို့နယ်တာဝန်ခံကပြန်လည် ဖြေကြားခဲ့ပြီး (၂၀၁၉)ခုနှစ် အစားသုံးသူကာကွယ်ရေး ဥပဒေ အချက်အလက်ပါ လက်ကမ်းစာစောင် များပေးဝေခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် အောင်သပြေဈေးအတွင်း ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့နယ်တာဝန်ခံဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ (၂၀.၄.၂၀၂၂)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့ အောင်သပြေဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များသို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိမရှိကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဝါးခယ်မမြို့နယ်၊  အောင်သပြေဈေးအတွင်း ရောင်းချနေ သောကုန်မျိုးစုံဆိုင်များအား စားသုံးသူကာကွယ်ဥပဒေ ၂၀၁၉ ပါပြဌာန်းချက်အရ စားသုံးသူ၏အခွင့် အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု ပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက် များနှင့်ကိုက်ညီသော ကုန်စည်များအား စိစစ်ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိမရှိ စစ်ဆေးဝယ်ယူရောင်းချရန် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် ညွှန် ကြားချက်များ၊ အရေးယူဆောင်ရွက်မှုများ ရှင််လင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ