Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဓါတ်ခွဲခန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်သော အပင်၊ တိရစာၦန် သန့်ရှင်းရေးနှင့် ရောဂါဘယကင်း ရှင်းရေးဆိုင်ရာ ဓာတ်ခွဲခန်းများ ဖွံ့ဖြိုးတိုးတက် မှု စီမံချက်အတွက် အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများမှ ပညာရှင်များက ဓါတ်ခွဲခန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါကြောင်း စားသုံးသူပြည်သူများ သိရှိနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ World Consumer Rights Day အခမ်းအနား

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ World Consumer Rights Day အထိမ်းအမှတ် အခမ်းအနားအား မန္တလေးမြို့ မြို့တော်ခန်းမတွင် ၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ ဌာနဆိုင်ရာများ၏ ပညာပေးပြခန်းများ အသင်းအဖွဲ့နှင့် ကုမ္ပဏီများ၏ အရောင်းပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ယခုနှစ် ၂၀၁၈ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင်လည်း နေပြည်တော်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ World Consumer Rights Day အခမ်းအနား

စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနမှ ဌာနအကြီးအမှူးများသည် မန္တလေးမြို့ မြို့တော်ခန်းမတွင် ၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ ကျင်းပခဲ့သည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ World Consumer Rights Day အထိမ်းအမှတ် အခမ်းအနားတွင် ဌာနဆိုင်ရာများ၏ ပညာပေးပြခန်းများ အသင်းအဖွဲ့နှင့် ကုမ္ပဏီများ၏ အရောင်းပြခန်းများကို လှည့်လည် ကြည့်ရှုခဲ့ကြပါသည်။ 

ပုဂံမြို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကို တောင့်တင်းခိုင်မာစေခြင်းအတွက် စားသုံးသူ ဝန်ဆောင်မှုတိုင်ကြားချက်များ ကို စိစစ်ကိုင်တွယ်ဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ ပုဂံမြို့တွင် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကို တောင့်တင်းခိုင်မာစေရန်ရည်ရွယ်ပြီး စားသုံးသူဆိုင်ရာ ဝန်ဆောင်မှုတိုင်ကြားချက်များကို စိစစ်ကိုင်တွယ် ဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို စားသုံးသူ ရေးရာဦးစီးဌာနနှင့် USAID တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးမြင့်လွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ရာမှာ အလုပ်ရုံဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ဝန်ဆောင်မှုကဏ္ဍမှာ စားသုံးသူများရဲ့ အခွင့်အရေးတွေကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ဖို့ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ပုဂ္ဂလိကကဏ္ဍမှ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့နဲ့ အပြည်ပြည်ဆိုင်ရာ အလေ့အထကောင်းများကို လေ့လာမှုမှတစ်ဆင့် မိမိတို့ နိုင်ငံသားပြည်သူများအတွက် လက်တွေ့အသုံးချနိုင်ပြီး အကျိုးကျေးဇူး ဖြစ်ထွန်းစေမယ့်နည်းလမ်းတွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့အတွက်ပဲဖြစ်ကြောင်း ပြောကြားသွားခဲ့ပါသည်။

ဆွေးနွေးပွဲတွင် နေပြည်တော်(ရုံးချုပ်)၊ အထက်မြန်မာပြည် တိုင်းဒေသကြီးနဲ့ ပြည်နယ် ဦးစီးရုံးများမှ တာဝန်ရှိသူများ အပါအဝင် (၃၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး USAID မှ Private Sector Development Activity, Senior Technical Advisor ဖြစ်သူ Ms.Jaleen Moroney မှ ဝန်ဆောင်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦး အစားအစာ ဘေးကင်း လုံခြုံစိတ်ချရေးနှင့်ပတ်သက်၍ Asian Development Bank-ADB ကိုယ်စားလှယ် ကို လက်ခံတွေ့ဆုံ

ယနေ့နံနက် ၁၁ နာရီ အချိန် စားသုံးသူရေးရာ ဦးစီးဌာန၊ ရုံးချုပ်၊နေပြည်တော်တွင် ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦး သည် ADB ကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ၍ အစားအစာ ဘေးကင်း လုံခြုံစိတ်ချရေး နှင့် ပတ်သက်သော ဌာနက လက်ရှိ ဆောင်ရွက်မှု အခြေအနေ နှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအပေါ် အာရှဖွံဖြိုးရေးဘဏ်(ADB) နှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပါကြောင်း စားသုံးသူပြည်သူများ သိရှိနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ