Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်တုန်းမြို့နယ် မဲဇလီ အ.ထ.က ကျောင်းတွင် လူငယ်အသိပညာပေး ဟောပြောပွဲပြုလုပ်ကျင်းပ

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ညောင်တုန်းပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မဲဇလီ (အ.ထ.က) အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်အသိပညာပေးနှင့် စားသုံးသူတို့အခွင့်အရေးကို သိရှိနားလည်စေရန် ဟောပြောဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူတို့၏ အခွင့်အရေးကို သိရှိနားလည်ထားရန်၊ အခွင့်အရေးကိုသိရှိပြီး၊ စားသုံးသူတို့၏ လိုက်နာရမည့်တာဝန်များကိုလည်း လိုက်နာဆောင်ရွက်ကြရန်၊ မိမိတို့ဝယ်ယူအသုံးပြုနေသော ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ခြင်း အကြောင်းများ၊ ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာပါဝင်သော ကုန်စည်များကို ရွေးချယ်အသုံးပြုတက်စေရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အခြားသောမိတ်ဖက်ဌာနများကလည်း လူငယ်များ ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရန် ဦးဆောင်ဆွေးနွေးသော အလေ့အထများ၊ ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်တက်စေရန်၊ ရသစာပေများ ဖတ်ရှုပြီး လူငယ်နှင့် စာပေ၊ ယဉ်ကျေးမှု၊ အားကစား၊ လူ့ငယ်တို့၏ အခွင့်အရေးများ၊ ITခေတ် စသည့်ဖြင့် ဆွေးနွေးအပြန်အလှန် မေးမြန်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

သီရိမင်္ဂလာဈေးအတွင်းရှိ အသား/ငါးများ သန့်ရှင်းလတ်ဆက်မှုနှင့် သန့်ရှင်းသောရောင်းချမှုစနစ် ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ(၂၉)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင်  လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ အသား/ငါး/ကြက်ဥ/ဘဲဥရောင်းချနေသောဆိုင်များသို့ လတ်ဆက်မှုရှိ/မရှိနှင့် သန့်ရှင်းသောရောင်းချခြင်းစနစ် ရှိ/မရှိ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ပါသည်။   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးအတွင်းရှိ ကြက်သား/ငါးများကို ရန်ကုန်တိုင်းဒေသ ကြီးနှင့် တောင်ကြီးမြို့မှ အများဆုံးမှာယူ တင်သွင်းရောင်းချကြောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံအင်းမှ ငါးများနှင့်ဒေသငါးများလည်း မှာယူတင်သွင်းရောင်းချသည်ကို တွေ့ရှိရပါကြောင်း၊ ရောင်းချသောဈေးသည်များအနေဖြင့် Masks များနှင့် ရာဘာလက်အိတ်များ ဝတ်ဆင်ပြီး စနစ်တ ကျ ရောင်းချရန်လိုအပ်ကြောင်း၊ ဈေးသည်များအနေဖြင့် အလေးချိန်မှန်ကန်စွာ ရောင်းချရန်လို ကြောင်း၊ စစ်ဆေးနေစဉ်အတွင်း သန့်ရှင်းလတ်ဆက်မှုမရှိသော အသားအနည်းငယ်ကို တွေ့ရှိရပါသ ဖြင့် စည်ပင်သာယာရေးအဖွဲ့မှသိမ်းဆည်းကာ မီးရှို့ဖျက်ဆီးခဲ့ပါကြောင်းနှင့် သန့်ရှင်းလတ်ဆက်မှု မရှိသော အသား၊ ငါး၊ ဥများနှင့် ကူးစက်ရောဂါရနေသော အသား/ ငါးများအား ရောင်းချခြင်းမပြုရန် အသား/ ငါး/ ကြက်ဥ/ ဘဲဥများ ရောင်းချနေသော ဆိုင်(၂၆)ဆိုင်အား အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

ကယားပြည်နယ်၏ ၂၀၂၂ ခုနှစ်၊ တတိယသုံးလပတ် လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများ

    စာသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရန်နှင့်ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်အတွက်သော်လည်းကောင်း၊ စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ သိရှိစေရန်အတွက်သော်လည်းကောင်း၊ အခွင့်အရေးများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက တောင်းဆိုရယူတတ်စေရန်ရည်ရွယ်၍ စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း စွမ်းရည်ပြည့်စေရန် သင်တန်းများဖွင့်လှစ်ပို့ချခြင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်းဖော်ပြလာစေရေး စိစစ်ဆောင်ရွက်ပေးခြင်း၊ Online စနစ်ဖြင့် Talk Show များ ဆွေးနွေးဆောင်ရွက်ခြင်း၊ အငြင်းပွားမှုများ အရေးဆိုတိုင်တန်းလာပါက ညှိနှိုင်းဖြေရှင်းပေးနိုင်ရန် စားသုံးသူရေးရာကော်မတီအစည်းအဝေးများ ကျင်းပပြုလုပ်ခြင်း စသည့်လုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်လျက်ရှိပါသည်။

        ထိုသို့ဆောင်ရွက်ရာတွင် ကာလဒေသအခြေအနေအရ ပြည်နယ်တစ်ခုလုံးလွှမ်းခြုံနိုင်မှု မဆောင်ရွက်နိုင်သော်လည်း လုပ်ငန်းများဆောင်ရွက်နိုင်သည့် လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ် မြို့ပေါ် ရပ်ကွက်များအတွင်းရှိဈေးများ၊ စာသင်ကျောင်းများ ၊ စတိုးဆိုင်၊ ကုန်စုံဆိုင်များ၊ လည်ပတ်လျက် ရှိသည့်ဆီစက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ စသည်တို့ထံသို့သွားရောက်၍ အသိပညာပေးခြင်း၊ ဆွေးနွေးခြင်းများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောက်ရွက်လျက်ရှိပါသည်။

       ၂၀၂၂ခုနှစ်၊ အောက်တိုဘာမှဒီဇင်ဘာလအထိ တတိယသုံးလပတ်ကာလအတွင်း စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းကို ဌာနဆိုင်ရာများတွင်(၁)ကြိမ်၊ Online စနစ်ဖြင့် Talk Show (၂)ကြိမ်၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း(၂)ကြိမ်၊ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်း(၁၂)ကြိမ်၊ ကော်မတီအစည်းအဝေး(၁)ကြိမ်ဆောင်ရွက်ခဲ့ပါသည်။ ကုန်အညွန်းအမှတ်အသား     ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်(၁)ဦးမှကုန်စည်အမျိုးအစား (၂)မျိုးအား မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ညွှန်ကြားချက်ပါ အချက်အလက်များနှင့်ကိုက်ညီမှုရှိကြောင်း အတည်ပြုပြန်ကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သည်ဖြစ်၍ သက်ဆိုင်ရာ အစိုးရဌာန၊ အသင်းအဖွဲ့၊ လုပ်ငန်းရှင်များဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူသုံးစွဲတတ်လာပြီး၊ စီးပွားရေးလုပ်ငန်းရှင်များမှလည်း ကျင့်ဝတ်၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အတူ အရည်အသွေးပြည့်မီပြီး စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးတင်သွင်းရောင်းချပါကဒေသတွင်း စီးပွားရေး ပိုမိုတိုးတက်လာဖြစ်ပြီး ဈေးကွက်ဝေစုများပိုမိုရရှိကာ ဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်မှာလည်း ပိုမိုအောင်မြင်လာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(ကယား)

 

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် ဒီဇင်ဘာလအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

          စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လုပ်ငန်းရှင်ပေါင်း(၃၀)ဦးက အပ်နှံလာသော သီးနှံအမျိုးအစား(၁၄)မျိုး၊ စုစုပေါင်းနမူနာအရေအတွက် (၅၆) ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း (၁၉၃) ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

              ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လယ်ယာထွက်ကုန်ပို့ကုန်များအား အင်ဒိုနီးရှား၊ ဂျပန်နှင့် အိုင်ယာလန်နိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် နှမ်းနက်(သိပ္ပံ)၊ နှမ်းနက်(ရိုးရိုး)၊ မြေပဲ ဖတ်၊ နှမ်းဖြူဖတ်၊ နှမ်းဖတ်၊ ငြုပ်၊ ရှောက်ဘီလူး၊ ဆန်ဖြူ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲတီစိမ်းအခွံချွတ်ခွဲခြမ်း၊ ပဲတီစိမ်းအခွံပါ ခွဲခြမ်း၊ ကော်ဖီ‌စေ့၊ ထောပတ်ပဲနှင့် စားအုန်းဆီတို့၏ ဓာတု အရည်အသွေး၊ ပိုးသတ် ဆေးကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှုစသည့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းကိုလည်းကောင်း၊ ပြည်ပ နိုင်ငံ များမှ တင်သွင်းလာသည့် စားအုန်းဆီများ၏ အရည်အသွေးများကိုလည်းကောင်း ဓာတ်ခွဲ စမ်းသပ် ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

            ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးကြွင်းဆိုင်ရာ ဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၁၇) ခု၊  မှိုဆိပ်ဆိုင်ရာဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၁၂) ခု၊ ဆီနှင့်ဆီထွက် သီးနှံဓာတ်ခွဲခန်းမှ ဓာတ်ခွဲစမ်းသပ်မှု (၁၄၉) ခုနှင့် သီးနှံ(ဓာတု)ဆိုင်ရာ ဓာတ်ခွဲခန်းမှ ဓာတ်ခွဲ စမ်းသပ်မှု (၁၅)ခု၊ စုစုပေါင်း ဓာတ်ခွဲစမ်းသပ်မှု (၁၉၃) ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။

သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ

မကွေးမြို့၊ ကံလှကျေးရွာ၌ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ (မကွေး)စင်တာ၏ ပဲစဉ်းငုံသီးနှံ စုပေါင်းရောင်းချပွဲသို့ ကွင်းဆင်းလေ့လာခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒု-ခရိုင် ဦးစီးမှူးဦးမျိုးဝင်း (မကွေးမြို့နယ်တာဝန်ခံ)သည် (၂၇.၁၂.၂၀၂၂)ရက်နေ့ (၁၃:၀၀)အချိန်တွင် မကွေးမြို့၊ ကံလှကျေးရွာ၌ ဖွင့်လှစ်ထားသော တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ (မကွေး)စင်တာသို့ သွားရောက်ပြီး ပဲစဉ်းငုံသီးနှံစိုက်ပျိုးထားသော တောင်သူများထံမှ ပဲစဉ်းငုံသီးနှံဝယ်ယူရရှိမှုနှင့် စျေးနှုန်းအခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။

         မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးစိုးလွင်အေးနှင့်တွေ့ဆုံ မေးမြန်းခဲ့ရာ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့အနေဖြင့် ရေနံချောင်းမြို့၊ စက်မှုဇုန်ရှိ (New One) စက်ရုံတွင်  စင်တာ(၁)ခုနှင့် မကွေးမြို့၊ကံလှကျေးရွာရှိ(GPS)စက်ရုံတွင် စင်တာတစ်ခု စုစုပေါင်းစင်တာနှစ်ခုဖွင့်လှစ် ဝယ်ယူလျက်ရှိကြောင်း၊ ရေနံချောင်းစင်တာအား (၁၂.၁၂.၂၀၂၂)ရက်နေ့တွင် ပဲစဉ်းငုံ(၂၀)ပိဿာ (၁)တင်းလျှင် ကျပ်(၅၉၃၀၀)ဖြင့်ဝယ်ယူခဲ့ပြီး၊ (၂၇.၁၂.၂၀၂၂)ရက်နေ့တွင် ပဲစဉ်းငုံ(၂၀)ပိဿာ (၁)တင်းလျှင် ကျပ် (၅၃၈၀၀)ဖြင့် (၁၂.၁၂.၂၀၂၂)ရက်နေ့မှ (၂၇.၁၂.၂၀၂၂)ရက်နေ့အထိ ပဲစဉ်းငုံ(၁၄၅၉၉)တင်း၊ တန်အနေဖြင့် (၄၇၇)တန် ဝယ်ယူပြီးဖြစ်ကြောင်းနှင့် (မကွေး)စင်တာအား (၁၅.၁၂.၂၀၂၂)ရက်နေ့တွင် ပဲစဉ်းငုံ(၂၀)ပိဿာ (၁)တင်းလျှင် ကျပ်(၅၈၃၀၀)ဖြင့်စတင်ဝယ်ယူခဲ့ပြီး (၂၇.၁၂.၂၀၂၂)ရက်နေ့တွင် ပဲစဉ်းငုံ (၂၀)ပိဿာ (၁)တင်းလျှင် ကျပ်(၅၄၀၀၀)ဖြင့် (၁၅.၁၂.၂၀၂၂)ရက်နေ့မှ (၂၇.၁၂.၂၀၂၂)ရက်နေ့အထိ ပဲစဉ်းငုံ(၃၀၅၁)တင်း၊ တန်အနေဖြင့်(၁၀၀)တန် ဝယ်ယူပြီးဖြစ်ပါကြောင်း၊ စုစုပေါင်းစင်တာ(၂)ခုပေါင်း အနေဖြင့် (၁၇၆၅၀)တင်း တန်အနေဖြင့်(၅၇၇)တန် ဝယ်ယူပြီး ဝယ်ယူရရှိသော ပဲစဉ်းငုံသီးနှံများကို  မကွေးမြို့မှ ရန်ကုန်မြို့သို့ တင်ပို့ကြောင်းသိရှိရပါသည်။

      ထို့နောက်တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့(မကွေး)စင်တာသို့ လာရောက်ရောင်းချသော တောင်သူများအားတွေ့ဆုံ၍ ယခုကဲ့သို့ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့သို့ လာရောက်ရောင်းချခြင်းနှင့် ပုဂ္ဂလိကပွဲရုံများသို့ သွားရောက်ရောင်းချရာတွင် ကွာခြားမှုအခြေအနေကို မေးမြန်းခဲ့ရာ ပုဂ္ဂလိကပွဲရုံများက သီးနှံများအား ဒီဂျစ်တယ်ကတ္တားဖြင့် ချိန်တွယ်ဝယ်ယူရာ၌ အိတ်(၁)လုံးအလေးချိန်၊ (၂၅)ကျပ်သား ဖြတ်တောက်ပြီး ရရှိသည့်အလေးချိန်၌လည်း အစွန်းထွက်များအား ပွဲရုံကဖြတ်တောက်ကြကြောင်းနှင့် တိုင်းတောင်သူ ဖွံ့ဖြိုးရေးအဖွဲ့က အိတ်(၁)လုံးအလေးချိန်အတွက် အဝက်သားသာဖြတ်တောက်ပြီး အစွန်းထွက်များကအစ အတိအကျပေးချေသဖြင့် ပဲစဉ်းငုံသီးနှံတစ်အိတ်လျှင် ကျပ်(၈၀၀)ခန့် ပိုမိုရရှိကြောင်း တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ဝင် ဝက်သိုက်ကျေးရွာမှ တောင်သူဦးကိုဖြူ၏ပြောကြားချက် အရသိရှိရပါသည်။

DOCA(မကွေး)

တာချီလိတ်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၂၉)ရက်နေ့၊  နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် တာချီလိတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေး‌ရေးမှူးနှင့် ဝန်ထမ်းများသည် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍  တာချီလိတ်-ကျိုင်းတုံမြို့သို့သွားသည့်လမ်းမပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်(၃)ဆိုင်အား စက်သုံးဆီအချင်အတွယ်ပြည့်ဝမှုရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချနေမှုအခြေအနေနှင့် စက်သုံးဆီလက်ကျန်အခြေအနေတို့ကို ပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးခြင်းဆောင်ရွက်ရာတွင် စက်သုံးဆီအရောင်းဆိုင်များသည် အချင်အတွယ်မှန်ကန်မှုရှိ၍ သတ်မှတ်ရည်ညွှန်းဈေးအတွင်း ရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ စက်သုံးဆီလက်ကျန်အနေဖြင့် ဖြန့်ဖြူးရောင်းချပေးရန် လုံလောက်စွာသိုလှောင်ထားသည်ကိုလည်း တွေ့ရှိရပါသည်။  စစ်ဆေးရေးမှူးနှင့်ဌာနဆိုင်ရာများသည် စက်သုံးဆီအရောင်းဆိုင် တာဝန်ခံများအား အချင်အတွယ်မှန်ကန်မှုရှိစေရေးကို အလေးထားရန်၊ သတ်မှတ်ရည်ညွှန်းဈေးအတွင်းသာ ရောင်းချရန် မှာကြားခဲ့ပါသည်။ 

DOCA(ရှမ်း)

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးခန်းမတွင် Thursday Talk အခမ်းအနား၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေး

       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာမျှဝေဆွေးနွေးခြင်း Thursday Talk ကို (၂) ပတ်တစ်ကြိမ် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။  ၂၉-၁၂-၂၀၂၂ ရက်နေ့ နေ့လယ် (၂း၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ အဂတိလိုက်စားမှုတားဆီးရေး အသိပညာပေးဆွေးနွေးကို ဆောင်ရွက်ခဲ့ရာ စုစုပေါင်း ဝန်ထမ်း (၃၃)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရ ပါသည်။

      အဆိုပါ Thursday တွင် သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေး ဌာနခွဲမှ တာဝန်ခံ ဒေါ်မိုးသီတာလင်း(ဦးစီးအရာရှိ) က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေးခြင်းကဏ္ဍနှင့် တားဆီးကာကွယ်ခြင်းကဏ္ဍဟူ၍ အပိုင်း(၂)ပိုင်းခွဲ  ဆွေးနွေးခဲ့ ပါသည်။ အသိပညာပေးခြင်းကဏ္ဍတွင် အဂတိလိုက်စားမှု၏ အဓိပ္ပါယ်၊ အဂတိတရား(၄)ပါး၊ အဂတိ လိုက်စားမှုပုံစံများ၊ အဂတိလိုက်စားမှုအမျိုးအစားများ၊ အဂတိလိုက်စားမှုကြောင့်ဖြစ်ပေါ်သည့် နစ်နာမှု များ၊ အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များ၊ အဂတိလိုက်စားမှု၏ သက်ရောက်မှုများ၊ UNCA (ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း)၏ အဂတိလိုက် စားမှုဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်များအကြောင်း ဆွေးနွေးခဲ့ပါသည်။

   တားဆီးကာကွယ်ခြင်းကဏ္ဍတွင် အဂတိလိုက်စားမှု၏ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတားဆီး ကာကွယ်ခြင်း၏ အကျိုးကျေးဇူးများ၊ ဝန်ကြီးဌာန၏အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး မူဝါဒ (၇)ချက်၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU)ဖွဲ့စည်းရသည့်ရည်ရွယ်ချက်၊ ဝန်ကြီးဌာန၊ ဦးစီးဌာန၊ တိုင်း/ပြည်နယ်/နယ်စခန်းများအလိုက် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့ ဖွဲ့စည်းထားရှိမှု၊ (CPU)အဖွဲ့များ၏ လုပ်ငန်းတာဝန်(၃)ရပ်၊(CPU)အဖွဲ့များအတွက် လုပ်ငန်း အစီအစဥ် (၆) ရပ်၊ အများပြည်သူထံမှ တုန့်ပြန်မှုရယူခြင်းအစီအစဥ်(PFP) လုပ်ငန်းဆောင်ရွက်ပုံ၊ အဂတိ လိုက်စားနိုင်ခြေအန္တရာယ်ရှိမှုစမ်းစစ်ခြင်း(CRA)၊ (CRA )ဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်သော အကျိုး ကျေးဇူးများနှင့် တိုင်ကြားရာတွင် သတိပြုရမည့်အချက်များအကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။  ဟောပြောပွဲတွင် တက်ရောက်လာသော ဝန်ထမ်းများမှလည်း သိရှိလိုသည့်မေးမြန်းမှုများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဒီဇင်ဘာလအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပညာပေး

မုံရွာ၊ ဒီဇင်ဘာ ၂၉

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက် အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍   လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာ‌ပေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

    ထိုသို့ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊  ကုန်စည်ပေါ်တွင် ကပ်နှိပ်မည့် ကုန်အညွှန်း အမှတ်အသားဆိုင်ရာပြဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးအသိပညာ‌ပေးပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအပေါ် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးစေလိုပါက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်း စားသုံးသူရေးရာဦးစီးဌာနများ မှတစ်ဆင့် တင်ပြလျှောက်ထားနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားတင်ပြလျှောက်ထားမှုနှင့် စပ်လျဥ်း၍ ဌာနမှ မည်သည့်စာရွက် စာတန်းကြေး၊ ဝန်ဆောင်ခ၊ စစ်ဆေးအတည်ပြုခ မျှ ကုန်ကျစရိတ် ကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးနေကြောင်းအသိပညာပေး‌ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်မရောက်မီကုန်စည်များအား သွားရောက်စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်များအား အသိပညာပေး ခြင်းများဆောင်ရွက်ရာတွင် ၂၀၂၂ခုနှစ် ဒီဇင်ဘာလတွင် ဆီလုပ်ငန်းရှင်၊ လက်ဖက်လုပ်ငန်းရှင်၊ မုန့်လုပ်လုပ်ငန်းရှင်၊ ခေါက်ဆွဲလုပ်ငန်းရှင်၊ ဆန်စက်လုပ်ငန်းရှင်၊ ရေသန့်လုပ်ငန်းရှင်များ၊ ယက်ကန်း လုပ်ငန်း၊ စိုက်ပျိုးရေးမျိုးစေ့နှင့် ဓာတ်မြေဩဇာလုပ်ငန်းရှင်များနှင့်တွေ့ဆုံ ဆွေးနွေးအသိပညာပေး ခြင်း(၃၄)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ‌ဒီဇင်ဘာလအတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

မုံရွာ၊ ဒီဇင်ဘာ ၂၉

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက် အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

        ထိုသို့စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက် ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်း စွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေး တို့အတွက် ၂၀၂၂ခုနှစ် ဒီဇင်ဘာလတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များ၊ လူသုံးကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းများ (၃၂)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် တစ်နှစ်စာအတွင်း ဦးစားပေးဆောင်ရွက်ရန် လျာထားသည့်  ကုန်စည် (၇) မျိုးဖြစ်သည့် အချိုရည်၊ စားသုံးဆီ၊ သွားတိုက်ဆေး၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာရည်၊ ခေါက်ဆွဲခြောက်၊ စက်သုံးဆီနှင့် အသားလုံး၊ အသားချောင်းများစစ်ဆေးခြင်း၊ မှတ်ပုံတင်ခြင်းမရှိသော ဆေးဝါးများ၊ အလှကုန်ပစ္စည်း၊ ခွင့်ပြုချက်မပါသော စားသောက်ကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့်  ကုန်စည်များ ဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့်ပတ်သက်သည့်သတင်းအချက်အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီသည့်ကုန်စည်များအားရွေးချယ်ဝယ်ယူနိုင်စေရေးအတွက် စားသုံးသူ ကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေး၊ ဌာန၏ အတည်ပြုချက်ရယူရန်တင်ပြလာပါက ဌာနမှ ဥပဒေနှင့်ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးနိုင်ရေး တို့ကို ဆွေးနွေးအသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှလည်း သတ်မှတ်လိုင်စင်များ ရှိ/မရှိ စစ်ဆေးပြီး၊ လိုင်စင် လျှောက်ထားနိုင်ရေး၊ သက်တမ်းကုန်လိုင်စင်များအား သက်တမ်းတိုးဆောင်ရွက်နိုင်ရေး၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် မသင့်သည့် ကုန်စည်များအား ရောင်းချခြင်းမပြုစေရေး အသိပညာပေးပြောကြားခဲ့ပါသည်။   

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ

        စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ အတွက် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်၊  စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်စေရန်အတွက် တိုင်း၊ ခရိုင်၊ မြို့နယ် အလိုက် စားသုံးသူကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ အတွင်း တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းတွင်လည်းကောင်း၊ မုံရွာမြို့၊ သလ္လာရပ်ကွက်၊ အမှတ်(၄) အခြေခံပညာ အထက်တန်း ကျောင်းတွင်လည်းကောင်း၊  ကလေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် တမူးမြို့၊ စော်ဘွား(၁) ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊  မင်းကင်းမြို့နယ်၊ အင်းတောင်း ကျေးရွာ၊ အင်းတောင်း အခြေခံပညာမူလတန်းကျောင်းတွင်လည်းကောင်း၊ ကလေးဝမြို့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် “Talk Show” အစီအစဉ် ပြုလုပ်၍ လည်းကောင်း၊ ကလေးဝမြို့နယ်၊ ကိုင်းကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းတွင် လည်းကောင်း၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်၊ အခြေခံပညာ အလယ်တန်း ကျောင်းတွင် လည်းကောင်း၊ ကန့်ဘလူမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် “Talk Show” အစီအစဉ်ပြုလုပ်၍လည်းကောင်း၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စစ်ကိုင်းမြို့၊ ရွှေမင်းဝန်ရပ်ကွက်၊ မြို့နယ် အခြေခံပညာအလယ်တန်းကျောင်းတွင်လည်းကောင်း၊ စစ်ကိုင်းမြို့၊ ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနတွင်လည်းကောင်း၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ အမှတ်(၄၁၁) အခြေခံပညာမူလတန်းကျောင်းတွင်လည်းကောင်း၊ မုံရွာမြို့၊ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်လည်းကောင်း၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ရွှေဘိုခရိုင်၊ ဝက်လက်မြို့၊ အမှတ် ( ၃) အခြေခံပညာ အထက်တန်းကျောင်းတွင် လည်းကောင်း၊ ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်၊ အခြေခံပညာအလယ်တန်း ကျောင်းတွင် လည်းကောင်း စုစုပေါင်း (၁၄)ကြိမ် အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ ဌာန၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက် တာဝန်များ၊ စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ ဌာနသို့ ဆက်သွယ်တိုင်ကြား နိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူတိုင်ကြားမှု ဖြစ်စဉ်များကို အသိပညာပေး ဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း၊ ထို့အပြင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးမှုများကို တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် (၂)ကြိမ်၊ ကလေးခရိုင်ဦးစီးမှူးရုံး အနေဖြင့် (၃)ကြိမ်၊ ကသာခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၅)ကြိမ်၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၂)ကြိမ်၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၉)ကြိမ်၊ မုံရွာခရိုင် ဦးစီးမှူးရုံး အနေဖြင့် (၄)ကြိမ်၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၃)ကြိမ်၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် (၆)ကြိမ် စုစုပေါင်း (၃၄)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်တို့၏ တာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံချက်များ၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပြည့်စုံစွာပေးရန် စီးပွားရေး လုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရန် အချက်များကို ရှင်းလင်းဆွေးနွေး အသိပညာပေးခြင်း၊ ရည်ညွှန်းဈေး သတ်မှတ်ထားသော ကုန်စည်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချစေရေး ဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်နှင့် သက်ဆိုင်သော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ