Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မော်လမြိုင်မြို့ မြိုင်ရတနာ နှစ်ထပ်ဈေးတွင် အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မော်လမြိုင်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၁.၇.၂၀၂၂) ရက်နေ့တွင် မော်လမြိုင်မြို့ မြိုင်ရတနာနှစ်ထပ်ဈေးရှိ အလှကုန်ပစ္စည်းများရောင်းချခြင်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ စောင့်ကြည့်စစ်ဆေးရာတွင် အလှကုန်ဆိုင်များ၌ ရောင်းချနေသော ထုတ်ကုန်ပစ္စည်းများမှာ ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ဆောင်ရွက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ထုတ်ဝေထားသော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဈေးကွက်အတွင်းစားဆီများ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်း၊ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် သထုံ-ဘားအံ လမ်းပေါ်ရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချရေးလုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဒုတိယခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းမှ စားအုန်းဆီများအား သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့်ပြည့်မှီစေရေး စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သောစားအုန်းဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ပေါင်း၍ ၂ ရာခိုင်နှုန်းအမြတ်ထက်မပိုသော ဈေးနှုန်းဖြင့်ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်အား လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကလေးခရိုင်တွင် စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး Talk Show ပြုလုပ်

             စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန ၊ကလေးခရိုင်ဦးစီးမှူးဒေါ်သန်းသန်းဝင်းသည် ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး Talk Show အား  ( ၁၃.၇.၂၀၂၂ ) ရက်နေ့၊ နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

              ပထမဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတွာလ်ဆွင်းဗန်မှ ပြည်သူများအနေဖြင့်  မိမိအိမ်မှ ကြည့်ရှုလေ့လာနိုင်ရန်အတွက် လစဉ် Talk Show များကို ဆောင်ရွက်လျက်ရှိကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

            ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ပေးရေး ဥပဒေပါ ပြဌာန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်ညွှန်းအမှတ်အသားများနှင့် စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်မှုအခြေအနေများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မင်းပြားမြို့နယ် ခေါင်းလောင်းရွာသစ် အမကကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

          ရခိုင်ပြည်နယ်၊  စားသုံးသူရေးရာဦးစီးဌာန၊ မင်းပြားမြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်း   (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည်  ဇူလိုင်လ (၁၁)ရက်နေ့ နံနက်(၁၀:၃၀)နာရီတွင် မင်းပြားမြို့နယ် ခေါင်းလောင်းရွာသစ် အမကကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မင်းပြားမြို့နယ်တာဝန်ခံမှ စားသုံးသူများအနေဖြင့် အသင့်စားမုန့်ပဲ သရေစာများဝယ်ယူစားသောက်ခြင်း ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိမှုအားအဓိကထားဖတ်ရှုသင့်ကြောင့် စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက စားသုံးသူ ရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဆောင်ရွက်ပေးလျှက်ရှိသည့် အကြောင်းအရာများအားလည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား/သူ (၅၇)ဦးအား ခဲတံများ လက်ဆောင်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးပွဲကျင်းပ

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ ဦးခွန်ကျော်ဋ္ဌေး(လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်သော ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို (၈.၇.၂၀၂၂) ရက်နေ့၊ နံနက် (၀၉:၀၀)အချိန်တွင် တောင်ကြီးပညာရေးဒီဂရီကောလိပ် သင်တန်းခန်းမ၌  ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး(ကိုယ်စား) သင်တန်းရေးရာဌာနကြီးမှူး ဒေါ်စိမ်းစိမ်းမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူး ဦးခွန်ကျော်ဋ္ဌေး (လက်ထောက်ညွှန်ကြားရေးမှူး)က ဌာနလုပ်ငန်းများအကြောင်း၊ ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၉)နှင့် အခန်း(၁၈)တို့တွင် ပြဌာန်းထားသော စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်အချက်များနှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့် ပုံစံနည်းစနစ်များအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

              အဆိုပါအခမ်းအနားသို့ တောင်ကြီးပညာရေးဒီဂရီကောလိပ်ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ (၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

 

                  

ကော့ကရိတ်မြို့၊ အဆင့်မြင့်(၂)ထပ်ဈေးသစ်အတွင်းရှိ ဈေးဆိုင်များကို ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

            စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တာဝန်ခံရုံးမှ ဦးသက်လွင် (ရုံးအုပ်)၊ ဦးမောင်မောင်အေး (ဒု-ကြီးကြပ်ရေးမှူး) တို့သည် ၄-၇-၂၀၂၂ ရက်နေ့၊ နံနက် (၈:၀၀)နာရီ အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကျေးအဖွဲ့ဝင်များ ပူးပေါင်း၍ အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ကော့ကရိတ်မြို့ အဆင့်မြင့်(၂)ထပ် ဈေးသစ်အတွင်း လက်လီ/လက်ကား ရောင်းချ နေသော ကုန်စုံဆိုင်များ၊ မုန့်မျိုးစုံဆိုင်များ၊ စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်း၍ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် သက်တမ်းလွန်ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချနေမှု ရှိ/မရှိ  ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ အခြေအနေများကိုလည်ကောင်း စားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉ ပါ ညွှန်ကြားချက်နှင့်အညီ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

        စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများလုပ်ခြုံစိတ်ချရမူရှိစေရန်အတွက် ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်သားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်များပေါ်တွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာအချက်များနှင့် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ထောက်ခံချက်များ ပါဝင်ခြင်း ရှိ/မရှိစသည့် ထုတ်ကုန်လုံခြုံစိတ်ချရမူဆိုင်ရာ ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

မြိတ်မြို့ရှိ ရွှေ ငါးမုန့်ကြော်လုပ်ငန်းအား ကြည့်ရှု့စစ်ဆေးခြင်း

            တနင်္သာရီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းများသည် (၈.၇.၂၀၂၂) ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ပုလဲဒီပါရပ်ကွက်၊  ကချင်လမ်းရှိ ရွှေ ငါးမုန့်ကြော်လုပ်ငန်းသို့  သွားရောက်၍ ရွှေငါးမုန့်ကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံကာ  စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန် အချက်အလက်များ ရှင်းလင်းပြောကြားခြင်းနှင့် ငါးမုန့်ကြော်ထုတ်လုပ်ထုပ်ပိုးမှုအခြေအနေတို့ကို ကြည့်ရှု့စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

         ငါးမုန့်ကြော်ထုတ်လုပ်ထုပ်ပိုးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအား ဖော်ပြထားရှိပြီး သက်ဆိုင်ရာဌာန၏ အစားအသောက်ထောက်ခံချက်ရရှိထားသည့်အပြင် စနစ်တကျ ထုတ်ပိုးလျှက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ထို့အပြင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းပြောကြားပြီး အစားအသောက်သန့်ရှင်းရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထား၍ ထုတ်လုပ်ရောင်းချရန်၊ သက်တမ်းလွန်အစားအသောက်မဖြစ်စေရေး ဂရုပြုဆောင်ရွက်ကြရန်နှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မြို့နယ်တာဝန်ခံဦးလေးလွင်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းကာ (၈.၇.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် အိမ်မဲအထက်ပိုင်းရပ်ကွက်၊မြို့မ(၂) (အ-မ-က)ကျောင်းတွင် ကျောင်းသား/ သူ ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များရှင်းလင်းပြောကြားပြီး စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ လုပ်ငန်းရှင်၏တာဝန်များ၊ ကျောင်းသား/သူများအား စားသုံးရန်မသင့်သောအစားအစာများနှင့် ဆိုးဆေးများ အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများ၊ ထုတ်လုပ်မှုအမှတ်စဉ်စသည်တို့ကို ကျောင်းသား/သူများ မှတ်မိလွယ်စေရန် အသေးစိတ် ဟောပြောဆွေးနွေးခဲ့ပါသည်၊ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ (၅)ဦး၊ ကျောင်းသား/သူ(၁၁၈)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

လပွတ္တာခရိုင်၊လပွတ္တာမြို့နယ် အမှတ်(၆)ရပ်ကွက် ကမ်းနားလမ်းရှိ ကုန်မျိုးစုံဆိုင်များ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိမရှိ ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန လပွတ္တာခရိုင် ၊လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် (၈.၇.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀) နာရီက အမှတ်(၆) ရပ်ကွက်၊ ကမ်းနားလမ်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဆီများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်မှုရှိမရှိ နယ်မြေဈေးကွက် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် လပွတ္တာမြို့ အမှတ်(၆)ရပ်ကွက် ကမ်းနားလမ်းရှိ ဈေးများတွင်ရောင်းချနေသော ဟင်းသီးဟင်းရွက်ဆီဘူးများ၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ (၂၀.၁၂.၂၀၂၁)ရက်နေ့ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်၊ (၁/၂၀၂၁)အရ ဈေးကွက်အတွင်း အချို့သောစားသုံးသူများကို ဟင်းသီးဟင်းရွက်ဆီ Vagetable  Oil , Cooking  Oil ဟူ၍ ဖော်ပြပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျှက်ရှိကြောင်း စိစစ်တွေ့ရှိရပါသည်၊ သို့ဖြစ်ပါ၍ စားသုံးသူများ ထင်ယောင်ထင်မှားမဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်များအပေါ်တွင် စိတ်ကျေနပ်မှုရရှိစေရေးအတွက် သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ဟင်းသီးဟင်းရွက်ဆီ   အမျိုးအစားနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏ အမျိုးအမည်ကို တိကျစွာမြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏အသားတင် ပမာဏနှင့်အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာ ဘာသာဖြင့်ဖော်ပြရမည်၊ ဤညွှန်ကြားချက် ထုတ်ပြန်ပြီး(၆)လပြည့်မြောက်သည့်နေ့မှစတင်ကာ အာဏာသက်ရောက်မည်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင် များအနေဖြင့် ဤညွှန်ကြားချက်အပိုဒ်(၄)ကို လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အခြားကုန်စည်များတွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့်ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများအား နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် မြောင်းမြမြို့၊  မြို့မဈေးနှင့်ကူးတို့ဈေးရှိ ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

              ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍(၈.၇.၂၀၂၂)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်က မြို့မဈေးနှင့်ကူးတို့ဈေးများရှိ ကုန်မျိုးစုံဆိုင်များ အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြောင်းမြမြို့၊  မြို့မဈေးနှင့် ကူးတို့ဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချသောဆိုင်များရှိ ဆိုင်ပိုင်ရှင်များအား မိမိတို့ဆိုင်များတွင် ရောင်းချနေသော ဟင်းသီးဟင်း ရွက်(စားအုန်းဆီ)ဘူးများ၌ ကုန်အညွှန်းအမှတ်အသားပါဝင်မှုရှိ/မရှိနှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်((၁/၂၀၂၁)ဖြင့် ဈေးကွက်အတွင်း အချို့သောစားသုံးဆီများကို ဟင်းသီးဟင်းရွက်ဆီ Vegetable Oil , Cooking Oil ဟူ၍ ဖော်ပြပြီး၊ ထုတ်လုပ်ရောင်းချလျှက်ရှိကြောင်း တွေ့ရှိရ၍ စားသုံးသူများထင်ယောင်ထင်မှား မဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိစေရေးအတွက် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ဟင်းသီးဟင်းရွက်ဆီအမျိုးအစားနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်အမျိုးအမည်ကိုတိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရမည်၊ ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ ဤညွှန်ကြားချက်သည်(၂၀.၁၂.၂၀၂၁)ရက်နေ့မှထုတ် ပြန်ပြီး (၆)လပြည့်မြောက်ပြီးသည့်နေ့ရက်မှစတင်၍ အာဏာသက်ရောက်မည်ဖြစ်ပြီး၊ လိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်စုံဆိုင်ပိုင်ရှင်များအား အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ