Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဟင်္သာတမြို့နယ် ပြည်သူအသိပညာပေး ဟောပြောပွဲပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ဟင်္သာတမြို့နယ်၊တလုတ္ထော်မြို့ အမှတ်(၃)ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ပြည်သူ(၆၀)ဦးအား (၃.၆.၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

     ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန် ကုန်အညွှန်း အမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ် ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှု များကြောင့် နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု  လက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များ အကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကို လည်းကောင်း စသည်တို့ကို အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဆီသန့်စင်စက်ရုံအားစစ်ဆေးခြင်း

      စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးလှစိုးနှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဈေးစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့နှင့်ပူးပေါင်းကာ (၄-၆-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင်  ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဆီသန့်စင်သည့်စက်ရုံသို့သွားရောက်၍ စက်ရုံလည်ပတ်မှုအခြေအနေစစ်ဆေးမေးမြန်းခြင်းများပြုလုပ်ခဲ့ပါသည်။

     အဆိုပါစစ်ဆေးမေးမြန်းမှုတွင် စက်ရုံ၏ တစ်လအတွင်း ကုန်ကြမ်းကြိတ်ခွဲထုတ်လုပ်မှုနှင့် ကုန်ချောထွက်ရှိမှုပမာဏ၊ ကုန်ကြမ်းလက်ကျန်နှင့် လုပ်သားအင်အား၊ လိုင်စင်လျှောက်ထားမှု အခြေအနေတို့ကိုမေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ပုဇွန်တောင်မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(ဒုကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးစည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူတို့နှင့်ပူးပေါင်းကာ (၄-၆-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ရာတွင် ပြည်ပမှတင်သွင်းသော ကုန်စည်များကိုသာမက ပြည်တွင်း၌ထုတ်လုပ်သော ကုန်စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ် ဈေးကွက်ရောက်ပြီးသော ကုန်စည်များ၏ ဘေးအန္တရာယ်ရှိ/မရှိစစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များပါဝင်မှုရှိ/မရှိစစ်ဆေးခြင်းကို စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာဖြန့်ဖြူးရောင်းချရန်၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသည့် ကုန်စည်များကို ရောင်းချခြင်းမပြုရန် အသိပညာပေးမှာကြားခဲ့ပြီး စားသုံးဆီအမျိုးမျိုးတို့တွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာပါရှိသော ဆီဘူးများကိုသာ ဆိုင်တင်ရောင်းချကြရန် ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မရမ်းကုန်းမြို့နယ်၊ ၉မိုင် Ocean ရှိ အသင့်သောက်အချိုရည်များနှင့် စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ မရမ်းကုန်းမြို့နယ်၊ ၉မိုင် Ocean ရှိ ဒေသခံပြည်သူများ စားသောက်ကုန်အမျိုးမျိုးတို့အား ဝယ်ယူသုံးစွဲရာတွင် အစားအစာဘေးကင်းလုံခြုံမှုရှိစေရန်၊ စနစ်တကျဝယ်ယူစားသုံးနိုင်ရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ မေလ(၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မရမ်းကုန်းမြို့နယ်၊ ၉မိုင် Ocean ၌ အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုးတို့တွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အနောက်ပိုင်းခရိုင်၊  စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးနှင့် မြို့နယ်တာဝန်ခံတို့ပူးပေါင်း၍ ၉မိုင် Ocean ရှိ အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုးအားရောင်းချရာတွင် သက်ဆိုင်ရာဌာနများမှညွှန်ကြားထားသော ကုန်အညွှန်းအမှတ်အသားဆိုင်ရာလိုက်နာရမည့်အချက်များ၊ မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက် ရေးသားဖော်ပြရမည့်အချက်များ၊ စံချိန်စံညွှန်းကိုက်ညီမှုမရှိသော အစားအသောက်များ၊ (FDA) ၏ခွင့်ပြုချက်မရှိသော စားသောက်ကုန်များ၊ သက်တမ်းကုန်းဆုံးသော အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရန် စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကိုဆွေးနွေးခဲ့ပြီး အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်ဆိုင်များနှင့် ဆန်ဂိုဒေါင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့်ဝန်ထမ်း(၂)ဦး၊ ဘုရင့်နောင်ဈေး စည်ပင်ဌာနမှ ဦးကျော်မင်းဦး၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဒေါ်သဇင်အေးတို့ပူးပေါင်းပါဝင်လျက် ၂၄-၅-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်မှစ၍ ဘုရင့်နောင်ဈေးသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဈေးအတွင်းရှိ ဆန်ဆိုင်နှင့် ဆန်ဂိုဒေါင်များဖြစ်သော CSW ပွဲရုံ၊ ရွှေစွမ်းအားပွဲရုံ၊ မြဂုဏ်ရည်ပွဲရုံတို့အား ရောင်းချသည့်ဆန်အမျိုးအစား၊ ဝယ်ယူသည့်အိတ်၊ ရောင်းချသည့်အိတ်၊ လက်ကျန်အိတ်၊ ဆန်များဝယ်ယူရရှိသည့်ရက်စွဲ၊ ဝယ်ယူသည့်နေရာ၊ သိုလှောင်သည့်နေရာ၊ ယခုအပတ်ရောင်းဈေးနှင့် ယခင်အပတ်ရောင်းဈေးများကိုစစ်ဆေးခဲ့ရာ ထူးခြားစွာပြောင်းလဲမှုမရှိဘဲ ပုံမှန်အတိုင်းရောင်းဝယ်လျက်ရှိပါသည်။ ဆန်များမှာယူရာတွင်လည်း ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုနှင့် နေရာစုံမှ မှာယူကြောင်း၊ ဈေးနှုန်းမှာလည်း တစ်ပတ်နှင့်တစ်ပတ် အများအပြားပြောင်းလဲမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ရန်ကုန်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် ၆.၆.၂၀၂၄ ရက်နေ့တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက်ရှိ မကြူ (ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ MY BOY အမှတ်တံဆိပ်ပါ နို့စိမ်းတွင် ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး အခြားကုန်ပစ္စည်းများ ရောင်းချဖြန့်ဖြူးရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

     ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်သည် ၅.၆.၂၀၂၄ ရက်နေ့တွင် ဗန်းမော်မြို့၊ ညောင်ပင်ရပ် ရပ်ကွက်ရှိ စားသုံးဆီအမျိုးမျိုး ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်က ၂၀၁၉ ခုနှစ် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၊ ကုန်စည်နှင့်ဝန်ဆောင်မှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု၊ ကုန်စည်/ ဝန်ဆောင်မှုလုပ်ငန်းအပေါ် အာမခံချက်ပေးခြင်း၊ စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက် အမှတ် ၂/၂၀၁၉ နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် ၁/၂၀၂၁တို့အား လိုက်နာဆောင်ရွက်ရမည့်အပြင် မြန်မာနိုင်ငံအစားအသောက် နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသော ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ (Blended Oil) အဖြစ် ရောစပ်ရာတွင် အရည်အသွေး၊ အာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့် အမိန့်များအား လိုက်နာဆောင်ရွက်သွားရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာဥပဒေများနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။  

DOCA(ကချင်)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် Talk Show ကျင်းပပြုလုပ်ခြင်း

    ၂၀၂၄ ခုနှစ်၊ ဇွန်လ၊ ၆ ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးသည် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍“စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများ အသိပညာပေးTalk Show" ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များအကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူပြည်သူများ၏ အခွင့်အရေးများနှင့် တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာများနှင့် Online မှ ကုန်စည်နှင့်ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် သတိပြုလိုက်နာရမည့် အချက်များအကြောင်းနှင့် စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများရှိလာပါက ကုစားပေးနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့်နည်းလမ်းများအား ပြောကြားရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ရုံးချုပ်မှ ကျင်းပပြုလုပ်သော ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲသို့ တက်ရောက်

    ၂၀၂၄   ခုနှစ်၊   ဇွန်လ၊    ၆   ရက်နေ့၊    နံနက် (၁၀း၀၀) အချိန်တွင်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ ကျင်းပပြုလုပ်သော (၅/၂၀၂၄) ကြိမ်မြောက် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်ရုံးများရှိဝန်ထမ်းများမှ online virtual ဖြင့် တက်ရောက်ခဲ့ပါသည်။  

     အစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရုံးချုပ်၊ စီမံရေးရာဌာနခွဲမှ ညွှန်ကြားရေးမှူးမှ (၄/၂၀၂၄) ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲမှ ဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ရုံးချုပ်၊ ဌာနခွဲများနှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးမှ အရာထမ်း/ အမှုထမ်းများမှ လိုအပ်သည်များအား ဆွေးနွေးတင်ပြခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကာ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနားအား နံနက်(၁၁း၁၅) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့တွင် ဆန်နှင့် ဆီ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် ကွင်းဆင်းစစ်ဆေး

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အခြေခံစားကုန်များဖြစ်သော ဆန်နှင့် စားသုံးဆီစျေးနှုန်းများကို စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် ၂၀၂၄ခုနှစ်၊ ဇွန်လ(၆)ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင်  မြိတ်ခရိုင် ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များမှ မြိတ်မြို့၊ တပ်ပြင်ရပ်ရှိ ဆန်နှင့် ဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ၊ ခရိုင်ဗဟိုစာရင်းအင်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်ပြီး ဆန်နှင့်ဆီအရောင်းဆိုင်များကို အလေးချိန်မှန်ကန်စွာဖြင့် သတ်မှတ်စျေးအတိုင်း ရောင်းချရန်နှင့် ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းဖြင့်သာရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ