Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒိုက်ဦးမြို့တွင် မြေပြင် ကွင်းဆင်းစောင့်ကြည့်စစ်ဆေးခြင်း

       ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ (၁၇-၅-၂၀၂၄)ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဒိုက်ဦးမြို့မဈေးတွင်းတွင် ရောင်းချနေသော ကလေးကစားစရာအရုပ်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းလေ့လာဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာ ကလေးအသုံးအဆောင်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေး၍ ပုခက်၊ လက်တွန်းလှည်း၊ လမ်းလျှောက်ကွင်းများနှင့် ကစားစရာအရုပ်များအား စစ်ဆေး၍ ကလေးများဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေးအတွက် ဆိုင်ရှင်များအား ၄င်းပစ္စည်းများနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားများကို တိကျစွာဖော်ပြနိုင်ရန်နှင့် ဘေးအန္တရာယ်ဖြစ်စေနိုင်သော သတိပေးချက်များကိုတိတိကျကျဖြင့် မြင်သာသောအရွယ်အစားနှင့် မြင်သာသောနေရာများတွင် တိကျစွာဖော်ပြနိုင်ရေး အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(ပဲခူး)

မြောင်းမြခရိုင် စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၁၇-၅-၂၀၂၄) ရက်နေ့ ၊နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများ အား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌လည်းကောင်း ၊ အိမ်မဲမြို့နယ် တာဝန်ခံဒေါ်ဇင်မာသန်းသည် (၁၆-၅-၂၀၂၄)ရက်နေ့ ၊နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ စားသုံးသူ ပြည်သူများအား အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ၌လည်းကောင်း စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ (ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များ သိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca. gov.mm website တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မှော်ဘီခရိုင် တရားမဝင်သစ်များ သယ်ဆောင်လာခြင်းရှိ/ မရှိ ရှောင်တင်ခင်စစ်ဆေးခြင်း

     ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်ချက်အရ မှော်ဘီခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ခေါင်းဆောင် ဒုရဲမှူးကြီးငွေတင်ဦးဆောင်၍ အမှတ်(၄)လမ်းဆုံ စစ်ဆေးရေးဂိတ်၊ ဗိုလ်မှူးဇော်ဇော်အောင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မျိုးထွန်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ  ဒု-လဝကမှူး ဦးသန့်ဇင်၊ သစ်တောဦးစီးဌာနမှ တောအုပ် ဦးမင်းသန့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးမောင်လှိုင်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ဒုရဲမှူးဝင်းအောင်အဖွဲ့ဝင်များပူးပေါင်း၍ ၁၆-၅-၂၀၂၄ ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်မှ (၈:၃၅)နာရီအချိန်အထိ မှော်ဘီမြို့နယ်ရှိ အမှတ်(၄) လမ်းဆုံစစ်ဆေးရေးဂိတ်တွင်  ကုန်တင်မော်တော်ယာဉ် (၄၀) စီးအား တရားမဝင်သစ်များတင်ဆောင်လာခြင်းရှိ/ မရှိ ရှောင်တခင်ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။

        အဆိုပါ အမှတ်(၄)လမ်းဆုံဂိတ်တွင် တိုက်ကြီး၊ မြောင်းတကာ၊ ပြည်၊ မိုးညို၊ လက်ပံတန်း၊ မင်းလှ၊ သာယာဝတီ၊ ကြို့ပင်ကောက်တို့မှ ဝင်ရောက်လာသော ကုန်တင်ယာဉ်များတွင် ပဲစင်းငုံ၊ မတ်ပဲ၊ ကုန်စိမ်း၊ သကြား၊ ခရီးသည်တင်ကားများ အများဆုံးတင်ဆောင်နေကြောင်းစစ်ဆေးတွေ့ရှိခဲ့သဖြင့် တရားဝင်ကုန်စည်များသာဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေ၊ ပုသိမ်ခရိုင်မှူးနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် ကျောင်းကုန်း၊ ကျုံပျော်၊ ရေကြည်မြို့နယ်အတွင်းရှိ ဆီလုပ်ငန်းရှင် (၁၈) ဦးအား (၁၇.၅.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် စားသုံးသူ၏အခွင့်အရေး(၈)ချက်အား အသိပညာပေးဟောပြောခြင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေမှ အဖွင့်အမှာစကားပြောကြား ခြင်း စားသုံးသူရေးရာဌာနခွဲတာဝန်ခံမှ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း ၊ စားသုံးသူ၏ အခွင့်အရေး(၈)ချက်အကြောင်း ၊ ကုန်အညွှန်းအမှတ်အသားများအကြောင်း အကျယ်တဝံ့ ရှင်းလင်း ဟောပြောခဲ့ပြီး နံနက် (၁၁:၃၀) အချိန်တွင် အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မဈေးတာဝန်ခံရုံး၌ ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ၊အိမ်မဲမြို့နယ် တာဝန်ခံဒေါ်ဇင်မာသန်းသည် အိမ်မဲမြို့နယ် မြို့မဈေးတာဝန်ခံရုံး၌ (၁၇.၅.၂၀၂၄)ရက်နေ့ ၊ နေ့လယ် (၁၅:၀၀) နာရီက ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ် တာဝန်ခံက စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး(သို့) ဓါတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအကြောင်း၊ အခန်း(၁၄) ပုဒ်မ(၂၇)ပါ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း ဆွေးနွေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။  ဟောပြောပွဲသို့ ကုန်မျိုးစုံလုပ်ငန်းရှင်(၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

လပွတ္တာခရိုင် မော်ကျွန်းမြို့နယ်၊ ဗိုလ်ချုပ်ဈေးရှိ အလှကုန်ဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိမရှိ ကွင်းဆင်းစိစစ်

       ဧရာဝတီတိုင်းဒေသကြီး၊            စားသုံးသူရေးရာဦးစီးဌာန၊လပွတ္တာခရိုင်မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍(၁၇-၅-၂၀၂၄)ရက်နေ့ ၊နေ့လယ် (၁၃:၀၀)နာရီက ဗိုလ်ချုပ်ဈေးရှိ အလှကုန်ဆိုင်များတွင် ရောင်းချနေသော Fang Xin baby Powder, Babimild baby Powder များအား  ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံက ဗိုလ်ချုပ်ဈေးတွင် ရောင်းချနေသော အလှကုန်ဆိုင်(၂)ဆိုင်ရှိ ကလေးတစ်ကိုယ်ရည်သုံးပစ္စည်း baby Powder ဘူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းပြည့်စုံမှုရှိ မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ  စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုး အစားအလိုက်  သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ ပြည့်စုံမှုရှိမရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆန်အပါအဝင် အခြေခံစားကုန်များပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ အဓိကထား တာဝန်ယူဆောင်ရွက်လျက်ရှိရာ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဖြစ်သည့် အခြေခံစားကုန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်ခရိုင်မှ ပြည်မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းနှင့် ဝန်ထမ်းများသည် မိတ်ဖတ်ဌာနဆိုင်ရာများဖြစ်သည့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဒေသခံရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်သောအဖွဲ့နှင့် ပူးပေါင်း၍ (၁၇-၅-၂၀၂၄) ရက်နေ့ နံနက် (၈:၃၀) အချိန်နာရီတွင် ပြည်မြို့ဆံတော်ရပ်ကွက်အတွင်းရှိ ဆန်ဆိုင်များ၊ ဆန်ဂိုဒေါင်များသို့ဝင်ရောက်၍ ပြည်ဈေးကွက်အတွင်း ဆန်အပါအဝင် အခြေခံစားကုန်များပြတ်လပ်မှုမရှိစေရေး၊ ဈေးကစားရန်အလို့ငှာ သိုလှောင်ထားခြင်းမရှိစေရေး၊ ဈေးနှုန်းအဆမတန် ကြီးမြင့်မှုမရှိစေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ကျိုက်လတ်မြို့ (၆) ရပ်ကွက်နေ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး

        ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ် ၊ မေလ (၁၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ် (၆) ရပ်ကွက်နေ ပြည်သူ(၂၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ ပါသည်။

        အဆိုပါအသိပညာပေးခြင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းမှ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူတို့၏အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များအကြောင်း၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူများ ရွေးချယ် ဝယ်ယူခွင့်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက  တိုင်ကြားနိုင်သည့်စင်တာများ ဖွင့်လှစ်ထားရှိကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနရုံးများသို့ လူကိုယ်တိုင် လာရောက်၍ဖြစ်စေ၊ ဖုန်းဖြင့် Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

တိုင်းဒေသကြီးဦးစီးမှူးရုံး ၊ အစည်းအဝေးခန်းမတွင် စားအုန်းဆီဖြန့်ခွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး ၊ အစည်းအဝေးခန်းမတွင် (၂၀.၅.၂၀၂၄) ရက်နေ့ ၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ဆီထုတ်တာဝန်ခံများ၊ မြို့နယ်ဆီအရောင်းကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း (၈၅)ဦးနှင့်အတူ စားအုန်းဆီဖြန့်ခွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ပါသည်။

       ဆက်လက်၍ စားအုန်းဆီဖြန့်ခွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား အစီအစဉ် (၆)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေ မှ ၂၀၂၄ ခုနှစ်၊ ဇွန်လမှ စတင်မည့် စားသုံးဆီဖြန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက်  သက်ဆိုင်ရာ ခရိုင်ဆီထုတ်တာဝန်ခံများကလည်း မိမိခရိုင်နှင့်သက်ဆိုင်သည့် စားအုန်းဆီ ခွဲတမ်းရရှိမှုများအပေါ် အသီးသီး ဆွေးနွေးပြောကြားခဲ့သည့်အပြင် တက်ရောက်လာကြသည့် သက်ဆိုင်ရာ မြို့နယ်ဆီအရောင်းကိုယ်စားလှယ်များမှ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ တင်ပြမှုအပေါ်  တိုင်းဒေသကြီးဦးစီးမှူးမှ ပြန်လည်ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးကို နေ့လယ် (၁၃:၀၀) အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်

       စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၂၁.၅.၂၀၂၄ ရက်နေ့တွင် ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက စားသုံးသူရေးရာဦးစီးဌာန၏ မျှော် မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အဓိပ္ပါယ်ဖွင့် ဆိုချက်၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စားသုံးသူ၏အခွင့်အရေး (၈)ချက်နှင့် တာဝန်(၄) ချက်၊ စားသုံးသူများနစ်နာဆုံးရှုူံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) တွင်တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားနိုင်မည့် နည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး၊ တက်ရောက်လာသော စားသုံးသူပြည်သူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ခရိုင်ဦးစီးမှူးက ပြန်လည်ဖြေကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ