Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မင်းလှမြို့နယ် အ.ထ.က (ခွဲ) ကိုင်ပြင်ကြီးကျောင်းတွင် အသိပညာပေးဟောပြော

        ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ သာယာဝတီခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၆.၁၁.၂၀၂၂ )ရက်နေ့ ၊ နံနက် (၁၀  :  ၀၀) နာရီအချိန်တွင် မင်းလှမြို့နယ် အထက (ခွဲ) ကိုင်းပြင်ကြီး ကျောင်း၌ ဆရာ ၊ ဆရာမ (၈)ဦး ၊ ကျောင်းသား/ကျောင်းသူ (၂၅၀)ဦး ၊ စုစုပေါင်း (၂၅၈)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါ သည်။

      ပထမဦးစွာ ခရိုင်ဦးစီးမှူးက စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် တိကျမှန်ကန်သော သတင်းအချက်အလက်များ သိရှိစေရန် ၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး ၊ စိတ်ကျေနပ်မှုရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် ဦးစီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များအကြောင်း အသိပညာပေးဟော ပြောခဲ့ကြောင်း သိရှိရပါသည်။

       ဆက်လက်၍ စားသုံး/ထုတ်လုံတာဝန်ခံမှ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေး (၈)ချက်နှင့် တာဝန် (၄)ချက်အား ရှင်းလင်းခြင်း ၊ ကျောင်းသား / ကျောင်းသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံး မှုများ ဖြစ်ပေါ်လာပါက လွယ်ကူလျင်မြန်စွာ တိုင်ကြားနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ ( Consumer Information and Complaint Center – CICC) ကို ခရိုင်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်ထားရှိကြောင်း အသိပညာပေးဆွေးနွေးခြင်း ၊ မြို့နယ် တာဝန်ခံက အစားအသောက်များ ဘေးအန္တရာယ် ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူ စားသောက်တတ်သော အလေ့အကျင့်ကောင်းများရရှိစေရန် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အကြောင်းအရာများ ၊ ဓာတုဆိုးဆေးနှင့် တာရှည်ခံ ဆေးများ အန္တရာယ်များကို အကျယ်တဝင့်ဆွေးနွေးပြီး သန့်ရှင်းလတ်ဆတ်သော အ‌စား အသောက်များ ရွေးချယ်ဝယ်ယူစားသုံးတတ်စေရန် အသိပညာပေးဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ အသိပညာပေးဆောင်ရွက်မှု

             မကွေးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊  တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊နိုဝင်ဘာလ (၁၈)ရက်နေ့၊ နံနက်(၉:၀၀)အချိန်တွင် ပခုက္ကူမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၅)သို့ သွားရောက်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားတွင် ပခုက္ကူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က ဆွေးနွေးရာ ဌာန၏သမိုင်းကြောင်းနှင့်လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏ဆောင်ပုဒ်နှင့် မျှော်မှန်း ချက်၊ ရည်မှန်းချက်များ စားသုံးသူကာကွယ်ရေး ဥပဒေပါအကြောင်းအရာများ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၈)တွင်ပါဝင်သည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ စားသုံးသူပြည်သူများအတွက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက စားသုံးသူနစ်နာ ဆုံးရှုံးမှုများအတွက် စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ(CICC)ဖွင့်လှစ်ထားရှိမှုအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူထိခိုက်နစ်နာမှုနှင့် စပ်လျဉ်း၍ တိုင်ကြားခြင်းနှင့် ကုစားပေးခဲ့မှုများအကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာ ကိစ္စများစုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅) အားဖွင့်လှစ်ထားကြောင်း၊ အမှန်တကယ်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက မှန်ကန်ပြည့်စုံသော အထောက် အထားများနှင့်အတူ မိမိတို့ဌာနသို့ တိုင်ကြားစေခြင်းဖြင့် ကုစားခွင့်များရရှိမှာဖြစ်ကြောင်းနှင့်တားမြစ် ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းကိုလည်း Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ် ရေးဆိုင်ရာသိကောင်းစရာ အကြောင်းအရာများကိုလည်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ သင်တန်းကျောင်းမှ ဆရာ/မ(၁၅)ဦး၊ သင်တန်းသူ (၃၅)ဦး၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနမှ ဦးစီးအရာရှိ(၁)ဦး၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦး စုစုပေါင်း(၅၄)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်ရေး တိုက်တွန်းနှိုးဆော်ဆောင်ရွက်ပေး

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် တားမြစ်ချက်များ ၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်လာစေရန် ရည်ရွယ်၍ နိုဝင်ဘာလ(၁၆)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်နှင့် နိုဝင်ဘာလ(၁၈)ရက်နေ့၊ နံနက် (၉:၃၀)အချိန်တွင် ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုးနှင့် ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး ဦးဆောင်သောဝန်ထမ်း များအဖွဲ့သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ပြည့်စုံစွာပါဝင်မှုရှိစေရန် ပခုက္ကူမြို့  အမှတ်(၃/၄/၅)၊ အမှတ်(၁၃/၁၄) ရပ်ကွက်နှင့် ရွှေချောင်းကွက်သစ်ရပ်ရှိ ပဲကြော်အမျိုးမျိုး၊ ကိတ်နှင့်မုန့်မျိုးစုံများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသော လုပ်ငန်းရှင်များဆီသို့ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်စေရေးအတွက် သွားရောက်၍ တိုက်တွန်းနှိုးဆော် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

          ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုးက ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက် အတွင်းရှိ  မိမိတို့ထုတ်ကုန်များမှာ စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ အာမခံချက်ပေးခြင်း၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပေါ်  ယုံကြည်မှုများရရှိလာပြီး အကျိုးစီးပွားများပိုမိုရရှိ လာနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြီး ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)ပါ ကုန်စည် အုပ်စု(က)ရှိ အစားအသောက်တွင်  မြန်မာ ဘာသာဖြင့် ထည့်သွင်းရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ် ဒဏ်များအကြောင်း သိရှိလိုက်နာစေရန်ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှုရှိ/မရှိကို မိမိတို့ဌာနသို့တင်ပြစိစစ် လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်များအား ပြုလုပ်ဆောင်ရွက်ထားစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုမရှိသည့် ကုန်စည်များတွေ့ရှိလာပါက ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်စေလိုကြောင်း တိုက်တွန်းနှိုးဆော် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

                                                                                                                   

“စားသုံးသူများဘေးကင်းဖို့ကုန်အညွှန်းအမှတ်အသားဖတ်ရှုစို့”ခေါင်းစဉ်ဖြင့်စားသုံးသူကာကွယ်ရေးဆိုရာ အသိပညာပေးဆွေးနွေးပွဲ (TalkShow) ကျင်းပ

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနသည်  စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများကို ပြည်သူအများသိရှိနားလည်စေရန် ကဏ္ဍပေါင်းစုံ၊ နည်းလမ်းပေါင်းစုံ၊ ထောင့်ပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
          ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့  (နံနက် ၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဦးမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာနွယ်သည် ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ၏ဦးစီးဌာနနှင့်ပူးပေါင်း၍ ချောင်းဦးမြို့ လူထုအ‌ခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် စားသုံးသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
      ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ် ဦးစီးမှူးဦးထိန်လင်းက သိရှိလိုသည်များကိုမေးမြန်းရာ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာ၀န်ခံ ဒေါ်ဇင်မာနွယ်က စားသုံးသူရေးရာဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အကျယ်တ၀င့် ရှင်းလင်းဖြေကြား ဆွေးနွေးခဲ့ကြောင်းသိရသည်။ ရှင်းလင်းဆွေးနွေး‌ရာတွင် စားသုံးသူအဓိပ္ပာယ်နှင့် စားသုံးသူကာကွယ်ရေးအဓိပ္ပာယ်၊မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးဥပဒေရေးဆွဲပြဋ္ဌာန်းပြီး အကောင်အထည်ဖော်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအကြောင်း မိတ်ဆက်ပြောကြားပြီး "ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက"ဆောင်ပုဒ်အတိုင်း ကုန်အညွှန်းအမှတ်အသားအကြောင်း၊ ကုန်စည်ထုတ်လုပ်ရာတွင် ပါဝင်ရမည့်အချက်အလက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း မိမိတို့ထုတ်ကုန်များကို လုံခြုံစိတ်ချရမှုရှိစေရန် ဥပဒေပါအတိုင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံအောင်ထုတ်လုပ်ကြရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရန်အတွက်  ဆောင်ရွက်ကြရာတွင်လိုအပ်ပါက  ဌာန၏အကူအညီကို ရယူနိုင်ပါကြောင်း၊ ကုန်စည်များကို ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြစေခြင်းသည် လုပ်ငန်းရှင်များဘက်မှ မိမိကုန်စည်ကို အာမခံပေးထားခြင်းဖြစ်သလို စားသုံးသူများဘက်မှလည်း ကုန်စည်၏ကုန်အညွှန်းအမှတ်အသားကို ဖတ်ရှုရုံဖြင့် မိမိတို့နှင့်သင့်တော်သည့်ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်ကြမည်ဖြစ်ကြောင်း၊ ကုန်စည် (သို့) ၀န်ဆောင်မှုနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် ဆက်သွယ်တိုင်ကြားနိုင်သည့်လိပ်စာများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့်အခြားလုပ်ငန်းများအကြောင်းကို ပြည့်ပြည့်စုံစုံရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

DOCA(စစ်ကိုင်း)

စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၊ ပြည်ထောင်စုဒုတိယ၀န်ကြီး ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှ ပြည်ပဆန်တင်ပို့မှုကြည့်ရှု

          စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၊ ပြည်ထောင်စုဒုတိယ၀န်ကြီး ဦးညွန့်အောင်နှင့် စားသုံးသူ ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို တို့သည် နို၀င်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်း ပုသိမ်စက်မှုမြို့တော် အစည်းအဝေးခန်းမတွင် ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ ဆန်စက်ပိုင်ရှင်၊ ဆန်ကုန်သည် ဆန်တင်ပို့သည့် ကုမ္ပဏီ၊ Exporter များနှင့်တွေ့ဆုံ၍ လက်ရှိပြည်ပဆန်တင်ပို့မှုစျေးကွက်အခြေအနေ လုပ်ငန်းရှင်များ၏ အခက်အခဲများကို နိုင်ငံတော်မှ ဖြေရှင်းပေးရမည့်အပိုင်းများ၊ ပုသိမ်ဆိပ်ကမ်းမှ  ပြည်ပတင်ပို့ရန်လျာထားဆောင်ရွက်မှု ပြည်ပပို့ကုန် ကိစ္စရပ်များ၊ ရန်ကုန်မှပြည်ပတင်ပို့မှုနှင့် ဧရာ၀တီမှတိုက်ရိုက်တင်ပို့ရာတွင် အားသာချက်များနှင့် စီးပွားရေး လုပ်ငန်းရှင်များမှ တင်ပြချက်များအပေါ် ဖြေရှင်းပေးမည့်ကိစ္စရပ်များအား ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပုသိမ်စက်မှု မြို့တော်ဆိပ်ကမ်းမှ စတုတ္ထအကြိမ် ပြည်ပသို့တင်ပို့မည့် MV MCl-18 သင်္ဘောဖြင့် ပြည်ပဆန်တင်ပို့မှုအား သွားရောက်ကြည့်ရှုခဲ့ပါသည်။

       ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ MV MCL-17 သင်္ဘောဖြင့် (၂၉-၁၀-၂၀၂၂)ရက်နေ့မှ  (၁-၁၁-၂၀၂၂) ရက်နေ့အထိ တန်ချိန် (၂၆၅၀) ပထမအကြိမ် ပြည်ပသို့တင်ပို့ခဲ့ပြီး MV MCL-21 သင်္ဘောဖြင့်  (၂-၁၁-၂၀၂၂)ရက်နေ့မှ (၆-၁၁-၂၀၂၂)ရက်နေ့အထိ တန်ချိန် (၂၆၁၅)တင်ပို့ခဲ့ပါသည်။ MV MCL-12 သင်္ဘောဖြင့် (၉-၁၁-၂၀၂၂)ရက်နေ့မှ (၁၂-၁၁-၂၀၂၂)ရက်နေ့အထိ တန်ချိန် (၂၆၅၀) တတိယအကြိမ် သင်္ဘောဖြင့်တင်ပို့ခဲ့ပြီး၊ စတုတ္ထအကြိမ် MV MCL-18 သင်္ဘောဖြင့် (၁၇-၁၁-၂၀၂၂)ရက်နေ့မှစတင်၍ သင်္ဘောဖြင့်ဆန်တင်ခဲ့ရာ ယခု (၁၉-၁၁-၂၀၂၂)ရက်နေ့ နေ့လည်အထိ အိတ်ရေ (၂၁၅၁၇) တန်ချိန် (၁၀၇၅.၈၅)တန် သင်္ဘောတင်ပြီးကြောင်း သိရသည်။

DOCA(ဧရာဝတီ)

“ဝင်းရွှေမြင့်မိုရ် မြေသြဇာအရောင်းဆိုင်အား စျေးကွက်စောင့်ကြည့်စစ်ဆေး”

        စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်သော အဖွဲ့သည်(၁၈.၁၁.၂၀၂၂)ရက်နေ့တွင် မြစ်သားမြို့နယ် ၊ လမ်းမတော် ဘူတာရပ်နေ ဒေါ်ချိုဝေသင်း ပိုင်ဆိုင်သော ဝင်းရွှေမြင့်မိုရ် မြေသြဇာအရောင်းဆိုင်၌ မြန်မာဘာသာ ဖော်ပြထားခြင်းမရှိသော မြင်းပျံအမှတ်တံဆိပ်ပါ မြေသြဇာများအား  လက်လီ ၊ လက်ကား ဖြန့်ဖြူးရောင်းချနေခြင်း  ရှိ / မရှိသွားရောက်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ဆိုင်ရှင်မှ မိမိတို့၏မြေသြဇာဆိုင်၌ သြဘာ၊ အာမို၊ MC ၊ CP ၊ ရာယာ၊ကောင်းသုခ၊မြန်မာစံပြ၊ ဝိစာရ၊စုစံ၊စိုးမိုးပိုင်၊ရွှေပျား၊ဧရာမြေ၊ဖြိုးမောက်၊ရွှေနဂါး၊GBS နှင့် ရွှေခြင်္သေ့ကုမ္ပဏီများမှ မြန်မာစာ အညွှန်းပါဝင်သော မြေသြဇာအိတ် အမျိုးပေါင်း(၅၀)ခန့်အား ရောင်းချကြောင်း၊ မြန်မာဘာသာ အညွှန်းမပါသည့်မြေသြဇာများအား ရောင်းချခြင်းမရှိပါကြောင်း ပြောကြားခဲ့ပါသည် ။ ခရိုင်ဦးစီးမှူး ဦးဆောင်သော စစ်ဆေးရေးအရာရှိများက ဝင်းရွှေမြင့်မိုရ် မြေသြဇာအရောင်းဆိုင်၏ မြေသြဇာ ဂိုဒေါင်အားသွားရောက်စစ်ဆေးရာတွင် ဂိုဒေါင်အတွင်း၌ မြန်မာစာအညွှန်းပါဝင်သော မြေသြဇာ အိတ်များသာ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်သားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပုဒ်မ ၄၃ပါ ပြဌာန်းချက်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများကို သိရှိပြီး စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်နိုင်စေရန် ထိန်းကျောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ    နိုဝင်ဘာလ (၁၆) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှခရိုင်ဦးစီးမှူးသည် ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ KT မွေးမြူရေးလုပ်ငန်းစုမှတာဝန်ရှိသူနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

         ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်  ခရိုင်ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည့်အပြင် စားသုံးသူပြည်သူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကိုသိရှိနိုင်စေရန် အသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ လိမ်လည်လှည့်ဖြားခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ နစ်နာဆုံးရှုံးမှုစသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူများအားလုံး စားသုံးသူအခွင့်အရေးများကိုသိရှိနိုင်စေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်မှ ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ အာမခံချက်ပေးခြင်းနှင့် အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့်အကြောင်းများနှင့် ဌာနအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့်အကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ဂွမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အသိပညာပေး‌‌‌ဟောပြောခြင်း

           ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဂွမြို့နယ်တာဝန်ခံ ဒေါ်မာမာလေး(ဒု-ဦးစီးမှူး)သည် (၁၈-၁၁-၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် ဗဟုသုတများရရှိသောစာအုပ်၊ စာပေများခင်းကျင်းပြသသည့်အခမ်းအနားသို့ တက်ရောက်၍ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောခဲ့ပါသည်။

          အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ရွှေရည်ဝင်းကျော်ာ်(ဦးစီးအရာရှိ)က အမျိူးသားနေ့ဖြစ်ပေါ်လာရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များ စားသုံးရန်မသင့်သည့် အစားအစာများနှင့် စားသုံးသူကာကွယ်ရေးဉပဒေအခန်း (၁၈)၊ ပုဒ်မ (၄၁) ပြဌာန်းချက်ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး‌ဟောပြောခြင်းများ ‌ဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်‌‌ရေးအသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

 

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် မြို့ပေါ်ရှိဆေးဆိုင်များတွင် တရားမဝင်တင်သွင်းရောင်းချနေသော ဆေးနှင့်အဟာရဖြည့်စွက်စာများ ရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ဒု-ခရိုင် ဦးစီးမှူး ဦးမိုးမင်းသန်းနှင့် မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးတို့သည် ပြည်သူ့ကျန်းမာ၊ မြို့နယ်စည် ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍  (၁၄.၁၁.၂၀၂၂)ရက်နေ့  နံနက်(၁၀;၃၀) နာရီကမြောင်းမြမြို့ပေါ်ရှိ ဆေးဆိုင်များတွင် တရားမဝင်တင်သွင်းရောင်းချနေသော ကလေးချောင်းဆိုးပျောက်ဆေး နှင့် ကလေးအဟာရဖြည့်စွက်စာများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးမှ အိမ်သုံးဆေးအရောင်းဆိုင်(၆)ဆိုင်မှဆိုင် ရှင်များအား စားသုံးသူပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆေး ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုရန် ဆေးဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ဆေးပြတ် လပ်မှုမဖြစ်ပေါ်စေရေးအဓိကထားဆောင်ရွက်ရန် ဈေးကွက်အတွင်း တရားမဝင်တင်သွင်းလာသော  ကလေးချောင်းဆိုးပျောက်ဆေးနှင့် ကလေးအဟာရဖြည့်စွက်စာများ ရောင်းချခြင်းမပြုကြရန် သက် တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ရောင်းချခြင်းမပြုရန် ဈေးကွက်အတွင်းစစ်ဆေး‌ တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ ဥပဒေများလိုက်နာဆောင်ရွက်ကြရန် အသိ ပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“စားသုံးသူအခွင့်အရေး ဦးစားပေး” သိရှိစေဖို့ အသိပညာပေး ဟောပြောစို့

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူ မြို့နယ် ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၁၆.၁၁.၂၀၂၂၀) ရက်နေ့ နံနက် (၀၉:၄၅) နာရီအချိန်တွင် ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးစာကြည့်တိုက် ခန်းမတွင် ကျောင်းသား/ ကျောင်းသူများအား စာဖတ်စေခြင်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ပြုလုပ်ခဲ့ကြပါသည်။

          အဆိုပါအသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးမှ ကျောင်းသား/ကျောင်းသူ(၅)ဦးအား အိမ်တွင်းသက်မွေးမှုလုပ်ငန်းများ၊ လူငယ်များ စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်းကို ရှင်းလင်းဟောပြောခဲ့ပြီး၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနကလည်း စားသုံးသူကာကွယ်ရေးသိကောင်းစရာအကြောင်းများ၊ ဈေးကွက်ရောက် ကုန်စည်များကို လူငယ်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါဝင်သော ကုန်စည်ကို သာ ရွေးချယ်ဝယ်ယူတက်စေရန် သိရှိထားသင့်သော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၏ အချက်အလက်များအကြောင်း၊ စားသုံးသူ၏ အခွင့်အရေးကို သိရှိရန်အချက်များအကြောင်း၊ အခွင့်အရေးသိရှိသလို လိုက်နာရမည် တာဝန်များရှိသောကြောင့် လိုက်နာတက်စေရန်နှင့် စားသုံးသူအခွင့်အရေး နစ်နာမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ