Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၉) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ရဲမှူးကြီး ဦးမြင့်ကြည်နှင့် တာဝန်ရှိသူများ၊ ပြည်တွင်းအခွန်မှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ထီးဖိုးလုံးကျေးရွာရှိ သစ္စာလင်း (Minimark)ဆိုင်၌ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူး က ကွင်းဆင်းစစ်ဆေးရာတွင် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြြခင်းရှိ/မရှိ စစ်ဆေးခဲ့ပါသည်။ ကုန်စည်များကိုလည်း မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရ မည့်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပါသည်။

ကရင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

လှိုင်းဘွဲ့မြို့ မြို့မဈေးရှိ ဆိုင်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၂) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ လှိုင်းဘွဲ့မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ မြို့မဈေးရှိ ဆိုင်များ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။        

       စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် လှိုင်းဘွဲ့မြို့၊ မြို့မဈေးရှိ ဈေးဆိုင်(၂၄)ဆိုင်ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး စားသုံးရန် လုံခြုံစိတ်ချရမှု မရှိဟု ယူဆရသော စားသောက်ကုန်(၁၂)မျိူး၏ နမူနာပစ္စည်းများရယူခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကရင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ကုန်စည်များအပေါ်တားမြစ်မိန့်ထုတ်ပြန်ခြင်း

     Covid 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများကို အရေးကြီးကုန်စည်အဖြစ်သတ်မှတ်လိုက်ပြီး အဆိုပါကုန်စည်များကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများဆေင်ရွက်နေသည်ကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ပြည်ပဈေးကွက်ဝင် နှစ်ရှည်ဝင်ငွေတိုးတဲ့ လျှော်ဖြူပင်

       ကျွန်မတို့မြန်မာနိုင်ငံကြီးမှာဆိုလျှင် သဘာဝတရားကြီးက ဖန်တီးပေးထားတဲ့ အဖိုးတန် ရတနာများစွာ ရှိပါသည်။ တန်ဖိုးမဖြတ်နိုင်သော အပင်များစွာလည်း ပေါက်ရောက်လျက် ရှိပါသည်။ ယခုအခါ အနောက် နိုင်ငံများမှ မြန်မာနိုင်ငံရှိ အဖိုးတန်ဆေးဖက်ဝင် အပင်များကို သတိထား မိလာကြပြီး မြန်မာနိုင်ငံနှင့် ချိတ်ဆက်ရောင်းဝယ်မှုများ ပြုလုပ်လာကြပါသည်။ မြန်မာနိုင်ငံမှ လျှော်ဖြူကို တရုတ်(တိုင်ပေ)သို့ တရားဝင်လမ်းကြောင်းဖြင့် တင်ပို့ရောင်းချနေကြောင်း လေ့လာသိရှိရပါသည်။ ဒါကြောင့် ယနေ့ နေရာတော်တော် များများတွင် အသုံးဝင်နေသော တန်ဖိုး မဖြတ်နိုင်သည့် ဈေးကွက်ဝင် လျှော်ဖြူပင် အကြောင်းကို ရွှေဘိုခရိုင် ကျောက်မြောင်းမြို့ မအူ ကျေးရွာ ရှိ လျှော်ဖြူစိုက်ဧက(၂၅)ဧက ပိုင်ရှင် ဦးစိုးမိုးအောင် မေးမြန်း ထားသည်များကို ဖော်ပြလိုက် ပါသည်။

လျှော်ဖြူပင်စိုက်နည်း

လျှော်ဖြူအစေ့များကို ပြန်ပျိုး၍ (၂)လ(၃)လ ကြာသောအပင်များထဲမှ အကိုင်းအခက်များသန်၍ ဖြာနေသော အပင်များကို ရွေးပြီး  (၂)ပေပတ်လည် ကျင်းတူး ပြီးမြေဆွေး ထည့်၍ မြေနပ်၊ နှစ်မိုးကျစောင့်ပြီး မြေနပ်  ထားသော မြေများသည် အပူဓါတ် မရှိလျှင် စိုက်လိုရပါသည်။ အပင်ငယ်လျှင် မြေဆွေး တစ်နှစ်လျှင် နှစ်ကြိမ် ထည့်ရသည်။ (၁၅)ပေ ပတ်လည် (သို့) ပေ(၂၀) ပတ်လည်ခြားအပင်များကိုစိုက်ရပါသည်။ အပင်ကြား၊ တန်ကြားများတွင် တွန်ထယ် ဝင်ရသည်။ အမြစ်ဥခွေနေလျှင် ကြီးထွားမှုနှေးနေပါသည်။

အစေ့ထုတ်နည်း

အပင်ရင်စို့လက်မ (၂၅)လက်မဝန်းကျင်တွင် စ၍ထုတ်လိုရသည်။ ရေမြေကောင်း၊ ပြုစုကောင်းလျှင် (၂)နှစ်ခွဲသား (၃)နှစ်လောက် တွင်အစေးထုတ်ရသည်။ ဆောင်းတွင်းတွင် အထွက် ကောင်းသည်။ တစ်ခါ ခုတ်ထား၍ မိုးမရွာလျှင်(၇)ရက်(၈)ရက်တွင် အစေးထုတ် ယူလိုရသည်။ တစ်လလျှင် အနည်းဆုံး (၃)ကြိမ် ခုတ်ရသည်။ ပူလျှင်အရောင်မပြောင်း။ မိုးရွာ၊စိုစွတ် လျှင်အရောင်းပြောင်းနိုင်သည်။အနံလဲ ထွက်နိုင်သည်။ အပင်ကို ထစ်ရာ တွင် ဓါးဖြင့်ထစ်သည်။ ဓါးဖြင့် ခုတ်နည်းတွင် လခြမ်းထစ်၊ မိုးခိုထစ်၊ စာပါးစပ်ထစ် စသည့် အမျိုးမျိုးရှိသည်။ ကွာခြားမှုတွင် အပင်အသေးအကြီး၊ ကိုင်သောဓါးထက်မထက်၊ လက်စပေါ်မူတည်သည်။ စာပါးစပ် ထုတ်ရာတွင် အကျဉ်းထုတ်၊ အလယ်အလတ်ထုတ်နှင့် အပြည့်ထုတ်တာမျိုးရှိသည်။ လခြမ်းထစ်သည် အောက်က ညီ၍ အပေါ်ကနေလခြမ်းခုံးကျသောနည်းဖြစ်သည်။ မိုးခိုထစ်သည် အပေါ်ကညီ အောက်ကနေ ပင့်ပြီးလခြမ်းပြန်ယူသောနည်းဖြစ်သည်။ အပင်သက်တမ်းကြီးသော အပင်များကို လခြမ်းထစ် ဖြင့်လဲခုတ်၍မရ။ စာပါးစပ်နည်းကတော့စဉ်းတောင်စဉ်းလိုမရပါ။ အဝိုင်းလိုက်ခုတ်ချရသည်။ ပြားပြားလှီး ရသည်။ အပင်ပေါ်တွင် မူတည်၍ ထုတ်ရသည်။ ထစ်ရာတွင် ရေမြေ ရာသီဥတုဒေသ တစ်နေရာနှင့် တစ်နေရာမတူသည့်အတွက် အပင်၏ကျန်းမာရေး၊ အပင်ရွက်နုပြန်နေလျှင် စ၍ထုတ်ရသည်။ အပင်၏ ကြီးထွားမှု ပေါ်မူတည်၍ ထစ်ရသည်။ တောင်စုတ်ခြား တစ်တောင့်အောက် နည်းနည်းလျော့သော အကွာအဝေးတွင် ထုတ်သည်။ အငှား ထုတ်သောသူ များသည် အစေးများများ ရချင်သော ကြောင့် (၁)ပေ ကြားလောက်တွင်ထုတ်ကြသည်။ ဖောက်တာမျိုးလဲရှိသည်။ လော်နှင့်ဖောက်လိုရသည်။ ရေစို့ဂန်း နှင့်လဲဖောက်ကြသည်။ ၄င်းတို့မှ ဖောက်၍ ထွက်လာသော အစေးသည်အပွင့်စေးမထွက်။ အသားစေး သာထွက်သည်။ အစေးမကောင်းတာတော့ မဟုတ်ပါ။ ဈေးကွက်ဝယ်လိုအားရှိလျှင် တွက်ခြေကိုက်သည်။ ယခုအချိန် အခါတွင် အပွင့်စေးသည် ဈေးကွက်ဝင်သောကြောင့် အပွင့်စေးများများရသော စာပါးစပ်နည်းဖြင့် ထုတ်သည်။ စာပါးစပ်နည်းသည် လေသလတ်များများခံရသည်။ စာပါးစပ်နည်းသည် အစေးနှုန်းထား ပိဿာချိန်လျော့သော်လည်းဈေးရ၍ထုတ်ရသည်။ ဈေးကွက်ဝယ်လိုအားကို လိုက်၍ တွက်ခြေ ကိုက်သော နည်းဖြင့် ထုတ်ရသည်။ အသီးသီးလျှင် အပင်အားယုတ်သည်။ ကြားကိုင်း များကို ရှင်းပေးလျှင် မိုးတွင်းတစ်တွင်း လုံးထွက်လာသော အရွက်ပင်စည်များ သည်အများကြီး ဖြစ်လာ သည်။ (၄)နှစ်ခွဲသား၊(၅)နှစ်သား အပင်သည် မိုးကောင်းကောင်းလှိုင်၍ အပင် ကောင်းကောင်း အစေးယိုနေသောအချိန်မာန်ပေါက်ကောင်းကောင်းနှင့် မာန်သာလျှင် (၁)ပင်(၁)ကျပ်သားထွက် သည်။ အပင်တစ်ရာကို တစ်ပိဿာ ထွက်နိုင်သည်။ မာန်သား အနေအထားလတ်နေလျှင် အခုလှီးအခုယူသည်။နေ့တိုင်းမလှီးပါ။ မိုးကောင်း၍မာန်တက်မြန်မှ(၇)ရက် ကြာမှလှီးသည်။ ပုံမှန်ဆိုလျှင် (၉)ရက်(၁၀)ရက်ကြာမှလှီးသည်။ ကြားထဲတွင် မလှီးဘဲကောက်နေရသည်။ တစ်လလျှင် အလွန်ဆုံး (၃)ကြိမ်မှ(၄)ကြိမ် ဓါးပတ်ဝင်ရသည်။

ဈေးနှုန်းအခြေအနေ

(၂၅.၂.၂၀၂၀)နေ့နောက်ဆုံးရောင်းဈေးသည် ကြာဇံသည် (၁၅၀ဝ၀ဝ)ကျပ် ဝန်းကျင်၊ ကြာတိုကြာပြတ်သည် (၅၀ဝ၀ဝ)ကျပ်မှ(၆၀ဝ၀ဝ)ကျပ်၊ ကြာထွေးသည်(၄၀ဝ၀ဝ)ကျပ်မှ (၄၅၀ဝ၀)ကျပ် ဝန်းကျင်၊ A သုံးလုံးသည် (၂၇၀ဝ၀)ကျပ်၊ A နှစ်လုံးသည် (၁၈၀ဝ၀)ကျပ်၊ A တစ်လုံးသည် (၁၅၀ဝ၀)ကျပ်၊ B စ ဝါသည် (၁၀ဝ၀ဝ)ကျပ် C စ ညိုပိတ်သည်(၄၀ဝ၀)ကျပ် မှ (၅၀ဝ၀)ကျပ်၊ အမှိုက်အဆင့်ညှပ်စ တစ်ပိဿာလျှင် (၅၀ဝ)ကျပ် မှ (၆၀ဝ)ကျပ်ထိရသည်။ စုပ်ယူအား သောကြောင့် မြေသြဇာဖြစ်အသုံးပြု၍ရသည်။

အသုံးပြုဝင်ပုံ

စိုက်ပျိုးရေးဆေးများထဲတွင်လည်းပါဝင်သည်။ အလှကုန်သုံး၊အဆောက်အဦသုံးဆေးဝါး၊ လူသုံးဆေးဝါး၊စက်မှု ကုန်ကြမ်း၊ ကားမှန်၊ဖုန်းမှန်များပြုလုပ်သည့် အထဲတွင်လည်းပါသည်။ စားသောက်ကုန်များ၊ အထူးသဖြင့် ဂျယ်လီများတွင်အဓိကထားသုံးသည်။ အမှုန့်ပြုပြီး ကျန်းမာရေး ဓါတ်စာဖြင့်စားသုံးကြသည်။

ဇင်မျိုးမော်

ရွှေဘိုခရိုင်ဦးစီးမှူးရုံး

ကျိုက်မရောမြို့နယ်တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်

     နိုင်ငံတကာတွင် လတ်တလောဖြစ်ပွားနေသည့် COVID-19 ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် ကျိုက်မရောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၁၈.၃.၂၀၂၀ ရက်နေ့တွင် ကျိုက်မရောမြို့ပေါ်ရှိ ဈေးများသို့လည်းကောင်း၊ ၁၉.၃.၂၀၂၀ ရက်နေ့တွင် တရနာဈေးနှင့် တရနာ သားသတ်ရုံတို့သို့လည်းကောင်း ကွင်းဆင်းစစ်ဆေးပြီး သားသတ်ရုံများနှင့် အသားစိမ်းရောင်းချရာ ဈေးများ၏ သန့်ရှင်းရေးကို နေ့စဉ်စနစ်တကျဆောင်ရွက်စေရေး ရှောင်ရန်/ဆောင်ရန် အချက်များကို အသိပညာပေးခြင်း၊ ရောင်းချသူများအနေဖြင့် တိရစ္ဆာန်မှတစ်ဆင့် ရောဂါကူးစက် နိုင်ချေအများဆုံး (High Risk Group) ဖြစ်သဖြင့် ရောဂါမဖြစ်ပွားစေရန်နှင့် အခြားသူများသို့ ရောဂါမကူးစက်စေရန် အထူးဂရုပြုနေထိုင်နိုင်ရေး၊ သားသတ်လုပ်ငန်းလုပ်ကိုင်သူများ အနေဖြင့်လည်း တိရစ္ဆာန်မှ ထွက်ရှိသောအရည်များ မိမိခန္ဓာကိုယ်သို့ တိုက်ရိုက်မထိတွေ့ စေရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း၊ ရှေ့ဖုံးကာအင်္ကျီ (Apron)၊ လက်အိတ်၊ လည်ရှည်ဖိနပ်များ ဝတ်ဆင်ရန် စသည့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ကျိုက်ထီးရိုးဘုရားရင်ပြင်ပေါ်တွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်မှုများ ဆောင်ရွက်

     မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အဆင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ကော်မတီအား မြို့နယ်အုပ်ချုပ်ရေးမှူး မှ ဥက္ကဌအဖြစ် တာဝန်ယူလျှက် ဌာနဆိုင်ရာအသီးသီးမှ အဖွဲ့ဝင် (၁၅) ဦးဖြင့် မြို့နယ်အဆင့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့တွင် ဖွဲ့စည်းတာဝန်ပေးခဲ့ကြောင်း သိရှိရသည်။

     အဆိုပါကော်မတီတွင် စားသုံးသူရေးရာဦးစီးဌာနမှ အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ရပြီး ၂၁.၃.၂၀၂၀ ရက်နေ့တွင် သထုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်ကျော်မင်း၊ ကျိုက်ထိုမြို့နယ် တာဝန်ခံနှင့် ကော်မတီဝင်များသည်  ကျိုက်ထီးရိုးဘုရားရင်ပြင်ပေါ်တွင် ရောဂါကူးစက်ဖြစ်ပွားရာ ဒေသများမှ လာရောက်သူများမှတစ်ဆင့် လူစုလူဝေးကြောင့် ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရေး အတွက် အသွားအလာပိတ်ပင်တားဆီးခြင်း၊ ကန့်သတ်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       ယခုအချိန်တွင် ကျိုက်ထီးရိုးတောင်တက်ကားများ စတင်ပိတ်သိမ်းခြင်း၊ ဘုရားရင်ပြင်တော် ပေါ်ရှိ မော်တော်ယာဉ်များ၊ တည်းခိုခန်းများ၊ ဈေးဆိုင်ခန်းများ၊ စားသောက်ဆိုင်များ စတင်ပိတ်သိမ်း လျှက်ရှိပြီး ဘုရားဖူးပြည်သူများနှင့် ဈေးသူဈေးသားများ မိမိတို့နေရပ်အသီးသီးသို့ ပြန်လည် ထွက်ခွာ လျှက်ရှိကြောင်း သိရှိရသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

စားသုံးသူများအား အသိပညာပေးခြင်းနှင့် လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်း

     ၁၈.၃.၂၀၂၀ ရက်နေ့ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် မိုးညှင်းမြို့နယ်၊ နန်းမားမြို့၊ လက်ပံတန်းကျေးရွာတွင် ရွာသူ/ရွာသား(၆၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်(၁၀)ဦးအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံရှင်းလင်းစွာ ဖော်ပြထားပေးရန်နှင့်မြန်မာစာအပြည့်စုံပါရှိသည့် ကုန်စည်များအား တင်ပို့ရောင်းချရမည်ဖြစ်ကြောင်းကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။   

ကချင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

စားသုံးသူအသိပညာပေးဆောင်ရွက်ခြင်းနှင့် လုပ်ငန်းရှင်များအား အသိပညာပေးခြင်း

     မြစ်ကြီးနားခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ၃.၃.၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရွှေအိုက်ရပ်ကွက်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခြင်း၊ ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊ အသိပညာပေးခြင်းနှင့် လက်လီ/လက်ကားကုန်စုံ အရောင်းဆိုင်များတွင် မှိုတက်မုန့်များ၊ (Exprie date) စားသောက်ကုန်ပစ္စည်းများ ရောင်းချနေခြင်းမရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းနှင့် ၄.၃.၂၀၂၀ ရက်နေ့ တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာအုပ်စု၌ စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် လက်လီ/လက်ကားရောင်းချသည့် လုပ်ငန်းရှင်များအား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊ စားသုံးသူများမှမေးမြန်းမှုများကို ပြန်လည်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ကချင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ဗန်းမော်ခရိုင်အတွင်း ပြည်နယ် FDAမှ ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့်ပူးပေါင်း၍ကွင်းဆင်းဆောင်ရွက်

         ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မတ်လ (၁၆)ရက်နေ့မှ (၂၀)ရက်နေ့ထိ ပြည်နယ်FDAမှ ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် စားသောက်ကုန် ပစ္စည်းနမူနာများဝယ်ယူကာ စားသုံးရန်သင့်/မသင့်နှင့် ဓါတ်ခွဲစမ်းသပ်စစ်ဆေးရန် ကွင်းဆင်းဆောင်ရွက်မှုများအား ဗန်းမော်မြို့၊မိုးမောက်မြို့၊မံစီမြို့၊ ရွှေကူမြို့တို့မှ မြို့နယ်ထွေ/အုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာ​ရေးဦးစီးဌာန၊ မွေး/ကု၊ စည်ပင်သာယာရေး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ စည်ပင်သာယာစျေးများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြ ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးပူးပေါင်းဆောင်ရွက်ရာ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းများဖြစ်သော စားသုံးသူကာကွယ်ရေးဉပဒေပါ လမ်းညွှန်ချက်များ၊ ထုတ်ကုန်လုံခြုံစိတ်ချမှုဆိုင်ရာများ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများ အကြောင်းရှင်းလင်းခြင်း၊ ကုန်ပစ္စည်းအမှတ်တံဆိပ် အပြည့်အစုံ ဖော်ပြခြင်းမရှိသော ကုန်စည်များ၊ FDA မှ တရားဝင်တားမြစ်ထုတ်ပြန်ထားသည့် ကုန်ပစ္စည်းများ မရောင်းချရန်နှင့်ရောင်းချပါက တားမြစ်သိမ်းဆည်းခြင်း၊ ဉပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း၊ မြန်မာဘာသာပါရှိသည့် ကုန်ပစ္စည်းများကိုသာ ဦးစားပေးရောင်းချရန်နှင့် စားသုံးသူ ကာကွယ်ရေးဉပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ အသိပညာပေး ရှင်းလင်းလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ဗန်းမော်ခရိုင်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသား ဖော်ပြြခင်းဆိုင်ရာ ရှင်းလင်းဆွေးနွေး

       ၂၀.၃.၂၀၂၀ ရက်နေ့တွင် ဗန်းမော်ခရိုင် DOCAမှ တာဝန်ရှိသူများသည် ဒေါ့ဖုန်းယန်မြို့ အုပ်ချုပ်ရေးမှူးရုံးခန်းတွင် စီးပွားရေးလုပ်ငန်းရှင် (၃၁) ဦးအား လည်းကောင်း၊ သိန်လုံကျေးရွာ ဓမ္မာရုံတွင် ရွာသူ/ရွာသားများနှင့် စီးပွားရေးလုပ်ငန်းရှင် (၇၆) ဦး အား လည်းကောင်း ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာလုပ်ငန်းများ အသိပညာပေးခြင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့အား  သွားရောက်​ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

ကချင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ