Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၄.၂.၂၀၂၂)ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ဟံသာအေးကျေးရွာ ဦးသန့်ဇင်အောင်၏ နေအိမ်၌ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်(၈)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးဟောပြောခဲ့ပါသည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးအောင်သန်းဌေးမှ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များအကြောင်း၊ အခန်း(၉)ပါ စာသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ အခန်း(၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ညွှန်ကြားချက်(၂/၂၀၁၉)အကြောင်း စသည့်တို့ကိုဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်းခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေစာအုပ် နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူအသိပညာပေးဟောပြောပွဲကျင်းပ

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၁၄.၂.၂၀၂၂)နေ့နံနက်(၀၉:၀၀မှ၁၀:၁၅)နာရီထိ ညောင်တုန်းမြို့နယ်၊ ရွာဟောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို အောင်မြင်စွာကျင်းပ ခဲ့ပါသည်။

          အဆိုပါအခမ်းအနားကို မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အစီအစဉ်(၅)ရပ်ဖြင့် ကျင်းပ ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်းကို အခန်းလိုက် အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ကြောင်းနှင့် အခမ်းအနားသို့ ကျေးရွာသူ၊ ကျေးရွာသား ပြည်သူ(၄၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကုန်မျိုးစုံအရောင်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးဦးထွေးသိမ်း၊ မြို့နယ်တာဝန်ခံဦးမင်းဇော်နှင့် စည်ပင်ဈေးစားသုံးသူရေးရာအဖွဲ့တို့နှင့်အတူ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ဖျာပုံမြို့မဈေးရှိ ကုန်မျိုးစုံ အရောင်းဆိုင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အား စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ကြိုတင်အသိပေးခြင်းနှင့် ကုန်စည်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

                အဆိုပါအရောင်းဆိုင်များအား ညွှန်ကြားချက်အမှတ်(  ၁ / ၂၀၂၁  )  အရ   ဟင်းသီး ဟင်းရွက်ဆီ  (Vegetable   Oil ,  Cooking  Oil  )နှင့် စပ်လျဉ်း၍   ပင်ရင်းပါဝင်ပစ္စည်းကို  အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဟင်းသီးဟင်းရွက်ဆီ    ( စားအုန်းဆီ )၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့် စားအုန်းဆီ ) ဖော်ပြရမည်။ ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အားမြန်မာ့အလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ညွှန်ကြားချက်စတင် ထုတ်ပြန်သည့် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ(၂၂)ရက်နေ့မှ( ၆ ) လပြည့်ပြီးသည့်နေ့ရက်မှ စတင်အာဏာ သက်ရောက်မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဂရုပြုကြရန်နှင့် လိုက်နာမှု မရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိစေရန် အသိပေးခဲ့ပြီး လက်ရှိရောင်းချနေသော ကုန်စည်များအားစစ်ဆေးရာ မြို့မဈေးနေသူရိန်လမ်း ( ၂ ) ရပ်ကွက် ကုန်မျိုးစုံ အရောင်း ဆိုင်တွင် (၁)ကီလိုဂရမ်ရှိ ထန်းသီးကျောက်ကျောပျစ်ထုပ် များတွင် ထိုင်းဘာသာ စာဖြင့်ရေးသားထားပြီး မြန်မာဘာသာဖြင့်ရေးသားထားသော စာသား များမပါရှိခြင်း၊  နေရပ်လိပ်စာ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ မပါရှိခြင်းတို့ကြောင့် စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ(၄၁)(၄၃)နှင့် ကိုက်ညီမှု မရှိသည့်အတွက် ၎င်းကုန်စည်အား ဆက်လက်ရောင်းချခြင်း မပြုရန် တားမြစ်ခဲ့ပြီး ဆိုင်ရှင်အား အရေးယူဆောင်ရွက်နိုင်ရေးအတွက် စစ်ဆေးတွေ့ရှိမှုအခြေအနေကို ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်မရောမြို့၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

         မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဈေးတာဝန်ခံတို့ပါဝင်သော ပူးပေါင်းအဖွဲ့နှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ စည်ပင်သာယာဈေးကြီးနှင့် ဆုတောင်းပြည့်ဘုရားကြီးရှေ့ရှိမုန့်ဆိုင်များ၊ စားသောက်ကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

        ထိုသို့စစ်ဆေးရာတွင် အဆိုပါဆိုင်များ၌ ရောင်းချနေသောမုန့်မျိုးစုံနှင့် စားသောက်ကုန် ပစ္စည်းများမှာစားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်ပါရှိသော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(မွန်)

ဖျာပုံခရိုင်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့အစီအစဉ်ဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေး

            ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမတွင် ဖျာပုံခရိုင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့အစီအစဉ်ဖြင့်၂၀၂၂ခုနှစ်၊ဖေဖော်ဝါရီလ(၅)ရက်နေ့လည်(၁၃:၀၀)နာရီတွင် ဖျာပုံခရိုင်(၄)မြို့ နယ်ရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့မှ အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။

          အဆိုပါအခမ်းအနားတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနေဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးထွေးသိမ်းက ဆွေးနွေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်တွင် ကုန်သွယ်ရေးဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် မူပိုင်ခွင့်ဦးစီးဌာနတို့ရှိပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ဈေးကွက်မရောက်မီ ကုန်စည်နှင့်ဈေးကွက်ရောက်ပြီး ကုန်စည်များအား ဥပဒေပုဒ်မ(၄၁)(၄၃) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊   တားမြစ်ချက်များ၊ပြစ်မှုဖြစ်ဒဏ်များ၊တိုင်ကြားစာများ းလက်ခံဆောင်ရွက်ဖြေရှင်းခြင်းများအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခြင်းဖြင့်လည်းကောင်း၊ ဆက်လက်၍ ပြည်တွင်းအခွန်များဦးစီးဌာနမှ မြို့နယ်အခွန်ဦးစီးမှူးက ကောက်ခံလျက်ရှိသည့် အခွန်အမျိုးအစားများနှင့် ပတ်သက်သည့် အခွန်ကိစ္စရပ်များကို    ရှင်းလင်းဆွေးနွေးခြင်းဖြင့်   လည်းကောင်း၊   မြို့နယ်သစ်တောဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူးက တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ၊ သယ်ယူ ရွှေပြောင်း ခြင်း၊ လက်ဝယ် ထားရှိခြင်း ဆိုင်ရာဥပဒေများအား ရှင်းလင်းဆွေးနွေးခြင်းဖြင့် လည်းကောင်း၊ အသီးသီးဟောပြော ဆွေးနွေးကြပါသည်။

          ထိုဟောပြော ဆွေးနွေးမှုအပေါ် တက်ရောက်လာသူများမှ သိလိုသည်များ မေးမြန်းခြင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းခဲ့ပြီးနောက် ခရိုင်စီးမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက နိဂုံးချုပ်စကားပြောကြားပါသည်။

          အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စုစုပေါင်း(၅၅)ဦးတက်ရောက်ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အထူးဈေးနှုန်းဖြင့် ရောင်းချနေသောစက်သုံးဆီဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး၊ ဘီးလင်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် ၁၁.၂.၂၀၂၂ ရက်နေ့တွင် ပရီမီယံဒီဇယ်နှင့် ရိုးရိုးဒီဇယ် တို့ကို အထူးဈေးနှုန်းဖြင့် ရောင်းချနေသောဘီးလင်းမြို့နယ်ရှိ DENKO စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

        ထိုသို့စစ်ဆေးရာတွင် အဆိုပါ DENKO ဆီဆိုင်အနေဖြင့် နိုင်ငံတော်ကရောင်းချပေးသည့် အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှ တင်သွင်းသောစက်သုံးဆီ (ဒီဇယ်ဆီ) များအပေါ် သက်သာသောဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ၊ အချိန်အတွယ် မှန်ကန်ခြင်းရှိ/ မရှိစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

DENKO စက်သုံးဆီအရောင်းဆိုင်မှ စက်သုံးဆီများ အထူးဈေးနှုန်းဖြင့်ရောင်းချပေး

             ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်မြို့နယ်အတွင်းရှိ ပြွန်တန်ဆာမြို့ DENKO စက်သုံးဆီ အရောင်းဆိုင်မှ အများပြည်သူများ ကုန်စည်ကူးသန်းရောင်းဝယ်မှု အဆင်‌ပြေချောမွေ့စေရန်အတွက် ပရီမီယံ ဒီဇယ်နှင့် ရိုးရိုးဒီဇယ်ဆီတို့အား (၈ . ၂ . ၂၀၂၂ ) ရက်နေ့မှ စတင်၍ ( ၁၂ ) ရက်ခန့်မျှ အထူးဈေးနှုန်း ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရပါသဖြင့် ညောင်လေးပင်မြို့နယ် စားသုံးသူရေးရာ မြို့နယ် တာဝန်ခံရုံးမှ ဝန်ထမ်းများသည်  DENKO စက်သုံးဆီ အရောင်းဆိုင်မှ မန်နေဂျာ ဦးစိုးမင်းဌေးနှင့် သွားရောက်တွေ့ဆုံ၍  စက်သုံးဆီရောင်းချမှု အခြေအနေအားမေးမြန်းခဲ့ပါသည်။

             ထိုသို့စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင် မြို့နယ်တာဝန်ခံနှင့် DENKO စက်သုံးဆီ အရောင်းမန်နေဂျာ ဦးစိုးမင်းဌေးတို့ တွေ့ဆုံမေးမြန်းရာတွင် လက်ရှိရောင်းချလျက်ရှိသော ပရီမီယံဒီဇယ် (၁) လီတာ ၁၇၆၅ ကျပ်ကို ၁၅၈၀ ကျပ်ဖြင့်လည်းကောင်း၊ ရိုးရိုးဒီဇယ် ( ၁ ) လီတာ ၁၇၄၅ ကျပ်ကို ၁၅၇၂  ကျပ်ဖြင့်ရောင်းချပေးလှျက်ရှိပြီး ဝယ်ယူသူများအနေဖြင့်  ကဒ်ဖြင့်ဝယ်ယူမည်ဆိုပါက  ဂါလံ ( ၁၅၀ ) ရောင်းချပေးပြီး၊ ဟိုင်းဝေးကားသမားများအား ကားကြီးတစ်စီးလျှင် ဂါလံ(၅၀) သာ အထူးဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

မြိတ်မြို့ရှိ သောက်ရေသန့်လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးအသိပညာပေး

          တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များဖြစ်သော ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အပါအဝင်၊ သက်ဆိုင်ရာခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့ဖြင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် မြိတ်မြို့ပေါ်ရှိ သောက်ရေသန့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် ၎င်းတို့ထုတ်လုပ်သော ကုန်စည်များ၌  စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များ ပြည့်စုံစွာပါရှိခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး သောက်ရေသန့်လုပ်ငန်းရှင်များအား မိမိတို့၏ ကုန်အမှတ်တံဆိပ်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံရန်အတွက် စားသုံးသူရေးရာဦးစီးဌာနသို့ အတည်ပြုလျှောက်ထားနိုင်ပါကြောင်း၊ ကိုဗစ်ရောဂါဖြစ်ပွားနေချိန်ဖြစ်၍ မက်စ် အားအမြဲတစေတပ်ဆင်၍ အလုပ်လုပ်ရန်နှင့် ထုတ်ကုန်များထုတ်လုပ်ရာ၌ လိုအပ်သောအချက်များပါဝင်သည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

“ရမည်းသင်းမြို့နယ် အထူးစျေးနှုန်းဖြင့်ရောင်းချလျှက်ရှိသော စက်သုံးဆီ ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း’’

       စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်အတွင်းရှိ (ရန်ကုန်-မန္တလေး) ကားလမ်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှဦးစီးအရာရှိ၊ဦးသန်းစိုးနှင့် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများသည် စည်ပင်သာယာရေးဝန်ထမ်းနှင့်အတူ Asia Energy စက်သုံးဆီအရောင်းဆိုင်နှင့် PT Power စက်သုံးဆီအရောင်းဆိုင်များသို့ (၁၄ .၂.၂၀၂၂) ရက်နေ့ (၁၀ ) နာရီအချိန်တွင် သွားရောက်၍ စက်သုံးဆီများအား အထူးစျေးနှုန်းဖြင့်ရောင်းချနေမှု အခြေအနေများ၊ စျေးနှုန်းများ၊ အချိန်အတွယ်ပမာဏများ ပြည့်စုံမှန်ကန်စွာ ရောင်းချမှုရှိစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အဆိုပါ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် နိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချပေးသည့် အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှတင်သွင်းသော စက်သုံးဆီ (ဒီဇယ်ဆီ)များ အပေါ်သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ မိမိတို့ရောင်းချသော ကုန်စည်တို့နှင့် ပတ်သက်၍ သတင်းအချက်အလက်များအား အများပြည်သူတို့ ရှင်းလင်းစွာသိရှိနိုင်ရန်အတွက် ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်ဖြန့်ဝေပေးကြရန် သတ်မှတ်အရည်အသွေးပြည့်မှီသော စက်သုံးဆီများကိုသာ ရောင်းချကြရန်နှင့် (၂၀) လီတာဝင် စံခွက်ဖြင့် ချိန်တွယ်စစ်ဆေးပြီး အချိန်အတွယ်မှန်ကန်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

DOCA(မန္တလေး)

ကုန်အညွှန်းအမှတ်အသားဖော်ပြရေးအတွက် အသိပညာပေးဆွေးနွေး

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံရုံးအုပ်ဦးဇော်နေလင်းနှင့်အဖွဲ့သည်  တိုင်း/ ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့်  စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရန်နှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြနိုင်ရေးအတွက် (၁၁.၂.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့နယ်၊ ချောင်းမကြီးကျေးရွာရှိ ''စိန်''ကြက်သွန်ကြော်လုပ်ငန်းသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

          ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းမှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိတို့ထုတ်လုပ်သောကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများနှင့်မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)တို့နှင့်အညီ ပြည့်စုံစွာထည့်သွင်းရမည့်အပြင် ကြက်သွန်ကြော်သည် အရန်သင့်အစားအစာအမျိုးအစားတွင် ပါဝင်သည့်အတွက် ကုန်ပစ္စည်းအမျိုးအမည်၊ အသားတင်ပမာဏ၊ အလေးချိန်၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေ ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည့်စုံမှန်ကန်စွာ ထည့်သွင်းပြီးပါက ကုန်အမှတ်တံဆိပ် စိစစ်အတည်ပြုပေးနိုင်ပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်လျှောက်ထားနိုင်ကြောင်း၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတစ်ဆင့် မကွေးတိုင်းဒေသကြီးဦးစီး မှူးရုံးသို့ အဆင့်ဆင့်တင်ပြပြီး ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်ရရှိရေး ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် ကုန်ပစ္စည်းတစ်ခုထုတ်လုပ်ရောင်းချဖြန့်ဖြူးရာတွင် ကုန်အမှတ်တံဆိပ်သည် ထုတ်ပိုးပစ္စည်းပေါ်တွင် ပါရှိရမည့် အဓိကအချက်ဖြစ်ကြောင်း၊ ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိပါက ကုန်အမှတ်တံဆိပ်ကိုမြင်ယုံနှင့် စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိကြောင်းသိရှိပြီး ပြည်တွင်းကြက်သွန်ကြော်လုပ်ငန်း ဈေးကွက်၌လည်း ဆိပ်ဖြူ "စိန်" ကြက်သွန်ကြော်ဆိုလျှင် နေရာအနှံ့ စားသုံးသူတိုင်းသိရှိ၍ လူတိုင်းဝယ်ယူစားသုံးကြမည်ဖြစ်ကြောင်း၊        ရောင်းချဖြန့်ဖြူးရာတွင်လည်း မိမိတို့ အများဆုံး ဖြန့်ဝေလျက်ရှိသော ဆိပ်ဖြူမြို့နယ်ဒေသတွင်းနှင့်နီးစပ်ရာမြို့များ၊ အဓိကတင်ပို့လျက်ရှိသော ရန်ကုန်(ဘုရင့်နောင်)ပွဲရုံအပြင် မြန်မာပြည်တွင်းဒေသအနှံ့အပြားသာမက မိမိဒေသထွက် ကြက်သွန်နီ(ကုန်ကြမ်း)မှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုဖြစ်သော "စိန်" ကြက်သွန်ကြော်လုပ်ငန်းသည် ပြည်တွင်းသာမက ပြည်ပပို့ကုန်အထိ ဈေးကွက်ထိုးဖောက် ဝင်ရောက်လာနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

       ဒု-ဦးစီးမှူး ဒေါ်တင်မာရီမှ စီးပွားရေးလုပ်ငန်းရှင်အား လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များနှင့်ပတ်သက်၍  စီးပွားရေးလုပ်ငန်းရှင်အား မိမိထုတ်လုပ်ရောင်းချသော ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ကုန်စည်ကိုသာ စားသုံးသူများဘေးအန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍  ကုန်စည်ပေါ်တွင် ဖော်ပြရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင် သိရှိလိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်မည့်အချက်များ၊ ပြစ်မှုပြစ်ဒဏ်များ ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များပါရှိသည့် စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိ ပါသည်။

        ယခုကဲ့သို့ ကြက်သွန်နီကို တန်ဘိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်နေသည့် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)နှင့်အညီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်းဖော်ပြလာရေး အသိပေးရှင်းလင်းဆွေးနွေးခြင်းဖြင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ထုတ်ကုန်များကို ပြည်တွင်း၌သာမက ဒေသတွင်း၊ ပြည်ပနိုင်ငံများအထိပါ ဈေးကွက်ပိုမိုထိုးဖောက်လာနိုင်မည်ဖြစ်ပြီး ဒေသတွင်းပြည်သူများသို့ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ကာ တိုင်းပြည်စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် တဖက်တလမ်းမှ အထောက်အကူပြုနိုင်ပါကြောင်း တင်ပြအပ်ပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ