Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန(ရုံးချုပ်)မှ Zoom Webinar စနစ်ဖြင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ တွေ့ဆုံဟောပြောပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၂၃)ရက်နေ့ နေ့လည် (၁၃:၀၀) နာရီမှ (၁၇:၀၀)အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ် ဒေသတွင်းပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် မူပိုင်ခွင့်ဌာန၏ ဉပဒေနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား  စီးပွားရေးလုပ်ငန်းရှင်/SME     လုပ်ငန်း ရှင်များအား အသိပညာပေးဆွေးနွေးရခြင်းဖြစ်ပါသည်။

         အဆိုပါဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာနမှ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်နှင့် အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားဆိုင်ရာကိစ္စနှင့် ပတ်သက်၍ ဒေါက်တာစိမ့်သန္တာထွန်း၊ ညွှန်ကြားရေးမှူးက ရှင်းလင်းပြောကြားခြင်း၊ Online Filling System (wipo File) စနစ်ဖြင့် အမှတ်တံဆိပ်မှတ်ပုံ တင်လျှောက်ထားခြင်းဆိုင်ရာ ကိစ္စနှင့်ပတ်သက်၍ ဒေါက်တာမေဖြိုးသွယ်၊ ညွှန်ကြားရေးမှူးက ရှင်းလင်းပြောကြားပြီး၊ တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်/SME လုပ်ငန်းရှင်များ၏ သိရှိလိုသည့် မေးမြန်းခြင်းအပေါ် ရှင်းလင်းဆွေးနွေးခြင်း  အစည်းအဝေးသို့ စီးပွားရေးလုပ်ငန်းရှင်/ SME လုပ်ငန်းရှင် (၄)ဦးနှင့် ရခိုင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာမှ အရာထမ်း/အမှုထမ်း(၁၂)ဦး  စုစုပေါင်း(  ၁၆ )ဦးတို့သည် Zoom Webinar စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)

ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြော

         စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ၂၂.၂.၂၀၂၂ ရက်နေ့ နေ့လည်(၁၃:၃၀) နာရီအချိန်တွင် ဗိုလ်ချုပ်ဈေးတာဝန်ခံရုံး၌ ကုန်မျိုးစုံဆိုင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များကို အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

          အသိပညာပေးဟောပြောပွဲသို့ ဗိုလ်ချုပ်ဈေးရှိ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင် (၈)ဦး တက်ရောက် ခဲ့ပြီး၊ အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးမှု၊ ကုန်စည်အပေါ် တာဝန်ရှိမှု၊ ကုန်အစည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာအချက်များကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ သိလိုသည့်အချက် များမေးမြန်းမှုကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

တည်းခိုရိပ်သာဝန်ဆောင်မှုလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေးဟောပြောဆွေးနွေး

        စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဌာနခွဲတာဝန်ခံတို့သည် ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်တို့အနေဖြင့် စားသုံးသူ ကာကွယ်ရေး ဥပဒေပြဌာန်းချက်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရေးအတွက် ရည်ရွယ်၍ ဖေဖော်ဝါရီလ (၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်မြို့နယ်အတွင်းရှိ တည်းခိုရိပ်သာ ဝန်ဆောင်မှုလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

       အဆိုပါ ဆွေးနွေးပွဲသို့ ပြည်မြို့နယ်အတွင်းရှိ တည်းခိုရိပ်သာ ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်လျှက် ရှိသော လုပ်ငန်းရှင်များ၊ ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် စားသုံးသူ ရေးရာ ဦးစီးဌာန ၊ ပြည်ခရိုင်ဦးစီးမှူးမှ ဥပဒေပါ ဝန်ဆောင်မှုလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက် ရမည့် တာဝန်များ၊ ပြစ်မှု၊ ပြစ်ဒဏ်တို့အကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးဆောင်ရွက်ခဲ့ပြီး တက်ရောက် လာသော လုပ်ငန်းရှင်များမှ သိရှိလိုသည့် မေးမြန်းမှုအား ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

သောက်ရေသန့်နှင့် စားသောက်ကုန်ထုတ်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကော့ကရိတ်မြို့နယ် တာဝန်ခံ ဦးမောင်မောင်အေး ၊ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သီတာဌေး တို့နှင့်အတူ( ၂၀--၂၀၂၂) ရက်နေ့ ၁၃:၃၀ နာရီမှ ၁၅:၀၀ အချိန်တွင် ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ရွှေပျံလွှားမုန့်မျိုးစုံလုပ်ငန်း၊ ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဘုံကျောင်းလမ်း ရှိ မိုးကြယ်စင်သောက်ရေသန့်လုပ်ငန်း၊ ကော့ကရိတ်မြို့၊ အမှတ်(၇)ရပ်ကွက်၊ မေတ္တာလမ်းရှိ ဦးချိ(ဆိတ်ချီးခါး)လုပ်ငန်းတို့ကို ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။

              ထိုသို့စစ်ဆေးရာတွင် လုပ်ငန်းရှင်များအနေဖြင့်၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စားသုံးသူကာကွယ်ရေး ကော်မရှင်မှထုတ်ပြန်ထားသော ၂/ ၂၀၁၉ ပါ ကုန်စည်အမျိုးအစား အလိုက် ဖော်ပြရမည့် ညွှန်ကြားချက်များကို ပြည့်စုံမှန်ကန်စွာဖော်ပြလိုက်နာ ဆောင်ရွက်ရန်  ပြည်နယ်ဦးစီး မှူး ဦးသန်းဦးက ရှင်းလင်းဆွေးနွေးမှာကြားပြီး မြေပြင်လုပ်ငန်းဆောင်ရွက် မှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

              ထို့အပြင် ဌာန၏မျှော်မှန်းချက်ဖြစ်သော “စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်” အတွက် ဈေးကွက်ရောက်ပြီးကုန်စည်နှင့် ဈေးကွက်မရောက်မီကုန်စည်များကို လစဉ် လျာထားချက်များချမှတ်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို ဌာနသို့ ဝန်ဆောင်ခပေးရန် မလိုဘဲ စိစစ်လျှောက်ထားနိုင်ကြောင်း ကွင်းဆင်းစစ်ဆေးအသိပညာပေးခဲ့ပါသည်။

DOCA(ကယား)

ဝါစေ့ဆီစက်၊ဝါဂွမ်းစက်နှင့် မြေပဲဆီစက်တို့အား ကွင်းဆင်းစစ်ဆေး အသိပညာပေးဆောင်ရွက်ခဲ့

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးဦးဆောင်သည့် ဝန်ထမ်းများသည် (၁၈.၂.၂၀၂၂)ရက်နေ့တွင် မန္တလေးခရိုင်အတွင်းရှိ ဝါစေ့ဆီစက်၊ ဝါဂွမ်းစက်နှင့် မြေပဲဆီစက်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်ကြမ်းဝယ်ယူရရှိမှု အခြေအနေများ၊ ကုန်ချောပစ္စည်းရောင်းချနေသည့်အခြေအနေများ၊ ကြိတ်ခွဲထုတ်လုပ်နိုင်မှုနှင့် စက်စွမ်းအားအခြေအနေများ၊ လုပ်သားအင်အားစာရင်းနှင့် ကုန်ကြမ်း/ကုန်ချောဈေးနှုန်းစာရင်း များကောက်ယူခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရန်ကိစ္စ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၂၀.၁၂.၂၀၂၁)နေ့တွင် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ နှင့် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မန္တလေး)

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်အသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၊ ဦးဇော်မင်းသည် (၁၀-၂-၂၀၂၂) ရက်နေ့ (၁၀:၀၀)အချိန်တွင် Vegetable Oil နှင့် Cooking Oil များ တပ်ဆင်ရောင်းချနေသော စားသုံးဆီများနှင့်စပ်လျဉ်း၍ ထုတ်ပြန်ထားသော ညွှန်ကြားချက် (၁/၂၀၂၁) နှင့်ပတ်သက်၍ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူများကို မိတ္ထီလာခရိုင်ဦးစီးမှူးရုံးသို့ ဖိတ်ခေါ်၍ ခရိုင်ဦးစီးမှူးရုံးခန်းတွင် တွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် ကုန်အညွှန်းအမှတ်သားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်သည် (၂/၂၀၁၉)ဖြင့် ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ဖြစ်စေ ပြည်စုံစွာဖော်ပြနိုင်ရေး၊ ကုန်စည်ထုတ်လုပ်မှုနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေး၊ စားသုံးသူကာကွယ်‌ရေးဥပဒေပါ လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအား သိရှိစေရန် ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil နှင့် Cooking Oil ) ဟူ၍ အမျိုးအမည်များတွင် ထည့်သွင်းဖော်ပြရောင်းချနေမှုနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် (၂၀-၁၂-၂၀၂၁) ရက်နေ့တွင် ညွှန်ကြားချက် (၁/၂၀၂၁)အား ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း၊ ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသား တင်ပမာဏနှင့် ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မဖြစ်မနေ မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်၏အသားတင်ပမာဏတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟူ၍ ဖော်ပြရမည်ဖြစ်ကြောင်း၊ ဤညွှန်ကြားချက်သည် စတင်ထုတ်ပြန်ပြီး (၆)လပြည့်မြောက်ပြီးသည့် (၂၀-၆-၂၀၂၂) ရက်နေ့မှ စတင်၍ အာဏာ သက်ရောက်မည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဆိုပါ အချက်များအား လိုက်နာမှု မရှိပါက စားသုံးသူကာကွယ်ရေးဥပ‌ဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်၍ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် ဆီထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်များအား ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆွေးနွေးပြောကြားထားရန်လိုအပ်ပါကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

        ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူများမှလည်း ညွှန်ကြားချက်အပေါ် လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိတ္ထီလာခရိုင်အတွင်းရှိ စားသုံးဆီထုတ်လုပ်ရောင်းချသူများအား ဤညွှန်ကြားချက်ကိုဖြန့်ဝေ၍ အာဏာသက်ရောက်မည့် (၂၀-၆-၂၀၂၂) ရက်နေ့မတိုင်မီ ပြောင်းလဲ ပြင်ဆင်ထုတ်လုပ်/ရောင်းချသွားရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(မန္တလေး)

ရမည်းသင်းမြို့၊မြို့မစျေးအတွင်း ဟင်းသီးဟင်းရွက်ဆီများတွင် ကုန်အညွှန်းအမှတ်သားဖော်ပြရန် ကွင်းဆင်းစစ်ဆေးအသိပညာပေး

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာနှင့်ရမည်းသင်း)ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိနှင့်ဝန်ထမ်းများမှ ဦးဆောင်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်း၍ (၁၅.၂.၂၀၂၂) ရက်နေ့ (၁၀:၀၀)အချိန်တွင် ရမည်းသင်းမြို့ မြို့မစည်ပင်သာယာစျေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်သားဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များအား ကွင်းဆင်း၍ အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ ကွင်းဆင်းအသိပညာပေးဆောင်ရွက်ရာတွင် အစားအသောက်ကုန်စည်အုပ်စုတွင် ပါဝင်သည့် စားသုံးဆီအမျိုးမျိုးနှင့် စပ်လျဉ်း၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မဖြစ်မနေဖော်ပြရန် လိုအပ်သည့်အတွက် (၂၀.၁၂.၂၀၂၁) ရက်နေ့တွင် ညွှန်ကြားချက်(၁/၂၀၂၁) အား ထုတ်ပြန်ခဲ့ကြောင်း၊ ယခုအခါတွင် စျေးကွက်အတွင်း၌ အချို့သောစားသုံးဆီများသည် ဟင်းသီးဟင်းရွက်ဆီ ( Vegetable Oil နှင့် Cooking Oil) ဟု ဖော်ပြချက်သည် ကုန်စည်တစ်ခု၏ အမျိုးအမည်မဟုတ်သည့်အပြင် စားသုံးသူများ ထင်ယောင်ထင်မှားဖြစ်စေသည့်အတွက် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ဟင်းသီးဟင်းရွက်ဆီ ( Vegetable Oil နှင့် Cooking Oil) အမျိုးအစားနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် ပင်းရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟူ၍ ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်၏အသားတင်ပမာဏအား မြန်မာ့အလေးချိန်ယူနစ် ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ ညွှန်ကြားချက်သည် (၂၀-၆-၂၀၂၂) ရက် (၆)လပြည့်မြောက်ပြီးသည့်နေ့တွင် စတင်အာဏာတည်မည်ဖြစ်၍ စားသုံးဆိုင်များအနေဖြင့် ပြင်ဆင်ချိန် ယခုလိုပေးထားသော ကာလအတွင်း ရောင်းချနိုင်သော်လည်း၊ အာဏာသက်ရောက်သည့်နေ့မှစ၍ မရောင်းချစေရေး၊ အဆိုပါ ဆီများလာရောက် တင်ပို့သော လုပ်ငန်းရှင်များကိုလည်း မျှဝေပြောကြားသွားရန် စားသုံးဆီရောင်းချသည့် အရောင်းဆိုင်များအား ကွင်းဆင်း၍ အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(မန္တလေး)

စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

          စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ ခရိုင်၊ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးကော်မတီအနေဖြင့် စစ်ကိုင်းခရိုင် အတွင်း အသိပညာပေးဟောပြောပွဲများပြုလုပ်ရန် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှု အရ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးတွင် စားသုံးသူ ကာကွယ်ပေးရေးအသိပညာပေးဆွေးနွေးပွဲကို  ၁၆.၂.၂၀၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်း ခရိုင်မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆေးအရောင်ဆိုင်နှင့်စားသုံးဆီအရောင်းဆိုင်များမှ လုပ်ငန်းရှင်များ စုစုပေါင်း (၄၀)ဦးတက်ရောက်ခဲ့ပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စားသုံးသူ ရေးရာနှင့် ပတ်သက်၍ စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များ၊ လုပ်ငန်းရှင်များ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါတားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်အညွှန်း အမှတ်သား ဖော်ပြခြင်းဆိုင်ရာ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုနှင့် ပတ်သက်၍ စားသုံးသူ နစ်နာမှုကြုံရပါက တိုင်ကြားနိုင်မည့် နည်းလမ်းများစသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ပြီး  စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ် ကဲရေးဦးစီးဌာန တိုင်းဒေသကြီး တာဝန်ခံမှ  ကျန်းမာရေးဝန်ကြီးဌာန၏ ဖွဲ့စည်းပုံနှင့် အမျိုးသားအစား အသောက် ဥပဒေအကြောင်း၊ အမျိုးသား ဆေးဝါးဥပဒေအကြောင်း၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေ အကြောင်း၊ မြန်မာနိုင်ငံ အစား အသောက်နှင့် ဆေးဝါးအာဏာပိုင် အမိန့်ကြော်ငြာစာအမှတ် ၅၂၄/၂၀၂၁ ခုနှစ်၊နိုဝင်ဘာလ (၂၇)ရက် နေ့က အမှတ်တံဆိပ်ပါ ဘူးသွင်း သောက်ရေသန့်နှင့် အမှတ် တံဆိပ်ပါ၊ စားသုံးဆီတို့ကို ထိန်းချုပ်အစားအသောက်အဖြစ်သတ်မှတ်ခဲ့ပါကြောင်း သိကောင်းစရာများနှင့် ကျန်းမာရေးဦးစီး ဌာန၊ ဒု-ခရိုင်ဦးစီးမှူးမှအစားအသောက်နှင့် ဆေးဝါးများအကြောင်းစသည်တို့ကို ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။ အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ သိလိုသည့်မေးမြန်းမှုများကို တာဝန်ရှိသူများက ရှင်းလင်းကာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် စားသုံးသူရေးရာအသိပညာပေးဟောပြော

        ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနမှ ဖွင့်လှစ်ပို့ချပေးသော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းတွင် စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပါသည်။

       ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဦးစွာပထမ မိတ်ဆက်ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်သူများအနေဖြင့်  မိမိတို့ဌာနကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)နှင့် ရောထွေးနေတတ်ကြသောကြောင့် စားသုံးသူရေးရာဦးစီးဌာန(DOCA) နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တို့၏ ရည်မှန်းချက်တာဝန်များ၊ ဌာနနှစ်ခုမှ တာဝန်ခံဆောင်ရွက်လျက်ရှိသည့် ဥပဒေများနှင့် ပြည်သူများသို့ ဝန်ဆောင်မှုပေးနေသည့် မတူညီသော လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ကွဲကွဲပြားပြားရှင်းလင်းနားလည်စေရန် သင်တန်းသူ/သားများအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

         ဆက်လက်၍ မိမိတို့ဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉။ ဖြင့် အတည်ပြုပြဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ တက်ရောက်လာကြသော သင်တန်းသား/သူများတွင် အချို့က သင်တန်းပြီးလျှင် ကိုယ်ပိုင် လုပ်ငန်းများ လုပ်ကိုင်ကြမည့်သူများဖြစ်သဖြင့် လုပ်ငန်းရှင်ဟုဆိုနိုင်သော်လည်း တစ်ဖက်က ကြည့်လျှင် စားသုံးသူများပင်ဖြစ်ကြောင်း၊ စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးများ ရှိကြောင်း၊ သို့ဖြစ်ပါ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များ၊  မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ဖြင့် ထုတ်ပြန်ထားသောအချက်များ၊ စားသုံးသူအခွင့်အရေးနှင့်လိုက်နာရမည့်တာဝန်များ၊  အခွင့်အ‌ရေးများ နစ်နာဆုံးရှုံးခဲ့ပါက တိုင်းနှင့်ပြည်နယ်များရှိ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ  (CICC)တွင် တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ဥပဒေပါတားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များ စသည်တို့ကို အသေးစိတ် ဆွေးနွေးပြောကြားခဲ့ပြီး သင်တန်းသူ/သားများကလည်း သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

အလှကုန်ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်)နှင့် ပူးပေါင်း၍ (၁၆.၂.၂၀၂၂) ရက်နေ့ (၁၄:ဝဝ) နာရီအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အလှကုန်ပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်၍ (FDA) မှတားမြစ်ထားသည့် အလှကုန်ပစ္စည်းများ ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။

          အလှကုန်ပစ္စည်းအရောင်းဆိုင်များတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်) ဒေါ်ချိုချိုဝင်း (လက်ထောက်ညွှန်ကြားရေးမှူး) က (FDA) မှ အခါအားလျော်စွာ ထုတ်ပြန်ထားသော တားမြစ်ဓါတုပစ္စည်းများပါဝင်သည့် သုံးစွဲရန်မသင့်ဟု အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ထားသော ဘေးအန္တရာယ်ရှိသည့် အလှကုန်များကို ဝယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်း (လုံးဝ) မပြုလုပ်ကြရန်နှင့် တားမြစ်ထားသည့် အလှကုန်များ လက်ဝယ်တွေ့ရှိပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ(၃)၊ အပိုဒ် (၃)(ဃ)အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ပညာပေးပြောကြားခြင်းများဆောင်ရွက်ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ် က စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း (၁၈) ပုဒ်မ (၄၁) တွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန်နှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ လမ်းညွှန်ချက်များကိုလည်း မဖြစ်မနေလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ အသိပညာ‌ပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ