Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သာပေါင်းမြို့နယ် ဆန်ကြိတ်ခွဲရောင်းချသည့် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး

              ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်၍ (၃.၆.၂၀၂၂)ရက်နေ့နံနက်(၁၀:၀၀)နာရီတွင် သာပေါင်းမြို့နယ်၊ မြို့နယ်တာဝန်ခံရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ ဆွေးနွေးပြောကြားရာတွင် မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ်မှ မိမိတို့ဌာနအနေဖြင့် စားသုံးသူရေးရာလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများကိုပါဆောင်ရွက်နေကြောင်း၊ အသင်းအနေဖြင့် အသင်းဝင်  များတိုးတက်ရေး၊ ဆန်စက်များနှစ်စဉ်အဆင့်မြှင့်တင်ရေး၊ ဆန်ကြိတ်ခွဲရာတွင် အထွက်နှုန်း ကောင်းမွန်ရေး၊ စပါး၊ ဆန်သိုလှောင်မှုကောင်းမွန်စေရေး၊ ဈေးကွက်ဝေစုရရှိရေး၊ ပြည်သူများ အား အရည်အသွေးနှင့်ကိုက်ညီသော ဈေးနှုန်းများနှင့် သက်သာသောဈေးနှုန်းဖြင့် ဒေသတွင်း ဝယ်ယူစားသုံးနိုင်ရေး၊ တိရိစ္ဆာန်အစာများထုတ်လုပ်နိုင်ရေး၊ စပါးခွန်လောင်စာဖြင့် လျှပ်စစ် ထုတ်လုပ်နိုင်ရေး၊ စပါးခွန်လောင်စာဖြင့် စပါးကြိတ်ခွဲနိုင်ရေး၊ မိမိတို့ဆန်စက်အားမှီခိုနေသည့် လုပ်သားများ သက်သာချောင်ချိရေး အလုပ်အကိုင်အခွင့်အလမ်းများ အားဆွေးနွေးပြောကြား ခဲ့ကြောင်းသိရှိရပါသည်။ ဆန်ကြိတ်ခွဲ ရောင်းချသောလုပ်ငန်းရှင်များမှလည်း သိလိုသည်များကို မေးမြန်းခဲ့ရာ ဆန်စက်လုပ်ငန်းရှင် အသင်းဥက္ကဌ ဦးအောင်ကိုကိုဆန်းမှ ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ စက်ကြိတ်ခွဲရောင်းချသည့် လုပ်ငန်း ရှင် (၁၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

စားသုံးသူများနစ်နာဆုံးရှုံးမှုမရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးပေး

            စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်အတွင်းမြို့နယ်များတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများကို စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သိရှိလိုက်နာဆောင်ရွက်စေရန် ရည်ရွယ်၍ (၃.၆.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀)နာရီ အချိန်တွင် ကျောင်းကုန်းမြို့နယ်၊ မြို့နယ်တာဝန်ခံသည် ကျောင်းကုန်းမြို့နယ်စည်ပင်နှင့်အတူ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင်များအား ဈေးတာဝန်ခံရုံးတွင် တွေ့ဆုံ၍ အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။ အသိပညာပေးပြောကြားရာတွင် စားသုံးသူရေးရာဥပဒေပါ အခန်း(၁၈)တွင်ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းရှင်တို့လိုက်နာရမည့် တာဝန်များ၊ပြစ်မှုပြစ်ဒဏ်တို့၏အကြောင်းများအား အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။ တက်ရောက်လာသော ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင်များကလည်း သိလိုသည်များကို မေးမြန်းခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ကျောင်းကုန်း မြို့နယ်မြို့နယ်တာဝန်ခံ ဦးတင်ကိုမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မာစီ သောက်ရေသန့်လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ ကျိုင်းတုံမြို့ရှိ စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများသည် (၃.၆.၂၀၂၂)ရက်နေ့တွင် မာစီအမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်သည့်လုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ယုံကြည်စိတ်ချစွာဝယ်ယူသုံးစွဲနိုင်ရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါကုန်အညွှန်းအမှတ်အသားများ ဖော်ပြနိုင်ရေးနှင့် ပတ်သက်၍ ပြည့်စုံစွာပါရှိနိုင်ရေး ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ သောက်ရေသန့်လုပ်ငန်းရှင်အား စက်ရုံဝန်ထမ်းများ၏ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုတစိုက်ပြုလုပ်ကြရန်၊ သောက်ရေသန့်များကို စနစ်တကျထုတ်ပိုး ဖြန့်ဖြူးရောင်းချရန်၊ ရေသန့်များအား ဖြန့်ဖြူးရောင်းချရာတွင် သယ်ယူပို့ဆောင်မှု စနစ်တကျရှိစေရေး၊ နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့စေရေး နေကာ-မိုးကာများကာကွယ်၍ ဖြန့်ဖြူးရောင်းချရန်၊ စက်ရုံဝန်ထမ်းများ အား ခေါင်းစောင်း၊ ခြေအိတ်နှင့် လက်အိတ်များ စနစ်တကျ ဝတ်ဆင်ကြရန်၊ ရေသန့်ထုတ်လုပ်သော စက်ကိရိယာ၏ ရေဖိအား၊ ရေဖြတ်နှုန်း၊ လျှပ်စစ်အားစသည်တို့ကို စဉ်ဆက်မပြတ် စစ်ဆေး၍ မှတ်တမ်းတင်ထားရန်၊ သောက်ရေသန့် ထည့်သွင်းအသုံးပြုမည့် ရေသန့်ဘူးများသည် PET, HDPE, PE ပလပ်စတစ်အမျိုးအစားဘူးများသာ အသုံးပြုရန်၊ R.O.U.V ရေသန့်စင်စက်တွင် အသုံးပြုသော ဓာတုပစ္စည်းများ၊ ရေစင်များ (Resin)၊ ရေစစ်များ (Filter)လဲလှယ်ခြင်း၊ ဓာတုဂုဏ်သတ္တိ ပြန်လည် ရရှိစေရေး (Reactivation)ကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာန၏ သတ်မှတ်ထားသော လုပ်ထုံး လုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

          ထို့ပြင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များရရှိရေးနှင့် သက်တမ်းတိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန်၊ အဆိုပါဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် မှာကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များကို သိရှိလိုက်နာနိုင်စေရန်အတွက် အပြန်အလှန်ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

 

ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေးနှင့် အသိပညာပေး ဆွေးနွေးဟောပြောတတ်စေရန် အလှည့်ကျဟောပြောစေခြင်း လေ့ကျင့်ဆောင်ရွက်လျက်ရှိ

             စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ရုံးတွင် (၆.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ (၁၁:၀၀)နာရီထိ ခရိုင်ရုံးရှိ ဝန်ထမ်းသစ်များနှင့် မြို့နယ်တာဝန်ခံ တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မာရေး၊ ဝမ်းစာပြည့်ဝနေစေရေးနှင့် လူအများရှေ့တွင် ဟောပြောတတ်စေရန် ဝန်ထမ်းများ အလှည့်ကျဟောပြောစေခြင်းကို ခရိုင်ဦးစီးမှူးမှဦးဆောင်၍ လေ့ကျင့်ဆောင်ရွက်ခဲ့ပါသည်။

            မကွေးခရိုင်ဦးစီးမှူး ‌ဒေါ်တင်တင်လှ (လ/ ထ ညွှန်ကြားရေးမှူး)မှ စားသုံးသူရေးရာဦးစီးဌာနသည် “စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရန်” မျှော်မှန်းချက်ထားပြီး ရည်မှန်းချက်များဖြစ်သည့် (၁) စားသုံးသူ အခွင့်အရေးနှင့်အကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရန်၊ (၂)ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်ရန် (၃) ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့် သုတေသနဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန်၊ (၄) ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်ရန် လုပ်ငန်းတာဝန်များ ချမှတ်ပြီးအကောင်အထည်ဖော်လုပ်ဆောင်နေကြောင်း၊ စားသုံးသူကာကွယ်‌ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏အခွင့်အရေး တာဝန်နှင့် တားမြစ်ချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များကို ဝန်ထမ်းအားလုံးသိရှိကျွမ်းကျင်နေအောင် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ ထို့ကြောင့် ခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများကို ဝမ်းစာပြည့်ဝဖို့၊ ဗဟုသုတများရရှိဖို့၊ ဟောပြောပွဲအတွေ့အကြုံများရရှိစေဖို့၊ “ပညာရဲရင့်ပွဲလည်တင့်စေရန်” အပတ်စဉ်အလှည့်ကျ ဟောပြောရမည်ဖြစ်၍  ကိုယ့်အလှည့်မရောက်မှီ ကြိုတင်လေ့လာထားဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

            ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းမှလည်း ဝန်ထမ်းများအား မိတ်ဆက်စကားပြောကြားပုံ၊ ကိုယ်အမှုအရာ၊ လေယူလေသိမ်း၊ ယူနီဖောင်းဝတ်ဆင်ပုံစနစ်တကျရှိစေရေးတို့အား ရှင်းလင်းပြောကြားခဲ့ပြီး  ၂၀၂၂ ခုနှစ်၊ ဇွန်လ(၆)ရက်နေ့ ပထမအပတ်ဟောပြောရန် အလှည့်ကျသည့် ဦးဟာခေါဂေ (ဒု-ဦးစီးမှူး) ရေနံချောင်း မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ၊  စားသုံးသူကာကွယ် ရေးဥပဒေ -၂၀၁၉ ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ အခွင့်အရေး၊ တာဝန်နှင့်တားမြစ်ချက်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာဖော်ပြရေး ပါဝင်မည့်အချက်များအား အသေးစိတ်ဆွေးနွေးခဲ့ပြီး ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးတို့က လိုအပ်သည်များအား ဖြည့်စွက်ပြင်ဆင်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

နေပြည်တော်တိုင်း ဆန်စက်လုပ်ငန်းရှင်များအသင်း(ယာယီ)  ဖွဲ့စည်းခြင်း

                 ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးတွင် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းများကို နေပြည်တော်တိုင်း ဆန်စက်လုပ်ငန်းရှင်များအသင်းအဖြစ် တိုးမြှင့်ဖွဲ့စည်းခြင်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါ သည်။

               အခမ်းအနားတွင် နေပြည်တော်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားရာ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသင်းအဖွဲ့များ၊ အစုအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်းကုန်သွယ်မှုတည်ငြိမ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ၊ စွန့်ဦးတီထွင်ဆောင်ရွက်လိုသူများကို တိုးချဲ့စည်းရုံးဖွဲ့စည်းပြီး (Private, Public, Partnership)ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊နေပြည်တော်အတွင်း စိုက်ပျိုးရေး၊မွေးမြူ‌ရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများအလိုက် အသင်းအဖွဲ့များအား ဖွဲ့စည်းထားပါကြောင်း၊ ဖွဲ့စည်းထားသည့်အသင်းအဖွဲ့များ ရှင်သန်အားကောင်းစေရေးနှင့် မြို့နယ်အဆင့်အသင်းများအား တိုင်းအဆင့်အသင်းများအဖြစ်တိုးမြှင့်ဖွဲ့စည်းနိုင်ပါက နေပြည်တော် အတွင်းရှိ ဆန်စက်ကဏ္ဍဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်ပါကြောင်းနှင့် အသင်းအဖွဲ့ အမှုဆောင် ရွေးချယ်ရာမှာ မိမိကိုယ်ကျိုးအတွက် မဟုတ်ဘဲ ဆန်စက်လုပ်ငန်းရှင်များအကျိုး၊ နိုင်ငံတော်အကျိုး ဆောင်ရွက်လိုသော စိတ်ပါဝင်စားသည့်လုပ်ငန်းရှင်များအား နည်းလမ်းကျနစွာ အများဆန္ဒနှင့်အညီ ရွေးချယ်သွားရမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

                    အဆိုပါအခမ်းအနားသို့ နေပြည်တော်ဦးစီးမှူးအပါအဝင် အရာထမ်း၊ အမှုထမ်း(၇)ဦး နှင့် အသင်းသူ/အသင်းသား(၁၃)ဦး စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ပါသည်။ နေပြည်တော်တိုင်းဆန်စက် လုပ်ငန်းရှင်များအသင်း(ယာယီ)ကို အသင်းသား(၁၃)ဦးဖြင့် ပါဝင်ဖွဲ့စည်းခဲ့ပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

မော်လမြိုင် မြို့နယ် ဆန်စက် လုပ်ငန်းရှင်များအသင်း မြို့နယ်အမှုဆောင်ရွေးချယ်ရေး အခမ်းအနား ကျင်းပ

                 မော်လမြိုင်မြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များအသင်း မြို့နယ်အမှုဆောင်ရွေးချယ်ရေး အခမ်းအနားကို ၃.၆.၂၀၂၂ ရက် နေ့လည် ၂ နာရီက မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးရုံး၌ ကျင်းပခဲ့ရာ ဆန်စက်လုပ်ငန်းရှင် (၁၂) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

            ပထမဦးစွာ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းက ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် ဆန်စက်များကို အဆင့်မြှင့်တင်၍ ဆန်ရည်အသွေးကောင်းမွန်ပြီး ပြည်ပတင်ပို့နိုင်သည့် အခြေအနေရောက်အောင် ကြိုးစားသင့်ကြောင်း၊ မိမိတို့ဌာနအနေဖြင့်လည်း ဆန်စက်လုပ်ငန်းရှင်အသင်းအား ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒု-ဦးစီးမှူး ဦးတင်ဝင်းမောင်က နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။

             ဆက်လက်၍ မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးခိုင်ဦးက ရှင်းလင်းဆွေးနွေးရာတွင် ကော်မတီရွေးချယ် တင်မြောက်ခြင်းကို (၃)နှစ်လျှင် တစ်ကြိမ် ရွေးချယ် တင်မြောက်ကြောင်း၊ ယခု ရွေးချယ်တင်မြောက်ခြင်းသည် ၂၀၂၂ ခုနှစ်မှ  ၂၀၂၅ နှစ်အထိ သက်တမ်းရှိကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ဆန်စက်ပိုင်ရှင်များမှ မြို့နယ်အမှုဆောင်များကို ရွေးချယ်တင်မြှောက်ခဲ့ကြရာ ဥက္ကဌအဖြစ် ဦးအောင်နိုင်ဝင်းအား ရွေးချယ်တင်မြှောက်ခဲ့ကြပြီး အဖွဲ့ဝင် (၁၂) ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။

             ထို့နောက်ကော်မတီဝင်များမှ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းများကိုရှင်းလင်း ဆွေးနွေးပြီး အခမ်းအနားအား (၁၆:၀၀) ချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။

DOCA(မွန်)

 

တရားမ၀င် ကုန်သွယ်မှုများ မရှိစေရေးလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး

            ဧရာ၀တီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ တရားမ၀င်ကုန်သွယ်မှုများမရှိစေရေး လုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေးပွဲကို ၂၆-၅-၂၀၂၂ ရက်နေ့ မွန်းလွဲ ၁၃:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားသို့ တရားမ၀င်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ကိုယ်စား တွဲဖက်အတွင်းရေးမှူး(၁) တိုင်းဒေသကြီးအကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးဦးမြ၀င်း၊ အထူးအဖွဲ့ တွဲဖက်အတွင်းရေးမှူး(၂) တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ အဖွဲ့၀င်ဌာနဆိုင်ရာများဖြစ်သော ငါးလုပ်ငန်းဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေနံထွက်ပစ္စည်း ကြီးကြပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနမှ တာ၀န် ရှိသူများနှင့် ရေယာဉ်ပိုင်ရှင်များ၊ စက်သုံးဆီလုပ်ငန်းရှင်များ၊ သစ်ခွဲစက်လုပ်ငန်းရှင်များ၊ ကုန်တင်ယာဉ်ပိုင်ရှင်များအသင်း ဥက္ကဌနှင့်စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၃၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
          ဧရာ၀တီတိုင်းဒေသကြီး တရားမ၀င်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ကိုယ်စား တွဲဖက်အတွင်းရေးမှူး (၁) တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြ၀င်းက စီးပွားရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တရားမ၀င်ကုန်သွယ်မှုများသည် အဓိက အဟန့်အတားဖြစ်စေပြီး တရားမ၀င်ကုန်သွယ်မှုများကြောင့် အဂတိလိုက်စားမှုများ ကြီးထွားလာခြင်း၊ ရသင့်ရထိုက်သည့် အခွန်အခများ ဆုံးရှုံးနိုင်ခြင်း စားသုံးသူပြည်သူများ ကျန်းမာရေးထိခိုက်မှုရှိနိုင်ခြင်းနှင့် ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည့်အတွက် တရားမ၀င် ကုန်သွယ်မှုများ မရှိစေရေးလုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများမှ တရားမ၀င်ကုန်သွယ်မှုများ မရှိစေရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှလည်း သိလိုသည်များကိုမေးမြန်းခဲ့ရာ တာ၀န်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်တွင် တောင်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး အောင်မြင်စွာဟောပြော ကျင်းပခဲ့

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် တာဝန်ခံဦးအောင်လွင်သည် မဲဇလီဒလကျေးရွာတွင် တောင်သူ (၉၁)ဦးအား ၂.၆.၂၀၂၂ ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် မိတ်ဖက်ဌာနများဖြစ်သော စိုက်ပျိုးရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ တောင်သူများအား စားသုံးသူကာကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ဟောပြောပွဲတွင် ညောင်တုန်းမြို့နယ် တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) ပါ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များအ‌ကြောင်း၊ လုပ်ငန်းရှင်တို့၏ တာဝန်များအကြောင်း၊ စားသုံးသူများသည် မိမိတို့၏အခွင့်အရေးများသိရှိ၍ နစ်နာဆုံးရှုံးမှုများရှိပါက အရေးဆိုတိုင်ကြားနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ တာဝန်နှင့် တားမြစ်ချက်များကို သိရှိ၍ စီးပွားရေးကျင့်ဝတ်နှင့် အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး ဆောင်ရွက်ချက်များကို Online Media မှတဆင့် အသိပညာပေးခြင်းများ ဆောင်ရွက်လျှက်ရှိပါကြောင်း အသိပညာပေး အကျယ်တဝင့် ဆွေးနွေးပြီး တက်ရောက်လာသူများမှလည်း သိရှိလိုသည်များကို မေးမြန်းသည်ကို ပြန်လည်ဖြေကြားပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း

ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီအား ၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၂၂)ဖြင့် ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။

တောင်ငူမြို့တွင် တိုင်းရင်းဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

             စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်ဦးဆောင်၍ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံနှင့် တောင်ငူမြို့နယ်တာဝန်ခံတို့ ပါဝင်သောအဖွဲ့ သည် တိုင်းရင်းဆေးပညာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမြင့်အောင် ဦးဆောင်သော တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ပေါ် ရှိ တိုင်းရင်းဆေးရောင်းချသော ဆိုင်များသို့ သွားရောက်၍ သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးများ ရောင်းချမှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

              တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက Online ပေါ်တွင်ရောင်းချသော “ရသေ့ ဆေး(သို့)ထိုင်းတိုင်းရင်းဆေး”သည် မြန်မာနိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိကြောင်း၊ “အာရှရွှေကြယ်အမှတ်တံဆိပ်” အဆစ်အမျက်ရောင်ရောဂါသောက်ဆေးသည် အများပြည်သူ အသုံး ပြုရန်မသင့်သောဆေးဝါးဖြစ်ကြောင်း အသိပေးကြေညာထားပြီးဖြစ်သော်လည်း ဈေးကွက်အတွင်း ရောင်းချလျှက်ရှိနေသည်ကို သိရှိရကြောင်း၊ “ဣစ္ဆာသယ”အမှတ်တံဆိပ် အခိုးပွင့်ဆေးနှင့် “ဝင်းပပ” အမှတ်တံဆိပ် ဆင်တုံးမနွယ်အစာကြေလေနိုင်လျက်ဆားတို့သည့် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် တိုင်းရင်းဆေးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားသော်လည်း လာရောက်ထုတ်ယူခြင်းမရှိကြောင်း၊ ၎င်းဆေးဝါးများ ဈေးကွက်အတွင်းရောင်းချခြင်းရှိ/မရှိ ကောက်ယူစစ်ဆေးရန်နှင့် တွေ့ရှိပါက သိမ်းဆည်းရန် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးက ညွှန်ကြားလာပါသဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းလာပါသဖြင့် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း ဖြစ်ပါသည်။

              တောင်ငူမြို့ပေါ်ရှိ ဆေးဆိုင်များတွင် အဆိုပါဆေး လေးမျိုးကို ရောင်းချခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ဖြင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်ဖော်ပြရာတွင် လိုက်နာဆောင်ရွက်နိုင်ရန် ညွှန်ကြားထားပါကြောင်း၊ ယင်းညွှန်ကြားချက်တွင် တိုင်းရင်းဆေးဝါးများတွင်လည်း မြန်မာဘာသာဖြင့်ဖော်ပြရမည့်အချက်မျာကို တိကျစွာဖော်ပြထားပါကြောင်း၊ ယင်းညွှန်ကြားချက်ကို ဆေးဆိုင်များသို့ ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းရင်းဆေးရောင်းချသူများအနေဖြင့် မြန်မာဘာသာဖြင့် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများ တိကျစွာဖော်ပြထားသည့် တိုင်းရင်းဆေးများကိုသာ ရောင်းချကြရန်လိုပါကြောင်း အသိပညာပေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ