Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပျော်ဘွယ်မြို့နယ်ရှိ စက်သုံးဆီဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း’’

           စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာနှင့်ရမည်းသင်း)ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် (၂၈.၂.၂၀၂၂) ရက်နေ့ (၁၀:၀၀) အချိန်တွင် ပျော်ဘွယ်မြို့နယ်ရှိ ရွှေလီနှင့် Petro-K စက်သုံးဆီအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့စစ်ဆေးရာတွင် ဦးစီးအရာရှိ ဦးသန်းစိုးမှ နိုင်ငံတော်က စက်သုံးဆီစျေးနှုန်းမြင့်တက်မှုမရှိစေရေးနှင့် စျေးနှုန်းတည်ငြိမ်မှုရှိစေ‌ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် ရောင်းချပေးသည့် နိုင်ငံခြားငွေရရှိသော စက်သုံးဆီကုမ္ပဏီများမှ စက်သုံးဆီများအား အထူးစျေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ ‌ရောင်းချရာတွင် သုံးစွဲသူများအား နိုင်ငံတော်မှ သတ်မှတ်ထားသည့် အထူးစျေးနှုန်းထက်ကျော်လွန်၍ ရောင်းချခြင်းမပြုရန်နှင့် အချိန်အတွယ်မှန်ကန်မှုရှိစေရေး အရည်အသွေးကောင်းမွန်သော စက်သုံးဆီ‌များသာ ရောင်းချရန်အတွက် စျေးကွက်စောင့်ကြည့် စစ်ဆေးနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဖွဲ့ဖွဲ့စည်း၍ တာဝန်ပေးထားသည့်အတွက် လာရောက် စစ်ဆေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အထူးစျေးနှုန်းဖြင့် ရောင်းချလျက်ရှိသော စက်သုံးဆီများ ဖြစ်သည့် Diesel, Premium Diesel များအား(၂၀)လီတာစံခွက် ဖြင့် ချိန်တွယ်စစ်ဆေးခြင်း၊ သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(မန္တလေး)

“ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့မြို့မစျေးအတွင်း စားသုံးဆီများနှင့်စပ်လျဉ်း၍ ကွင်းဆင်းအသိပညာပေးခြင်း’’

              စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာနှင့်ရမည်းသင်း)ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိနှင့်ဝန်ထမ်းများမှ ဦးဆောင်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်း၍ (၁.၃.၂၀၂၂) ရက်နေ့ (၁၀:၀၀)အချိန်တွင် ပျော််ဘွယ်မြို့ မြို့မစျေးကြီးအတွင်းရှိ စားသုံးဆီထုတ်လုပ်ရောင်းချနေသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

            အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးဆီများ၌ ဟင်းသီးဟင်းရွက်ဆီ ( Vegetable Oil နှင့် Cooking Oil) ဟူ၍ ဖော်ပြခြင်းမပြုပဲ ပါဝင်ပစ္စည်းများကို အခြေခံ၍ မြန်မာဘာသာဖြင့် တိကျစွာဖော်ပြရန် ကုန်စည်၏ အသားတင်ပမာဏ၊ အရွယ်အစားကိုလည်း မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ/ကျပ်သားတို့ဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟူ၍ ဖော်ပြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

           စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ သက်ဆိုင်ရာဦးစီးမှူးရုံးတွင် လျှောက်ထားရမည်ဖြစ်ကြောင်း၊ဟင်းသီးဟင်းရွက်ဆီနှင့် စပ်လျဉ်း၍  ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)ဖြင့် ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်သည့်နေ့မှစ၍  (၆)လပြည့်မြောက်သည့်နေ့(၂၀.၆.၂၀၂၂) ရက်နေ့တွင် စတင်အာဏာတည်မည်ဖြစ်ပြီး လိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်‌ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)          

“ရမည်းသင်းမြို့နယ်ရှိ စက်သုံးဆီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း’’

              စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့်  ရမည်းသင်းမြို့နယ် (ရန်ကုန်-မန္တလေး) ကားလမ်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ( ၂၅ .၂.၂၀၂၂) ရက်နေ့ (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ၊ ဦးသန်းစိုးနှင့် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများသည် စည်ပင်သာယာရေးဝန်ထမ်းနှင့်အတူ MK Energy စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ စက်သုံးဆီများအား အထူးစျေးနှုန်းဖြင့်ရောင်းချနေမှု အခြေအနေများ၊ စျေးနှုန်းများ၊ အချိန်အတွယ်ပမာဏများ ပြည့်စုံမှန်ကန်စွာ ရောင်းချမှုရှိစေရေး စျေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အဆိုပါစက်သုံးဆီအရောင်းဆိုင်များအနေဖြင့် နိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချပေးသည့် အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှတင်သွင်းသော စက်သုံးဆီ (ဒီဇယ်ဆီ)များ အပေါ်သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ မိမိတို့ရောင်းချသောကုန်စည်တို့နှင့် ပတ်သက်၍ သတင်းအချက်အလက်များအား အများပြည်သူတို့ ရှင်းလင်းစွာ သိရှိနိုင်ရန်အတွက် ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်ဖြန့်ဝေပေးကြရန် သတ်မှတ်အရည်အသွေးပြည့်မှီ သော စက်သုံးဆီများကိုသာ ရောင်းချကြရန်နှင့် (၂၀) လီတာဝင်စံခွက်ဖြင့်ချိန်တွယ်စစ်ဆေးပြီး အချိန်အတွယ်မှန်ကန်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

DOCA(မန္တလေး)

ဖျာပုံမြို့ပေါ်ရှိ ဆေးအရောင်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေး

           ဖျာပုံမြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေးအဖွဲ့ဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ မီးသတ်တပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးလိုက်ပါ၍ မြို့ပေါ်ရှိ ဆေးဆိုင်များအား မတ်လ(၈)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။

              အဆိုပါဆေးဆိုင်များတွင် ရောင်းချနေသော ဆေးဝါးများ၊ Mask Face Shield ၊ Hand Gel များ၊ ကျန်းမာရေးဆိုင်ရာ တစ်ကိုယ်ရည်သုံး ပစ္စည်းများ၊ဆေးဆိုင်လိုင်စင်များ၊ စံမမီဆေးဝါးများနှင့် တရားမဝင်ဆေးများ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး ဈေးနှုန်းမှန်ကန်မှုရှိစေရေး၊ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများကို ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ပြီး ကျန်းမာရေးအထောက်အကူပြု အသုံးအဆောင်ပစ္စည်းအမျိုးမျိုးတွင် ဆရာဝန်/ ကျန်းမာရေးဝန်ထမ်းတို့၏ ညွှန်ကြားချက်မပါဘဲ အသုံးပြုနိုင်သည့် အိမ်သုံးသွေးပေါင်ချိန်စက် ၊ အိမ်သုံးသွေးချိုတိုင်းစက်နှင့် ဆက်စပ်ပစ္စည်းများ၊ ကိုယ်ဝန်ရှိ/မရှိ ဆီးစစ်တံ၊ ကွန်ဒုံး၊ ကိုယ်ပူချိန်တိုင်းကိရိယာစသည့် မိသားစုသုံးပစ္စည်းများတွင် မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်အား ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးကော်မတီ၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အား ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့ လမ်းမတော်မြောက်ရပ်ကွက် မုန့်မျိုးစုံဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ လမ်းမတော်မြောက်ရပ်ကွက်ရှိ မုန်မျိုးစုံဆိုင်များတွင် (၈.၃.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်၌ ဆိုင်အတွင်းရှိ ရောင်းချနေသော ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           စစ်ဆေးရမည့် ကုန်စည်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)အရ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အချက်များနှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်း မပြည့်စုံသော ကုန်စည်များကို ရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ(၇၃)အရ အရေးယူခံရမည်ဖြစ်ကြောင်းကို အသိပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်(၂)ဆိုင်အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတခရိုင်၊ ဒူးယားမြို့တွင် ပေါ်ဆန်းမရွေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြိုနယ် တာဝန်ခံက ဟင်္သာတခရိုင်၊ ဒူးယားမြို့၊ ဟင်္သာတ-ဇလွန်လမ်းရှိ ကျော်မရွေးလုပ်ငန်းရှင်၏ နေအိမ်တွင် မတ်လ ၈ ရက်နေ့၊ နံက် (၀၉:၀၀)၌ ပေါ်ဆန်းမရွေးလုပ်ငန်းရှင် ၆ ဦးကို ၊ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် ဟင်္သာတမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၉) ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အခန်း(၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် ၂/ ၂၀၁၉ ပါ ကုန်စည်အုပ်စုအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်များမှလည်း ကုန်အညွှန်းအမှတ်အသားနှင့်ဖော်ပြခြင်းနှင့် ပတ်သက်၍သိလိုသည်များကို မေးမြန်း‌ဆွေးနွေးခဲ့ကြပြီး နံက် (၁၁:၀၀) တွင် ဟောပြောပွဲပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ထားဝယ်မြို့ပေါ်ရှိ ပိန္နဲတောဈေးသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍           ၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ နံနက် (၉:၀၀)တွင် ထားဝယ်မြို့ ပေါ်ရှိ ပိန္နဲတောဈေးသို့ သွားရောက်ပြီး စားအုန်းဆီနှင့် ယိုးဒယားအသားလုံးများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြပါရှိသောကုန်ပစ္စည်းများကို ရောင်းချမှုရှိစေရေးနှင့် လုံခြုံစိတ်ချရသောကုန်ပစ္စည်းများ၊ အရည်အသွေးပြည့်ဝသောကုန်ပစ္စည်းများကို ရောင်းချနိုင်စေရေး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဈေးကွက်အတွင်း၌ စားသုံးသူများ စားသုံးရန် အာမခံချက်မရှိသော/ လုံခြုံစိတ်ချရမှုမရှိသော အစားအသောက်ကုန်များကို မရောင်းချနိုင်စေရေး အသိပညာပေး ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကယားပြည်နယ်၌ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

         ကယားပြည်နယ်တွင်နယ်စပ်ဒေသမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှု ကြောင့် ပြည်နယ်တွင်း အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာပြီး တရားမဝင်ကုန်ပစ္စည်းများအခွန်ပေးဆောင်မှု မရှိသည့်အတွက် ပြည်တွင်း ရင်းနှီးမြုပ်နှံသူများမှာနည်းပညာနှင့် ဈေးကွက်ယှဉ်ပြိုင်နှိုင်မှု အခက်အခဲများဖြစ်ပေါ်နေ ခြင်းကြောင့် ပြည်နယ်အတွင်းသို့တရားမဝင်ကုန်သွယ်မှုများ ဝင်ရောက်မှုကို စစ်ဆေး ကြီးကြပ်နိုင်ရေးအတွက် ပြည်နယ်အစိုးရမှ “တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့”ကိုဖွဲ့စည်းပြီး လွိုင်ကော်မြို့၊ နွားလဝိုးပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အလှည့် ကျစစ်ဆေးကြီးကြပ်နိုင်ရန် ပြည်နယ်အဆင့်ဌာနဆိုင်ရာများကိုအဖွဲ့ခွဲ၍ တာဝန်ချထား လျက်ရှိပြီး ၎င်းအဖွဲ့များမှပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုများတွင် တရားမဝင် ကုန်ပစ္စည်းများဝင်ရောက်မှု ရှိ/မရှိ စစ်ဆေးကြပ်မတ်ကာ တရားမဝင်ကုန်ပစ္စည်း များနှင့်စပ်လျဉ်း၍ ထူးခြားမှုများရှိပါက အချိန်နှင့်တပြေးညီ ပြည်နယ်တရားမဝင် တိုက်ဖျက်ရေးအထူးအဖွဲ့သို့တင်ပြဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်။

DOCA(ကယား)

မြိတ်မြို့ရှိ သောက်ရေသန့်လုပ်ငန်းများအား ကွင်းဆင်းအသိပညာပေး

          မြိတ်ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များဖြစ်သော ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့အပါအဝင်၊ သက်ဆိုင်ရာ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့ဖြင့် ၂၀၂၂ ခုနှစ်၊ မတ်လ(၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်မြို့ပေါ်ရှိ သောက်ရေသန့် လုပ်ငန်းများအား ကွင်းဆင်းအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

            ပူးပေါင်းအဖွဲ့တို့သည် သောက်ရေသန့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့် လုပ်ငန်းတာဝန်များပြောကြားခြင်း၊ ‌သောက်ရေသန့်စက်ရုံ အတွင်း၊ အပြင်ရှိ သန့်ရှင်းသန့်ရပ်စွာထားရှိရေး၊ လက်အိပ်၊ ခြေစွတ်၊ သန့်ရှင်းသောအင်္ကျီ အကာများဝတ်ဆင်၍ အလုပ်လုပ်ရန်၊ မက်စ်တတ်၍ အလုပ်လုပ်ရန် ၊ သောက်ရေသန့်ဗူးများ အား  စနစ်တကျထားသိုသိမ်းဆည်းရန်၊ လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် ဥပဒေ အခန်း (၁၈)၊ ပုဒ်မ (၄၃)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သောက် ရေသန့်ပေါ်တွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေထည့်သွင်းဖော်ပြရန်တို့ကို ကွင်းဆင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

မိုညှင်းမြို့ရှိ ခေါက်ဆွဲစက်လုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေး

           စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးဌာနရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)နှင့် ဝန်ထမ်း များသည် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ် ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြနိုင်ရေးအတွက် ၈.၃.၂၀၂၂ ရက်နေ့တွင် မိုညှင်းမြို့၊ အရှေ့စုရပ်ကွက်ရှိ ဒဂုံရှင်ခေါက်ဆွဲစက်လုပ်ငန်းရှင်အား သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ ပါသည်။

      ထိုသို့ဆွေးနွေးရာတွင် ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)မှ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများအပေါ် တာဝန်ရှိမှု၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များ၊ တားမြစ်ချက်များ၊ တားမြစ်ချက်တစ်ရပ် ရပ်ကိုဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်ချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ စီးပွားရေးလုပ်ငန်းရှင်များသည် ကောင်းမွန်သောစီးပွားရေးလုပ်ငန်းကျင့်စဉ်၊ စည်းကမ်းချက်များနှင့် အညီတာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်အဝ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ