Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဖျာပုံမြို့နယ် အမာမြို့တွင် ဓနိဖူးခြောက်လုပ်ငန်းရှင်များအားအသိပညာပေးဟောပြော

           ဓနိပင်သည် မြန်မာနိုင်ငံတွင် ပင်လယ်ကမ်းရိုးတမ်းနှင့်မြစ်ကမ်းရိုးတို့တွင် ပေါက်ရောက်သောအပင်ဖြစ်ပါသည်။ အထူးသဖြင့် ပဲခူးမြစ်ကမ်းဘေး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဓနိများထွက်ရှိပြီး ယခုအခါ ဓနိဖူးခြောက်လုပ်ငန်းသည် တွင်တွင်ကျယ်ကျယ်ဖြစ်လာကာ ဈေးကွက်အတွင်း ဓနိဖူးခြောက်(ရေနွေးကြမ်း)သည် အရောင်းသွက်နေသဖြင့် ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးမှူးဦးထွေးသိမ်းနှင့် မြို့နယ်တာဝန်ခံ ဦးမင်းဇော်တို့သည် ခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာထွေးတို့နှင့်အတူ ဓနိဖူးခြောက်ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံရန် ဖျာပုံမြို့နယ် အမာမြို့သို့ မတ်လ(၁၀)ရက်နေ့ နေ့လည်(၁၂:၀၀)နာရီတွင်အမာ မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံ၍ အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ ပုဒ်မ(၂) ပုဒ်မခွဲ(က)(ခ)(ဇ)နှင့် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြနိုင်ရေးဆောင်ရွက်သွားရန်နှင့် လုပ်ငန်းရှင်များ လိုက်နာရမည့် ဥပဒေပါအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပါသည်။ ဆက်လက်၍ မြို့နယ်တာဝန်ခံက  ဓနိဖူးခြောက်လုပ်ငန်းသည် တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်၍ ပြည်တွင်းသာမက ပြည်ပဈေးကွက်များသို့လည်း တင်ပို့နိုင်ရန် အားထုတ်ဖို့းလိုကြောင်း၊ ထုပ်ပိုးမှု ကအစ သက်ဆိုင်ရာဌာနများမှလည်း ကူညီဆောင်ရွက်ပေးနေပါကြောင်း၊ ဓနိဖူးခြောက်မှ အလှကုန်ပစ္စည်းများ ထုတ်လုပ်နေသည့်အပြင် စားသောက်ကုန်များကိုလည်း ထုတ်လုပ်သွားမည်ကို ကြားသိရပါကြောင်း၊ ဓနိဖူးခြောက်(ရေနွေးကြမ်း)ရေကို သောက်သုံးခြင်းဖြင့် သွေးတိုး၊ ဆီချို ဖြစ်နေသူများအား ဆက်လက်မဖြစ်စေရန် ထိန်းထားပေးနိုင်ပါကြောင်း၊ ထို့ပြင် ကြက်သွန်ဖြူ၊ ရဲယို၊ သစ်သီးနှင့်  ဂျင်စင်းတို့ထက် လူ၌လိုအပ်သော ဗီတာမင်နှင့် ရောဂါခုခံကာကွယ်မှု အာနိသင်များ ပါဝင်ပြီး ဘေးထွက်ဆိုကျိုးမရှိကြောင်း၊ ဓါတ်ခွဲစမ်းသပ်မှုအရ ကြားသိရပါကြောင်း၊ စားသုံးသူစိတ်ကျေနပ်မှုရှိစေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းစေရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့ကို ဟောပြောဆွေးနွေးပါသည်။

          ထိုနောက် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက လုပ်ငန်းမှတ်တင်ဆိုင်ရာများအသက်မွေးဝမ်းကျောင်းပညာများ လေ့ကျင့်သင်ကြားပေးခြင်းဆိုင်ရာများ၊ထုတ်ကုန်များဓါတ်ခွဲစမ်းသပ်မှုဆိုင်ရာများအား အသိပညာပေးဟောပြောဆွေးနွေးပါသည်။

          အဆိုပါဟောပြောပွဲသို့ဓနိဖူးခြောက်လုပ်ငန်းရှင်များနှင့် အလုပ်သမား(၁၃)ဦးခန့် တက်ရောက်ပြီး တက်ရောက်လာသူများအား စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ မတ်လ(၁၇)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဓနုဖြူမြို့အထွက်လမ်းရှိ DENKO စက်သုံးဆီအရောင်းဆိုင်တွင် အထူးသက်သာသော ဈေးနှုန်းဖြင့် ရောင်းချနေသော ရိုးရိုးဒီဇယ်နှင့် ပရီမီယံဒီဇယ်များအား အရည်အသွေးနှင့် အချိန်အတွယ်ပြည့်ဝမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားအထိမ်းအမှတ်အဖြစ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

            စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ကျောက်မဲ ခရိုင်ဦးစီးမှူးရုံး၊ မူဆယ်ခရိုင်ဦးစီးမှူးရုံးတို့မှဝန်ထမ်းများသည် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနား အထိမ်းအမှတ်(World Consumer Right Day)လှုပ်ရှားမှုအနေဖြင့် ၁၅.၃.၂၀၂၂ရက်နေ့ နံနက်(၁၀)နာရီ အချိန်တွင် ဈေးများအတွင်းရှိ လမ်းသွားလမ်းလာ ဈေးဝယ်ပြည်သူများ၊ ကားဂိတ်များရှိခရီးသွားပြည်သူများနှင့် စတိုးဆိုင် ဈေးဝယ်ပြည်သူများနှင့် အခြားလမ်းသွားလမ်းလာ ပြည်သူများအား မတ်လ ၁၅ ရက်နေ့ သည် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဖြစ်ကြောင်းနှင့် မိမိတို့၏ အခွင့်အရေးများ၊ စားသုံးသူများအနေဖြင့် မိမိတို့၏ လိုအပ်သည့်ကုန်စည်နှင့် ဝန်ဆောင်မှုများက်ု ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိပြီး အခွင့်အရေးများ ချိုးဖောက်ခံရပါက လားရှိုးမြို့၊ ဒုတိယပြည်နယ်ဦးစီးမှုးရုံး၊ စားသုံးသူရေးရာဦးစီးဌာနရှိ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC)တွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ website ဖြစ်သော www.doca.gov.mm တွင် လည်းကောင်း၊ ဌာန၏ Facebook Page တွင်လည်းကောင်း သွားရောက်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးပြီး လက်ကမ်းစာစောင်များနှင့် ပို့စကဒ်များကို လိုက်လံဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

            ၎င်းနောက် ဈေးတွင်းရှိ ဈေးသည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များကိုလည်း စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်အလက်နှင့် ကုန်စည်များတွင်လည်း ကုန်အညွှန်းအမှတ်သားများပြည့်စုံစွာထည့်သွင်းရန်လည်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် သတင်းနှင့်ဆောင်းပါးရေးသားနည်းသင်တန်းကျင်းပ

            စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားအကာကွယ် ပေးရေး လုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ သိရှိလေ့လာနိုင်ရေးအတွက် စားသုံးသူရေးရာကိစ္စရပ်များ၊ ပြည်တွင်း ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များကို ဌာနရှိဝန်ထမ်းများက ဆောင်းပါးများအဖြစ်လည်း ကောင်း၊သတင်းများအဖြစ်လည်းကောင်း ရေးသား၍ ဌာန၏ Website ၊ Commerce Journal အပါအဝင် မီဒီယာများတွင် ဖော်ပြပေးနိုင်ရေး ပေးပို့လျက်ရှိပါသည်။

              ထို့ကဲ့သို့ ဆောင်းပါးနှင့်သတင်းများရေးသားကြရာတွင် တင်ပြပုံစနစ်တကျရှိစေရေး၊ အချက် အလက်ပြည့်စုံစေရေး၊ အချက်အလက်ခိုင်မာမှုရှိစေရေးနှင့် အရေးအသားပြေပြစ်ကောင်းမွန်စေရေး ရည်ရွယ်၍ သတင်းနှင့်ဆောင်းပါးရေးသားနည်းသင်တန်းကို ၂၀၂၂ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် စားသုံး သူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပခဲ့ပါသည်။

        အဆိုပါသင်တန်းတွင် တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် ဆောင်းပါး၊ သတင်းများရေးသားဖော်ပြရသည့်ရည်ရွယ်ချက်များ၊သတင်း၏အရေးပါပုံများကို အဖွင့်အမှာ စကားပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားးရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနမှ သင်တန်းနည်းပြ ဆရာများက ဆောင်းပါးများ၊သတင်းများရေးသားကြရာတွေင် အချက်အလက် စုဆောင်းခြင်း၊ ရေးသား တင်ပြပုံနည်းစနစ်များ၊ ရှောင်ရန်နှင့်ဆောင်ရန်အချက်များကို ဝန်ထမ်းများသိရှိ နားလည်စေရေးဆွေးနွေး ပို့ချခဲ့ပါသည်။

     သင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ခရိုင်နှင့် မြို့နယ်ရုံးများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

doca (စစ်ကိုင်း)

မွန်ပြည်နယ်တွင် “Consumer Call Center” မီဒီယာကမ်ပိန်းပြုလုပ်

               ကမ္ဘာ့စားသုံးသူများအခွင့်အရေးများနေ့ကို ဂုဏ်ပြုသောအားဖြင့် Consumer Call Center ဖွင့်လှစ်ခြင်းအထိမ်းအမှတ်အဖြစ် ၁၅.၃.၂၀၂၂ ရက်နေ့ နံနက် ၁၀:၃၀ နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၌ “Consumer Call Center” မီဒီယာကမ်ပိန်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

             ထိုသို့ ကမ်ပိန်းပြုလုပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပြည်နယ်ဦးစီးမှူးရုံးရှေ့၌ ပြည်သူများအား Consumer Call Center နှင့်ပတ်သက်သော သိကောင်းစရာများပါရှိသည့် လက်ကမ်းစာစောင်များ၊ ၂၀၂၂ ခုနှစ် ကမ္ဘာ့စားသုံးသူများအခွင့်အရေးများနေ့အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သော “ညီညွတ်မျှတ ဒီဂျစ်တယ်ငွေကြေးကဏ္ဍ” ဖော်ပြပါရှိသော ပို့စကဒ်များအား ဖြန့်ဝေပေးခြင်း၊ Consumer Call Center နှင့်ပတ်သက်သော သတင်းအချက်အလက်များအား ဌာန၏ Facebook စာမျက်နှာပေါ်တွင် ဖော်ပြပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ပဲမျိုးစုံရောင်းဝယ်ဖြန့်ဖြူးနေသော လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေး

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်မြို့နယ်ရှိ ဈေးကွက်အတွင်း ရောင်းဝယ်ဖြန့်ဖြူးနေသော ပဲမျိုးစုံတို့တွင် အမျိုးအစားတူ အရည်အသွေးနိမ့်သော ကုန်စည်များ ရောနှောရောင်းချမှုမရှိစေရေး၊ အမျိုးအစားမတူ စားသုံးရန်မသင့်သော ကုန်စည်များ ရောနှော ရောင်းချမှု မရှိစေရေးနှင့် အလေးချိန် အချိန်အတွယ်ပြည်ဝမှန်ကန်မှုရှိစေရေး ရည်ရွယ်၍ ခရိုင် ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဌာနတာဝန်ခံတို့သည် မတ်လ(၉)ရက်နေ့၊ နံနက်ပိုင်းတွင် ပြည် ကုန်စည်ဒိုင်၌ ပဲမျိုးစုံရောင်းဝယ်ဖြန့်ဖြူးနေသော ပွဲရုံလုပ်ငန်းရှင်တို့နှင့်တွေ့ဆုံ၍ စားသုံးသူ အသိပညာပေး ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ယင်းသို့ပဲမျိုးစုံ ရောင်းဝယ်ဖြန့်ဖြူးနေသော လုပ်ငန်းရှင်တို့နှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ရာတွင် ပြည်ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်တို့၏ တာဝန်များ၊ ပုဒ်မ (၆၅)(၆၆)တို့တွင်ပါဝင်သော စီးပွားရေးလုပ်ငန်းရှင်တို့ လိုက်နာရမည့် အချက်များနှင့် ပြစ်မှုပြစ်ဒဏ်တို့ အကြောင်းအား အသိပညာပေး ဆွေးနွေးခြင်း ဆောင်ရွက်ရာ ပြည်မြို့ပေါ်ရှိ ပဲမျိုးစုံရောင်းဝယ်ဖြန့်ဖြူး တင်ပို့ဆောင်ရွက်နေသော ပွဲရုံလုပ်ငန်းရှင် (၁၀)ဦး တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်၍ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဌာနခွဲတာဝန်ခံ များသည် ပြည်မြို့ပေါ်ရှိ ပဲမျိုးစုံရောင်းချနေသော ပွဲရုံကြီးများသို့ သွားရောက်၍ ကွင်းဆင်း စိစစ်ခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

လက်ပံတန်းမြို့ ပဲမျိုးစုံ ရောင်းဝယ်ရေး ပွဲရုံများသို့ အသိပညာပေး ဆောင်ရွက်ခြင်း

          ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင်၊  လက်ပံတန်းမြို့နယ်၌ ခရိုင်ဦးစီးမှူး ဦးအောင်သိန်း၊ ဒု-ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ မြို့နယ်တာဝန်ခံ ဦးချစ်ကိုကို၊ စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ တို့သည် (၉.၃.၂၀၂၂) ရက်နေ့တွင် ပဲမျိုးစုံရောင်းဝယ်တင်ပို့ရောင်းချသူ ပွဲရုံပိုင်ရှင်များနှင့် တွေ့ဆုံ၍ အရည်အသွေးမီ ကုန်ပစ္စည်းများ ရောင်းချရေးနှင့် စားသုံးသူကာကွယ်ရေး ဉပဒေ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၁) ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အခန်း (၂၄) ပါ ပြစ်မှု၊ ပြစ်ဒဏ်များကို အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

သာယာဝတီမြို့ ၊ရေဝေရပ်ကွက်တွင် စားသုံးသူကာကွယ်ရေး ဟောပြောခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ရေဝေရပ်ကွက်၌ (၁၀.၃.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပြည်သူ (၁၀) ဦးတို့နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

          မြို့နယ်တာဝန်ခံ ဒေါ်အေးသန္တာထွန်းမှ စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ စားသုံး/ထုတ်လုံ တာဝန်ခံ ဒေါ်ခိုင်ခိုင်ရီမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်နှင့်  ဝန်ဆောင်မှု များကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက လွယ်ကူလျင်မြန်စွာ တိုင်ကြားနိုင်သည့်   စားသုံးသူ     သတင်းပြန်ကြားရေးနှင့်  တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ( Consumer Information and Complaint  Center - CICC )ကို ခရိုင်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်ထားရှိကြောင်း ၊ ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော COVID-19 ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ပါးစပ်နှင့် နှာခေါင်းစည်းများ စနစ်တကျ ဝတ်ဆင်ရန် အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)        

မရွေးမုန့် ထုတ်လုပ်သည့် လုပ်ငန်းရှင်အား ရှင်းလင်းဆွေးနွေး

            ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူများကုန်စည်ကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်၊  မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် ၁၄.၃.၂၀၂၂ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ နန်းမားမြို့၊ မြို့မရန်အောင်ရပ်ကွက်ရှိမရွေးမုန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြနိုင်ရေးအတွက် ဆွေးနွေးခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)က စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုစပ်လျဉ်း၍အာမခံချက်ပေးခြင်း၊ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုအပေါ် တာဝန် ရှိမှု၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ မရွေးမုန့်သည် ကုန်စည်အုပ်စု(က)တွင်ပါဝင်ပြီး အသင့်စားမုန့် အမျိုးအမျိုးအုပ်စုတွင်ပါဝင်သည့်အတွက် ကုန်စည်၏အမျိုးအမည်၊အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကိုက်ညီမှု ရှိမရှိကို စားသုံးသူ‌ရေးရာဦးစီးဌာနတွင် တင်ပြလျှောက်ထားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး “ကုန်စည်လုံခြုံစိတ်ချ ရမှုအစ၊ ကုန်အညွှန်းအမှတ်အသားက” လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

DOCA(ကချင်)

စပါး၊ ပြောင်း၊ ပဲ အခြောက်ခံစက်လုပ်ငန်းရှင်နှင့် ဆွေးနွေးရှင်းလင်း

            ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနသည် “စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်” ဟူသည့် ဦးစီးဌာန၏မျှော်မှန်းချက်နှင့်အညီ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ၊ စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဗန်းမော်ခရိုင်၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး သည် ၁၄.၃.၂၀၂၂ ရက်နေ့တွင် ဗန်းမော်မြို့၊ ဟန်းတဲရပ်ကွက်ရှိ စပါး၊ ပြောင်း၊ ပဲ အခြောက်ခံစက်လုပ်ငန်းရှင်(၂)ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

                     ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်ဖြစ်သည့် စီးပွားရေးလုပ်ငန်းရှင်များ ကိုတွေ့ဆုံဆွေးနွေးခြင်းများပြုလုပ်၍ ကောင်းမွန်သည့်စီးပွားရေးလုပ်ငန်းရှင်များဖြစ်စေရန် လုပ်ငန်းရှင်များလိုက်နာရမည့်ကျင့်ဝတ်များ၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို ဆွေးနွေးအကြံပေးခြင်း၊ လိုအပ်သည့် လမ်းညွှန်မှုများဖော်ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေးအာမခံရမည်ဖြစ်ကြောင်း၊ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီသိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်းနှင့် ဥပဒေပါ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များကို ဆွေးနွေးရှင်းလင်းခဲ့ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ