Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် “Matcher” အမှတ်တံဆိပ်ဖြင့် ကျွဲကောဝိုင်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ၊ ထုတ်ကုန်လုံခြုံစိတ်ချရ မှုဌာနခွဲတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ၁၇..၂၀၂ ရက်နေ့တွင် Matcher” အမှတ်တံဆိပ်ဖြင့် ကျွဲကောဝိုင်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ် အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

   အဆိုပါ ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

“ သန်လျင်မြို့နယ် Orange Super Market အတွင်းရောင်းချနေသည့် လျှပ်စစ်ပစ္စည်းများအား ကွင်းဆင်းစစ်ဆေးခြင်း ”

           ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး သန်လျင်မြို့မှ ဝန်ထမ်းများသည် ကျိုက်ခေါက်ဘုရားလမ်း၊ သန်လျင်မြို့တွင်ရှိသည် Orange Super Market အတွင်း ရောင်းချ လျက်ရှိသည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထား ခြင်းရှိ/မရှိ ဇူလိုင်လ (၁၁)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

             ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် Orange Super Market အတွင်း ရောင်းချလျက်ရှိသည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားများအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသည့် အိမ်သုံး လျှပ်စစ်ပစ္စည်းများအား ပြည့်စုံစွာ ဖော်ပြနိုင်ရေး လိုက်နာဆောင်ရွက်သွားရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကော့သောင်းခရိုင် အသေးစားအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အခြေခံတစ်လုံးထုံးအင်ဂျင်ပြုပြင်ခြင်း သင်တန်းတွင် အွန်လိုင်းဖြင့် စျေးဝယ်ယူရာတွင်သတိထားသင့်သည့် အချက်များအကြောင်း အသိပညာပေးဟောပြောပို့ချခြင်း

     ၂၀၂ ခုနှစ်၊ ဇူလိုင်လ ရက်နေ့၊ နံနက်(:၀၀)နာရီအချိန်တွင်  ကော့သောင်းခရိုင်စားသုံး သူရေးရာဦးစီးဌာနသည် ကော့သောင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပ ပြုလုပ်သည့် အခြေခံတစ်လုံးထုံးအင်ဂျင်ပြုပြင်ခြင်းသင်တန်းတွင် အွန်လိုင်းဖြင့် စျေးဝယ်ယူရာ တွင်သတိထားသင့်သည့် အချက်များအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောဆွေးနွေးရာတွင် ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြသီတာ(ခရိုင်ဦးစီးမှူး) သည် စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ ဌာန၏မျှော်မှန်းချက်(Vision)၊ ရည်မှန်းချက် (Mission)၊ အွန်လိုင်းဖြင့် စျေးဝယ်ယူရာတွင်  မိမိဝယ်ယူမည့်Pageနှင့် Wesbite တို့သည် စားသုံးသူများအကြား နာမည်သတင်းကောင်းမွန်ခြင်းရှိ/မရှိ၊ ဖုန်းနံပါတ်/နေရပ်လိပ်စာ မှန် ကန်မှု ရှိ/မရှိ စိစစ်ရန်နှင့်ငွေပေးချေရာတွင် သတ်မှတ်ထားသောစနစ်ရှိ/မရှိ၊ သတ်မှတ် ထားသည့်ဌာန၊ အဖွဲ့အစည်း များ၏ အထောက်ခံချက် ရှိ/မရှိ စသည်တို့က်ို သေချာစွာသိရှိ ထားရမည်ဖြစ်ကြောင်းနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် မိမိ၏ကိုယ် ရေးအချက် အလက်များပေးအပ်ရန် လိုအပ်လာပါက ကျိူးကြောင်းခိုလုံမှု ရှိ/မရှိ သတိထား ရမည့်အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်းကြောင်း သိရှိရ ပါသည်။

DOCA(တနင်္သာရီ)

ကျိုက်ထိုမြို့နယ်တွင် အွန်လိုင်းရောင်းဝယ်ခြင်းနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး

၁၈.၇.၂၀၂၅ ရက်နေ့ နေ့လည် (၁၃း၀၀) နာရီအချိန်တွင် ကျိုက်ထိုခရိုင်တာဝန်ခံနှင့် မြို့နယ်တာဝန်ခံတို့သည် ကျိုက်ထိုမြို့နယ်၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းရှိ Akari Diamond လက်ဝတ်ရတနာအရောင်းဆိုင်ပိုင်ရှင်နှင့် တွေ့ဆုံကာ အွန်လိုင်းဖြင့်ရောင်းဝယ်ခြင်းနှင့် စပ်လျဉ်း ၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆွေးနွေးရာတွင် ခရိုင်တာဝန်ခံ ဦးအောင်ကျော်မင်းက အွန်လိုင်းဖြင့်ရောင်းချရာတွင် မိမိတို့ကြော်ငြာထားသည့်ပစ္စည်းများအား အမှန်တကယ်ရောင်းချရန်၊ မှတ်ပုံတင်ထားသည့် ပစ္စည်းများကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ အကြောင်းအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)

ကော့သောင်းမြို့ပေါ်ရှိ ဆန်ဂိုဒေါင်နှင့်ဆန်ဆိုင်များအားသွားရောက်စစ်ဆေးခြင်း

     တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၄..၂၀၂၅)ရက်နေ့ (၁:၀၀) အချိန်တွင် ကော့သောင်းခရိုင်ကုန်စျေးနှုန်း တည်ငြိမ်ရေးအဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ကော့သောင်းမြို့နယ်အတွင်းရှိ လက်လီ/လက်ကား ဆန် အရောင်းဆိုင်(၅)ဆိုင်အား စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကော့သောင်းမြို့နယ်အတွင်းရှိ ဆန်သိုလှောင်ထားသော ဂိုဒေါင်များ နှင့် ဆန်ဆိုင်ကြီးများတွင် ဒေသအတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများ ရောင်း ချရန်၊ ဆန်အမျိုးအစားအလိုက် စျေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ ဆန်များသို လှောင်ထားခြင်းရှိ/မရှိ စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

မုဒုံမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွား သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မုဒုံမြို့နယ်တာဝန်ခံတက်ရောက်

မွန်ပြည်နယ်၊ မုဒုံမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်( MEVM ) ကိုင်တွယ် အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၁.၇.၂၀၂၅ ရက်နေ့ နံနက် (၉း၀၀) နာရီက အ.ထ.က (၁) ကျောင်းရှိ ရှင်အရဟံခန်းမ၌ ပြုလုပ်သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ခိုင်ချိုချိုထက်၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဒုမြို့နယ်ပညာရေးမှူးနှင့် သင်တန်းနည်းပြများက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း အဆင့်ဆင့် ထိန်းချုပ်စက်ကိုင်တွယ်နည်း၊ ထိန်းချုပ်စက်ကိုင်တွယ်သူအတွက် လုပ်ငန်းစဥ်တို့ကို ဆွေးနွေးသင်ကြားပို့ချပေးသည်။

သင်တန်းကို နည်းပြ (၈)ဦးမှ သင်တန်းသား ရပ်ကွက်/ ကျေးရွာ စာရေးဝန်ထမ်း (၄၂) ဦး၊ ဆရာ/ဆရာမ(၅၃၇)ဦး၊ စုစုပေါင်း (၅၇၉) ဦးတို့အား ဇူလိုင်(၂၁)ရက်နေ့မှ (၂၄)ရက် နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

DOCA (မွန်)

ကော့သောင်းမြို့ပေါ်ရှိ ဆေးဆိုင်များအားစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့၊ ညနေ(၁၅:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့ပေါ်ရှိ ဆေးဆိုင် (၅) ဆိုင်အား ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့နှင့်ပူး ပေါင်း၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့်ဆေးဝါးများ ကုန်အညွှန်းအမှတ်အသား ပြည့် စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ၊ တရားမဝင် ဆေးဝါးများရောင်းချနေခြင်း ရှိ/မရှိ၊ သက်တမ်းလွန် ဆေးဝါးများ ရောင်းချနေခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။     

       စစ်ဆေးရေးအဖွဲ့ဝင်များမှ အဆိုပါ ဆေးဆိုင်လုပ်ငန်းရှင်များအား တရားမဝင်မှတ်ပုံတင် ထားသည့် ဆေးဝါးများကိုသာ ရောင်းချစေရေး၊ တရားမဝင်ဆေးဝါးများကို ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေး နွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

သထုံမြို့နယ်တွင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်

   မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချ ပေးခြင်းတို့ကို ၂၁.၇.၂၀၂၅ ရက်နေ့ နံနက်က သထုံခရိုင်ပြည်သူ့ဆေးရုံကြီး၌ တာဝန်ရှိသူများ နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

   ထိုသို့ဆောင်ရွက်ရာတွင် သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုး၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တာဝန်ရှိသူ များက ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဝင်းဇော် ဦးဆောင်သည့် အထူးကုဆရာဝန်ကြီး များ၊ သမားတော်များ၊ ခွဲစိပ်ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစစ်ဆေးခြင်း ကုသခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဆန်ကုန်သည်ကြီးများအသင်း၊ ဆီကုန်သည်ကြီးများအသင်းနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ သက်‌သာသောဈေးနှုန်းဖြင့် ဆန်၊ ဆီ၊ အသားငါး၊ ဟင်းသီးဟင်းရွက် စသည့် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းတို့ကို ကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ပံ့ပိုးပေးခဲ့ကြသည်။

  အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများစောင့်ရှောက်မှုပေးရာတွင် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့မှ လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

DOCA (မွန်)

 

ကော့သောင်းမြို့ပေါ်ရှိ သောက်ရေသန့်လုပ်ငန်းအားကွင်းဆင်းစစ်ဆေးခြင်း

  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့၊ နေ့လည် ၁၀:၀၀ နာရီအချိန်တွင် ကော့သောင်မြို့၊ အေးရိပ်ငြိမ်းရပ်ကွက်တွင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် စမ်းသီတာ သောက်ရေသန့်လုပ် ငန်းအား သက်ဆိုင်ရဌာနများနှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မိမိတို့ထုတ်လုပ်သော သောက်ရေသန့်လုပ်ငန်းများ၌ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များ ပြည့်စုံစွာပါရှိခြင်း ရှိ/မရှိ စစ် ဆေးခဲ့ပြီး သက်ဆိုင်ရာဌာနများနှင့် လုပ်ထုံးလုပ်နည်းများကိုလည်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကိုက်ညီမှု မရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်မည့်အကြောင်း ဆွေးနွေးပြော ကြားခဲ့ပြီး သောက်ရေသန့်ထုတ်လုပ်နေသည့် လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ချောင်းဆုံမြို့နယ်တာဝန်ခံသည် ခေါက်မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

  ၁၈.၇.၂၀၂၅ ရက်နေ့ မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာရှိ ခေါက်မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

  ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ချောင်းဆုံမြို့နယ်တာဝန်ခံက လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို လိုက်နာရန်၊ ထုတ်ကုန် ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များနှင့် ကိုက်ညီအောင်ဖော်ပြရန်၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကိုဖော်ပြရန်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ