Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

၂၀၂၄-၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား/ သူများ၊ ကျောင်းများ၊ မြို့နယ်များအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ပြည်နယ်ဦးစီးမှူးတက်ရောက်

    ‎၅.၉.၂၀၂၅ ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ ပြည်နယ်ခန်းမ၌ ကျင်းပ သော ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား/ သူများ၊ ကျောင်းများ၊ မြို့နယ်များအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

    အခမ်းအနားတွင် အ.ထ.က (၈) မော်လမြိုင်မှ ကျောင်းသူများက "ဂုဏ်ထူးရှင်တို့ ဂုဏ်ပြုစို့" သီချင်းဖြင့်သီဆိုဖျော်ဖြေခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မွန်ပြည်နယ်ပညာရေးမှူး ဒေါ်နန့်စယ်လီလှိုင် က ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲနှင့်ပတ်သက်၍ရှင်းလင်းတင်ပြခြင်း၊ ဆက်လက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် (၅၇.၁၆)% ဖြင့် တစ်နိုင်ငံလုံးတွင် (ပထမ)ဆု ရရှိသော မွန်ပြည်နယ်ပညာရေးဌာနအားလည်းကောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင်အောင်ချက်(ပထမ)ရ အောင်ဝိုင်းဝန်းကူညီပေးသောမော်လမြိုင်တက္ကသိုလ်အားလည်းကောင်း၊ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဆုများအသီသီးချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (မွန်)

ကျိုက်မရောမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

    ၅.၉.၂၀၂၅ ရက်နေ့တွင် မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရော မြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် မြို့နယ်‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ ကျိုက်မရောမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် ဖြန့်ဖြူး ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်မရောမြို့နယ်တာဝန်ခံမှ စားသုံးဆီများ ရောင်းချနေသော ကုန်စုံဆိုင်အရောင်းဆိုင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင်ပြဌာန်းချက်နှင့်အညီ  ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိကို ဈေးကွက် စောင့်ကြည့်စစ်ဆေးပြီးနောက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော စားသုံးဆီများအား ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် ကုန်စည်များအား ဈေးကွက်ကစားလိုသော ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

အ.ထ.က (ခွဲ) ကျိုက်မရောကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

    မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ၅.၉.၂၀၂၅ ရက်နေ့ နံနက်ပိုင်း၌ ကျိုက်မရောမြို့နယ်၊ ရှင်စောပုရပ်ကွက် (၂)၊ အ.ထ.က (ခွဲ) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံက စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်တို့ကို ရှင်းလင်းဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများသည် အသင့်စားအစားအစာများကို ဝယ်ယူအသုံးပြုရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် အစားအစာများကို ရွေးချယ်ဝယ်ယူအသုံးပြုရန် နမူနာ ပစ္စည်းများဖြင့် ရှင်းလင်းခြင်း၊ သက်တမ်းကုန်ဆုံးရက်စွဲများ သေချာသိရှိနားလည်စေရန် ပုံစံနမူနာပြသ၍ အပြန်အလှန် မေးမြန်းခြင်းတို့ကို အသိပညာ‌ပေး ဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အသင့်စားမုန့်ထုတ်များကို ဖြန့်ဝေပေးခဲ့ပြီး အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၆) ဦးနှင့် အတူ ကျောင်းသား၊ ကျောင်းသူ (၆၃) ဦး စုစုပေါင်း (၆၉) ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA (မွန်)

၂၀၂၅ ခုနှစ် မိုးရာသီ၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၊ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ ပေါင်မြို့နယ်တာဝန်ခံတက်ရောက်

      မွန်ပြည်နယ်၊ ၂၀၂၅ ခုနှစ် မိုးရာသီ၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၊ ဒီရေတော သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ၆.၉.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ ဆယ်အိမ်စုရပ်၊ ပင်လယ်ကမ်းခြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

      ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ကမ်းရိုးတန်းဒေသများမှာ ဒီရေတောများဟာ ရေရှည်တည်တံ့ဖွံ့ဖြိုးစေ‌ရေး၊ ရာသီဥတုပြောင်းလဲမှု လျှော့ချ‌ရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ဒီရေတောများသည် ဂေဟစနစ်ဖြစ်ခြင်း၊ သစ်တောနှင့် ရေထွက်ပစ္စည်းများထုတ်လုပ်ပေးခြင်း၊ ကမ်းရိုးတန်းဒေသများအား ဆိုင်ကလုန်းမုန်တိုင်းနှင့် ဆူနာမီကဲ့သို့သော သဘာဝဘေးအန္တရာယ်များမှ အကာအကွယ်ပေးခြင်းတို့အပြင် ဇီဝမျိုးစုံ မျိုးကွဲများ ကြွယ်ဝသည့် ကမ်းရိုးတန်းရေဝပ်ဒေသများဖြစ်ခြင်းစသည့် အကျိုးကျေးဇူး အမြောက်အများ ပံ့ပိုးပေးနိုင်ကြောင်း၊ ဒီရေတောစိုက်ခင်းများ တိုးချဲ့စိုက်ပျိုးပြီး သဘာဝ ဒီရေတောများ ကာကွယ်ထိန်းသိမ်းရေး၊ လေပြင်းဒဏ်ခံနိုင်သည့် သစ်မျိုးများစိုက်ပျိုးခြင်းနှင့် ဒီရေတောများကို သားစဉ်မြေးဆက် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးလုပ်ငန်းစဉ်များမှာ ပိုမို ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

     ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများမှ ဗြူးရွေဝါ၊ သမဲ့၊ မဒမ၊ ဗြူးချေထောက်၊ အိမ်သွယ် အစရှိသည့် ဒီရေတောသစ်ပင်(၆၀၀) ကျော်ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ ကြကြောင်း သိရှိရပါသည်။

DOCA (မွန်)

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

      ၄..၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်သည် မော်လမြိုင်မြို့နယ်၊ ရွှေမြိုင်သီရိရပ်ကွက်ရှိ  အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းသို့ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

       ထို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင် လက်မှတ်ရရှိသူ၏ တာဝန်ဖောက် ဖျက်မှု ရှိ/မရှိ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်း အမှတ်အသားဖော်ပြမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုဒုံမြို့နယ်တာဝန်ခံသည် စားအုန်းဆီလက်လီရောင်းချနေသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

     ၄.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်တာဝန်ခံရုံး၌ စားအုန်းဆီလက်လီရောင်းချနေသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

     ထိုသို့ တွေ့ဆုံရာတွင် စားအုန်းဆီများလက်လီရောင်းချနေသော လုပ်ငန်းရှင်များအား မြို့နယ်တာဝန်ခံမှ စားအုန်းဆီများကို သတ်မှတ်ဈေးနှုန်းအတိုင်းသာ ရောင်းချရန်၊ သတ်မှတ်ထားသည့်နေရာတွင် ရောင်းချရန်၊ သတ်မှတ်ထားသည့်နေ့ရက်အချိန်မှန်ကန်ရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် အလေးချိန်ပြည့်မီစွာရောင်းချစေရေး၊ ခွဲတမ်းရရှိထားသော စားအုန်းဆီများကို ခွဲတမ်းအတိုင်းရောင်းချစေရေးတို့အား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကြံခင်းမြို့ ရွာသစ်ရပ်ကွက်ရှိ စားသောက်ကုန်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ MSME လုပ်ငန်းများဖွံ့ဖြိုးတိုး တက်စေရေး ဆွေးနွေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံသည် (၁.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် ကြံခင်းမြို့၊ မဟာဘောဂလမ်း၊ ရွာသစ်ရပ်ကွက်ရှိ “ရိုဇီ” အမှတ်တံဆိပ် စားသောက်ကုန် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍စားသုံးသူကာကွယ်ရေးဆိုင်ရာကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်း၊ဈေးကွက် မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံဆွေး နွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူမိဘပြည်သူများ ဘေး အန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မိမိတို့ ထုတ်လုပ်လျက်ရှိသောလုပ်ငန်းတွင် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်နိုင် ရေး၊ လုပ်ငန်းလုပ်ကိုင်ရာတွင် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့်ပတ်ဝန်းကျင်သန့်ရှင်းစေရေးတို့ကို အလေး ထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဈေးကွက်မရောက်မီ ကုန်စည်များသိုလှောင်ထားရှိမှု၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင် ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင် ထုတ်လုပ်နိုင်ရေးဆောင် ရွက်ရန်လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်းလိုက်နာ ဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ် ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များ အကြောင်း နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မုဒုံမြို့နယ်၊ ရွှေဟင်္သာဈေးတွင် စားအုန်းဆီရောင်းချနေမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေး

     ၄.၉.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၏ လမ်းညွှန်မှာကြားချက်ဖြင့် မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မုဒုံမြို့နယ်၊ ရွှေဟင်္သာဈေး တွင် စားသုံးသူပြည်သူများသို့ စားအုန်းဆီ ရောင်းချပေးနေမှုများအား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

     အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီအရောင်းဆိုင်များအား ဗီနိုင်းချိတ်ဆွဲ၍ ရောင်းချခြင်း ရှိ/မရှိ၊ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချမှု ရှိ/မရှိ၊ ခွဲတမ်းရရှိသည့်အတိုင်း ရောင်းချခြင်း ရှိ/မရှိ တို့အား ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်နည်းပညာတက္ကသိုလ်နှင့် မော်လမြိုင်တက္ကသိုလ်တို့တွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချခြင်း

      ၂.၉.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မော်လမြိုင်နည်းပညာတက္ကသိုလ်နှင့် မော်လမြိုင် တက္ကသိုလ်တို့ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် အဆောင်နေ ကျောင်းသား၊ ကျောင်းသူများကို သက်သာသောဈေးနှုန်းဖြင့် အခြေခံစားကုန်များ ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     အခြေခံစားကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချရာတွင် ဧည့်မထ(ဆန်) (၆) ပြည်အိတ် တစ်အိတ်လျှင် (၁၄၀၀၀) ကျပ်၊ ဆီတစ်ပိဿာလျှင် (၇၀၂၀) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၅၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၂၆၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၄၀၀) ကျပ်၊ အသား၊ ငါး၊ ငါးခြောက်များ၊ ဟင်းသီးဟင်းရွက်များကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်နှင့် လပွတ္တာမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်ဆီကုမ္မဏီများမှ ဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်‌ဌေးနှင့် ဝန်ထမ်းများသည် (၃.၉.၂၀၂၅)ရက်နေ့တွင် လပွတ္တာမြို့နယ်၊ အိမ်မဲမြို့နယ်နှင့် ဝါးခယ်မမြို့နယ် ဆီကိုယ်စားလှယ်များထံသို့ ပို့ပေးသော စားအုန်းဆီများကို ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ် ကုမ္မဏီ၏(ယာဉ်အမှတ် 1J.45261K. 3218 နှင့် 2H.3472 )မော်တော်ယာဉ်ဖြင့် စားအုန်းဆီ စုစုပေါင်း(၃၇)ပေပါ လပွတ္တာမြို့သို့ ရောက်ရှိလာမှုကို သွားရောက် စစ်ဆေးခဲ့ပါသည်။

          ထိုသို့သွားရောက်စစ်ဆေးရာတွင် အဆိုပါစားအုန်းဆီများကို လပွတ္တာမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံမှရောက်ရှိလာသော စားအုန်းဆီများကိုရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ် တို့ဖြင့် လက်လီ/လက်က္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးမည်ဖြစ်ကြောင်း၊ လက်လီ/လက်လက္ကားဆိုင်များမှ စားသုံးသူ ပြည်သူများထံသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးမည်ဖြစ်ကြောင်း စားအုံးဆီခွဲတမ်းရရှိသော ဆီကိုယ်စားလှယ်များ ထံမှ သိရှိရပါသည်။

 DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ