Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒေါ်သင်းသင်းခိုင် လက်လီစားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် (၆.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၄:၁၅) နာရီအချိန်တွင် တိုက်ကြီးမြို့မဈေးရှိ ရုံ (၂၁)၊ အခန်း(၅၅)ရှိ ဒေါ်သင်းသင်းခိုင် စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့မဈေးစည်ပင်ဝန်ထမ်းများမှ ပူးပေါင်းပါဝင်လျက် ဒေါ်သင်းသင်းခိုင်ဆိုင်သို့ ရောက်ရှိခဲ့ရာ ဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျအလှည့်ကျ အပိုင်းလိုက် နေ့စဉ်ဖြန့်ဖြူး ရောင်းချပေးပါကြောင်း၊ လက်ကားကိုယ်စားလှယ်များက သတ်မှတ်ပေးသောဈေးနှုန်းအတိုင်း ရောင်းချပေးပြီး အလေးချိန်ကိုလည်း ပြည့်ဝစွာချိန်တွယ်ပေးပါကြောင်း မိမိတို့ဌာနမှလည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ သိုလှောင်ထားခြင်းများရှိခဲ့လျှင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

စားအုန်းဆီလက်လီရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခြင်း

          (၆.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံး၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် တိုက်ကြီးမြို့မဈေးရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ရုံ(၉)၊ အခန်း(၇)ရှိ ဒေါ်ညိုဆိုင်သို့ရောက်ရှိခဲ့ရာ မိမိသည်ရပ်ကွက်နေ ပြည်သူများသို့ နေ့စဉ်စာအုပ်စနစ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ထိုသို့ရောင်းချရာတွင်လည်း စားအုန်းဆီကို သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်ရောင်းချမှု မရှိကြောင်း၊ ရောင်းချမှုလက်ခံများထားရှိခြင်း တစ်အိမ်ထောင်လျှင် (၅၀)ကျပ်သားနှင့် တစ်လကို (၂.၅၀)ပိဿာရရှိကြောင်း၊ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိပြီး အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မရှိကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

မှော်ဘီမြို့နယ်ရှိ စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

          (၆.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၀၂:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် မှော်ဘီမြို့နယ်၊ မြို့မဈေးရှိ ဒေါ်မြမြစိုး စားအုန်းဆီအရောင်းဆိုင်နှင့် ဒေါ်နွယ်နွယ်အောင် စားအုန်းဆီအရောင်းဆိုင်တို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         ထိုသို့စစ်ဆေးခဲ့ရာတွင် လက်လီကိုယ်စားလှယ်ဒေါ်မြမြစိုးအား ရရှိသောခွဲတမ်းအား ရပ်ကွက်နေပြည်သူများသို့ အလှည့်ကျစနစ်တကျ ရောင်းချပေးစေလိုကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိ၊ အလေးချိန်ပြည့်/ မပြည့်၊ ခွဲတမ်းရစားအုန်းဆီများအား ပြည့်ဝစွာရောင်းချပေးခြင်းရှိ/ မရှိနှင့် စားသုံးသူပြည်သူများ ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် ရောင်းချရက်စွဲ၊ ပိဿာ၊ ဈေးနှုန်းနှင့်ရောင်းချသူအမည်ကို ဖော်ပြထားသော ဗီနိုင်းချိတ်ဆွဲရောင်းချခြင်းရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

City Mart (ဖော့ကန်)နှင့် Sein Gay Har (အောင်ဆန်း)သို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (၆.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အင်းစိန်မြို့နယ်ရှိ City Mart နှင့် Sein Gay Har သို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် စားသုံးသူများ ဝယ်ယူစားသောက်အသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများဖြစ်သော လူသုံးကုန်၊ စားသောက်ကုန်တို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိမှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများကောက်ခံခြင်း၊ ဈေးနှုန်းမြင့်တက်မှုရှိ/ မရှိနှင့် ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိတို့ကို သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်အခမ်းအနားအား စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ တက်‌ရောက်ခြင်း

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ သာသနာ့ ဗိမာန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၁၅)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်အလှူတော်အခမ်းအနားအား စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် သံဃာတော်များမှ တရားတော်များ ရွတ်ဖတ်ကာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တကွ ဝန်ကြီးများ၊ ပဒေသာပင် ဆက်ကပ်လှူဒါန်းသော တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်တကွ မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများမှ တက်‌ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ရန်ကုန်မြို့မှ ထားဝယ်မြို့ ဆိပ်ကမ်း ဝင်းဖူးခိုင်တံတားသို့ရောက်ရှိလာသော ကုန်စည်များအား စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ရန်ကုန်မြို့မှ ထားဝယ်မြို့ ဝင်းဖူးခိုင်တံတားသို့ ဆိုက်ကပ်လာသော MV ‌‌‌ဂေါ်ဇီလာ သင်္ဘောြဖင့် တင်ဆောင်လာ သော စားသောက်ကုန်ပစ္စည်းများအား သက်ဆိုင်ရာပူးပေါင်းအဖွဲ့များဖြစ်သော ရေကြောင်းရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်များဖြင့် ပူးပေါင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)

 

ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော စက်မှုလုပ်ငန်းသုံးစားအုန်းဆီဖြန့်ဖြူးခြင်းဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များနှင့် စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲအား တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှတက်ရောက်ခြင်း

         ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့၊ နေ့လယ်  (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော စက်မှုလုပ်ငန်းသုံးစားအုန်းဆီဖြန့်ဖြူးခြင်းဆိုင်ရာ မူဝါဒ လမ်းညွှန်ချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Virtual စနစ်ဖြင့် တက်‌ရောက်ခဲ့ပါသည်။

    အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများမှ ရှင်းလင်းဆွေး နွေးခြင်း၊ တက်ရောက်ကြသော တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးမှ ဆွေးနွေးခြင်းနှင့် ညွှန်ကြား‌ရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးအား ပြီးမြောက်ကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)

ရုံးချုပ်မှကျင်းပပြုလုပ်‌‌သော စားသုံးသူကာကွယ်ရေးဥပဒေနှင့်ငြိစွန်းမှုရှိ‌သော ထူးခြားဖြစ်စဉ်များနှင့် စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တက်ရောက်ခြင်း

       ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်မှ ကျင်းပပြုလုပ်သော စားသုံးသူကာကွယ်ရေးဥပဒေနှင့်ငြိစွန်းမှုရှိ‌သော ထူးခြားဖြစ်စဉ်များနှင့် စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲ တာဝန်ရှိသူမှ စားသုံးသူကာကွယ်‌ရေး ဥပဒေပြင်ဆင်ဖြည့်ဆွက်မည့် အကြောင်းအရာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းနှင့် ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးအား ပြီးမြောက်ကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)

 

စက်သုံးဆီအ‌ရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

     မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနှင့် ဝန်ထမ်းများသည် (၅.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ စန္တဝတ်ကျေးရွာအုပ်စုရှိ ရွေမြန်အောင် စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ စက်သုံးဆီအ‌ရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီသတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချနေခြင်းရှိ/မရှိနှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး စားအုန်းဆီလက်ကျန်အခြေအနေ၊ မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် မီးသတ်ဆေးဗူးများ၊ ရေစုတ်စက်များ၊ ရေပိုက်များကောင်းမွန်စွာ စံနစ် တကျထားရှိခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

 

 

 

မြိတ်ခရိုင်ဆီကိုယ်စားလှယ်သို့ရောင်းချပေးသော စားအုန်းဆီများ မြိတ်မြို့သို့ရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ဖြန့်ခွဲရောင်းချပေးလျက်ရှိပြီး တိုင်း/ပြည်နယ်/ခရိုင်များအလိုက် ကိုယ်စားလှယ်များဖြင့် ဝယ်ယူ၍ ပြန်လည်ရောင်းချပေးလျက်ရှိကြပါသည်။ Global Good Pure Group ကုမ္ပဏီများမှ အောက်တိုဘာလ၊ နောက်ဆုံးပတ်အတွက်ထုတ်ယူခဲ့သောစားအုန်းဆီပေပါ (၃၀)ကိုမော်တော်ယာဉ် အမှတ် 4H-7899ဖြင့်သယ်ဆောင်လာပြီး စားအုန်းဆီပေပါ(၃၅)ကို မော်တော်ယာဉ်အမှတ် 3I-6278 ဖြင့်လည်းကောင်း (.၁၁.၂၀၂၅) ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရှိရပါ သည်။

      အဆိုပါစားအုန်းဆီများကို  မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ သွားရောက် စစ်ဆေးခဲ့ပြီး ၎င်းစားအုန်းဆီများကို ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူပြည်သူများသို့ ခွဲဝေဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ