Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် ဦးဆောင်၍ အငယ်တန်းစာရေး ဒေါ်မြတ်နိုးလွင်တို့သည် ၂၀-၄-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

     ထိုသို့ ဆွေးနွေးပြောကြားရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေတွင်  အခန်း (၁၈) ပုဒ်မ (၄၁) ပါ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်၏ တံဆိပ်အမှတ်အသား၊ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊သုံးစွဲပုံနည်းလမ်းများအကြောင်းနှင့်  ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြပါရှိသည့် ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန်အကြောင်း၊ ဝန်ဆောင်မှု လုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင် သည့် အခွင့်အရေးများအကြောင်း၊ ဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

အသိပညာပေး‌‌ဟောပြောခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်)ဦးဆောင်၍ ဦးရဲရင့်ဖြိုး (အကြီးတန်းစာရေး)တို့သည် ၂၀-၄-၂၀၂၆ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ စက်မှုဇုန် ရပ်ကွက်ရှိ လပ်ကီးကိတ်နှင့်မုန့်စုံလုပ်ငန်းမှလုပ်သားများအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေး မြင့်မား သည့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ဟောပြောရာတွင် ဦးတင်မောင်ထွန်း (ရုံးအုပ်) က ၂၀၁၉ စားသုံးသူကာကွယ်‌‌ရေး ဥပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များအကြောင်း၊ စားသုံးသူအခွင့်အရေး များဖြစ်သော စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ် ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည်သို့မဟုတ်ဝန်‌ဆောင်မှုကို ဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်းစသည့်အချက်များအကြောင်း၊ စားသုံးသူ၏တာဝန်များဖြစ်သောကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ခြင်း၊ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကိုရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီ ပေးချေခြင်းစသည့်အချက်များ၊ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံ ပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ မုန့်လုပ်ငန်းသည် စားသုံးသူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသော လုပ်ငန်းဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် သန့်ရှင်းသပ်ရပ်မှုရှိရန်လိုအပ်ကြောင်း၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

    ထို့အပြင် အွန်လိုင်းမှဈေးဝယ်ရာတွင်လည်း သတိထားရမည့်အချက်များ၊စားသုံးသူနစ်နာဆုံးရှုံးမှု များအတွက်တိုင်ကြားရန် CICC ရုံးများကို ဖွင့်လှစ်ထားရှိပြီး ပြည်နယ်၊ ခရိုင်ရုံးများတွင်လည်းကောင်း၊ Call Center 1535 သို့ တိုက်ရိုက်သော်လည်းကောင်း  တိုင်ကြားနိုင်သည့်အကြောင်းတို့ကို အသိ ပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

သာစည်မြို့နယ်အတွင်းရှိ ရေသန့်စက်များအား ကွင်းဆင်းစစ်ဆေးခြင်း

                   စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာစည်မြို့နယ် တာဝန်ခံသည်  စျေးကွက်အတွင်း တရားမဝင်သောက်ရေသန့်များ ဖြန့်ဖြူးရောင်းချမှုမရှိစေရေး သောက်ရေသန့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ သာစည်မြို့နယ် အတွင်း Point ရေသန့်လုပ်ငန်းအား ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈  ရက်နေ့တွင် ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

                        ရေသည်လူတို့၏နေ့စဉ်ဘဝတွင်မရှိမဖြစ်အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် လူတို့နေ့စဉ်သောက်သုံးရန် ထုတ်လုပ်နေသော သောက်ရေသန့်စက်ရုံများသည် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာဌာနများ၏ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင် ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ပြည့်စုံစွာ ဖော်ပြရန်ဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်မှ ကုန်အညွှန်းအမှတ်အသားထည့်သွင်းလိုကြောင်း တင်ပြလာရာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်း ရှင်၏ တာဝန်များပါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

 

 

“ မိတ္ထီလာမြို့နယ်တွင် Online Sale ရောင်းချခြင်းနှင့်ပတ်သတ်၍ မြေပြင်ကွင်းဆင်းစစ်ဆေး ”

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ဒုခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ မတ်လ(၃၀) ရက်နေ့တွင် မိတ္ထီလာမြို့ရှိ Baby Loo Loo Online Sale ရောင်းချသည့်ဆိုင်နှင့် အောင်ဇဗ္ဗူဟိန်းဆီစက်  Online Sale ရောင်းချသည့်ဆိုင်သို့ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

                     အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးမှ Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း များနှင့်ပတ်သတ်၍ အချက်အလက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ ရောင်းချသောပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်သား ပြည့်စုံစွာပါဝင်ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအဖြစ် သတ်မှတ်ထားကြောင်း ၊ အခြားသိကောင်းစရာများအား အသိပညာပေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

မလှိုင်မြို့နယ် စက်သုံးဆီဆိုင်များအား ရှောင်တခင်စောင့်ကြည့်စစ်ဆေးခြင်း

               စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဦးရဲမြင့်ဆန်း(ဒုကြီးကြပ်ရေးမှူး)နှင့်ဝန်ထမ်းများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီး  ဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ စျေးကွက်တွင်းရောင်း ချနေသော စက်သုံးဆီများအားသတ်မှတ်အချိန်အတွယ်နှင့် အရည်အသွေးစံချိန်စံညွှန်းပြည့်မီခြင်း ရှိ/ မရှိ၊ MSMEနှင့်စက်မှုလုပ်ငန်းများအတွက် စက်သုံးဆီလိုအပ်ချက်များဝယ်ယူရာတွင် အဆင်ပြေစေရေး နှင့် စက်သုံးဆီများပြတ်လပ်မှု ရှိ/မရှိ ၂၀၂၆ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့တွင် မလှိုင်မြို့နယ်ရှိ New Force Petro Green ၊ Home Sweet စက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

                ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီဆိုင်များတွင် စက်သုံးဆီ ရည်ညွှန်းဈေးတို့ကို အပတ်စဉ်သောကြာနေ့တိုင်း သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ပေးလျှက်ရှိရာ သတ်မှတ်ဈေးနှုန်းများ ဖြင့်သာ ဖြန့်ဖြူးရောင်းချပေးကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုလုပ်ကြရန်၊ သိုလှောင် ကန်များ၏ လက်ကျန်အခြေအနေနှင့် နေ့စဉ်ဆီဝင်ရောက်မှုအခြေအနေများ၊ ဆီဆိုင် ဖွင့်လှစ်/ပိတ် သိမ်းမှုအခြေအနေများ၊  တရားမဝင် စက်သုံးဆီများရောင်ချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ဆီဆိုင်တွင်တပ်ဆင်ထားသော CCTV များမှ Control စနစ်ကောင်းမွန်ခြင်းရှိ/မရှိတို့အား အထူးကွင်း ဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

မိတ္ထီလာမြို့နယ်အတွင်းရှိ ဆေးဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း

               မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် မိတ္ထီလာမြို့နယ်အတွင်းရှိ ဆေးဝါးရောင်းချနေသောလုပ်ငန်းရှင်များနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ၂၀၂၆ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ နေ့လည်(၁၃၀၀)နာရီချိန်တွင် ခရိုင်ဦးစီးမှူးရုံးခန်းတွင်  အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင်စားသုံးသူရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တာဝန်ခံမှ စားသုံး သူရေးရာဦးစီးဌာနတွင် လက်ရှိဆောင်ရွက်နေသော  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော ပွဲလုပ်ငန်းများဆောင်ရွက်ခြင်းနှင့်စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှု ရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများ ညှိနှိုင်းဖြေရှင်း မှုများလုပ်ဆောင်ရွက်လျှက်ရှိကြောင်း ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေအရ စီးပွားရေးလုပ်ငန်းရှင် များ အနေဖြင့်လည်း စီးပွားရေးကျင့်ဝတ်နှင့်အညီ မိမိတို့ရောင်းချ/ထုတ်လုပ်သော ကုန်ပစ္စည်းများ၏ သတင်းအချက်အလက်များကို ရိုးရှင်းမှန်ကန်စွာပေးရမည်ဖြစ်ကြောင့်ထုတ်လုပ်သောကုန်စည်များပေါ်တွင်ဥပဒေပါကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍လိုက်နာရမည့်အချက်များလိုက်နာခြင်းမရှိပါကအရေးယူဆောင်ရွက်နိုင်မည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းအားရှင်းလင်းဆွေးနွေးခဲ့ပြီး၊ဆေးဝါးအရောင်းဆိုင်များအားစျေးကွက်အတွင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အသိအမှတ်ပြု DRC No. မပါရှိသည့် ဆေးဝါးများမရောင်းချစေရေး ပြောကြားခဲ့ပြီး၊ဈေးနှုန်းမြင့်တင်ရောင်းချရန်အလို့ငှာသိုလှောင်ထားခြင်းမပြုရန်နှင့်   လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကိုဝယ်ယူသုံးစွဲရာတွင်မိမိတို့ကိုယ်တိုင် စားသုံးသူများဖြစ်သည့် အတွက် စာသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများရှိခဲ့လျှင် DOCA Myanmar Application နှင့်စားသုံးသူ ရေးရာဦးစီးဌာန၏ Website www.doca.gov.mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်ကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီးဆေးဝါးအရောင်းဆိုင်လုပ်ငန်းရှင်(၄၅)ဦးတက်ရောက်ခဲ့ကြောင်းနှင့်လက်ကမ်းစာစောင်များလည်းဖြန့်ဝေခဲ့ပြီးဟောပြောပွဲကို နံနက်(၁၁း၁၅)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါ သည်။

DOCA(မန္တလေး)

“မိတ္ထီလာမြို့နယ်အတွင်းရှိ အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း”

                        စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒေါ်မြို့ရီ (ဒုခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် ၂၀၂၆ ခုနှစ် မတ် (၂၆) ရက် နေ့တွင်မိတ္ထီလာမြို့နယ်၊ စိန်ဒေါင်းစူပါစတိုးအတွင်းရောင်းချလျှက်ရှိသော အသင့်စား ခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်တွင်ရောင်းချနေသော အသင့်ခေါက်ဆွဲခြောက် အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများမှ ကန့်သတ် တားမြစ်ထားသည့်မုန့်များ ရောင်းချခြင်း ရှိ/မရှိနှင့်  စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော မုန့်များ ရောင်းချခြင်း ရှိ/မရှိတို့အားစစ်ဆေးခဲ့ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး စျေးကွက်အတွင်းရောင်းချနေသော ကုန်စည် များတွင် ကုန်အညွှန်အမှတ်အသားပြည့်စုံစွာ ဖော်ပြဆောင်ရွက်မှုရှိ/မရှိအား ဌာနမှစျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို နေ့စဉ်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများအား‌ ရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး၊ သတ် မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသောသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော အသင့်စားခေါက်ဆွဲခြောက်များကိုသာ ဈေးကွက်အတွင်းရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့နယ်အတွင်းရှိ ရေသန့်စက်များအား ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၊ ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ စျေးကွက်အတွင်း တရားမဝင်သောက်ရေ သန့်များ ဖြန့်ဖြူးရောင်းချမှုမရှိစေရေး သောက်ရေသန့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ မိတ္ထီလာမြို့နယ် အတွင်း  ရေသန့်လုပ်ငန်းများအား ၂၀၂၆ ခုနှစ်၊ မတ်လ ၂၃   ရက်နေ့နေ့လည် (၁၄း၀၀) နာရီချိန်တွင် ကွင်းဆင်း၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

          ရေသည်လူတို့၏နေ့စဉ်ဘဝတွင်မရှိမဖြစ်အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် လူတို့နေ့စဉ်သောက်သုံးရန် ထုတ်လုပ်နေသော သောက်ရေသန့်စက်ရုံများသည် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာဌာနများ၏ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင် ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ပြည့်စုံစွာ ဖော်ပြရန်ဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်မှ ကုန်အညွှန်းအမှတ်အသားထည့်သွင်းလိုကြောင်း တင်ပြလာရာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်း ရှင်၏ တာဝန်များပါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။ DOCA(မန္တလေး)

 

မကွေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာနသည် ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းအဆမတန် မြှင့်တင် ရောင်းချမှုမရှိစေရေးနှင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေးတို့အတွက် အပတ်စဉ် ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန မကွေး/ချောက်ခရိုင်တာဝန်ခံသည် (၆.၄.၂၀၂၆) ရက်နေ့၊ နံနက်(၀၉:၃၀)မှ(၁၂:၀၀)နာရီအထိ မကွေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဆေးဆိုင် များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ဆေးဆိုင်များသန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊  ဆေးဆိုင်လိုင်စင်သက်တမ်းတိုး စစ်ဆေးခြင်းနှင့် ထိန်းချုပ်ဆေးဝါးများ ထားသိုသိမ်းဆည်းမှု မှတ်ပုံတင်စာရင်းများအား စစ်ဆေးခြင်း၊ တရားမဝင်မှတ်ပုံတင်မဲ့ဆေးဝါးများရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းရှိ/မရှိ၊ ဆေးနှင့် ဆေးပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ ဆေးဈေးနှုန်းများမြှင့်တင်ရောင်းချ ရန်ရည်ရွယ်ချက်ဖြင့် ဆေးများစုပုံသိုလှောင်ထားခြင်းရှိ/မရှိနှင့် ဆေးများပစ္စည်းပြတ်လပ်မှုရှိ/မရှိ တို့အားစစ်ဆေးကြပ်မတ်ခဲ့ပြီး အချို့ဆေးဆိုင်များအနေဖြင့် ပြည်သူများ ဝယ်ယူသုံးစွဲရလွယ်ကူစေရန် အတွက်  သင်္ကြန်ကာလအတွင်း ပိတ်ရက်မရှိ ဖွင့်လှစ်ရောင်းချပေးမည်ဖြစ်ကြောင်း မေးမြန်းသိရှိရပြီး  ဆိုင်ရှင်များအား အခန်း(၁၀)၊ ပုဒ်မ (၂၁)ပါ စီးပွားရေးလုပ်ငန်းရှင်၏ ကျင့်ဝတ်(၁၁)ချက် တို့နှင့်အညီ ရောင်းချရန် အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ရမည်းသင်းခရိုင်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် လက်လီဆိုင်များ ကွင်းဆင်းကြီးကြပ်စစ်ဆေး

              ရမည်းသင်းခရိုင်အတွင်း ခွဲတမ်းရစားအုန်းဆီများ ဖြန့်ဖြူးရောင်းချလျှက်ရှိသော လက်ကား ကိုယ်စားလှယ်များနှင့်ပူးပေါင်း၍ ၎င်းတို့ဖြန့်ဖြူးထားသော သက်ဆိုင်ရာမြို့နယ်လက်လီအရောင်းဆိုင် များသို့ ကွင်းဆင်းကြီးကြပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          (၁၇.၃.၂၀၂၆) ရက်နေ့တွင် ရမည်းသင်းမြို့နယ်မှ လက်လီအရောင်းဆိုင်များလည်းကောင်း၊   (၁၈.၃.၂၀၂၆) ရက်နေ့တွင် ပျော်ဘွယ်မြို့နယ် လက်လီအရောင်းဆိုင်များအားလည်းကောင်းသက်မှတ်ရည်ညွှန်းဈေးနှုန်းနှင့်အညီ ရောင်းချမှုရှိ/မရှိရရှိသည့်အရေတွက် အတိုင်းရောင်းချမှုရှိ/မရှိ၊ အလေးချိန် အချင်အတွယ် မှန်ကန်မှုရှိ/မရှိ ဗီနိုင်းများချိတ်ဆွဲ ရောင်းချမှုရှိ/မရှိကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

           ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် လက်လီအရောင်းဆိုင်များအနေဖြင့် ခွဲတမ်းရ စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းနှင့်အညီ ရောင်းချလျှက်ရှိပါကြောင်း၊ အိမ်ထောင်စုအလိုက်စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျပုံမှန် ရောင်းချလျှက်ရှိပါကြောင်း၊ လမ်းညွှန်မှာကြားချက်များအတိုင်း နေ့စဉ်ရောင်းချသည့် ဈေးနှုန်းများအား ဗီနိုင်းများကပ်၍ ရောင်းချ နေသည်ကို တွေ့ရှိရပါသည်။

DOCA(မန္တလေး)

.

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ