Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူမြို့၌ စက်သုံးဆီအရောင်းဆိုင်များအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေး

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက် နံနက် ၀၉:၃၀ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်များအား အထူးဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စက်သုံးဆီဆိုင်များအနေဖြင့် စားသုံးသူများ လွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် စက်သုံးဆီဆိုင်များကို ပုံမှန်ဖွင့်လှစ်ရောင်းချပေးရန်ပြောကြားခဲ့ပြီး စက်သုံးဆီရောက်ရှိမှု၊ အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင် ရောင်းချမှုရှိ/မရှိနှင့် စက်သုံးဆီလက်ကျန်တို့အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

နေဦးလင်း မိုဘိုင်းဖုန်းဆိုင်သို့ Onlineစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၂) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ကမာရွတ်မြို့နယ်၊ တိုက်(၃) ၊ အခန်း(A)၊ လှည်းတန်း(၁) လမ်း၊ (၃) ရပ်ကွက်ရှိ   နေဦးလင်း မိုဘိုင်းဖုန်းဆိုင်သို့ သွားရောက်၍ Online လုပ်ငန်းများအား မြေပြင် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာတွင် Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည် ဝန်ဆောင်မှုဥပဒေ အဖြစ်သတ်မှတ်ထားသည့်အတွက်  အခြားလိုအပ်ချက် အချက်အလက်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ရှိုင်း ကလေးသင်ထောက်ကူအရုပ်နှင့် စာရေးကိရိယာအရောင်းဆိုင်သို့ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်း

     မရမ်းကုန်းမြို့နယ်၊ အမှတ်(၈၀၃)၊ မြို့ဟောင်း(၃) လမ်း၊ (၁) ရပ်ကွက်တွင် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ရှိုင်း ကလေးသင်ထောက်ကူအရုပ်နှင့် စာရေးကိရိယာအရောင်းဆိုင်သို့  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် အဖွဲ့သည် (၂၂.၇.၂၀၂၅) ရက်နေ့ နေ့လည်(၁၂:၀၀) နာရီအချိန်တွင် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ နှင့် မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များအကြောင်းတို့ကို စစ်ဆေးရေးအရာရှိမှ အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

     ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၂၂.၇.၂၀၂၅ ရက်နေ့ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ဝါးတန်းဆိပ်ကမ်း၊ ချောင်းဝဆိပ်ကမ်းနှင့် သိန်းဦးဆိပ်ကမ်းအား အကောက် ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေး ခဲ့ပြီး လက်နက်ခဲယမ်းများ တင်ဆောင်မှုမရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“စားသောက်ဆိုင်အား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး”

 ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး ဇူလိုင်လ(၁၈)ရက်နေ့တွင်  စဉ့်ကိုင်မြို့နယ် ရှိ ရတနာတော်ဝင် နှင့် လမင်း ကဖေးလက်ဖက်ရည်ဆိုင် ၊ စားသောက်ဆိုင်များအား ကွင်းဆင်း စစ်‌ဆေးခဲ့ကြောင်း သိရှိရပါသည်။ ထို့သို့စစ်ဆေးရာတွင် အစားအသောက်ရောင်းချသည့် လုပ်ငန်းရှင် များအား အစားအသောက် ပြုပြင်ရောင်းချသည့် နေရာများ သန့်ရှင်းသပ်ရပ်စွာထားရှိရန် ၊ အစားအသောက်ကိုင်တွယ်သူများအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှုရှိရန်၊ ဝန်ထမ်းများ ကျန်းမာရေး‌ ဆေးစစ်မှုများခံယူရန် ၊ မိမိတို့ဆိုင်မှ ပေးအပ်ထားသည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းပြီး စားသုံးသူအား လုံလောက်သည့် သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ အသိပေးပြောကြားရန်နှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား ၊ အရွယ်အစား(Size)ပမာဏအလိုက် စျေးနှုန်းအား ဖွင့်လင်းမြင်သာစွာ ကြိုတင်အသိပေးဖော်ပြထားရန်စသည်တို့အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ကျော်ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းအား ကွင်းဆင်းစိစစ်”

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ များသည် ဇူလိုင်လ(၁၇)ရက်နေ့တွင် ကျောက်ဆည်မြို့ ၊ မြို့ဦးရပ်ကွက်ရှိ ကျော်ကိတ်နှင့်မုန့်မျိုးစုံ လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် နှင့် ကုန်အညွှန်းအမှတ်တံဆိပ်များပြည့်စုံစွာ ပါဝင်မှုရှိစေရေး ၊ ( Pre Market )ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းကို ကျောက်ဆည်မြို့နယ်  စည်ပင်သာယာရေးအဖွဲ့ နှင့် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာ တွင် ကျော်ကိတ်နှင့်မုန့်မျိုးစုံ လုပ်ငန်းရှင်အား မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေး လုပ်ငန်းရှင်များလိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်ပတ်သက်၍ ပုဒ်မ (၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့်၄င်းအချက်အလက်များမှ ပုဒ်မ(ခ) ရှိ ကုန်စည်၏ အမျိုးအမည် ၊ အရွယ်အစား ၊ အရေအတွက် နှင့် အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့် ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက် ပို၍တွဲလျှက်ဖြစ်စေ ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်ခရိုင်အတွင်းရှိ စားအုန်းဆီရောင်းချသည့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ”

  ဇူလိုင်လ(၁၈)ရက်နေ့တွင် စားသုံးသူ‌ရေးရာဦးစီးဌာန ၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး၌ ကျောက်ဆည်ခရိုင်အတွင်းရှိ စားအုန်းဆီ ရည်ညွှန်းစျေးဖြင့် ရောင်းချသည့် ဆီဆိုင်လုပ်ငန်းရှင် များနှင့်တွေ့ဆုံခဲ့ကြောင်း ၊ ဆွေးနွေးပွဲ၌ ကျောက်ဆည်ခရိုင်ဦးစီးမှူးက ပြောကြားရာတွင် ကျောက်ဆည်ခရိုင်အတွင်း လက်ကားကိုယ်စားလှယ်များ ၊ လက်လီအရောင်းဆိုင်များ အနေဖြင့် စားအုန်းဆီ ဖြန့်ဖြူးရောင်းချရာတွင် စားသုံးသူပြည်သူများသို့ တိုက်ရိုက်ရောင်းချစေရေး ၊ ဆီအရောင်းဆိုင်များထဲမှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အဖွဲ့ဝင်များက အိမ်ထောင်စုများအတွက် စာအုပ်များဖြင့် ဆီထုတ်ယူရာတွင် ရပ်ကွက် ၊ ကျေးရွာ ကိုယ်စားပြု တစ်ဦးတစ်ယောက်ထဲ ဝယ်ယူ ခြင်းများကို ခွင့်မပြုစေရေး ၊ သက်မှတ်ရည်ညွှန်းဈေးနှုန်းထက် ကျော်လွန်၍ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိဘဲ ဈေးကွက်အတွင်း ညွှန်ကြားချက်နှင့်အညီ ဖြစ်သင့်ဖြစ်ထိုက်သည့် လက်လီ ဈေးနှုန်းဖြင့် ရောင်းချစေရေးစသည့် ညွှန်ကြားချက်များအား ကျောက်ဆည်ခရိုင်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိသော လက်လီ/လက်ကား ကိုယ်စားလှယ်များအား ခေါ်ယူ၍ ညွှန်ကြားချက်များအား ချပြဆွေးနွေးပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်(၄၁)ဦးအား သိရှိကြောင်းလက်မှတ်များ ရေးထိုးစေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ဒေါ်အေးရင်ဟင်းခတ်မှုန့်လုပ်ငန်းအား ကွင်းဆင်းစိစစ်”

  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ များသည် ဇူလိုင်လ(၁၈)ရက်နေ့တွင် မြစ်သားမြို့ ၊ ရွှေသူဌေးရပ်ရှိ ဒေါ်အေးရင်ဟင်းခတ်မှုန့် လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် နှင့် ကုန်အညွှန်းအမှတ်တံဆိပ်များပြည့်စုံစွာ ပါဝင်မှုရှိစေရေး ၊ ( Pre Market )ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းကို ကျောက်ဆည်မြို့နယ်  စည်ပင်သာယာရေးအဖွဲ့ နှင့် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာ တွင် ကျော်ကိတ်နှင့်မုန့်မျိုးစုံ လုပ်ငန်းရှင်အား မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေး လုပ်ငန်းရှင်များလိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်ပတ်သက်၍ ပုဒ်မ (၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့်၄င်းအချက်အလက်များမှ ပုဒ်မ(ခ) ရှိ ကုန်စည်၏ အမျိုးအမည် ၊ အရွယ်အစား ၊ အရေအတွက် နှင့် အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့် ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက် ပို၍တွဲလျှက်ဖြစ်စေ ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ ကွမ်းခြံကုန်းမြို့နယ်အတွင်း ရောင်းချသောဆေးဆိုင်များအားကွင်းဆင်းစစ်ခြင်း ”

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် လူသုံးများသော ဆေးဝါးများ ဆေးဆိုင်များတွင် ဆေးဝါး များ ပြတ်လပ်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ရန်ကုန်တောင်ပိုင်း ခရိုင်ဦးစီး မှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ  ဇူလိုင်လ (၂၂)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့မျာဖြင့် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်ခဲ့ရာတွင် ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သန်းသန်းစိုး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ကျန်းမာရေးမှူး(၃) ဦးထွန်းထွန်း၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ် ဈေးပိုင်းရပ်ကွက်အတွင်း ရောင်းချသော ဆေးဆိုင်များ ဖြစ်သည့် ကောင်းမြတ်ချမ်းသာ ဆေးဆိုင်၊ ရာပြည့်ဆေးဆိုင်၊ ကံကြီးမကျီးရပ်ကွက်တွင် ရောင်းချသော ဦးစံရွှေ+ ဒေါ်တင်အိဆေးဆိုင်၊ သစ်ဆန်းဆေးဆိုင်တို့တွင် လူသုံးများသော ဆေးဝါးများဖြစ်သည့် ဆီးချိုဆေး၊ သွေးတိုးကျဆေး၊ သွေးကျဲဆေး၊ နှလုံးဆေး၊ အသဲဆေး၊ အာရုံကြောဆေးများ၊ လိမ်း ဆေးများနှင့် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးများ ပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစိ စစ်ခဲ့ကြသည်။

   ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက ယခုကာလ သည် မိုးရာသီဖြစ်သည့်အတွက် လူအများ ရာသီဥတု အပြောင်းအလဲကြောင့် ဖျားနာခြင်း၊ ဝမ်း သွားခြင်း၊ ကလေးများ သွေးလွန်တုပ်ကွေးရောဂါများ ဖြစ်ပွားတတ်သဖြင့် ဆေးဝါးများ ပြတ်လပ် မှုမရှိစေရန်၊ ဆေးဝါးများအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ မပြုလုပ်ရန်၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် ဆိုင်ပိုင်ရှင် တာဝန်ခံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

“စားသောက်ဆိုင်အားပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး”

    ပြင်ဦးလွင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး ဇူလိုင်လ(၁၈)ရက်နေ့တွင်  ပြင်ဦးလွင်မြို့ ပေါ်ရှိ ရွှေပြည့်စုံလက်ဖက်ရည်ဆိုင်နှင့်ခိုင်ခိုင်ကျော်ထမင်းဆိုင်များအား ကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်း သိရှိရပါသည် ။ ထို့သို့စစ်ဆေးရာတွင် အစားအသောက်ရောင်းချသည့် လုပ်ငန်းရှင်များအား အစားအသောက် ပြုပြင်ရောင်းချသည့် နေရာများ သန့်ရှင်းသပ်ရပ်စွာထားရှိရန် ၊ အစားအသောက် ကိုင်တွယ်သူများအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှုရှိရန် ၊ ဝန်ထမ်းများ ကျန်းမာရေး‌ဆေးစစ်မှုများ ခံယူရန်၊ မိမိတို့ဆိုင်မှ ပေးအပ်ထားသည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းပြီး စားသုံးသူအားလုံလောက်သည့် သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ အသိပေးပြောကြားရန် နှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား ၊ အရွယ်အစား (Size)ပမာဏအလိုက် စျေးနှုန်းအား ပွင့်လင်းမြင်သာစွာကြိုတင်အသိပေးဖော်ပြထားရန်စသည်တို့အား စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ