Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သော စားသုံးသူကာကွယ်ရေး သင်တန်းအမှတ်စဉ် (၂/ ၂၀၂၅) အား တက်ရောက်

    စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူရေး ရာဦးစီးဌာန (ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ အခါအားလျော်စွာ ကျင်းပသော သင်တန်း များအား တက်ရောက်လျက်ရှိရာ ၂၅.၈.၂၀၂၅ ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဖွင့်လှစ်သော သင်တန်းအား တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

     အဆိုပါသင်တန်းကို တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများက Imperson ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်များနှင့် မြို့နယ်ဦးစီးမှူးရုံးများရှိ ဝန်ထမ်းများက Virtual ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြပါသည်။ ထိုသင်တန်းတွင် စားသုံးသူကာကွယ်ရေးနှင့် သက်ဆိုင် သော အကြောင်းအရာများ၊ ဈေးကွက်ထဲသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲများနှင့် အတွေ့အကြုံများ၊ Online Shop လုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများ တို့ကို သင်ကြားပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ညောင်လေးပင်ခရိုင်ဦးစီးရုံးမှ ဝန်ထမ်း (၄)ဦး သည် Virtual ဖြင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးသင်တန်း အမှတ်စဉ် (၂/ ၂၀၂၅) အား ကျင်းပ

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသ ကြီးဦးစီးမှူးရုံးတွင် ၂၅.၈.၂၀၂၅ ရက်နေ့၌ စားသုံးသူကာကွယ်ရေး သင်တန်းအမှတ်စဉ် (၂/ ၂၀၂၅) အား တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

    အဆိုပါသင်တန်းကို နံနက်(၁၀:၀၀)နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ရာ တိုင်းဒေသကြီးဦးစီး မှူးက အဖွင့်အမှာစကားပြောကြားကာ သင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် သင်တန်းတွင် စားသုံးသူကာကွယ်ရေးနှင့် သက်ဆိုင်သော အကြောင်းအရာများ၊ ဈေးကွက်ထဲသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲများနှင့် အတွေ့အကြုံများ၊ Online Shop လုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများတို့ကို သင်ကြားပို့ချခဲ့ကြပါသည်။ အဆိုပါသင်တန်းသို့ တိုင်းဒေ သကြီး ဦးစီးမှူးရုံးရှိ ဝန်ထမ်းများက Imperson ဖြင့်လည်းကောင်း၊ ခရိုင်နှင့် မြို့နယ်ဦးစီး မှူးရုံးများရှိ ဝန်ထမ်းများက Virtual ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။

DOCA(ပဲခူး)

ကျောက်တံခါးမြို့၊ ကန်ရွာ၊ အ.မ.က(မူလွန်)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

     ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့်   ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ကြိုးစားပမ်းစား ဆောင်ရွက်လျက်ရှိရာ ၂၀.၈.၂၀၂၅ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်း နှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့၊ ကန်ရွာ၊ အ.မ.က (မူလွန်) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

    ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အတူ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေပါအချက် အလက်များအကြောင်း၊ စားသုံးသူ အခွင့်အရေး (၈)ချက်၊ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင် များ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ ဆရာမ ၂၂ဦးနှင့် ကျောင်းသား/ ကျောင်းသူ ၂၂၀ဦး တက်ရောက် နားထောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

သက်ဆိုင်ရာဌာနထောက်ခံချက်မရှိသော စားသုံးဆီများကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သက်ဆိုင်ရာဌာနထောက်ခံချက်မရှိသော စားသုံးဆီများအား လစဉ်ကွင်းဆင်းစစ်ဆေးခြင်းများကို စတိုးများ၊ Shopping Mall ၊ Mart နှင့်ရပ်ကွက်ကုန်စုံဆိုင်များတွင် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

    သက်ဆိုင်ရာဌာနထောက်ခံချက်မရှိသော စားသုံးဆီများနှင့်ပတ်သက်၍ ၂၁-၈-၂၀၂၅ ရက်နေ့တွင် Good Choice၊ Goody ၊Duck ၊Lotus၊ အမေထွား၊ အာရှသား အမှတ်တံဆိပ်တို့အား ကွင်းဆင်း စစ်ဆေးခဲ့ပြီးစားသုံးသူရေးရာဦးစီးဌာနမှ ကျင့်သုံးဆောင်ရွက်လျက်ရှိသော တည်ဆဲဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

     ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ Good Choice၊ Goody ၊Duck ၊Lotus၊ အမေထွား၊ အာရှသား အမှတ်တံဆိပ်တို့တွင် သက်ဆိုင်ရာ ဌာနထောက်ခံချက်များပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များတွင်လည်း လစဉ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဌာနထောက်ခံချက်များပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး မပါရှိပါက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အမျိုးသားအစားအသောက်ဥပဒေနှင့်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေများဖြင်လည်းကောင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

မန္တလေးမြို့၊အထကခွဲအမှတ်(၂)တွင်ဟောပြောပွဲကျင်းပ

      ပြည်သူများအား စားသုံးသူအခွင့်အရေးများအပြည့်အဝရရှိစေရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းအရာများပိုမိုသိရှိနိုင်စေရန်အတွက် အသိပညာ‌ပေးဟောပြောပွဲများ ကျင်းပ လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်ယဉ်ယဉ်ရွှေ၊ ဦးစီးအရာရှိ၊ ဦးတင်ချစ်ကောင်း၊ ဦးစီးအရာရှိနှင့်အဖွဲ့သည်  မန္တလေးတိုင်းဒေသကြီး၊ မဟာ အောင်မြေမြို့နယ်၊ ၈၀လမ်း၊ ၃၉လမ်းနှင့် ၄၀လမ်းကြားရှိ အထက(ခွဲ)အမှတ်(၂)ကေျာင်းတွင် ပညာသင်ကြားလျက်ရှိသော ‌ကျောင်းသား၊ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောပွဲ တစ်ရပ်ကျင်းပခဲ့ပါသည်။ အဆိုပါကျောင်းတွင် စားသုံးသူများ၏အခွင့် အရေးနှင့်ပတ်သက်သည်များ၊ စားသုံးသူများ၏တာဝန်များ၊ စားသုံးသူများနစ်နာ ဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများဟောပြောခြင်း၊ ဌာန၏ Call Center 1535 လိုင်းခွဲအမှတ်(3)သို့ ခေါ်ဆို၍ တိုင်ကြားမှုသရုပ်ပြခြင်းနှင့် ကျောင်းမုန့်စျေးတန်းသို့ သွားရောက်၍ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီသည့် စားသောက်ကုန်များရောင်းချရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)

ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ဈေးတွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ ကာကွယ်ရေးဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အသိပညာပေးဟောပြောခြင်းများ ကွင်းဆင်းစစ်ဆေးခြင်းများအား စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၂၁-၈-၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ဈေးတွင် ဈေးသူ/သားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများနှင့် ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ပြီးဟောပြောပွဲ၌ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားသည့် စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်နှင့်တားမြစ်ချက် များ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း ပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

အ.ထ.က(ခွဲ)(၂) အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော  ဆွေးနွေးပွဲနှင့်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီး ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးဥပဒေပါလုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည့် စားသုံးသူကာကွယ်ရေး လုပ်ငန်းနှင့် စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သတင်းအချက်အလက်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းများကို သက်ဆိုင်ရာ နယ်ပယ်အသီးသီးအလိုက် ဟောပြောဆောင်ရွက်လျက်ရှိရာ (၂၀-၈-၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင်  မဟာအောင်မြေမြို့နယ်၊အ.ထ.က (ခွဲ)(၂) အခြေခံပညာအလယ်တန်းကျောင်းတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ (၁၅၀)ဦးအား စားသုံးသူကာကွယ်ရေး နှင့် ပတ်သတ်သော အသိ ပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်။

     အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ရာတွင် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှ (ဦးစီးအရာရှိ)ဒေါ်ယဉ်ရွှေက စားသုံးသူကာကွယ်ရေးနှင့်ဥပဒေပေါ်ပေါက်လာပုံ၊စားသုံးသူနှင့်စီးပွားရေး လုပ်ငန်းရှင်တို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းများအား ရှင်းလင်းဟောပြောခဲ့ပြီး Comsumer Call Center (1535) သို့ ဖုန်းခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်းကို လက်တွေ့ခေါ်ဆို သရုပ်ပြခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မန္တလေး)

 

 

ဩဂုတ်လအတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်မှု

     စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲသည် စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးစိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းနိုင်စေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ သတ်မှတ် ပြဌာန်းချက်များနှင့်အညီဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင်ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲအနေဖြင့်စားသုံးသူများအသုံးပြုမည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစေပြီး လုံခြုံစိတ်ချမှုရှိစေရေးအတွက် စစ်ဆေးရေးအရာရှိများ ခန့်အပ်၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များကို ဈေးကွက်အတွင်းမှ ပြန်လည် သိမ်းဆည်းစေခြင်း (သို့မဟုတ်) ရောင်းချဖြန့်ဖြူးခြင်းကို တားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသော ဝန်ဆောင်မှုကိုတားမြစ်ခြင်း၊စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များကို လိုက်နာမှုရှိစေရေးအသိပညာပေးဆွေးနွေးခြင်း၊ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များကို စိစစ်ဆောင်ရွက်ခြင်းနှင့် ၁.၁.၂၀၂၅ ရက်နေ့မှစ၍ Online Sale မှတ်ပုံတင် လျှောက်ထားသည့်အချက်အလက်များ မြေပြင်မှာ အမှန်တကယ် မှန်ကန်မှုရှိ/မရှိ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း လှုပ်ရှားဆောင်ရွက်မှုများကို သက်ဆိုင်ရာဌာနများ၊ စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်း ရှင်များ၊ အစိုးရနှင့် အခြားအဖွဲ့အစည်းများပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်များမှလည်း စီးပွားရေးလုပ်ငန်းကျင့်ဝတ်နဲ့အညီ လုပ်ကိုင်ဆောင်ရွက်မှုများ တိုးတက်လာပြီး စားသုံးသူများမှ ကုန်စည်နှင့်ဝန်ဆောင်မှုများကို မှန်ကန်စွာ ရွေးချယ်ဝယ်ယူနိုင် သည့် အခွင့်အလမ်းများ အပြည့်အဝရရှိနိုင်မည်ဖြစ်ပြီး စားသုံးသူနစ်နာဆုံးရှုံးမှုများကိုလည်း အရေးဆို တိုင်ကြားလာမှုများအား အမြန်ဆုံး အရေးယူဆောင်ရွက်ပေးမှုများ လုပ်ဆောင်ပေးနိုင် ခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ တာဝန် ယူမှု၊တာဝန်ခံမှုရှိသော အပြုအမှုများ ဖြစ်ပေါ်လာစေရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး နှင့်စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်၊ ဩဂုတ်လတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲအနေဖြင့် ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းပုံမှန်စစ်ဆေးရာတွင်သောက်ရေသန့်အမျိုးမျိုးအား ဦးစားပေးကုန်စည်အဖြစ် သတ်မှတ်ပြီး၊ မြို့နယ်များအတွင်းရှိ ဈေးများ၊ ရပ်ကွက်၊ ကုန်စုံဆိုင်၊ စတိုးဆိုင်များသို့ သွားရောက် ၍စစ်ဆေးခြင်း၊ အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များ၊ စားအုန်းဆီအရောင်းဆိုင်များ၊ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ သတ်မှတ် ဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိတို့အားစစ်ဆေးခြင်း၊ ကုန်အညွှန်း အမှတ်အသားများ စိစစ်ဆောင်ရွက်ပေးခြင်းနှင့် Online Sale မှတ်ပုံတင် လျှောက်ထားသည့် အချက်အလက်များမြေပြင်မှာ အမှန်တကယ် မှန်ကန်မှုရှိ/မရှိ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း ၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများနှင့်၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် ဩဂုတ်လမှ နိုဝင်ဘာလအထိ ဆက်သွယ်လုပ်ငန်းများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

သက်ဆိုင်ရာဌာနထောက်ခံချက်မရှိသော စားသုံးဆီများကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သက်ဆိုင်ရာဌာနထောက်ခံချက်မရှိသော စားသုံးဆီများအား လစဉ်ကွင်းဆင်းစစ်ဆေးခြင်းများကို စတိုးများ၊ Shopping Mall ၊ Mart နှင့်ရပ်ကွက်ကုန်စုံဆိုင်များတွင် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

     သက်ဆိုင်ရာဌာနထောက်ခံချက်မရှိသော စားသုံးဆီများနှင့်ပတ်သက်၍ ၂၁-၈-၂၀၂၅ ရက်နေ့ တွင် Good Choice၊ Goody ၊Duck ၊Lotus၊ အမေထွား၊ အာရှသား အမှတ်တံဆိပ်တို့အား ကွင်းဆင်း စစ်ဆေးခဲ့ပြီးစားသုံးသူရေးရာဦးစီးဌာနမှ ကျင့်သုံးဆောင်ရွက်လျက်ရှိသော တည်ဆဲဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

     ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ Good Choice၊ Goody ၊Duck ၊Lotus၊ အမေထွား၊ အာရှသား အမှတ်တံဆိပ်တို့တွင် သက်ဆိုင်ရာ ဌာနထောက်ခံချက်များပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များ တွင်လည်း လစဉ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဌာနထောက်ခံချက်များပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး မပါရှိပါက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အမျိုးသားအစား အသောက်ဥပဒေနှင့်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေများဖြင်လည်းကောင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

ငယ်တိုးရပ်ကွက်သို့ စားအုန်းဆီများကို သက်သာသော ဈေးနှုန်းဖြင့်ရောင်းချပေး

     မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ၁၇.၈.၂၀၂၅ ရက်နေ့၌ အမရပူရမြို့နယ်၊ ငယ်တိုးရပ်ကွက်တွင် စားအုန်းဆီ ကို သက်သာသောဈေးနှုန်းဖြင့် အိမ်တိုင်ရာရောက် ရောင်းချပေးလျက်ရှိပါသည်။ လူတစ်ဦးလျှင် တစ်ပိဿာနှုန်း ရည်ညွှန်းစျေးဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ စားအုန်းဆီ ရောင်းချသည့်အစီစဉ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း အောင်မြေသာစံခရိုင်၊ မဟာအောင်မြေ ခရိုင်နှင့် အမရပူရခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ တစ်ရက်လျှင်(၈၀၀)ပိဿာအား သတ်မှတ်ထားသည့်နေရာများတွင် နေ့စဉ်သွားရောက်၍ ရည်ညွှန်းစျေးဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

                  

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ