Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆင်းခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးမှ ဒေါ်လှိုင်ဖြိုးထက် (စစ်ဆေးရေးအရာရှိ) နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများမှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင် လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (၁၇-၁၀-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အိမ်အမှတ် ၅၅၂၊ ရန်ကုန်-မန္တလေးလမ်း၊ အမှတ်(၂) ရပ်ကွက်၊ လယ်ဝေးမြို့နယ်ရှိရွှေမြန်မာ တီဗွီဆိုင် အီလက်ထရောနစ်ပစ္စည်းများ ရောင်းချသည့် လုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များမေး မြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(နေပြည်တော်)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆင်းခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးမှ ဦးမြင့်နိုင်(စစ်ဆေးရေးအရာရှိ)နှင့် အဖွဲ့ သည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများမှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင် လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (၂၁-၁၀-၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အိမ်အမှတ် (၁)၊  မြို့ရှောင်လမ်း၊ ကင်းပွန်းတန်း ရပ်ကွက်၊ ပျဉ်းမနားမြို့နယ်ရှိအိမ့်ရွှေယွန်းအည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချသည့်လုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များမေး မြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(နေပြည်တော်)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆင်းခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးမှ ဦးမြင့်နိုင်(စစ်ဆေးရေးအရာရှိ)နှင့် အဖွဲ့ သည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများမှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင် လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (၂၁-၁၀-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဂုံးမင်းအင်းကျေးရွာ၊ တဲကြီးကုန်းအုပ်စု၊ ဇမ္ဗူသီရိမြို့ နယ်ရှိ သီရိ-နေပြည်တော်အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများရောင်းချသည့် လုပ်ငန်းသို့သွား ရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေး မြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(နေပြည်တော်)

Online Sale မှတ်ပုံတင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ စစ်ဆေးရေးအရာရှိ ဦးမြင့်နိုင်နှင့်ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက် မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/မရှိ ၊ လုပ်ငန်း လိပ်စာမှန်ကန်မှု ရှိ/မရှိကို (၁၄.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀၀၀)အချိန်တွင် ကလောမြို့ရှိ အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်း(၄)ခုအား Online Sale မှတ်ပုံတင်မြေပြင်ကွင်းဆင်းစစ်ဆေး ခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ရောင်းချခြင်း လုပ်ငန်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း နှင့် အွန်လိုင်းစနစ်နှင့်ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည် ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင် ရွက်စေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

နော်ရှဲလ်(လားဟူ)သောက်ရေသန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်နေ့၊ နံနက် (:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာ ဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင် (ဦးစီးမှူး) ဦးဆောင်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနနှင့် ပူးပေါင်းကာ  မိုင်းဆတ်မြို့နယ်၊ ဝိန်းဝိုင်ရပ်ကွက်ရှိ နော်ရှဲလ်(လားဟူ) သောက်ရေသန့်လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် နော်ရှဲလ် (လားဟူ) သောက်ရေသန့်သည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချီသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်အား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ထုတ်လုပ်မှုအဆင့်တိုင်း စနစ်တကျရှိစေရန်နှင့်  စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြပါ သည်။

DOCA(ရှမ်း)

တာချီလိတ်မြို့ပေါ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးနှင့်ပူးပေါင်း၍ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်အတွင်းရှိ ဆန်ဆိုင်များအား ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန် အခြေအနေနှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာချီလိတ်မြို့၊ ဝမ်ကောင်း ရပ်အတွင်းရှိ ဆန်ဆိုင်များတွင် ဧည့်မထဆန်နှင့် ပေါ်ဆန်းမွှေးများကို အဓိကရောင်းဝယ်မှုပြုကြ သည်ကို တွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးများမှ ဆန်ဆိုင် ပိုင်ရှင်များအား သင့်တင့်မျှတ သောဈေးနှုန်းများဖြင့် ရောင်းဝယ်မှုပြုကြရန်၊ ဈေးကစားရန်အလို့ငှာသိုလှောင်ခြင်းများ မပြုကြရန်၊ ဆန်တန်ချိန်(၂၅)ဆံ့သိုလှောင်ရုံများအား MyRo တွင်မှတ်ပုံတင်ရန် ကျန်ရှိသောဆန်ဆိုင်များအား မှတ်ပုံတင်ပြုလုပ်ရန်၊ မှတ်ပုံတင်ထားရှိသောသိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများအား Update ဖြည့်သွင်းနိုင်ရေးနှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ သင့်တင့်မျှတသောဈေးနှုန်းဈေးကွက် ထုတ်ပြန်ချက်များကို လိုက်နာ ဆောင်ရွက်ရန် အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ပါသည်။

DOCA(ရှမ်း)

အရည်အသွေးနိမ့်ကုန်စည်များနှင့် ဈေးကွက်အန္တရာယ်

   စားသုံးသူဈေးကွက်လိုအပ်ချက်မှာ အရည်အသွေးပြည့်ဝသော၊ ဘေးအန္တရာယ်ကင်းရှင်းသော၊ ဈေးနှုန်းမျှတသော၊ သတင်း အချက်အလက်ပြည့်စုံမှန်ကန်သော ကုန်စည်များဖြစ်ပါသည်။

           ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စေရေး၊ အရည်အသွေးစစ်မှန်သော ကုန်စည်များထွန်းကားရေးနှင့် အတုအပနှင့် အရည်အသွေးနိမ့်ကုန်စည်များ ဈေးကွက်တွင်း ပပျောက်စေ ရေးရန်တောင်ကြီးမြို့နယ်တွင်းရှိ ဆေးဆိုင်များနှင့် ဖြည့်စွက်စာရောင်းချသည့် ဈေးဆိုင်များအား   အစား အသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ စည်ပင်သာယာရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အရောင်းဆိုင်များ၊ သိုလှောင်ရုံ များသို့ ရှောင်တခင် စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

           ဈေးကွက်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များနှင့် သွင်းးကုန်ထောက်ခံချက် များပါဝင်သည့် ကုန်စည်များစစ်ဆေးတွေ့ရှိရပြီး ကုန်အမှတ်တံဆိပ်အားနည်းချက်များ မတွေ့ရှိရကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

           ပူးပေါင်းအဖွဲ့သည် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကုန်စည်များ ရောင်းဝယ်ရာတွင် စီးပွားရေးကျင့်ဝတ်စည်ကမ်းများနှင့်အညီ ရောင်းဝယ်ရေး၊ ကုန်စည်များကို ကုန်အညွှန်းအမှတ်အသား နှင့်အရည်အသွေးကို အမြဲစိစစ်၍ ရောင်းချရန်နှင့် သွင်းကုန်ထောက်ခံချက်စသည့် အထောက်အထား ပြည့်စုံမှန်ကန်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် စိစစ်ညှိနှိုင်း၍ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း ရေးသား တင်ပြအပ်ပါသည်။

DOCA(ရှမ်း)

ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ(၄/၂၀၂၅)အစည်းအဝေးကျင်းပပြုလုပ်

       ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ(/၂၀၂)အစည်းအဝေးကို၂၀၂ခုနှစ်၊အောက်တို ဘာလ()ရက်၊ သောကြာနေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည် နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်

    အစည်းအဝေးတွင် ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ အဖွဲ့ဝင်များနှင့် တောင်ကြီးခရိုင် စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များမှ လူကိုယ်တိုင်တက်ရောက် ခဲ့ကြပြီး အခြားဖိတ်ကြားထားသော  ခရိုင်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာမှ ဒုတိယပြည်နယ်ဦးစီးမှူးများနှင့် ပင်းတယဒေသဦးစီးမှူးရုံးတို့မှVirtual စနစ်ဖြင့် တက်ရောက်၍ ကော်မတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားနှင့် လမ်းညွှန်ချက်များပြေားကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ဦးရွှေဖြူက စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများအား အမှာစာများဖြင့်ရှင်းလင်းတင်ပြခဲ့ပါသည်

               (/၂၀၂)အမှာစာများအား ဖတ်ကြားရှင်းလင်းခဲ့မှုအပေါ် ရှမ်းပြည်နယ်စားသုံးသူရေးရာ ကော်မတီမှ ကွင်းဆင်းစစ်ဆေးရာတွင် ဓါတ်ပုံမှတ်တမ်းများထားရှိရေးနှင့် ဒုတိယပြည်နယ်ဦးစီးမှူးရုံး (လားရှိုး)အနေဖြင့် လျာထားချက်တွင်ပါဝင်မှုမရှိသော်လည်း လစဉ် အသိပညာပေး‌ဟောပြော ဆွေးနွေးပွဲ(၁)ကြိမ်၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၄)ကြိမ်၊ စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံမှု (၁)ကြိမ်တို့အား ဆောင်ရွက်သွားရန်နှင့်် စားသုံးသူရေးရာကော်မတီ ဖွဲ့စည်းရခြင်းမရှိသေးသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများတွင် ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး တက်ရောက်လာကြတဲ့ ကော်မတီအဖွဲ့ဝင်များက အမှာစာများအား အတည်ပြုမှတ်တမ်းတင်ခြင်း၊ ဆွေးနွေးအကြံပြုခြင်း၊ ဆွေးနွေးဆုံးဖြတ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေး ညှိနှိုင်း ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး အစည်းအဝေးကို (၁၅:၄၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်

DOCA(ရှမ်း)

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ဓာတုစေတီတော်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီတွင် ကျင်းပသော နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ဘုရားကြီးအား ဦးထိပ် ထား၍ ရန်ကုန်မြို့၊ ဓမ္မစကြာရိပ်သာကျောင်းတိုက်ဆရာတော်၊ သိမ်တောင်တိုက်သစ်ကျောင်း ဓာတ်တော်ပြတိုက် ဆရာတော်များနှင့် မလေးရှားနိုင်ငံမှ အလှူရှင်ဖြစ်သော Dr. Teo Choo Guan (Chairman of WAKI International Group) Malaysia မှ ဓာတုစေတီတော်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

  ဓာတုစေတီတော်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌနှင့် ဆရာတော်ပင့် သံဃာဆရာတော်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများ၊ ဌာန ဆိုင်ရာများနှင့် ဧည့်ပရိသတ်များတက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒါစရိယ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသ ထံမှ ငါးပါးသီလ ခံယူတော်ဆောက်တည်၍ ပရိတ်တရားတော်များ နာယူကြည်ညို ကြသည်။

   ဆက်လက်၍  ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများ၊ အလှူရှင်များမှ   ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး  နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သန်လျင် မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ အနုမောဒနာ တရားနာယူ ကြည်ညိုပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

DOCA(ရှမ်း)

သောက်ရေသန့်အမျိုးမျိုးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၃.၁၀.၂၀၂၅) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်၌ လဲချားမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် သောက်ရေသန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ ကုန်စုံဆိုင်တွင်ရောင်းချနေသော သောက်ရေသန့်အမျိုးမျိုးအား ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်များ ရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဈေးကွက် အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ