သတင်းနှင့် လှုပ်ရှားမှုများ
Powered by Drupal
ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့
ဘိုကလေးမြို့နယ် (၄) ရပ်ကွက်ရှိ “စည်းစိမ်” ခေါက်ဆွဲဖို လုပ်ငန်းသို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ( ၂၅ ) ရက်နေ့ ၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် (၄) ရက်ကွက် ၊ ပိတောက်လမ်းရှိ ဒေါ်တင်ဇာ ပိုင် စည်းစိမ်ခေါက်ဆွဲဖို လုပ်ငန်း သို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
စည်းစိမ်ခေါက်ဆွဲဖို လုပ်ငန်းမှာ စားသောက်ကုန် ဖြစ်ပြီး ကုန်ကြမ်းဖြင့် ထုတ်လုပ်သော ထုတ်ကုန် ပစ္စည်းဖြစ်ပါသည်။ တစ်နေ့အသုံးပြုမှုမှာ ဆန်ကြမ်းအိတ် (၁) အိတ်ခွဲ အသုံးပြုရပြီး ထွက်ရှိသော မုန့်ပိဿာချိန်မှာ (၇၀) ပိဿာ ထုတ်လုပ်လျက်ရှိပါသည်။ မုန့်ဖတ် လက်လီ/ လက်ကား ဈေးတစ်ပိဿာ လျှင် (၂၈၀၀) ကျပ်ပေးရပြီး လုပ်သားဦးရေ (၄) ဦးရှိပြီး လုပ်သားတစ်ဦးလျှင် လုပ်သားခ (၁၈၀၀၀၀ - ၂၀၀၀၀၀) ကျပ်ပေးရပါသည်။ ဈေးကွက်အနေ ဖြင့် မြို့တွင်း၌သာ ရောင်းချ ပေးလျက်ရှိပါသည်။
မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သော ကုန်စည်နှင့် ပက်သက်၍ ကုန်စည်အား အရည်အသွေး ပြည့်မီစွာ ထုတ်လုပ်နိုင်ရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေများ ပြည့်မီစွာ မှန်ကန်စွာ ထုတ်လုပ်နိုင်ရေး နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးစေရေး၊ ဓာတု ဆိုးဆေးများ သုံးစွဲခြင်းမပြုစေရေး တို့ ဆွေးနွေးမှု အပေါ် သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
ဘိုကလေးမြို့ (၇) ရပ်ကွက်ရှိ ရွှေလင်းအိမ် သောက်ရေသန့် စက်ရုံသို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်

စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၅) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘိုကလေးမြို့ (၇) ရပ်ကွက်ရှိ ရွှေလင်းအိမ် သောက်ရေသန့် စက်ရုံသို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် ရေသန့်စက်ရုံပိုင်ရှင် ဦးထွန်းလင်းဦးက ရေသန့်တစ်နေ့ ထုတ်လုပ်မှုအနေဖြင့် 1 Litre ဘူးကြီး (၂၅၀)ဘူးခန့် ထုတ်လုပ်လျက်ရှိပြီး ဈေးနှုန်းအနေဖြင့် ဘူးကြီး တစ်ဘူးလျှင် လက်ကားဈေး (၁၀၀၀) ကျပ်၊ လက်လီ (၁၂၀၀) ကျပ် ဖြင့် မြို့နယ်အတွင်း၌သာ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ လုပ်သား (၁၇) ဦးထားရှိပြီး တစ်ဦးလျှင် ပျမ်းမျှလစာ (၂၀၀၀၀၀) ကျပ်ထိ ပေးချေ ရပြီး စက်မှုလိုင်စင်နှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ရရှိထားကြောင်းသိရသည်။
ထို့နောက်မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သော ကုန်စည်နှင့် ပက်သက်၍ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်တံဆိပ်များကိုလည်း ဈေးကွက်ရောက်ကုန်စည် များတွင် ထည့်သွင်းဖော်ပြရန်နှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
ဘိုကလေးမြို့နယ် ပြန်/ဆက် ဦးစီးဌာနရုံးတွင် Talk Show ကျင်းပပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ စစ်ဆေးရေးအရာရှိ ဒေါ်ခင်စန်းအေးနှင့်ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး ဥပဒေအခန်းများမှ စစ်ဆေးရေး အရာရှိ၏ လုပ်ငန်းတာဝန်များ အကြောင်းကို အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ Talk Show တွင် စားသုံးသူကာကွယ်ရေး ဥပဒေအနေဖြင့် အခန်း (၂၄) ခန်း ၊ ပုဒ်မ (၈၄) ခုဖြင့် ပြဌာန်းထားရှိပြီး စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များကို အခန်း(၆) ပုဒ်မ (၁၄/၁၅/၁၆) တွင် ပြဌာန်းထားရှိပါသည်။ ပုဒ်မ (၁၄) အရ စစ်ဆေးရေးအရာရှိသည် တိုင်ကြားလာမှုအပေါ် စုံစမ်းစစ်ဆေးရန် (သို့) ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည် (သို့) ဝန်ဆောင်မှုများကို စောင့်ကြည့်စစ်ဆေးရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်ရန်အလို့ဌာ ကုန်စည်နှင့် ဝန်ဆောင်မှု စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း နှင့် စစ်ဆေးရေးအရာရှိမှ ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်း၊ဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည် (သို့) ဝန်ဆောင်မှုများ တွေ့ရှိသည်ဟု သတင်းရရှိပါက မှန်ကန်မှုရှိ/မရှိ စစ်ဆေးခြင်းနှင့် ပုဒ်မ (၁၆) အရ မိမိ၏ တာဝန်များကို ဆောင်ရွက်ရာတွင် လိုအပ်ပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အကူအညီကို ရယူဆောင်ရွက်နိုင်ကြောင်း တိုင်း/ပြည်နယ်/ခရိုင် မြို့နယ်များ အားလုံး ဈေးကွက်ကွင်းဆင်းစစ်ဆေးမှုများကို စစ်ဆေးရေးအရာရှိများကသာ တာဝန်ယူစိစစ်လျက်ရှိကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်ဟု သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
ဖျာပုံတမံ-အ.ထ.က ကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ဇွန်လ (၂၃) ရက်နေ့ ၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဖျာပုံတမံ-အ.ထ.က ကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ် ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် ဖျာပုံမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေများထဲမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ ၊ ကုန်စည် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှု အပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန် အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်များ အကြောင်း၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ နစ်နာမှုရှိလာပါက အရေးဆိုတိုင်ကြားနိုင်သည့် စင်တာများဖွင့်လှစ်ထားရှိကြောင်းနှင့် ဆက်သွယ်မေးမြန်းတိုင်ကြားနိုင် ကြောင်း၊ ဟောပြောခဲ့ပြီး အခမ်းအနားသို့ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ စုစုပေါင်း (၁၄၂) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် Talk Show ပြုလုပ်

ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဒေါ်ကေသွယ်ဝင်းသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့၊နံနက်(၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ ပါသည်။ စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဒေါ်ကေသွယ်ဝင်းက စားသုံးသူကာကွယ်ရေး နှင့် ပက်သက်၍ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူ ကာကွယ် ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူ များ ရွေးချယ်ဝယ်ယူခွင့် နှင့်၊ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ အခြားဘာသာတစ်ခုထက်ပို၍ ဖြစ်စေ ဖော်ပြထားသော ကုန်စည်များကို ရွေးချယ်ဝယ်ယူ စားသုံးကြရန်နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စင်တာများ ဖွင့်လှစ်ထားရှိ ကြောင်း၊ Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး Talk Show ပြုလုပ်ခဲ့ဟုသတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ရုံးချုပ်တွင် ကျင်းပပြုလုပ်သော ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲသို့ တက်ရောက်

ဇွန်လ ၂၆ ရက်နေ့ စားသုံးသူရေးရာဦးစီးဌာန ရုံးအမှတ် (၃) နေပြည်တော်တွင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင် ဦးဆောင်ကျင်းပပြုလုပ်သည့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဌာနခွဲတာဝန်ခံများ နှင့် အမှုထမ်းများ Virtual ဖြင့် တက်ရောက်ခဲ့ပါသည်၊၊
အစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်မှာစကားပြောကြားရာတွင် ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲကို လစဉ်ကျင်းပဆောင်ရွက် လျက်ရှိရာ ဝန်ထမ်းရေးရာကိစ္စရပ်များကို အချိန်နှင့် တပြေးညီ တင်ပြပေးစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၊ စီမံရေးရာ ဌာနခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်မှ ယခင်လ အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ယခုလ၏ အကြိုတင်ပြချက်များကိုရှင်းလင်းပြောကြားခဲ့ပါသည်၊၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများမှ အလှည့်ကျ မိမိတို့လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရုံးအသုံးအဆောင်လိုအပ်ချက်များတင်ပြခဲ့ပြီး တင်ပြမှုအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဆန်းမှ ဆွေးနွေးပြောကြားပြီး အစည်းအဝေးကို နေ့လည် (၁၄:၃၀) တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်၊၊
DOCA (ဧရာဝတီ)