Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ချမ်းချမ်းခါဂျာမုန့်၊မုန့်လုပ်ငန်းမှလုပ်ငန်းရှင်နှင့်တွေ့ဆုံ

  ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ဘုရားကြီးကုန်းအုပ်စု၊ အနောက်ဘုရားကြီးကုန်းကျေးရွာ၌  ချမ်းချမ်းတံဆိပ်ဖြင့် ခါဂျာမုန့်လုပ်ငန်းကိုင်နေသော လုပ်ငန်းရှင် ဦးကျော်ရွှေသိန်းနှင့်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်သည် (၁၀.၁၁.၂၀၂၅) ရက်နေ့တွင် ချမ်းချမ်းခါဂျာမုန့်လုပ်ငန်းအား ထုတ်လုပ်မှုအခြေအနေနှင့် ဈေးကွက်အခြေအနေ တို့အားသွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

          ချမ်းချမ်းခါဂျာမုန့်လုပ်ငန်းအား အိမ်တွင်းမိသားစု တစ်နိုင်တစ်ပိုင် လုပ်ကိုင်ခဲ့တာ(၁၀)နှစ်ခန့် ရှိပြီးဖြစ်ကြောင်း ခါဂျာမုန့်များပြုလုပ်ရာတွင် အဓိကပါဝင်ပစ္စည်းကုန်ကြမ်းများကတော့ ဂျုံ၊သကြား၊ ဆားအနည်းငယ် ရေတို့ဖြစ်ပြီး၊ထုတ်လုပ်မှု့ကတော့ တစ်နေ့လျှင် ဂျုံ(၅)ပိဿာကုန်ကြောင်း ၎င်းဂျုံကို ရေအနည်းငယ်၊ဆားအနည်းငယ်တို့ဖြင့် နှဲပြီး ပုံစံခွက်စက်ကလေးဖြင့် ဂျုံအပြားရိုက်ပြီး လိုအပ်သည့်အရွယ်အစားများ ပြုလုပ်၍ ဒယ်ပိုင်းထဲသို့ ဆီအချိန်(၃၀)ပိဿာနှင့် ထောပတ်ဆီအနည်း ငယ်ထည့်ပြီး လုပ်ပြီးသားမုန့်ပုံစံများအား ထည့်ကြော်ပြီး ဆီစစ်ဇကာထဲသို့ စစ်ထား၍ မုန့်ချပ်များအား ဖြန့်ခင်းကာ မုန့်ချပ်များပေါ်တွင် ကျိုထားသောသကြားရည်ပျစ်ပျစ်ကို လောင်းထည့်ပြီး ဗန်းဖြင့်ဖြန့် အအေးခံပေးရပါသည်။ရရှိလာသောမုန့်ချပ်ကလေးများကို (၅)ခုစီ ပလပ်စတစ်အိတ်ထဲတွင် တံဆိပ်ပါ ထည့်ပြီး ထုတ်ပိုးရပါသည်။

          တစ်နေ့ဂျုံ(၅)ပိဿာကြော်လျှင် အထုတ်ရေ (၁၄၀၀)ခန့်ရရှိကြောင်း တစ်ထုတ်လျှင် ၅၀၀ ရောင်းချရပါကြောင်း၊ဖောက်သည်ဈေး (၄၀၀) ကျပ်ပေးရကြောင်း၊ဈေးကွက်အနေဖြင့် ကြို့ပင် ကောက်မြို့ပေါ် နတ်တလင်း၊ပေါင်းတည်၊ဇီးကုန်းမြို့များသို့ ပေးပို့ရောင်းချရပါကြောင်း အလှူ အတန်းရှိလျှင်လည်း ခါဂျာမုန့်များကို မှာယူကြောင်းလည်း သိရပါသည်။

          ချမ်းချမ်းတံဆိပ်ခါဂျာမုန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်ထုတ်လုပ်သည့်အခါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိမှသာ ဈေးကွက်အတွင်း ရောင်းချရန်ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများ ပြုလုပ်လိုလျှင် စားသုံးသူရေးရာ မြို့နယ်တာဝန်ခံရုံး၌ လာရောက်လျှောက်ထားနိုင်ကြောင်း ထုတ်ကုန်လုံခြုံစိတ်ချရမှု့ ရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(ပဲခူး)

စားသုံးသူရေးရာဦးစီးဌာနသာယာဝတီခရိုင်တွင်တိုင်းဒေသကြီးဦးစီးမှူးမှဝန်ထမ်းများနှင့်ဦးစီးမှူးမှတွေ့ဆုံဆွေးနွေးခြင်း

  ပဲခူးတိုင်းဒေသကြီးဦးစီးမှူးမှ သာယာဝတီခရိုင်၊  စားသုံးသူရေးရာဦးစီးဌာန၊   လက်ပံတန်းမြို့ တွင် (၁၀.၁၁.၂၀၂၅)ရက်နေ့ ၊နေ့လည် (၂:၀၀) နာရီအချိန်တွင် သာယာဝတီခရိုင်ရုံးမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းတစ်ဦးခြင်းအလိုက် အခက်အခဲများရှိပါက တင်ပြဆွေးနွေးနိုင်ပါကြောင်းနှင့် ဝန်ထမ်းများအချင်းချင်း စည်လုံးညီညွတ်စွာဖြင့် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း မိမိတို့ ဌာနခွဲအလိုက် လုပ်ဆောင်လျက်ရှိသော လုပ်ငန်းများ အခြေအနေကို မေးမြန်းပြီး ဆောင်ရွက် ပြီးစီးမှုများကို မေးမြန်းခဲ့ရာတွင် သာယာဝတီခရိုင်အတွင်းရှိ MyRo တွင်မှတ်ပုံတင်ထားသော သိုလှောင် ရုံများနှင့်ပတ်သက်၍ သက်တမ်းပြည့်သွားသော သိုလှောင်ရုံများ သက်တမ်းများ အချိန်မှီတိုးနိုင်ရေး မှတ်ပုံတင်ရန် ကျန်ရှိနေသော ဆန်စက်များ၊ဆိုင်ဆိုင်၊စပါးသိုရုံများအား သိုလှောင် ရုံမှတ်ပုံတင်နိုင်ရေး အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း စာရင်းဇယားများကိုလည်း လယ်ဂျာဖြင့် စနစ်တကျ ရေးသွင်းထား ရမည်ဖြစ်ကြောင်း လမ်းညွှန်ပြောကြားခဲ့ပါသည်။

          သာယာဝတီခရိုင် ဦးစီးမှူးရုံး၏ အဆောက်အဦးနှင့်ပတ်သက်၍ ခေါင်မိုးများ ပျက်စီး ယိုယွင်းပြီး မိုးရွာသွန်းပါက မိုးရေများယိုစီးကျလာသဖြင့် ရုံးဝန်ထမ်းများ နေရာထိုင်ခင်းအဆင်မပြေဖြစ်ရခြင်းအခြေအနေများကို သာယာဝတီခရိုင်ဦးစီးမှူးမှ ရုံးအဆောက်အဦးအား လိုက်လံပြသပေးခဲ့ပါသည်။တိုင်းဒေသကြီးဦးစီးမှူးမှ ယခုကာလသည် အရေးကြီးကာလဖြစ်သဖြင့် ဝန်ထမ်းများ မိမိတို့ကျန်းမာရေးနှင့်လုံခြုံရေးတို့ကို ဂရုစိုက်နေထိုင်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ပဲခူး)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၃၃၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

      စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရပါသည်။

          ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ် မှုများအရ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ  ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေးအခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာစားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၆,၃30 ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန်ကြေညာထားကြောင်း သိရှိရပါ​သည်။      

          ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်   ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်း သိရှိရသည်။

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

ဆန်စပါးသိုလှောင်ရုံများမှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးကျင်းပခြင်း

  ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဖြူးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင် ခြင်းဆိုင်ရာလုပ်ငန်း များနှင့်ပတ်သက်၍ အသိပညာပေး Talk Showကို ၈.၁၁.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက လူထုအခြေပြု ဗဟိုဌာန(Community Centre) ပြန်ဆက်ခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးရာတွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အိမာဟိန်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးတို့က မေးမြန်း ဆွေးနွေးခြင်း၊ ဖြေကြားအသိပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

     ဖြူးမြို့နယ်အတွင်း ပြည်သူများအသိပညာရရှိရေး အသိပညာပေး Talk Show များကို အွန်လိုင်း မှတစ်ဆင့် သိရှိစေရေးကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်၊ ကေတုမတီမြို့အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များအားကွင်းဆင်းစစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာနသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများ ကုန်စည်နှင့် ဝန်ဆောင်မှုများသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးများ၊ ကုန်ပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျှက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ဒု-ခရိုင်ဦးစီးမှူး ဦးမင်းဇော်၊ ဦးနေစိုးထက်၊ ဒုဦးစီးမှူးတို့သည် တောင်ငူခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ တောင်ငူမြို့နယ်၊ ကေတုမတီမြို့အတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ တောင်ငူမြို့နယ်၊ ကေတုမတီမြို့ အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်မျာတွင် တရားမဝင်ဆေးဝါးများရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူးမှ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များရှိ ဆရာဝန်ညွှန်ကြားချက် မလိုသော ဆေးဝါးများအားစစ်ဆေးခဲ့ပြီး ဆေးဈေးနှုန်း၊ ဆေးဝါးပြတ်လပ်မှုအခြေအနေ၊ ဆေးဝယ်ယူမှု အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့နယ်၊ ကေတုမတီမြို့မဈေးရှိ ကုန်စုံဆိုင်များနှင့် အလှကုန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

စားသုံးသူရေးရာဦးစီးဌာနသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများ ကုန်စည်နှင့် ဝန်ဆောင်မှုများသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးများ၊ ကုန်ပစ္စည်းအရောင်းဆိုင်များ အားကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ဒု-ခရိုင်ဦးစီးမှူး ဦးမင်းဇော်၊ ဦးနေစိုးထက်၊ ဒုဦးစီးမှူးတို့သည် တောင်ငူ ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့တို့နှင့်ပူးပေါင်း၍ တောင်ငူမြို့နယ်၊ ကေတုမတီမြို့မဈေးအတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များနှင့် ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ တောင်ငူမြို့နယ်၊ ကေတုမတီ မြို့မဈေးအတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များနှင့် ကုန်စုံဆိုင်များတွင် တရားမဝင် အလှကုန်များ၊ FDA ထောက်ခံချက်မပါရှိသောအလှကုန်များ၊ ဆိုးဆေးပါဝင်သောအရောင်တင်မှုန့်များ ရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး တောင်ငူခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူးမှ အလှကုန်များနှင့်စားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ်အသား ထည့်သွင်းဖေါ်ပြထားခြင်းရှိ /မရှိစစ်ဆေးခဲ့ပြီး ကုန်စုံဆိုင်များနှင့်အလှကုန်ပစ္စည်း အရောင်းဆိုင်များအား ကုန်အညွှန်းအမှတ်သား ပြည့်စုံမှန်ကန်စွာ ဖေါ်ပြထားခြင်းမရှိသည့် ကုန်ပစ္စည်းများအား ရောင်းချခြင်းမပြုရန်မှာ ကြားခဲ့ ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးမြို့ကတွင်းခြံ အခြေခံပညာအထက်တန်းကျောင်းတွင်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

  ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၁.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပဲခူးမြို့ကတွင်းခြံ၊ အခြေခံပညာ အထက်တန်းကျောင်းခွဲသို့ သွားရောက်၍ စားသုံးသူကာကွယ်ပေးရေး အသိပညာပေး‌ဟောပြောပွဲ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်ခိုင်ဇာနည်၊ အငယ်တန်းစာရေးမှ စားသုံးသူကာကွယ် ပေးရေးသမိုင်းကြောင်းကိုလည်ကောင်း၊ ဦးညီသူရဇော်၊ အငယ်တန်းစာရေးမှ စားသုံးသူအခွင့် အရေးနှင့် လိုက်နာရမည့် တာဝန်ဝတ္တရားများကိုလည်ကောင်း ၊ ဒေါ်ရွှေစင်လှိုင်၊ အငယ်တန်းစာရေးမှ အစားအသောက်နှင့်ပတ်သတ်၍ သိရှိသိထိုက်သည့် ဗဟုသုတများကိုလည်းကောင်း ၊ ဦးသန်းဇော် ဒုကြီးကြပ်ရေးမှူးမှ ကုန်အညွှန်းအမှတ်အသား ကုန်စည်ဝန်ဆောင်မှု၊ Online Shopဝယ်ယူ သုံးစွဲခြင်းဆိုင်ရာများအား အသီးသီးပညာပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမ (၂၇)ဦး၊ ကျောင်းသား/ကျောင်းသူ(၂၇၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ပေးရေးနှင့် ပတ်သတ်၍ အသိပညာများ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ရာ ဆုရကျောင်းသား/ ကျောင်းသူများအား ဆုပေးခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Mayry Beauty Salon လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

      (၁၃.၁၁.၂၀၂၅) ရက်နေ့ နံနက်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် အမှတ်(၁၀၂၈/အေ)၊ မိုင်းပွန်စော်ဘွားကြီးလမ်း၊ (၁၉) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်ရှိ Mayry Beauty Salon လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက Mayry Beauty Salon ပိုင်ရှင် ဒေါ်ဆွေမာအေးနှင့် တွေ့ဆုံကာအွန်လိုင်းစနစ်ဖြင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့် အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ တင်ပြထားသည့်လုပ်ငန်းတည်ရှိရာ လိပ်စာတွင် ရှိ/ မရှိ စစ်ဆေးခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအဖြစ် သတ်မှတ်ထားကြောင်းနှင့် အခြားသိကောင်းစရာများအား အသိပညာပေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများ မြေပြင်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၃.၁၁.၂၀၂၅) ရက်နေ့ နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် လူပျိုကြီးဂျပန်ကျပစ္စည်းအမည်ဖြင့် အွန်လိုင်းရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် အမှတ်(က/၃)၊ အိမ်အမှတ်(A-1)၊ ရွာမအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ အွန်လိုင်းလုပ်ငန်းအား မြေပြင်စစ်ဆေးဆောင် ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/ မရှိနှင့် အခြားလိုအပ်သည့်အချက် အလက်များအား ပြည့်စုံမှန်ကန်မှုရှိ/ မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          (13.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် မင်္ဂလာဒုံမြို့နယ်ရှိ Thein Aye အမည်ဖြင့် Online လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် No.9/A, Hnin Si(5)Street, Lay Daung Kan Ward, Mingalardon Township အမည်ဖြင့် Online  စနစ်ဖြင့် ရောင်းချမှုအား မှတ်ပုံတင်လက်မှတ် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့်လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိနှင့် ရောင်းချရန် တင်ပြထား သော ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ