Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းစနစ်ရောင်းချခြင်းဆိုင်ရာလုပ်ငန်းများအား အသိပညာပေးဟောပြော

      စားသုံးသူရေးရာဦးစီးဌာန၊     မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင် (ဌာနခွဲစာရေး) သည် (၂၀..၂၀၂၅) ရက်နေ့၊နေ့လယ် (၁၃:၀၀) အချိန်တွင် မိုးညှင်းမြို့နယ်၊ ပင့်သာကျေးရွာရှိ စားသုံးသူများအား နတ်ကြီးကုန်းရပ်ကွက်ဓမ္မာရုံ၌ အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဟောပြောရာတွင် စားသုံးသူ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်း၏ အမည်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ အွန်လိုင်းမှ ဈေးဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက်၊အွန်လိုင်းမှလိမ်လည်မှုပုံစံ(၂) မျိုး၊ အွန်လိုင်း ရောင်းချမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့်အချက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ စိစစ်သင့်သည့် အချက်အလက်များ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှု အခြေအနေ၊ အွန်လိုင်း စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အား လိုက်နာ ဆောင်ရွက်ရန် ကုန်သွယ်ရေးဦးစီးဌာန၏ eComReg System ၏ Report နှင့် ပတ်သက်သည့် အသုံးပြုရန်နည်းလမ်းများ၊ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင် ရွက်ခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချခြင်းပြုရန်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

                                                                                                                                     

စတီး၊သံပန်းအမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊     မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် (၂၀..၂၀၂၅) ရက်နေ့ (၁:၀၀)အချိန်တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက်ရှိ စတီး၊သံပန်းအမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့ ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင် ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်လည်ရောင်းချခြင်းကို ဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကို ဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်း လုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော် လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကို ဆိုလိုကြောင်း၊   စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက် များနှင့် စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်စွာ ဆက်ဆံခြင်း၊ စားသုံးသူ နစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ကတိပြုထားသော အာမခံချက်နှင့် ကိုက်ညီမှု မရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်း စသည့်အချက်များ၊ ကုန်စည်/ ဝန်ဆောင်မှု နှင့် စပ်လျဉ်း၍ အာမခံပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု အပေါ် တာဝန်ရှိမှု၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိသာ ထင်ရှားစွာ ဖော်ပြရမည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၅.၈.၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် မြို့မဈေး အတွင်းရှိ ကုန်မျိုးစုံအရောင်းများတွင် ရောင်းချနေသော ကုန်ပစ္စည်းများထဲမှ အသင့်စား ခေါက်ဆွဲ ထုပ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     ခေါက်ဆွဲထုပ်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ မြန်မာဘာသဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ စသည့်ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

Doca (ဧရာဝတီ)

 

နောင်စွန်းရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်လုပ်ငန်းရှင် (၂)ဦးနှင့် တွေ့ဆုံဆွေးနွေးခြင်း

     မိုးညှင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၂၀.၈.၂၀၂၅ ရက်နေ့ ၁၀:၀၀ အချိန်တွင် မိုးညှင်းမြို့၊ နောင်စွန်းရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင် (၂)ဦး (အသက် ၃၀ အထက် ကျား- ၁ဦး၊ မ- ၁ဦး)နှင့် ခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှု စပ်လျဉ်း၍ ဘေး အန္တရာယ်ကင်းရှင်းရေး အာမခံရမည်ဖြစ်ကြောင်း အခန်း (၁၈) ပုဒ်မ (၄၁)ပါ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင် ရှားစွာ ဖော်ပြပါရှိသည့် ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ ဥပဒေပါတားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

 

မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ဈေးကွက်မရောက်မီ စားသောက်ကုန်လုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးမြင့်အောင်နှင့်ဝန်ထမ်းများသည် မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မြို့ပေါ်ရပ်ကွက်များ၌ ဈေးကွက်မရောက်မီကုန်စည်များဖြစ်သည့် စားသောက် ကုန်လုပ်ငန်းများသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့ နယ်မှ စစ်ဆေးရေးအရာရှိ ဦးမြင့်အောင်နှင့်ဝန်ထမ်းများသည် ဆက်စပ်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ကုန်လုပ်ငန်းများသို့သွားရောက်ကာ ပြုလုပ်ပုံ အဆင့်ဆင့်ကိုမေးမြန်းပြီး ၎င်းတို့ပြုလုပ်နေသော စားသောက်ကုန်များအား စားသုံးရန်(သို့) အသုံးပြု ရန် သင့်/မသင့်၊ ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနထောက်ခံ ချက်များ ရှိ/မရှိနှင့် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉အား လိုက်နာဆောင်ရွက်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေတွင် ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်၏  တာဝန်များအားအသေးစိတ်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။ ဆက်လက်၍စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း အကြောင်းအရာများကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များ အနေဖြင့်လည်း ယင်းတာဝန်များကို အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန်နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးကိုလည်း အထူး အလေးထားလိုက်နာဆောင် ရွက်ကြရန် လိုကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်ဟု သိရှိရပါ သည်။

(DOCA ဧရာဝတီ)

 

အင်္ဂပူမြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန ၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၁၉ -၈-၂၀၂၅ )ရက်နေ့ ၊ နံနက် (၁၀:၃၀)မိနစ်တွင်  ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်မျိုးမင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

            အသင်းအနေဖြင့် လက်ရှိတွင် ကုမ္ပဏီ(၂)ခုမှရရှိသော ခွဲတမ်းဆီများအား စနစ်တက်ခွဲဝေဖြန့်ဖြူး ခြင်း၊ မြို့နယ်အတွင်းရှိ ရပ်ကွက်၊‌ ကျေးရွာအုပ်စုရှိ အိမ်ထောင်စုများအား ဆီထုတ်စာအုပ်ဖြင့် သတ်မှတ် ရည်ညွှန်းဈေးနှုန်းများအပေါ် သယ်ယူခပေါင်း၍ အလှည့်ကျရောင်းချပေးခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချ ခြင်း မသမာသောနည်းလမ်းများဖြင့်ရောင်းချမှုရှိ၊မရှိတို့အား သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် စစ်ဆေး ကြပ်မတ်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်းစားအုန်းဆီလိုအပ်ချက်အရ ဆီခွဲတမ်းရရှိမှု မလုံလောက်ပါသဖြင့် ဆီခွဲတမ်းများ လုံလောက်စွာပေးနိုင်ပါရန်  အကြံပြုဆွေးနွေးခဲ့ပါသည်။

(DOCA ဧရာဝတီ)

ဇလွန်မြို့နယ်အတွင်းရှိ ဆန်စက်၊ဆန်ပွဲရုံနှင့် ဆန်လက်လီ၊လက်ကားအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန ၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၂၀-၈-၂၀၂၅ )ရက်နေ့ ၊ နံနက် (၁၀:၂၀)မိနစ်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့နယ်အတွင်းရှိ ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် ဇလွန်မြို့နယ်အတွင်းရှိ ဆန်လက်လီ၊ လက်ကား အရောင်းဆိုင်(၃)ဆိုင် အား သွားရောက်စစ်ဆေးခဲ့ရာ   မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် MRFမှ ၂၀၂၅ခုနှစ်၊ ဇူလိုင်လအတွက် ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းများ အပေါ် (၈%)ထက် ပိုမိုရောင်းချခြင်းမရှိဘဲ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိကြောင်းနှင့် ဈေးကွက်အတွင်း ဆန်အမျိုးအစားအလိုက် ရောင်းချရမည့် ရည်ညွှန်းဈေးနှုန်းများနှင့် ဈေးကွက်အတွင်း အမြင့်ဆုံးရောင်းချနိုင်မည့် ဈေးနှုန်းထက်မပိုဘဲ ဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဖြင့် သိရှိရပါသည်။

(DOCA ဧရာဝတီ)

ဟင်္သာတမြို့နယ် ဆန်စက်ပိုင်ရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန ၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် ( ၁၉ - ၈ - ၂၀၂၅ )ရက်နေ့ ၊ နေ့လယ် (၁၂:၃၀)မိနစ်တွင်  ဆန်စက်ပိုင်ရှင်များအသင်း အဖွဲ့ဝင် ဦးမင်းမင်းထွန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။

            အသင်းအနေဖြင့် လက်ရှိတွင် ကုန်ကြမ်းပစ္စည်း(စပါး)လက်ကျန်နည်းပါးနေသည့်အတွက် ဆန် ကြိတ်ခွဲမှု့ လက်ကျန်ရှိ ဆန်စက်များသာ လည်ပတ်လျက်ရှိပါသည်။ စပါး/ဆန်ဈေးများမှာလည်း အကျ ဘက်ရောက်ရှိနေပြီး ဝယ်လိုအားနည်းနေပြီး ၂၀၂၅/၂၀၂၆မိုးစပါးများ မကြာမီကာလအတွင်း ထွက်ပေါ် လာတော့မည်ဖြစ်သည့်အတွက် ထွက်ပေါ်လာသော စပါး/ဆန်များ တောင်သူတွက်ခြေကိုက်မှုရှိစေရေး ဆန်စက်များ ရာသီအမီပြင်ဆင်လည်ပတ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ဆန်စက်များပုံမှန်လည်ပတ်နိုင် ရေးအတွက် လိုအပ်သော လျှပ်စစ် Gasifire အရင်းနှီးများ ရရှိစေရေးအတွက် မိမိတို့ဆန်စက်အသင်းသူ၊ အသင်းသားများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ သက်ဆိုင်ရာဌာနများမှလည်း ကူညီပေးနိုင်ပါရန် အကြံပြုဆွေးနွေးခဲ့ပါသည်။

(DOCA ဧရာဝတီ)

ဟင်္သာတမြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၁၉-၈-၂၀၂၅ )ရက်နေ့၊ နေ့လယ်(၁:၃၀)မိနစ်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဟင်္သာတမြို့နယ်အတွင်းရှိ ဘိလပ်မြေ အရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် ဟင်္သာတမြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင် (၄)ဆိုင်အား သွားရောက်စစ်ဆေးခဲ့ရာ အိမ်ဆောက်ရာတွင်အသုံးပြုသော ဘိလပ်မြေ၊သွပ်၊ သံ၊ ကျောက်၊ အုတ်၊ သဲပစ္စည်းများ  အား ဝယ်ယူရရှိသည့် ဈေးပေါ်မူတည်၍  သယ်ယူစရိတ်၊ လုပ်သားခအပါအဝင် သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိကြောင်းတွေ့ရှိရပါသည်။ ယခုအချိန်မှာ မိုးရာသီ ကာလဖြစ်သည့်အတွက် အဆောက်အဦး ဆောက်လုပ်ခြင်းလုပ်ငန်းများ နည်းပါးလာခြင်း၊ မြို့နယ် အလိုက် ဘိလပ်မြေများလိုသလောက်မှာယူရရှိနိုင်ခြင်း၊ ပစ္စည်းများပြတ်လပ်မှုမရှိခြင်းတို့ကြောင့် ဈေးနှုန်းများကျဆင်းလာခြင်း၊ ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်များတွင် ဘိလပ်မြေအိတ် လက်ကျန်ရှိလာခြင်း၊ သုံးစွဲသူများ၏ လိုအပ်ချက်အလိုက် ရောင်းချပေးနိုင်ခြင်းနှင့် Alpha တစ်အိတ် လျှင်(၂၀၀၀ဝိ/-)ကျပ်၊ အုတ်တစ်လုံးလျှင် (၃၀ဝိ/-)ကျပ်၊ သံတစ်တန်လျှင် (၂၂၀၀၀၀ဝိ/-)ကျပ်ဈေး တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိ ကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဖြင့် သိရှိရပါသည်။

                                       

(DOCA ဧရာဝတီ)

ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန ၊ မြန်အောင်မြို့နယ်တာဝန်ခံသည် (၁၉-၈-၂၀၂၅ )ရက်နေ့ ၊ နံနက် (၁၁:၀၀)မိနစ်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံ စားသောက်ကုန်အရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။

          အထက်ပါကိစ္စနှင့်ပတ်သက်၍ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံစားသောက် ကုန်ပစ္စည်းများ ရောင်းချနေသောဆိုင်များသို့ ဈေးနှုန်းမြင့်တက်မှုမရှိစေရေး၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ဆက်စပ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဟင်္သာတ မြို့နယ်တာဝန်ခံမှ ကွင်းဆင်းစစ်ဆေးခဲ့ရာ စစ်ဆေးတွေ့ရှိချက်များအရ ရောင်းချနေသော အခြေခံစားသောက်ကုန် ဈေးနှုန်းများအား ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်ပါက အာလူးဈေးနှုန်းမှာ အနည်းငယ် မြင့်တက်သွားပြီး အခြားစားသောက်ကုန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက် ရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဖြင့် စိစစ်တွေ့ရှိရပါသည်။

(DOCA ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ