Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘေးအန္တရာယ်ဖြစ်စေနိုင်သော အလှကုန်ပစ္စည်း (၄၂)မျိုးကို ဓနုဖြူမြို့နယ်ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ FDA နှင့်အတူ ကွင်းဆင်းစစ်ဆေး 

        ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော ဓာတုပစ္စည်းပါဝင်နေသည့် အလှကုန်ပစ္စည်း (၄၂)မျိုးကို သုံးစွဲရန်မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က အသိပေးထုတ်ပြန်ထားပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် အတူ ဓနုဖြူမြို့နယ် ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိကို ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ဒုတိယပါတ်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ်အတွင်းရောင်းချနေသော အလှကုန်အမျိုးမျိုးတို့အား သုံးစွဲရန်မသင့် သောကြောင့် ဈေးကွက်အတွင်းရောင်းချမှုရှိ/မရှိနှင့် ဈေးကွက်အတွင်း ရောင်းချနေသောအလှကုန်များကို နမူနာကောက်ယူခြင်း၊ သက်တမ်းလွန်ကုန်စည်များရောင်းချမှုရှိ/မရှိ၊ စားသုံးသူရေးရာဦးစီးဌာနက သတ်မှတ်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်နှင့် ကိုက်ညီမှုရှိ/မရှိ၊ လူသုံးကုန်နှင့် စားသောက်ကုန်များ   ဒေသခံပြည်သူများသုံးစွဲရာ ကျန်းမာရေးဘေးကင်းလုံခြုံစေရေးအတွက် ရောင်းချခြင်းမပြုရန် တားမြစ်ထားသော လူသုံးကုန်ပစ္စည်းများနှင့် ကျန်းမာရေးဆိုးကျိုးဖြစ်စေနိုင်သော စားသောက်ကုန်ပစ္စည်းများကို ကုန်စုံဆိုင်များတွင် ရောင်းချခြင်းမပြုရန်နှင့် ဖြန့်ဖြူးရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ ဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား အသိပေးပြောကြားခဲ့‌ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 စားသောက်ကုန်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍   MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၂.၁၂.၂၀၂၅)ရက် နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြန်အောင်မြို့နယ် တာဝတိံသာဘုရားလမ်း၊ အမှတ်(၄)ရပ်ကွက်ရှိ “သီရိခင်”ရှားစောင်းလက်ပတ်ယို စားသောက်ကုန်လုပ်ငန်းရှင် ဒေါ်သန်းသန်းနိုင်နှင့် တွေ့ဆုံ၍စားသုံးသူ ကာကွယ်ရေးဆိုင်ရာ ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်း၊ ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မိမိတို့ထုတ်လုပ်လျက်ရှိသော ကုန်စည်များတွင် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်နိုင်ရေး၊ လုပ်ငန်းလုပ်ကိုင်ရာတွင် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းစေရေးတို့ကို အလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဈေးကွက်မရောက်မီ ကုန်စည်များသိုလှောင်ထားရှိမှု၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင် ထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတမြို့နယ် စစ်ကုန်းကျေးရွာရှိ ပြည်သူများအား အသိပညာပေးဟောပြောခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ၂၀၂၅ ခုနှစ်၊ဒီဇင်ဘာလ (၁၂) ရက် နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ စစ်ကုန်းကျေးရွာရှိ ဓမ္မာရုံ၌ ပြည်သူများနှင့် တွေ့ဆုံ၍ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးအတွက် ဌာနအလိုက်ဆောင်ရွက်နေမှုများ ဆွေးနွေး ပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ စားသုံးသူရေးဦးစီးဌာန၏ စားသုံးသူကာကွယ် ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

       ထိုအစည်းအဝေးတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က ဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရပ်ကွက်/ ကျေးရွာရှိ ပြည်သူများအား ဆီဖြန့်ဖြူးရောင်းချပေးနေသည့် အခြေအနေများ၊ ဌာနမှကြီးကြပ်၍ စစ်ဆေးဆောင်ရွက်နေမှုများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဌာန၏ လက်ရှိဆောင်ရွက်နေသော ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ Online မှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာကိစ္စရပ်များအကြောင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေရေး ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ ကျေးရွာအတွင်း ကုန်စုံဆိုင်များမှတစ်ဆင့် ပြည်သူများထံ စားသုံးဆီဖြန့်ဖြူးရောင်းချနေမှုအပေါ် မသမာသောနည်းလမ်းဖြင့် ပါဝင်ပတ်သတ် ရောင်းချခြင်းမပြုရန်၊ စားသုံးဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချနိုင်ရေး ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICCဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်ကောင်း၊ Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကိုအသိပညာပေးဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

သတိပြုလိုက်နာရမည့်အချက်များအကြောင်း အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံရုံးမှ အငယ်တန်းစာရေးသည် (၁၁.၁၂.၂၀၂၅) ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စားသုံးသူများအနေဖြင့် အွန်လိုင်းငွေကြေးဝန်ဆောင် မှုလုပ်ငန်းများ သုံးစွဲရာတွင် သတိပြုလိုက်နာသင့်သည့် အချက်များအား အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါအစီအစဉ်တွင် အငယ်တန်းစာရေး ဒေါ်ခင်သီရိပြည့်စုံက စားသုံးသူများအနေဖြင့် အွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ သုံးစွဲရာတွင် ဘဏ်အကောင့်အချက်အလက်များ၊ Debit/ Credit ကတ်၊ ဘဏ်ကတ်နံပါတ်များနှင့် ဒီဂျစ်တယ်ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများ၏ လုပ်ငန်းစဉ်နံပါတ်၊ OTP နှင့် PIN တို့ကို မည်သူတစ်ဦးတစ်ယောက်ကိုမှ မျှဝေခြင်းမပြုရန်၊ ဘဏ်လုပ်ငန်းနှင့်ဝန် ဆောင်မှုလုပ်ငန်းတို့၏ Call Centerနှင့် အပြာရောင်(Blue Mark) ရရှိထားသည့် Facebook Page တို့တွင်သာ မိမိတို့သိရှိလိုသည့် အ‌ကြောင်းအရာများကို ဆက်သွယ်မေးရန်နှင့် ဘဏ်လုပ်ငန်း သို့မဟုတ် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတို့၏ ဝန်ထမ်းအဖြစ်ဟန်ဆောင်၍ အခြားဖုန်းနံပါတ်များဖြင့်  ခေါ်ဆိုလာပါက ကိုယ်ရေးအချက်အလက်များ၊ ငွေလွှဲအချက်အလက်များကို အသိပေးပြောကြားခြင်းမပြုကြပါရန်  စားသုံးသူရေးဦးစီးဌာနမှ တိုက်တွန်းနှိုးဆော်ထားပါကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဓနုဖြူမြို့နယ် ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

                ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ သင့်တင့်မျှ သင့်တင့်မျှတသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများ မှန်ကန်စွာ ဝယ်ယူသုံးစွဲနိုင်စေရန် ရည်ရွယ်၍ ဆန်ဆိုင်များသို့ လစဉ် ဈေနှုန်းနှင့် ဆန်များ ပြတ်လပ်မှု ရှိမရှိကို  ၁၅-၁၂-၂၀၂၅ ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဓနုဖြူမြို့နယ် ရပ်ကွက်ဆန်ဆိုင်များသို့ ဈေးကွက် စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးဟိန်းကို နှင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် မြို့ပေါ်ရှိ ဆန်ဆိုင်များရှိ ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှိများနှင့် တွေ့ဆုံ၍  ဆန်ဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများကို မေးမြန်းခြင်း၊ ဆန်များကို မည်သည့်နေရာမှာ ဝယ်ယူ၍ ရောင်းချကြောင်းမေးမြန်းခြင်း၊ ဆန်အမျိုးအစားအလိုက်ဈေးနှုန်းများကို တွက်ချက်ဆောင်ရွက်ခြင်း၊ဆန်အမျိုးအစားအလိုက် ဈေးနှုန်းဈေးကွက်အား သက်ဆိုင်ရာဌာနမှ သတ်မှတ်ရည်ညွှန်းဈေး ထုတ်ပြန်လျက်ရှိရာ ရည်ညွှန်းဈေးအပေါ် ၂ရာခိုင်နှုန်း၊ ၅ရာခိုင်းနှုန်း အမြတ်ဖြင့်ရောင်းချမှု ရှိမရှိကို စစ်ဆေးခြင်း၊စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများကြား သင့်တင့်မျှတသည့် ဆန်အမျိုးအစား အလိုက် ဈေးနှုန်းသတ်မှတ်ရည် ညွှန်းဈေးနှုန်းထက် အဆမတန် မြှင့်တင်ဖြန့်ဖြူးရောင်းချခြင်း မပြုလုပ်ကြရန်နှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် စိုက်ပျိုးရေးသုံးဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

             စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် တာဝန်ခံရုံးအနေဖြင့် ၁၆-၁၂-၂၀၂၅ ရက် နံနက်(၀၉:၀၀)နာရီအချိန်တွင် မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦး သည် မြို့ပေါ်ရှိ မိဘမေတ္တာ စိုက်ပျိုးရေးသုံး မျိုးစေ့ နှင့် ဓါတ်မြေဩဇာ ရောင်းချသည့်ဆိုင်များသို့ အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့ပေါ်ရှိ စိုက်ပျိုးရေးမျိုးစေ့နှင့် ဆေးဆိုင်း ရောင်းချသည့် ဆိုင်များ၏ ကုန်ပစ္စည်း ဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်းအခြေ အနေအား လည်းကောင်း၊ မတ်ပဲနှင့်ပဲမျိုးစုံ စိုက်ပျိုးရေး ဆေးရောင်းချရာတွင် ၂နှစ် တားမြစ်ထားသော သာမီသောင်ဇင်နှင့် ဂလိုဒီယာနီဒင်းဆေးများ ရောင်းချမှု မရှိရန် အသိပညာပေးခြင်း၊ ပဲစိုက်ပျိုးကာလဖြစ်၍ ဈေးနှုန်းမြင့်တင်ရောင်းချခြင်း ရှိမရှိ၊ ကုန်အညွှန်းအမှတ်အသားများ ရောင်းချသော ကုန်စည်များတွင် ပြည်စုံစွာ ဖော်ပြပါဝင်ခြင်း ရှိမရှိ၊ စိုက်ပျိုးရေးဦးစီးဌာန၏ ခွင့်ပြုချက်လိုင်စင်များကို စစ်ဆေးခြင်း၊ တရားဝင်ကုန်စည်များရောင်းချရေးကို စစ်ဆေးခြင်းများဆောင်ရွက်ပြီး စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်းကို အသိပညာပေး ပြောကြားခဲ့ကြောင်း ကုန်စည်များကို ရန်ကုန် ပင်ရင်းကုမ္ပဏီများမှ မှာယူပြီး မြို့နယ်အတွင်းဖြန့်ဖြူးရောင်းချကြောင်း ယခုအပါတ်ဈေးအနေဖြင့် ကြီးမြင့်မှုမရှိပဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် မြောင်းမြမြို့နယ်၊ ကူးတို့ဈေးရှိ ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိမရှိ ကွင်းဆင်းစိစစ်

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ် ဦးစီးမှူး ဦးလှထွဋ်ဦးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၂.၁၂.၂၀၂၅)ရက်နေ့ နံနက် (၁၁:၃၀)နာရီအချိန်တွင်  ကူးတို့ဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်  ပြည့်စုံခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်ဦးစီးမှူးမှ ကူးတို့ဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော Goody Meizan စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြမှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊တားမြစ်ချက်များ၊ ဥပဒေအခန်း(၂၄)ပါ ပြစ်မှုပြစ်ဒါဏ်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက် ၂/၂၀၁၉ ကိုလိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိ ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်နှင့် မိမိတို့ရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကိုလည်း ဌာနအနေဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် ခင်မကန် အထက်တန်းကျောင်းတွင် ဘေးအန္တရာယ်ရှိသော ကုန်စည်များ ပြန်လည်သိမ်းဆည်းခြင်းနှင့် တားမြစ်ခြင်း အကြောင်းအသိပညာပေး

                  စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့  ပူးပေါင်း၍ ကျောင်းဖွင့်ရာသီတွင် ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများ စားသုံးသူအခွင့်အရေး ဗဟုသုတကြွယ်စေပြီး စားသုံးသူအခွင့်အရေးများကို မှန်ကန်စွာ တောင်းဆိုတက်ရှိစေရန်နှင့် ဘေးအန္တရာယ်ကင်းသော ကုန်စည်နှင့် အစားအသောက်များ ရွေးချယ်ဝယ်ယူ စားသောက်နိုင်ရေး အတွက် (၁၅.၁၂.၂၀၂၅)ရက်နေ့၊ နံနက်  (၁၀:၀၀)အချိန်တွင် ပန်းတနော် ခင်မကန် အထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောခဲ့ပါသည်။

           ဟောပြောရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်မှ စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကိုလည်းကောင်း၊ ဥပဒေရေးဆွဲဖြစ်ပေါ်သည့် အကြောင်းကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည်(၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉ ။)၁၃၈၀ ပြည့်နှစ်၊ တပေါင်းလဆန်း ၁၀ ရက်(၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်)က ထုတ်ပြန်ခဲ့ပြီး အခန်း(၂၅)၊ ပုဒ်မ ၈၄ခုပါဝင်ကြောင်း ကိုလည်းကောင်း၊ စးသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များကို အကျယ်တဝင့်ရှင်းလင်းပြီး၊ စားသုံးသူလူငယ်များ အသုံးပြုသော ဘေးအန္တရာယ်ရှိသောကုန်စည်ကို ဈေးကွက်အတွင်းမှ ပြညန်လည်သိမ်းဆည်းစေခြင်း (သို့မဟုတ်) ရောင်းချဖြန့်ဖြူးခြင်းကို တာမြစ်ခြင်း ကို (recall & ban) ဥပဒေအရ ဦးစီးဌာနသည် (recall & ban) နိုင်ရန် ဆောင်ရွက်ရပြီး သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရကြောင်း၊ စစ်ဆေးရေးအရာရှိများ ခန့်အပ်၍ ဈေးကွက်အတွင်း လေ့လာစောင့်ကြည့် တွေ့၇ှိချက်များကို ဦးစီးမှူးရုံးသို့ တင်ပြရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်မှုအဆင့်ဆင့်ကို သတ်မှတ်ထုတ်ပြန်ရမည်ဖြစ်ကြောင်း၊ အရေးယူဆောင်ရွက်မှုကို စားသုံးသူထံ မှန်ကန်စွာ သတင်းအချက်အလက် သတ်မှတ်ထုတ်ပြန်ရမည်ဖြစ်ကြောင်း၊ အကယ်၍ စီးပွားရေးလုပ်ငန်းရှင်ကိုယ်တိုင်က မိမိကုန်စည် အန္တရာယ်ရှိကြောင်းကို သိရှိလျှင် ဦးစီးဌာနှင့် စားသုံးသူထံ အချိန်မီသိရှိနိုင်ရန် အသိပေးရမည် ဖြစ် ကြောင်း၊ ပြန်လည်သိမ်းဆည်း ၊ တားမြစ်ခြင်းကို နည်းဥပ‌ဒေ အခန်း(၈) အပိုဒ် ၅၆ မှ ၇၂ အရ ဆောင်ရွက်နိုင်ကြောင်းကိုလည်းကောင်း  ဘေးအန္တရာယ်ရှိသော ကုန်စည်ကို ပြည်လည်သိမ်းဆာ်းခြင်းကို ယာယီတားမြစ်ခြင်း (သို့) အမြဲတမ်းတားမြစ်ခြင်း ကို ညွှန်ကြားချက် (၃/၂၀၂၂)အရ လုပ်ဆောင်နိုင်ကြောင်း တို့ကို အကျယ်တဝင့်ရှင်းလင်းခဲ့ပြီး ကျောင်းသား တစ်ဦး မှ ဘေးအန္တရာယ်ရှိသောကုန်စည်ဆိုသည်မှ ဘယ်လို ကုန်စည်များကို ဆိုလိုကြောင်း သိလို၍ မေးမြန်းလာသဖြင့် တာဝန်ရှိသူမှ အန္တရာယ်ရှိသော ကုန်စည်ဆိုသည်မှာ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများက စားသုံးရန် သို့မဟုတ် အသုံးပြုရန်မသင့်ဟု သတ်မှတ်ထုတ်ပြန်ထားသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဥပဒေအရ ဆိုလိုကြောင်း၊ အရည်အသွေးစံသတ်မှတ်ချက် မပြည့်ဝသော စားသုံးသူကို အန္တရာယ်ဖြစ်စေသည့် ကုန်စည်များဖြစ်ကြောင်းကို ရုပ်ပုံလက်ကမ်းစာစောင်နှင့်အကွ ရှင်းလင်းဖြေကြားခဲ့ကြောင်း Consumer Call Center 1535 ကိုလည်း သိလိုသည်များ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကို ထည့်သွင်းဟောပြောခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ညောင်တုန်း ရွှေဟင်္သာ အ.မ.က ကျောင်း စားသုံးသူအသိပညာပေး ဟောပြောခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်းများ သည် မိတ်ဖက်ဌာနများ ပူးပေါင်း၍ ကျောင်းဖွင့်ရာသီတွင် ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများ စားသုံးသူအခွင့်အရေး ဗဟုသုတကြွယ်စေပြီး စားသုံးသူအခွင့်အရေးများကို မှန်ကန်စွာ တောင်းဆိုတက်ရှိစေရန်နှင့် ဘေးအန္တရာယ်ကင်းသော ကုန်စည်နှင့် အစားအသောက်များရွေးချယ်ဝယ်ယူစားသောက်နိုင်ရေး အတွက် (၁၅.၁၂.၂၀၂၅)ရက်နေ့၊ နံနက်  (၁၀:၃၀)အချိန်တွင် အသိပညာပေးဟောပြောခဲ့ပါသည်။

           စားသုံးသူရေး ရာဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက  စားသုံးသူ ကာကွယ်ရေး ဥပဒေပြဌာန်းချက် များနှင့်အညီ ဆောင်ရွက်သောဌာနတစ်ခုဖြစ်ကြောင်း၊ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းဖြင့် လူနေမှုဘဝ အကျိုး စီးပွားကို ကာကွယ်ဆောင်ရွက်ခြင်း၊ ၊ စီးပွားရေး လုပ်ငန်းရှင်နှင့် စားသုံးသူအကြား စားသုံးသူနစ်နာမှုကို ကာကွယ်ပေးခြင်း၊ စားသုံးသူ အခွင့်အရေး အခြေခံ ၈ချက်၊ လိုက်နာရမည့် တာဝန် ၄ချက် ကို သိရှိနားလည်ထားကြရန်၊ ဥပဒေတွင် ပါဝင်သော ဥပဒေ၏ ရည်ရွယ်ချက်များဖြစ်သည့်

(က) စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိနိုင်စေရန်၊

(ခ)စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍အသိပညာပေးလုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်စေ

ရန်၊

(ဂ) စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ တိကျမှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များဖြန့်ဝေ  အသိပေး ခြင်းကို ဆောင်ရွက်နိုင်စေရန်၊

(ဃ) စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် အာမခံချက် ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းနိုင်စေရန်၊

(င) စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်ဘက်မှလည်း ဥပဒေနှင့်အညီ ဆောင်ရွက် စေရန်၊

(စ) စားသုံးသူတို့ကို ဘေးအန္တရာယ်ကင်းရှင်းမှုမရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့် ယင်းတို့ကို သုံးစွဲခြင်း ကြောင့် ဖြစ်ပေါ်လာသော နစ်နာဆုံးရှုံးမှုများကို ကာကွယ်ပေးရန်၊

(ဆ) စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များ ပေါ်ပေါက်လာစေရေးအတွက် စီမံဆောင်ရွက် ပေးမှုများ၊ ထိန်းကျောင်းမှုများ ဆောင်ရွက်ပေးနိုင်ရန်နှင့် ယင်းအဖွဲ့များအားကောင်းခိုင်မာမှုရှိစေရေး အတွက် အပြန် အလှန်ပူးပေါင်းကူညီဆောင်ရွက်ရန်၊

(ဇ) စားသုံးသူတို့ကို ဘေးအန္တရာယ်ဖြစ်စေသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အမြန်ဆုံး အရေးယူဆောင်ရွက်ပေးမှုများ လုပ်ဆောင်ပေးနိုင်ရန်။ ရည်ရွယ် ဆောင်ရွက်လျက်ရှိကြောင်းကို ရှင်းလင်းပြီး စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံမှုရှိလာပါက တိုင်ကြားနိုင်သော Consumer Call Center 1535 ကိုလည်း ဆက်သွယ်မေး မြန်းတိုင် ကြားလို့ရကြောင်းကို ရှင်းလင်းပြီး ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြ၍ ပြန်လည်ဖြေကြား ရှင်းလင်းခဲ့ ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင် မော်ကျွန်းမြို့နယ်၊ ဗိုလ်ချုပ်ဈေးရှိ ကုန်မျိုးစုံနှင့်မုန့်မျိုးစုံဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၂.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဗိုလ်ချုပ်ဈေးရှိ ကုန်မျိုးစုံနှင့်မုန့်မျိုးစုံဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်း တာဝန်များ၊ ဦးစွာရှင်းလင်းပြောကြားပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး ဆိုင်ပိုင်ရှင်များမှ သိရှိလိုသည့် မေးမြန်းဆွေးနွေးချက်အား ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်၊ ဟောပြောပွဲသို့ ကုန်မျိုးစုံနှင့်မုန့်မျိုးစုံလုပ်ငန်းရှင်(၁၉)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ