Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မအူပင်မြို့နယ် ကျားပဲမုန့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ဘုရားလမ်းဒေါင့်ရှိ  ကျားပဲမုန့်လုပ်ငန်းရှင်  ၏ ပဲမုန့်လုပ်ငန်းအား  ဒေါ်ခိုင်ခိုင်လင်း၊နှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့်အတူ (၂၂.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်  (၁၅:၀၀) နာရီ အချိန်တွင်  ဈေးကွက်မရောက်မီကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။

    စစ်ဆေးဆောင်ရွက်ရာတွင် ဒေါ်ခိုင်ခိုင်လင်း ဒုဦးစီးမှူးက ဈေးကွက်မရောက်မီ ကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်ကိုမေးမြန်းခြင်း၊ ထုတ်လုပ်သည့် ကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိမှု ကုန်စည်ဖော်ပြချက် အမှတ်တံဆိပ်များကို ကြည်ရှု စစ်ဆေးခြင်း၊ ရောင်းချမည် မုန့်အမျိုးအစားအလိုက် ဈေးနှုန်းအခြေအနေများကို မေးမြန်းခြင်း၊ ကုန်ကြမ်းရရှိမှု အခြေအနေများကို ဆွေးနွေးခြင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက လုပ်ငန်းလိုင်စင်စစ်ဆေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပြီး ဌာန၏ လမ်းညွှန်းချက်များအကြောင်းကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ဒေသတွင်း ကုန်ထုတ်လုပ်ငန်းရှင်အား အသိပညာပေး

    စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အနေဖြင့် စားသုံးသူအခွင့်အရေး များ အပြည့်အဝရရှိစေရန်၊ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အတွက် မအူပင်မြို့နယ် စားသောက်ုန်ထုတ်လုပ်ငန်းဖြစ်သည့် MKK ပဲမုန့်လုပ်ငန်းရှင်အား ၂၂.၁၁.၂၀၂၅ ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် မအူပင်မြို့နယ် မင်းလမ်းရှိ လုပ်ငန်းပိုင်ရှင်အား အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ‌ဒေါ်ခိုင်ခိုင်လင်း ဒုဦးစီးမှူး က လုပ်ငန်းရှင် များအား စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်နှင့် တာဝန်များ၊ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုအခြေအနေများ၊စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များသိရှိစေရန်အတွက် ရောင်းချသည့်စားသောက်ဖွယ်ရာများ၏  အမျိုးအစား၊ အရွယ်အစားများတွင် ဈေးနှုန်းအားဖော်ပြထားရန်နှင့် ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အသားတင်းပမာဏ၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်စွဲ၊ ထုတ်လုပ်သည့် လုပ်ငန်းအမည်နှင့် လိပ်စာ၊များကို ဖော်ပြထားခြင်းကို စစ်ဆေးခြင်း၊ စားသုံးသူများ ဝယ်ယူခြင်းမပြုမီ ကုန်စည်တန်ဖိုးကို  ကြိုတင်အသိပေးသွားရန်၊စားသုံးသူကာကွယ်ရေးဥပ‌ဒေပါစီးပွား‌ရေးလုပ်ငန်းရှင်သည် စားသုံးသူ အပေါ် ဝန်ဆောင်မှုပေးခြင်းနှင့် စပ်လျဉ်းသည့်ဖော်ပြရမည့် အာမခံချက်များကိုလိုက်နာ ဆောင်ရွက်သွား ရန်နှင့်စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ပြစ်မှုပြစ်ဒဏ်များ အကြောင်း အသိပညာ ပေးဆွေး နွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ရှိ စားအုန်းဆီအရောင်းဆိုင်(၂) ဆိုင်အား ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် စစ်ကိုင်းခရိုင် စားသုံးဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ  ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် မန္တလေးမြို့ရှိ Mandalay Global Network Distribution  ကုမ္ပဏီမှ ခွဲတမ်းရရှိသော စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ရှိ  စားအုန်းဆီအရောင်းဆိုင် (၂ ) ဆိုင်ဖြစ်သော စစ်ကိုင်းဆီဆိုင်နှင့် လင်းလင်းဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စစ်ကိုင်းဆီဆိုင်နှင့် လင်းလင်းဆီဆိုင်များအနေဖြင့် သတ်မှတ်ပေးထားသည့် ရည်ညွှန်းဈေး စားအုန်းဆီ တစ်ပိဿာ (၇၆၀ဝိ/-) ဖြင့်စစ်ကိုင်းဆီဆိုင်မှ ဒါးဝယ်ဈေးရပ်ကွက်နှင့် လင်းလင်းဆီဆိုင်မှ ဆွမ်းချက်၊ စီတီးနှင့် ပုဂံရပ်ကွက်များသို့ စာအုပ်စနစ်ဖြင့်  ရောင်းချကြောင်း၊ နေ့အလိုက် သတ်မှတ်ပေးထားသော ဗီနိုင်းလ်များနှင့် မှန်(၆)မှန်(စာရင်းမှန်၊ နေရာမှန်၊ အချိန်မှန်၊ ဈေးနှုန်းမှန်၊ အရေအတွက်မှန်၊အချိန်အတွယ်နှင့် အရည်အသွေးမှန်) ဗီနိုင်းများချိတ်ဆွဲထားကြောင်း တွေ့ရှိရပြီး သတ်မှတ်ထားသောရည်ညွှန်းဈေးထက် ဈေးမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ တရားစွဲဆိုမည်ဖြစ်ကြောင်း၊ ပြည်သူစားအုန်းဆီ (၂%) နှင့် စက်မှုလုပ်ငန်းသုံးစားအုန်းဆီ များအား ခွဲခြားပြီးဖြန့်ဖြူးရန်နှင့် မြင်သာသော ဗီနိုင်းလ်များချိတ်ဆွဲ၍ ရောင်းချမည့်ဈေးနှုန်းများ ချိတ်ဆွဲထားရန်၊ အစိုးရဌာနများက မေးမြန်းမှုရှိသောအခါ ဂဃနဏ ရှင်းပြနိုင်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ညောင်တုန်းမြို့နယ်တွင် ကော်ဖီမစ်အမျိုးမျိုးနှင့် အသင့်စား ကုန်စည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားစစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ပေါ်ရှိ ဈေးဆိုင်များ၌ အသင့်သောက် ကော်ဖီနှင့် လက်ဖက်ရည်ထုတ်များ၊ ကုန်စည်(၁၀)မျိုးနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်း ရှင်းစေရန်ရည်ရွယ်၍ (၂၂-၁၁-၂၀၂၅) နေ့၊နံနက် ၉ နာရီ အချိန်က ညောင်တုန်းမြို့နယ် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍  ရပ်ကွက် အတွင်း အရောင်းဆိုင်များ၌ အသင့်စားမုန့်အမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်ကုန် ပစ္စည်းများ၊  စသည့် ကုန်စည်အမျိုးအစား (၁၀)မျိုးနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ် ရှိ၊ မရှိ အခြေအနေများ၊ ရောင်းချနေသည့် ကုန်ပစ္စည်းအမျိုးအစားများအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိ၊ မရှိအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခြင်း ကြပြီး အလှကုန်ပစ္စည်းများ (၁၀)ဂရမ်အထက် အလှကုန် များ တွင် မြန်မာလိုမဖြစ်မနေဖော်ပြရမည့် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင် သတိပေးချက်၊ ထား သိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ ပါရှိရမှာဖြစ်ပြီး အလှကုန်များတွင် သတ်မှတ် ချက်နှင့် အညီ ဖော်ပြချက်များ ကိုက်ညီမှုရှိမရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောနှောရောင်းချခြင်း ရှိမရှိကိုစစ်ဆေးခဲ့ပြီး စတိုးနှင့် ကုန်စုံဆိုင်များရှိ ဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် ဈေးကွက်အတွင်း အလှကုန်နှင့် ဆက်စပ်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ရှိ ကုန်စုံဆိုင်နှင့် အလှကုန်အရောင်းဆိုင် များတွင် ကုန်ပစ္စည်းများ သတ်မှတ်ထားသည့် ကုန်အညွှန်း အမှတ်အသားများ ဖော်ပြထားသော ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းကို ၂၂-၁၁-၂၀၂၅ ရက်နေ့ ၊ နံနက် ၁၀ နာရီက စစ်ဆေး ဆောင်ရွက်ခဲ့သည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အလှကုန်ပစ္စည်းများ (၁၀)ဂရမ်အထက် အလှကုန်များ တွင် မြန်မာလိုမဖြစ်မနေဖော်ပြရမည့် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင် သတိပေးချက်၊ ထား သိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ ပါရှိရမှာဖြစ်ပြီး (၁၀) ဂရမ်အောက် အလှကုန် များတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ဓာတ်မတည့်ကြောင်းဖော်ပြချက် တို့ဖော်ပြထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခြင်းနှင့် ရေးသားဖော်ပြထားခြင်း မရှိသော  အလှကုန်များကို စစ်ဆေးတွေ့ရှိပါက ဥပဒေ အရ‌ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အမှတ်တံဆိပ်ပါ ဗူးဆီများအား ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ တာဝန်ခံ ဦးအောင်ကျော်သက်နှင့် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းတို့သည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်း၍ (၂၂.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီ အချိန်တွင်  ပန်းတနော်မြို့နယ် ဘုရင့်နောင်လမ်းမပေါ်ရှိ အမှတ်တံဆိပ်ပါ စားသုံးဆီ ဗူးဆီအရောင်း ဆိုင်များတွင် ရောင်းချနေသော စားသုံးဆီဘူးများတွင်  ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ပတ်သက်၍ ပြည့်စုံမှုရှိမရှိကို နယ်မြေဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံနှင့် ခရိုင်ဦးစီးမှူးတို့က  ဈေးအတွင်းရှိ ရောင်းချနေသော ကုန်မျိုးစုံဆိုင်(၆)ဆိုင်ရှိ Meizan Lotus, Goody   စားသုံးဆီဘူးများတွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်နှင့် စပ်လျဉ်း၍  ပြည်စုံမှုရှိ/ မရှိစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ၂၀၁၉ ပါဥပဒေ ပြဌာန်းချက်များမှ ဥပဒေအခန်း အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက် ၂/၂၀၁၉  ကိုလိုက်နာ ဆောင်ရွက် ခြင်းရှိ/မရှိ ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင် ရွက်ကြ ရန်   ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိကိုလည်း စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားမည်ဟု ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ညောင်တုန်းမြို့နယ် စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

    မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်(၁၅)ဆိုင် အား မြိုနယ်ကုန်ဈေးနှုန်တည်ငြိမ်ရေး လုပ်ငန်းအဖွဲ့မှ (၂၂-.၁၁-၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀)အချိန်က ဆီဆိုင်များ သတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်း ရှိမရှိ၊ စက်သုံးဆီပြတ်လပ်မှုရှိမရှိ ကွင်းဆင်းစစ်ဆေးပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ညောင်တုန်းမြို့နယ်အတွင်း စက်သုံးဆီဆိုင်များ၌ နေ့စဉ်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများသည် PPRD မှ နေ့စဉ် ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်းရှိ/မရှိနှင့် စက်သုံးဆီပြတ်လပ်မှု ရှိ/မရှိစသည့် အခြေအနေများကို မေးမြန်းစစ်ဆေးခဲ့ပြီး ဆီများသိုလှောင်ထားရှိမှု များကို စနစ်တကျစစ်ဆေးခြင်း၊ စက်သုံးဆီများရောနှောရောင်းချခြင်းရှိမရှိ ဆီအရောင်းနမူဏာယူ စစ်ဆေးခြင်း၊  ဆီဆိုင်များ၌ LED Board မှာ တင်ထားသည့်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း သိရှိရပြီး စစ်ဆေးစဉ် ရက်အတွင်း သတ်မှတ်ရည်ညွှန်းဈေးများအတိုင်းရောင်းချနေကြောင်း တွေ့ရှိရပြီး ဆိုင်တာဝန်ခံများအား ဆီပြတ်လပ်မှု ရှိပါက အချိန်နှင့် တပြေးညီ သတင်းပို့ ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Talk Show အသိပညာပေး ကျင်းပပြုလုပ်

    မအူပင်ခရိုင်၊ မအူပင်မြို့နယ် စားသုံးရေးရာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk-Show)ကို  ၂၂-၁၁-၂၀၂၅ ရက်နေ့ နေ့လယ်  ၁နာရီအချိန်က ဓနုဖြူမြို့နယ် လူထုအခြေပြု ဗဟို ဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

   ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ယခုအချိန်တွင် Online Shopping များ ရောင်းဝယ်ခြင်း ဆိုင်ရာလုပ်ငန်းများတွင် ဖြစ်ပေါ်နေသည့်အကြောင်းအရာများနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍  ပြုလုပ်ရခြင်း ဖြစ်ကြောင်းဆွေးနွေးပြောကြားပြီး မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုးက  အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ ကိစ္စရပ်များအတွက် စားသုံးသူ ကာကွယ်ရေး အခွင့်အရေးများနှင့်ပတ်သက်၍ စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ နှင့်ပတ်သက်၍ စားသုံးသူ ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရခြင်းများ၊ စားသုံးသူပြည်သူများ ၀ယ်ယူခြင်း မပြုမီ သတိပြုရမည့် အချက်များ၊ဆုံးရှုံးနစ်နာမှုဖြစ်ခဲ့လျှင် တိုင်ကြားရန် နည်းလမ်းများ၊ Online Shopping Page တွင် ဖော်ပြထားသည့် ဆက်သွယ်ရန် ဖုန်းနံပတ်လိပ်စာများအား မြေပြင်တွင်အမှန်တ ကယ်ရှိမရှိစစ်ဆေးရန် လိုအပ်ခြင်း၊ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းများ၏ပစ္စည်းလက်ခံပြေစာများကို အတုပြုလုပ်ခြင်းများ ရှိသဖြင့် သေချာစွာစစ်ဆေးရန်အကြောင်းများ၊ စစ်ဆေးရေးအရာရှိမှ မြေပြင်စစ်ဆေးခြင်းကိစ္စအကြောင်းကို ဆွေးနွေးခဲ့ပြီး အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပဒေများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။

DOCA(ဧရာဝတီ)

“စည်းစိမ်” ခေါက်ဆွဲဖို လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်း ဖွံ့ဖြိုးရေးကွင်းဆင်းစိစစ်ခြင်း

   စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် (၄) ရပ်ကွက် ၊ ပိတောက်လမ်းရှိ ဒေါ်တင်ဝေ ပိုင် “စည်းစိမ်” ခေါက်ဆွဲဖိုသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်း ဖွံ့ဖြိုးရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

 “စည်းစိမ်” ခေါက်ဆွဲဖို လုပ်ငန်းမှာ စားသောက်ကုန်ဖြစ်ပြီး ဆန်ကြမ်းဖြင့် ထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းဖြစ်ပါသည်။ တစ်နေ့ အသုံးပြုမှု အနေဖြင့် ဆန်ကြမ်းအိတ် (၁) အိတ်ခွဲ အသုံးပြုရပြီး မုန့်ပိဿာချိန် (၇၀) ထွက်ရှိပါသည်။ ဈေးနှုန်းဈေးကွက် အနေဖြင့် တစ်ပိဿာလျှင် (၂၈၀၀) ခန့် မြို့နယ်အတွင်း၌သာ ရောင်းချပါသည်။ လုပ်သားဦးရေ (၅) ဦးထားရှိပြီးတစ်လလျှင်  လုပ်ခအနေဖြင့် (၂) သိန်းကျပ်ပေးရပါသည်။

   ထို့နောက် မြို့နယ်တာဝန်ခံမှလည်း ထုတ်လုပ်သောကုန်စည်နှင့် ပက်သက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတုဆိုးဆေးများ အသုံးပြုမှုမရှိစေရေး ၊ အလေးချိန် အချိန်အတွယ် ပြည့်မီမှန်ကန်စေရေး တို့အတွက် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဘိုကလေးမြို့နယ်(၁၀)ရပ်ကွက်၊စက်စုလမ်းရှိ ဧရာတမာ သောက်ရေသန့်စက်ရုံသို့ ကွင်းဆင်း စစ်ဆေး

     ဘိုကလေးမြို့နယ်၊စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၂) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် (၁၀)ရပ်ကွက်၊စက်စုလမ်းရှိ ဧရာတမာ သောက်ရေသန့်စက်ရုံသို့  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး နှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ဧရာတမာသောက်ရေသန့်စက်ရုံမှ တစ်နေ့ထုတ်လုပ် အနေဖြင့် (၆)ဘူးပါ ၁လီတာ အကဒ်ရေ (၁၂၀) ကဒ် ထုတ်လုပ်၍ ဒေသအတွင်း ဖြန့်ဖြူးရောင်းချပေးလျက် ရှိပါ သည်။ ဈေးနှုန်းဈေးကွက် အနေဖြင့် (၆) ဘူးပါ ၁လီတာ တစ်ကဒ် လျှင် (၂၅၀၀) ကျပ်ဖြင့် လက်ကားရောင်းချပေးလျက်ရှိပြီး လုပ်သားဦးရေ (၂)ဦး ခန့်ထားပါသည်။

          ထို့နောက် မြို့နယ်တာဝန်ခံမှလည်း ထုတ်လုပ်သောကုန်စည်နှင့် ပက်သက်၍ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး တို့အတွက်ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာထည့်သွင်းဖော်ပြရန်နှင့် စက်ရုံမှထွက်ရှိသော စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ် ရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

(Doca ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ