Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

 စစ်ကိုင်းမြို့၊ ကလေးကစားစရာအရုပ်နှင့် ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ရွေးချယ်ထားသည့် ကုန်စည်(၁၀)မျိုးအား ကုန်စည်(၁)မျိုးစီအလိုက် လစဉ် ဦးစားပေးဈေးကွက်စောင့်ကြည့်စစ်ဆေးရန် လမ်းညွှန်မှုအရ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း (၂)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် အတူ စစ်ကိုင်းမြို့၊ ချင်းစုရပ်ကွက်ရှိ ကလေးကစားစရာပစ္စည်းအရောင်းဆိုင် (၃)ဆိုင်သို့ ကွင်းဆင်း၍ ကလေးကစားစရာအရုပ်နှင့် ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဆိုင်ပိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်ပါ အသေးစိတ်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာမြို့ပေါ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     မိတ္ထီလာမြို့ရှိ ဆန်ဆိုင်များအား ဆန်ရောင်းချရာတွင်ဈေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းဖြင့် ရောင်းချနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာမြို့နယ် ကုန်ဈေးနှုန်း တည်ငြိမ်ရေးအဖွဲ့ဝင်များနှင့်အတူ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့တွင် ကွင်းဆင်းစိစစ်လျက်ရှိပါသည်။

          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ဒု-ခရိုင်ဦးစီးမှူးမှ မြန်မာနိုင်ငံ၏ အဓိကစားသုံးသီးနှံဖြစ်သော ဆန်ကိုဈေးကွက်၌ဈေးနှုန်းမြှင့်တင်ရောင်းချရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများမရှိစေရေးနှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်အသင်းက ဆန်ဈေးနှုန်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းအတွင်း ရောင်းချနိုင်ရေး သတ်မှတ်ခဲ့ပြီး ယခုအခါမန္တလေးတိုင်း အနေဖြင့် တိုင်းဒေသကြီးဆန်စပါးကုန်သည် အသင်းကဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းထုတ်ပြန် ချက်များနှင့်အညီရောင်းချရန် ထုတ်ပြန်ချက်အပေါ် လိုက်နာကြရန် ပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)

ကိတ်မုန့်နှင့်ပေါင်မုန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

 ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ   ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)အတွင်းရှိ ရူဘီအမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့်လုပ်ငန်းအား ထုတ်ကုန် များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် ရူဘီအမှတ်တံဆိပ် ကိတ်မုန့်နှင့်ပေါင်မုန့်သည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈)ပါ “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို  စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်အား စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများ စနစ်တကျ သိုလှောင်ရန်၊  စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို လိုက်နာဆောင်ရွက် ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

Smile အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့် ထုတ်လုပ်သည့်လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

      ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ   ကျိုင်းတုံမြို့၊ ရပ်ကွက်(၂)အတွင်းရှိ Smile အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့် ထုတ်လုပ်သည့် လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် Smile အမှတ်တံဆိပ်ကိတ်မုန့်/ပေါင်မုန့်သည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ပြည့်စုံစွာ ဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို  စစ်ဆေးတွေ့ရှိ ရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် စီးပွားရေးလုပ်ငန်းရှင် အား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများ စနစ်တကျ သိုလှောင်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးခဲ့ကြပါသည်။

DOCA(ရှမ်း)

MyRoတွင် သိုလှောင်ရုံမှတ်ပုံတင်ထားသော သိုလှောင်ရုံပိုင်ရှင်များအား ကွင်းဆင်းအသိပညာပေးခြင်း

   ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ ရပ်ကွက်(၁)၊ မြို့မဈေးကြီးအနီးရှိ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်(၄) အတွင်းရှိ ဆန်စက်ပိုင်ရှင်များနှင့် တွေ့ဆုံ၍ မြန်မာဆန်စပါးအွန်လိုင်း MyRoတွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ထားရှိမှုလုပ်ငန်းစဉ်များအား ကွင်းဆင်းအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါ

သည်။

         ထိုသို့ တွေ့ဆုံရာတွင် ဆန်တန်ချိန်(၂၅)တန်နှင့်အထက် သိုလှောင်ရုံသို့မဟုတ် စပါးတင်း (၂၅၀၀)နှင့်အထက်သိုလှောင်ရုံများအား မြန်မာဆန်စပါးအွန်လိုင်းMyRoတွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းပြုလုပ်ရန်နှင့် မြန်မာဆန်စပါးအွန်လိုင်းMyRoတွင် သိုလှောင်ရုံမှတ်ပုံတင်ထားသော ဆန်စပါးလုပ်ငန်းရှင်များအနေဖြင့် သိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စာရင်းများအား လစဉ်လဆန်း(၁)ရက်နေ့မှ (၁၀)ရက်နေ့အတွင်း Update ဖြည့်သွင်းဆောင်ရွက်ရန်၊ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ထားသော ဆန်စပါးလုပ်ငန်းရှင်များအနေဖြင့် သိုလှောင်ရုံများအား တစ်နှစ် တစ်ကြိမ် သက်တမ်းတိုးခြင်းလုပ်ငန်းများဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

 

Butter အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့် ထုတ်လုပ်သည့်လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

  ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ   ကျိုင်းတုံမြို့၊ ရပ်ကွက်(၂)အတွင်းရှိ Butter အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့် ထုတ်လုပ်သည့် လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင် တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့စစ်ဆေးရာတွင် Butter အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့်သည် စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ပြည့်စုံစွာ ဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို  စစ်ဆေးတွေ့ရှိ ရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် စီးပွားရေးလုပ်ငန်းရှင် အား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများ စနစ်တကျ သိုလှောင်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် မြန်မာဆန်စပါးအွန်လိုင်း My RO  Software အသုံးပြုခြင်းနှင့်စပ်လျဉ်း၍  သင်တန်းဖွင့်လှစ်

မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online Application – My RO ) Software အသုံးပြု ခြင်းနှင့်စပ်လျဉ်း၍ Software  အသုံးပြုနည်း သင်တန်းအား မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ၈-၁-၂၀၂၆ ရက်နေ့၊ နံနက် (၁၀:၀၀) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် ရှေးဦးစွာတိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြန်မာဆန်စပါးအွန်လိုင်း Myanmar Rice Online Application – My RO  Software အသုံးပြုခြင်းနှင့် စပ်လျဉ်း၍  ဦးစီးအရာရှိ ဒေါ်လှပို မှ My RO Software  တွင် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်များ ဖြည့်သွင်းခြင်းလုပ်ငန်းစဉ်များ၊ သက်တမ်းတိုးခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များ၊ My ROတွင်  သိုလှောင်ရုံ အသစ်လျှောက်ထားရာ၌ လိုအပ်သည့် အချက် အလက်များနှင့် လျှောက်ထားရသည့် လုပ်ငန်းစဉ်များအကြောင်းစသည်ဖြင့်   ရှင်းလင်းဆွေးနွေးခဲ့ ကြောင်းသိရှိရပါသည်။ သင်တန်းကို ဆန်စက်လုပ်ငန်းရှင်များ အသင်း၊ ဆန်ကုန်သည်အသင်းနှင့် ဆန်ကုန်စည်ဒိုင်အသင်းတို့မှ ဆန်လုပ်ငန်းရှင်  (၄၁)ဦး နှင့် ခရိုင်များမှလည်း Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြပြီး  မြန်မာဆန်စပါးအွန်လိုင်း(My RO) Software တွင်လလစဥ်ကုန်ရ၊ ကုန်ထုတ် ကုန်လက်ကျန်ဖြည့်သွင်းခြင်း  နှင့် စပ်လျဥ်းသည့် အကြောင်းအရာများ၊ My RO လျှောက်ထားရာတွင်လိုအပ်သည်အကြောင်းအရာများ၊ သက်တမ်း တိုးခြင်းနှင့်စပ်လျဥ်းသည့် အကြောင်းအရာများနှင့်စပ်လျဥး်၍ တက်ရောက်လာသည့် လုပ်ငန်းရှင်များမှ မရှင်းလင်းသည်များ၊ သိရှိလိုသည်များကို  ဆွေးနွေးမေးမြန်းခဲ့ကြပြီး သင်တန်းမှာ နေ့လည် ၁၂း၀၀ နာရီအချိန်တွင်ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

မော်လမြိုင်မြို့ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

   ၁၆.၁၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ရုံးမှ ဝန်ထမ်းများသည် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့၊ မြိုင်ရတနာဈေးရှိ ဆေးဆိုင်များအား လက်ကားဈေး အပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မော်လမြိုင်မြို့၊ မြိုင်ရတနာဈေးရှိ ဆေးဆိုင်များတွင် လက်ကားဈေးအပေါ်၌ ဒေသပေါက်‌ဈေးထက်ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီရောင်းချ နေမှုမရှိကြောင်း စစ်ဆေး တွေ့ရှိရပါသည်။

DOCA (မွန်)

M/S BAY LINE SHIPPING PTE,LTD (SINGAPORE) ကုမ္ပဏီပိုင် M.T HAIXIANG-19 အမည်ရှိ စက်သုံးဆီတင်သင်္ဘောရောက်ရှိ

    ၁၆.၁၂.၂၀၂၅ ရက်နေ့ (၁၅:၀၀) ချိန်တွင် M/S BAY LINE SHIPPING PTE,LTD (SINGAPORE) ကုမ္ပဏီပိုင် M.T HAIXIANG-19 အမည်ရှိ စက်သုံးဆီတင်သင်္ဘောသည် သင်္ဘောကပ္ပတိန် Mr.ZHOU JIAFENG ပါ တရုတ်နိုင်ငံသား သင်္ဘောသား ၈ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သင်္ဘောသား ၃ ဦး၊ မြန်မာနိုင်ငံသား သင်္ဘောသား ၈ ဦး၊ ပေါင်း ၁၉ ဦးတို့ လိုက်ပါလျှက် Myanmar Energy King Co.Ltd မှ ပြည်ပမှတင်သွင်းလာသည့် 92(ဓာတ်ဆီ) ၃၃၂၁.၅၂၄  မထ္ထရစ်တန်၊ ဒီဇယ်(ပရီမီယမ်) ၂၉၇၉.၇၂၃ မထ္ထရစ်တန် တင်ဆောင်ကာ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ Puma Power International Port Terminal သို့ ရောက်ရှိလာကြောင်း သိရှိရသည်။

     အဆိုပါနေရာသို့ ပြည်နယ်ရေကြောင်းရဲတပ်ဖွဲ့၊ မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်နယ်မီးသတ်ဦးစီးဌာန၊ ပြည်နယ်အကောက်ခွန်ဦးစီးဌာန၊ ပြည်နယ်ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ ဆိပ်ကမ်းအာဏာ (မွန်ပြည်နယ်)၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန၊ မုဒုံမြို့နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့စု(မုဒုံ)၊ မုဒုံမြို့နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန တို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

  မွန်ပြည်နယ်အတွင်းသို့ စက်သုံးဆီဝင်ရောက်မှုမှာ ၉.၆.၂၀၂၅ မှ ၁၆.၁၂.၂၀၂၅ ရက်နေ့ထိ သင်္ဘော (၂၃) စီးတွင် ပရီမီယမ်ဒီဇယ် (၇၃၈၈)တန်၊ ရိုးရိုးဒီဇယ်(49376.773)တန်၊ 95 (၈၃၃၇.၀၇၈) တန်၊ 92 (21027.563) တန်၊ စုစုပေါင်းတန်ချိန် (၈၆၁၂၉.၄၁၄) တန် ဝင်ရောက် ပြီးဖြစ်ကြောင်း သိရှိရသည်။

  DOCA (မွန်)

ကျိုက်ထိုမြို့နယ်တောင်ပိုင်းရပ်ကွက် ကန်သာယာဓမ္မာရုံတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

   ၁၆.၁၂.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနကျိုက်ထိုခရိုင်တာဝန်ခံနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံတို့သည် တောင်ပိုင်းရပ်ကွက်ကန်သာယာဓမ္မာရုံတွင် ရပ်ကွက်နေ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးအုပ်ကြီးမှ ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန ခရိုင်တာဝန်ခံနှင့် မြို့နယ်တာဝန်ခံတို့မှ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊  ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ သိကောင်းစရာများ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအ ကြောင်း၊ Consumer Call Center 1535 သို့ ဖုန်းခေါ်ဆို၍လည်း တိုင်ကြားနိုင်ကြောင်း ဆွေးနွေးခဲ့သည်။

       အဆိုပါ ဟောပြောပွဲသို့ တောင်ပိုင်းရပ်ကွက်သူ၊ ရပ်ကွက်သား (၁၀၀) ဦး တက်ရောက်ခဲ့ပြီး ရပ်ကွက်ရာအိမ်မှူးအား လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ