Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးအောက်ရှိ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်း များသည် ညောင်တုန်း မြို့နယ် ညောင်ဝိုင်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စက်မှုကြီးကြပ်ဌာန၊ ရပ်ကွက်ကျေးရွာ ရပ်မိရပ်ဖများ ညောင်တုန်းဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ (၂၁.၁.၂၀၂၄) ရက်နေ့ ၊ နံနက် (၁၁:၀၀) နာရီ အချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြ ထားသော ကုန်စည်များ ကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင် ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက် ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည် များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူမိဘပြည်သူ များ အနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလို ပါက  Website တွင် ဝင်ရောက် လေ့လာနိုင်ကြောင်းConsumer Call Center 1535 သို့ လုပ်ငန်းရှင်နှင့် စပ်လျဉ်းသည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ သိရှိလိုပါက ဆက်သွယ်မေးမြန်းနိုင်ကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး ဆီလုပ်ငန်းရှင် (၁)ဦးတက် ရောက်ခဲ့ကြပြီး တက်ရောက်လာသော လုပ်ငန်းရှင်များဘက်မှလည်း သိရှိလိုသည်များအား ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)                                   

“မြစ်သားမြို့နယ် ၊ ကူမဲမြို့ရှိ ပြုံးပန်းတစ်ထောင်ဆန်စက်အား ကွင်းဆင်းအသိပေး”

                   ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသည် နိုဝင်ဘာလ (၂၁) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး မြစ်သားမြို့နယ် ၊ ကူမဲမြို့ရှိ ပြုံးပန်းတစ်ထောင်ဆန်စက်အား  မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက်နိုင်ရေးနှင့် ကုန်ရ၊ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများ ဖြည့်သွင်းနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online My Ro)တွင် ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ (၃)ရက်နေ့မှစ၍ ဆန်တန်ချိန်(၂၅)နှင့်အထက် သိုလှောင်ရုံ(သို့မဟုတ်) စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသောသိုလှောင်ရုံများအား သက်တမ်းပြန်လည်တိုးရန်နှင့် ဆန်စပါးသိုလှောင်မှု လုပ်ငန်းစဉ်များ၏ ကုန်ရ၊ကုန်ထုတ်၊ကုန်လက်ကျန် စာရင်းများအား လစဉ် ၊ လဆန်း (၁)ရက်နေ့မှ (၇)ရက်အတွင်း Update ဖြည့်သွင်းခြင်းလုပ်ငန်းများအား လိုက်နာဆောင်ရွက်ရန် နှင့် လိုက်နာဆောင်ရွက်မှု မရှိပါက စီမံခန့်ခွဲရေးနည်းလမ်းများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွင်းဆင်းအသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

“ မြစ်သားမြို့နယ်၊ကူမဲမြို့ရှိ ပြည့်စုံ ဆန်ဆိုင်အား(My Ro)တွင်မှတ်ပုံတင်နိုင်ရေး ကွင်းဆင်းစစ်ဆေး”

         ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသည် နိုဝင်ဘာလ(၂၁) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး  မြစ်သားမြို့နယ် ၊ ကူမဲမြို့ရှိ ပြည်စုံဆန်ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည် ။ ထိုသို့စစ်ဆေးရာတွင် မြန်မာ့ဆန်စပါး အွန်လိုင်း (Myanmar Rice On line My Ro) တွင် ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ (၃)ရက်နေ့မှစ၍ ဆန်တန်ချိန်(၂၅) နှင့် အထက် သိုလှောင်ရုံ (သို့မဟုတ်) စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် www.myro.com.mm တွင် မှတ်ပုံတင်ခြင်းလုပ်ငန်း များကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆန်များရောင်းချရာတွင် လစဉ်ထုတ်ပြန်သော သတ်မှတ်ရည်ညွှန်းဆန်စျေးများဖြင့် ရောင်းချရန်လိုအပ်ကြောင်း ကွင်းဆင်းအသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

တောင်ကြီးမြို့ပေါ်ရှိ Online Sale လျှောက်ထားသည့်လုပ်ငန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

      ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၂၇) ရက်နေ့၌ Online မှတစ်ဆင့် မှတ်ပုံတင်လျှောက်ထားသည့် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ သီရိမင်္ဂလာလမ်း၊ အမှတ်(၂/၁၈၇-ခ)ရှိ အော်ဒရီ အလှကုန်နှင့် လူသုံးကုန်ရောင်းဝယ်ရေးလုပ်ငန်း နှင့်  လမ်းမတော် ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရဲစခန်းတိုက်တန်း၊ အမှတ်(၄၀/၄၁)ရှိ နယူးစတားမျက်မှန်အရောင်းဆိုင် တို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     စစ်ဆေးရာတွင် Online မှတစ်ဆင့် မှတ်ပုံတင်လျှောက်ထားသည့် စာရွက်စာတမ်း များဖြစ်သော ပိုင်ရှင်၏ဓာတ်ပုံ၊ ဖုန်းနံပါတ်၊ လိပ်စာ၊ ရပ်ကွက်ထောက်ခံစာ၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်း ထောက်ခံစာများအား မြေပြင်တွင်တိုက်ဆိုင်စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃)ဖြင့် မည်သူမဆို Online စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကို ကုန်သွယ်ရေးဦးစီးဌာန၌ Online မှတ်ပုံတင်ခြင်းဆောင်ရွက်ရန်နှင့်  Online မှတ်ပုံတင် လက်မှတ်လျောက်ထားရာတွင် လိုက်နာဆောင်ရွက်ရမည့်သတ်မှတ်ချက်များနှင့် ပူးတွဲတင်ပြရမည့် အချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူမှလိုက်နာရမည့်တာဝန်များအား အသိပညာပေးဆွေး နွေးခဲ့ပါသည်။ ဆက်လက်၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်ပါက အရေးကြီးကုန်စည် နှင့်ဝန်ဆောင်မှုဥပဒေ  ပုဒ်မ ၅ အရ အရေးယူဆောင်ရွက်ခံရမည့် အချက်များအားလည်း ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ရှမ်း

ရှမ်းပြည်နယ်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့နှင့် စားသုံးဆီဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများမှ လက္ကား/လက်လီကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲကျင်းပ

       ရှမ်းပြည်နယ်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့နှင့် စားသုံးဆီဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများမှ လက္ကား/လက်လီကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ၂၅-၁၁-၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

      အခမ်းအနားတွင် ပြည်နယ်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် က အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးဆီများ ရောင်းချဖြန့်ဖြူးရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ကြရာမှာ လုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်မှန် ကန်ကန်နှင့် ဆောင်ရွက်ရမှာပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မမှန်မကန်လုပ်ဆောင်ခြင်းများ စစ်‌ဆေးတွေ့ရှိ ရပါကလည်း အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက် သွားမှာဖြစ်ကြောင်း သိရှိရပါသည်။ ဆက်လက်၍ ပြည်နယ်ဦးစီးမှူး ဦးရွှေဖြူက ရှမ်းပြည်နယ်အတွင်း စားသုံးဆီဖြန့်ဖြူးရောင်းချနေသော စားသုံးဆီ တန်(၈၀၀)ကို ကုမ္ပဏီ(၄)ခုမှ  ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိမြို့နယ် များတွင်လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်)ပိုင်းရှိ မြို့နယ်များတွင်လည်းကောင်း ရောင်းချဖြန့်ဖြူးလျက်ရှိရာ စားသုံးဆီများ ရောင်းချ ဖြန့်ဖြူးရာတွင် မှန်(၆)မှန်ဖြင့် ကိုက်ညီပြီး တိကျစွာ လိုက်နာဆောင်ရွက်ကြရန်နှင့် သတ်မှတ်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိသော လုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး အစည်းအဝေးအား နေ့လည်(၁၂) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

   DOCA (ရှမ်း)

ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ စက်မှုဇုန်ရှိ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေိဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ စက်မှုဇုန်တွင်  ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းရှင် (၅၂) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်းက စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင် ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Concumer Call Center NO 1535အကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်းပေးသည့် အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စား‌သောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင် (၅၂)ဦးအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရှမ်းပြည်နယ်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့ (၂/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

       ရှမ်းပြည်နယ်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့၏ (၂/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ၂၅-၁၁-၂၀၂၅ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

                  အစည်းအဝေးတွင် ပြည်နယ်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် က အဖွင့်အမှာစကားပြောကြားရာမှာ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ လစဉ်ခွဲဝေချပေးသော စားသုံးဆီများကို ပြည်နယ် အတွင်း ပြည့်ပြည့်ဝဝ ရောက်ရှိအောင်သယ်ယူရေး၊ ဖြန့်ဖြူးရောင်းချရာတွင်လည်း အခြေခံရည်ညွှန်းဈေးအပေါ်  ဒေသအလိုက် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထည့်ပေါင်း၍ တွက်ချက်ထားသော တစ်ပိဿာ ဈေးနှုန်းအပေါ်  (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ရောင်းချဖြန့်ဖြူးရေး၊ ရရှိသောစားသုံးဆီများ ကိုလည်း ပြည်သူထံသို့ မှန်ကန်စွာရောင်းချဖြန့်ဖြူးရေး၊ စားသုံးဆီဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့်ကိစ္စရပ်များကို ပြည်နယ်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။ ပြည်နယ်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရွှေဖြူက ယခုအချိန်ဟာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလည်း ကျင်းပပြုလုပ်ရန် ပြင်ဆင်နေဆဲကာလဖြစ်တဲ့အတွက် စားသုံးဆီဈေးနှုန်း တည်ငြိမ်ဖို့ မလိုလားအပ်တဲ့ အခက်အခဲပြဿနာများမဖြစ်ပေါ်ဖို့ ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့ဝင်များအနေဖြင့် ထိန်းသိမ်း ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ စားသုံးဆီဟာ လိုအပ်ချက်များတဲ့ အခြေခံစားကုန်ဖြစ်တဲ့အတွက် ဈေးနှုန်းတည်ငြိမ်ဖို့အရေးကြီးပြီး ရောင်းချဖြန့်ဖြူးရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ကြရာမှာ လုပ်ထုံး လုပ်နည်းများနှင့်အညီ မှန်မှန်ကန်ကန်နှင့် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မမှန်မကန်လုပ်ဆောင်ခြင်းများ စစ်‌ဆေးတွေ့ရှိရပါကလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး (၂/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးတွင် တင်ပြ အတည်ပြုချက်ရယူခဲ့သည့် အမှာစာ(၁၄)စောင်အား ဖတ်ကြားတင်ပြခဲ့ပြီး ပြည်နယ်စားသုံးဆီဖြန့်ဖြူးမှု ကြီးကြပ်ရေးအဖွဲ့၊ သက်ဆိုင်ရာအဖွဲ့ဝင်များမှ အတည်ပြုမှတ်တမ်းတင်ပြီး အစည်းအဝေးအား (၁၀:၃၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

တာချီလိတ်မြို့ပေါ်ရှိ ဆန်သိုလှောင်ရုံအား ကွင်းဆင်းစစ်ဆေးခြင်း

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးနှင့်ပူးပေါင်း၍ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ ဆန်သိုလှောင်ရုံအား ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေအနေနှင့် သိုလှောင်ရုံအရွယ်အစား၊ အမျိုးအစား၊ ဝင်ဆံ့ပမာဏနှင့် MyRo တွင် မှတ်ပုံတင်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာချီလိတ်မြို့၊ ဝိန်းကျောက် ရပ်ကွက်အတွင်းရှိ ဆန်သိုလှောင်ရုံတွင် ဧည့်မထဆန်နှင့် ပေါ်ဆန်းမွှေးဆန်များကို အဓိကသိုလှောင် ထားသည်ကို တွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးများမှ ဆန်သိုလှောင်ရုံပိုင်ရှင်အား သင့်တင့်မျှတ သောဈေးနှုန်းများဖြင့် ရောင်းဝယ်မှုပြုကြရန်၊ ဈေးကစားရန်အလို့ငှာသိုလှောင်ခြင်း များမပြုကြရန်၊ ဆန်တန်ချိန်(၂၅)ဆံ့သိုလှောင်ရုံများအား MyRo တွင်မှတ်ပုံတင်ရန် ကျန်ရှိသော ဆန်သိုလှောင်ရုံများအား မှတ်ပုံတင်ပြုလုပ်ရန်၊ မှတ်ပုံတင်ထားရှိသောသိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများအား Update ဖြည့်သွင်းနိုင်ရေးနှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသို့ ပြုစုပေးပို့တင်ပြရန်နှင့် MyRo တွင် မှတ်ပုံတင်ပြုလုပ်ပြီးသော သိုလှောင်ရုံများအနေဖြင့် မှတ်ပုံတင်သက်တမ်းကုန်ဆုံးပါက သက်တမ်း တိုးရန် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ

        ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီ အချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ မြို့မဈေးကြီး၊ ဈေးတာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သည့် ဈေးသူ/သား စုစုပေါင်း (၂၂) ဦး အား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ကာ ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

          ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည် နယ်ဦးစီးမှူးရုံးမှ ဦးအောင်လင်းဦး (ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းနှင့် ပတ်သက်၍ ဈေးသူ/သားများအား အသိပညာပေးဟောပြောခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး၏လုပ်ငန်းရှင်၏တာဝန်နှင့် ဝတ္တရားများ၊ ကုန်စည် တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ် အန္တရာယ်ဖြစ်စေနိုင်သည့်အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်း အမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားပြီး ထောက်ခံချက်ရှိသော အစားအစာနှင့် ထောက်ခံချက်မရှိသော အစားအစာများကို ပုံများနှင့်တကွ ပြသခဲ့ပါသည်။

          ယင်းနောက် သိကောင်းစရာများဖြစ်သော ဆိုးဆေး၊ ကြာရှည်ခံဖော်မလင်ဆေးနှင့် ဟင်းချိုမှုန့်၏ ကျန်းမာရေးဆိုင်ရာအန္တရာယ်ရှိမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ် ရေးအသိပညာပေးဟောပြောပွဲကို  (၁၂:၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့ပေါ်ရှိ ဆန်ဆိုင်နှင့်ဆန်စက်အား ကွင်းဆင်းစစ်ဆေးခြင်း

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေး ရာဦးစီးဌာနနှင့် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့သည် ကျိုင်းတုံမြို့၊ ရပ်ကွက်(၁/၄) အတွင်းရှိ ဆန်ဆိုင်များနှင့်ဆန်စက်တို့အား ‌ဆန်ဈေးကွက်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့်သိုလှောင်ထားခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုလုပ်စေရေးနှင့် သင့်တင့် မျှတသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ ရပ်ကွက်(၁) အတွင်းရှိ ဒေါ်လဲ့လဲ့စိုးဆန်ဆိုင်၊ အောင်ဆန်ဆိုင်၊ အာခါလေးဆန်ဆိုင်၊ ဒေါ်စိုးယုမော်ဆန်ဆိုင် ဦးဇော်မင်းဆန်ဆိုင်၊ ငွေယံဟိန်းဆန်ဆိုင်များတွင် ပေါ်ဆန်းမွှေးဆန်၊ ဧည့်မထဆန်နှင့် ဒေသဆန် များကို အဓိကရောင်းဝယ်မှုပြုကြသည်ကိုတွေ့ရှိရပြီး ပေါ်ဆန်းမွှေးဆန်များ ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို့နောက် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ဆန်ဆိုင် ပိုင်ရှင်များအား သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းဝယ်မှုပြုကြရန်၊ ဈေးကစားရန်အလို့ငှာ သိုလှောင်ခြင်းများမပြုကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ