Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လက်ဖက်နှင့်အကြော်စုံမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊     မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်) သည် (၁၀.၁၀.၂၀၂၅) ရက်နေ့ (၁၀:၀၀)အချိန်တွင် မိုးညှင်းမြို့၊ စိမ်းတောင်ရပ်ကွက်ရှိ လက်ဖက်နှင့် အကြော်စုံအမျိုးမျိုး ရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့ ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင် ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ပြည်လည်ရောင်းချခြင်းကိုဖြစ်စေ၊ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှု ပေးခြင်းကိုဖြစ်စေ၊ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့် သော်လည်းကောင်း ဆောင်ရွက်သူကို ဆိုလိုကြောင်း၊   စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့် စပ်လျဥ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ အရည်အသွေးစမ်းသပ်ရန် လိုအပ်သော ကုန်စည်နှင့်စပ်လျဥ်း၍ ဝယ်သူခြင်းမပြုမီ စားသုံးသူများကို စမ်းသပ်နိုင်သည့် အခွင့်အရေးပေးခြင်း၊ကုန်စည် သို့မဟုတ် ဝန်ဆောင် မှုနှင့်စပ်လျဥ်း၍ ထပ်မံပေးချေရမည့်တန်ဖိုးကို စားသုံးသူက ဝယ်ယူအသုံးမပြုမီ သိရှိစေရန်အတိအလင်း ဖော်ပြပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်စေမည့် ကုန်စည် သို့မဟုတ်  ဝန်ဆောင်မှုကို တိုက်ရိုက် ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို   ရှောင်ကြည်ခြင်း စသည့်အချက်များ၊ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးခြင်း၊ ကုန်ည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိသာထင်ရှားစွာ ဖော်ပြရမည့် အချက်များအား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

 

                                                                            

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်)သည် ၁၀.၁၀.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်ရှိ ဦးငွေဇင်အောင် ကုန်စုံဆိုင်သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

   ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Ve Ve အမှတ်တံဆိပ်ပါ မန်ကျည်းအချိုရည်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင် ဦးငွေဇင်အောင်အား  ကုန်အညွှန်းအမှတ် အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း မရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်ခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူတို့သည် ရပ်ကျေးအဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့၊ စက်မှုကြီးကြပ်ဌာနတို့နှင့်အတူ (၃-၁၀-၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀ )နာရီအချိန်တွင် ကျုံတနော်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် စားသုံးဆီ ဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်(၀)ဦးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         အဆိုပါဟောပြောပွဲတွင် ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုးက တက်ရောက်လာသည့် လုပ်ငန်းရှင်တို့အား စားသုံးဆီ (ဆီဘူး)များနှင့်ပတ်သက်၍ မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်အညွန်းအမှတ်အသားများနှင့်၊ FDA ထောက်ခံချက်ပါသော ဆီဘူးများကို ရောင်းချရန်နှင့် ကုန်စည်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် မြန်မာဘာသာဖြင့် ပြည့်စုံအောင်ဖော်ပြရမည်ဖြစ်ပြီး တရားမဝင်ကုန်စည်များကို ရောင်းခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ စီးပွားရေးလုပ်ငန်းရှင်တို့ လိုက်နာရမည့်တာဝန်၊ တားမြစ်ချက်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး)  သည် ၁၀.၁၀.၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက် အတွင်းရှိ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသော Char Char (စတိုး)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Lucky အမှတ်တံဆိပ်ပါ လပ်ကီးထောပတ်မရွေး တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့်ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး စတိုးဆိုင်ပိုင်ရှင် ဒေါ်ဆိုင်းလုလုမိုင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း မရောင်းချရန် အသိပညာ ပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါ သည်။

DOCA(ကချင်)

 

 

   မြစ်ကြီးနားခရိုင်စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦး‌ဇေယျာအောင်(ခရိုင်ဦးစီးမှူး) သည် ၁၀.၁၀.၂၀၂၅ ရက်နေ့ ၀၉:၀၀ နာရီ အချိန်၌ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်အတွင်းရှိ “Cafe-60 Tea House”၊ လုပ်ငန်းရှင် (၂)ဦး နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထိုသို့ဆွေးနွေးရာတွင် ဦး‌ဇေယျာအောင်(ခရိုင်ဦးစီးမှူး) က စားသုံးသူကာကွယ်ရေးပဒေပါ စီးပွားရေးလုပ်ငန်းရှင်နှင့်ဝန်ဆောင်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ ကုန်စည်/ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက် နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးဆီနှင့် ပတ်သက်၍ သတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအကြောင်း၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေနှင့်ပတ်သတ်သည့် အမိန့်ညွှန်ကြားချက်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိစေရန်နှင့် သက်ဆိုင်ရာ FDA ထောက်ခံချက်များပါရှိရန် လိုအပ်ကြောင်း၊ တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

 

ဖျာပုံမြို့နယ်အတွင်းရှိ “ပီတိသုခ”ဆေးဆိုင်အား Dumex Dupro အစစ်/ အတုများ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

         ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်မှူး ဦးစိုးမင်းထိုက်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဖျာပုံမြို့နယ်အတွင်းရှိ ပီတိသုခဆေးဆိုင်အား အောက်တိုဘာလ(၃)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် Dumex Dupro အစစ်/ အတုများ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဖျာပုံမြို့နယ်အတွင်းရှိ “ပီတိသုခ”ဆေးဆိုင်တွင် Dumex Dupro ထုတ်လုပ်သည့်ကုမ္ပဏီ၊ တင်သွင်းသည့် ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်များ ဖော်ပြခြင်းမရှိဘဲ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောကြောင့် တရားဝင်အခွန်အခများပေးသွင်း၍ ရောင်းချနေသူများအနေဖြင့် အကျိုးစီးပွား ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ပြီး ဈေးကွက်အတွင်းရောင်းချမှုရှိ/ မရှိ အားစစ်ဆေးခဲ့ရာ ၎င်း Dumex Dupro များ ရောင်းချခြင်းမရှိသဖြင့် ဆိုင်ရှင်အား အလားတူ အခြားတရားမဝင် ကုန်စည်များကိုလည်း ရောင်းချခြင်းမပြုရန်၊ တရားဝင်အခွန်အခပေးသွင်း၍ ရောင်းချနေသူများ ဆုံးရှုံးထိခိုက်နစ်နာမှုမရှိစေရန် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးရန်၊ တရားမဝင်ကုန်စည်များ ရောင်းချပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (၉.၁၀.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် အမှတ်(၈)၊ မြင့်မိုရ်လမ်း၊ ဈေးကုန်း အနောက် ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ “ဒေါ်ချိုချို”ကလေးကစားစရာပစ္စည်းများ ရောင်းချသည့် လုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့် အချက် (၁၈)ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့်ပတ်သက်၍လည်းကောင်း၊ တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(ရန်ကုန်)

 

ဖျာပုံမြို့နယ်အတွင်းရှိ “ထာဝရ”ဆေးဆိုင်အား Dumex Dupro အစစ်/ အတုများ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

         ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်မှူး ဦးစိုးမင်းထိုက်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ဖျာပုံမြို့နယ်အတွင်းရှိ ထာဝရဆေးဆိုင်အား အောက်တိုဘာလ(၃)ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် Dumex Dupro အစစ်/ အတုများ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဖျာပုံမြို့နယ်အတွင်းရှိ “ထာဝရ”ဆေးဆိုင်တွင် Dumex Dupro ထုတ်လုပ်သည့်ကုမ္ပဏီ၊ တင်သွင်းသည့် ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်များ ဖော်ပြခြင်းမရှိဘဲ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောကြောင့် တရားဝင်အခွန်အခများပေးသွင်း၍ ရောင်းချနေသူများအနေဖြင့် အကျိုးစီးပွား ထိခိုက်နစ်နာ မှုမရှိစေရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ပြီး ဈေးကွက်အတွင်းရောင်းချမှုရှိ/ မရှိ အားစစ်ဆေးခဲ့ရာ ၎င်း Dumex Dupro များ ရောင်းချခြင်းမရှိသဖြင့် ဆိုင်ရှင်အား အလားတူ အခြားတရားမဝင် ကုန်စည်များကိုလည်း ရောင်းချခြင်းမပြုရန်၊ တရားဝင်အခွန်အခပေးသွင်း၍ ရောင်းချနေသူများ ဆုံးရှုံးထိခိုက်နစ်နာမှုမရှိစေရန် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးရန်၊ တရားမဝင်ကုန်စည်များ ရောင်းချပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဇွန်နှင့်မွန်အလှပစုဝေးရာလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး

  (၉.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံး၊ လှည်းကူးမြို့နယ်တာဝန်ခံ ဦးထွန်းထွန်းဦးသည် အုန်းနှဲကုန်းကျေးရွာ၊ ဒရယ်ဘို ကျေးရွာ၊ လှည်းကူးမြို့နယ်ရှိ ဇွန်နှင့်မွန်အလှပစုဝေးရာလုပ်ငန်း အား မြေပြင်ကွင်းဆင်း စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဦးထွန်းထွန်းဦး၊ ဒုကြီးကြပ်ရေးမှူးမှ  လုပ်ငန်းရှင်ဖြစ်သူနှင့် တွေ့ဆုံကာ အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းသည် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်းဆွေးနွေးပြီး အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းကို Online မှတ်ပုံတင် လျှောက်ထားစဉ်က အချက်အလက်များကို မြေပြင် စစ်ဆေးချက်(၁၈)ချက်နှင့်ကိုက်ညီမှုရှိ/မရှိ DOCA Application တွင်ထည့်၍ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဈေးများအလိုက် ရောင်းချလျက်ရှိသော လူသုံးကုန်၊ စားသောက်ကုန်များအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (၉.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၅၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်အတွင်းရှိ ဈေးများအလိုက် ရောင်းချလျက်ရှိသော လူသုံးကုန်၊ စားသောက်ကုန်များအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများဖြစ်သော လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများ မေးမြန်းခဲ့ပြီး စားသုံးသူများဘေးအန္တရာယ်ကင်းစေရေးအတွက် လူသုံးကုန်၊ စားသောက် ကုန်အမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)တွင် ပြဌာန်းထားသည့်အတိုင်း ကုန် အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါ၊ မပါနှင့်တင်သွင်းသည့်ကုမ္ပဏီလိပ်စာများကို စစ်ဆေးပြီး ရောင်းချသူလုပ်ငန်းရှင်များအား ကုန်အညွှန်း အမှတ်အသားပြည့်စုံသော ကုန်စည်များကိုသာလျှင် ရောင်းချရန်နှင့် စားသုံးသူဘေးအန္တရာယ်ကင်း သည့်ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ