Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံ၊မုန့်မျိုးစုံ၊အလှကုန်ရောင်းချသော လုပ်ငန်းရှင်များအား စားသုံးသူသိပညာပေးဟောပြောဆွေးနွေး

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဝါးခယ်မမြို့နယ်တာဝန်ခံဦးအောင်မိုးသည် (၁၀.၁၁.၂၀၂၅) ရက်နေ့ နေ့လည်(၃;၃၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံရုံးတွင် ကုန်မျိုးစုံ၊ မုန့်မျိုးစုံ၊အလှကုန်ရောင်းချသောလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင် ရွက်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံမှ တက်ရောက်လာသော  ကုန်မျိုးစုံ၊ မုန့်မျိုးစုံ၊အလှကုန် ရောင်းချသောလုပ်ငန်းရှင်များအား   မိတ်ဆက်စကားပြောကြားပြီး၊ ဌာန၏လုပ်ငန်းတာဝန်များ၊ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားခဲ့ပါသည်၊ ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းအမျိုးအစားအလိုက် သတ်မှတ် ချက်များနှင့်အညီ ပုဒ်မ-၄၃ ပါမည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထက်ဌာနများမှထုတ်ပြန်ထားသော ဥပဒေ  ညွှန်ကြားချက် များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး၊  ကုန်မျိုးစုံရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် သိရှိလိုသည် မေးမြန်းချက် များအား ပြန်လည်ဆွေးနွေးရှင်းလင်းခဲ့ပါသည်၊ ဟောပြောပွဲသို့ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင် (၁၀)ဦးတက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်ရုံးတွင် စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူသိပညာပေးဟောပြောဆွေးနွေး

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဦးစီးမှူးဦးစံကြည်သည် (၁၁.၁၁.၂၀၂၅)ရက်နေ့ မွန်းလွှဲ(၁၃;၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ရုံးတွင် စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူ အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ တက်ရောက်လာသော  စားသုံးဆီလုပ်ငန်း ရှင်များအား  မိတ်ဆက်စကားပြောကြားပြီး၊ ဌာန၏လုပ်ငန်းတာဝန်များ၊ ရှေ့ဆက် ဆောင်ရွက် ရမည့် လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားခဲ့ပါသည်၊ ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှပြစ်ဒဏ်များ၊ ညွှန်ကြားချက်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးဆီလုပ်ငန်းရှင်များအနေဖြင့် စားသုံးဆီများအား ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး  ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆီရောင်းချသည့်စရင်းများ မှန်ကန်စွာပြုလုပ်ကြရန် စားသုံးဆီလုပ်ငန်းရှင်များအား အသိပေးဆွေးနွေးဟောပြောခဲ့ပါသည်၊ ဟောပြောပွဲသို့ စားသုံးဆီလုပ်ငန်းရှင်(၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားသို့ Virtual ဖြင့်တက်ရောက်

     ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ၁၀ ရက်၊နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြား ရေးမှူး ဦးခမ်လျန်စွမ်း ဦးဆောင်ကျင်းပပြုလုပ်သည့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို ကန့်ဘလူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများက Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးတွင် တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးခမ်လျန်စွမ်းမှ အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အသိပညာပေးခြင်း၊ လုပ်ငန်း ရှင်တွေ့ဆုံခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် တိုင်ကြားမှုများကို ဖြေရှင်းဆောင်ရွက်ခြင်း တို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်လိုကြောင်း၊ သတင်းဆောင်းပါးရေးသားခြင်းကိုလည်း အရှိန် အဟုန်ဖြင့် ဆက်လက်ရေးသားကြစေလိုကြောင်း၊ ဝန်ထမ်းများအားလုံး ကျန်းမာရေးနှင့် လုံခြုံရေးအား အထူးဂရုစိုက်ကြရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဇင်မာဦးက ယခင်လအစည်းအဝေးဆုံဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးနှင့်ဆောင်ရွက်ရန် ကျန်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးရုံးများမှ အလှည့်ကျမိမိတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဦးစီးမှူးမှ နိဂုံးချုပ်အမှာစကားပြောကြားကာ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို (၁၅:၁၅)နာရီတွင်ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

 

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ မြို့မဈေးရှိ ၊ဆေးဆိုင်များတွင် ရောင်းချနေသောကလေး အသုံးအဆောင်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊   မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်  တာဝန်ခံဒေါ်ဇင်မာသန်းသည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၀.၁၁.၂၀၂၅)ရက်နေ့၊နေ့လည်(၁၃;၀၀)နာရီက အိမ်မဲမြို့နယ်မြို့မဈေးရှိ ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော ကလေးအသုံးအဆောင်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ အိမ်မဲမြို့၊ မြို့မဈေးရှိ  ဆေးဆိုင် များတွင် ရောင်းချနေသော ကလေးအသုံးအဆောင်ပစ္စည်းများBaby kEN၊ဒိုက်ဘာများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသားဖော်ပြ ရမည်ဖြစ်ပြီး၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြ ထားမှုရှိ/မရှိ၊ ဌာနမှဈေးကွက် စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေး ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

“အပြောင်”ကျေးရွာရှိ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် စာသုံးဆီဖြန့်ဖြူး ရောင်းချနိုင်ရေးအတွက် ကျေးရွာဆီကော်မတီအဖွဲ့ဝင်များအား ဆွေးနွေးပြောကြား

            ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက “အပြောင်”ကျေးရွာရှိ စားအုန်းဆီ ကော်မတီ အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

          အဆိုပါတွေ့ဆုံပြောကြားရာတွင် “အပြောင်” ကျေးရွာရှိ ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်   ကျေးရွာအတွင်း ရှိအိမ်ထောင်စုဝင်အားလုံး စားသုံးဆီရရှိစေ‌ရေး၊  သတ်မှတ်ညွှန်ကြားပေးသော ဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးနှင့် ပြည်သူများထံသို့ရောင်းချနေမှုတို့အား ဓာတ်ပုံမှတ်တမ်းများ ပေးပို့ရန်ပြောကြားခဲ့ပြီး “အပြောင်”ကျေးရွာရှိ  စားသုံးဆီ ကော်မတီအဖွဲ့ဝင်များအား လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အောင်သပြေဈေးရှိ ၊ဆေးဆိုင်နှင့် အလှကုန်ဆိုင်များတွင် ရောင်းချနေသောကလေး အသုံးအဆောင်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

  ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊   မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်  တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်း၍ (၁၀.၁၁.၂၀၂၅)ရက်နေ့၊ နေ့လည်(၁၃:၃၀) နာရီက ဝါးခယ်မမြို့ အောင်သပြေဈေးရှိ ဆေးဆိုင်နှင့်အလှကုန်ဆိုင်များတွင် ရောင်းချလျက်ရှိသော ကလေးအသုံးအဆောင်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ဝါးခယ်မမြို့၊ အောင်သပြေဈေးရှိ  ဆေးဆိုင်နှင့် အလှကုန်ဆိုင်များတွင် ရောင်းချနေသော ကလေးအသုံးအဆောင် ပစ္စည်းများ BBy.mildပေါင်ဒါ၊ဒိုက်ဘာများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသားဖော်ပြ ရမည်ဖြစ်ပြီး၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြ ထားမှုရှိ/မရှိ၊ ဌာနမှဈေးကွက် စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေး ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ် အ မ က စံကျောင်း ကျောင်းတွင်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည်ပြန်/ ဆက်ဦးစီးဌာနနှင့် အတူပူးပေါင်း၍၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင်(၄)ရက်ကွက်ရှိ အ.မ.က စံကျောင်းတွင် ဆရာ/ဆရာမ(၁၁)ဦးနှင့်ကျောင်းသား/သူ(၁၅၀)ဦးစုစုပေါင်း(၁၆၁)ဦးအားစားသုံးသူကာကွယ် ရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

            ထိုဟောပြောပွဲတွင် ပြန်ဆက်ဦးစီးမှူးမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်နည်း(၃)နည်းအကြောင်း အသိပညာပေးဗဟုသုတများ ဟောပြောပြီး စားသုံးသူရေးရာမြို့နယ်ဦးစီးမှူးမှ ဆိုးဆေးပါသောအစားအသောက်များနှင့် သက်တမ်းကုန်အစားအသောက်များအကြောင်းနှင့် အခန်း(၁၈)ပါကုန်အညွှန်းအမှတ်တံဆိပ်ပါသောအစား အသောက်များကို ကျောင်းသား/သူများအားလုံး ရွေးချယ်ဝယ်ယူစားသောက်ကြရန် နမူနာများပြသပြီး အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီရောင်းချပေးနေသည့် လက်လီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

    စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက် နံနက်(၀၈:၀၀)နာရီအချိန်တွင် ကန့်ဘလူ မြို့နယ် ဆီကိုယ်စားလှယ်မှ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ခရိုင်စုပေါင်းရုံး၌ နိုင်ငံ့ဝန်ထမ်းများကို စားအုန်းဆီ လက်လီရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

        မြို့နယ်တာဝန်ခံမှ စားအုန်းဆီ လက်လီအရောင်းဆိုင်အား  ကွင်းဆင်းစစ်ဆေးရာတွင် အချိန် အတွယ်မှန်ကန်မှုရှိ/မရှိ၊ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် စားအုန်းဆီအရည်အသွေးတို့ အား မှန်ကန်ပြည့်ဝမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ်ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အ မြတ်တို့ဖြင့် လက်လီအရောင်းဆိုင်များမှတဆင့်  နိုင်ငံ့ဝန်ထမ်းတစ်ဦးလျှင် (၁)ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။    

DOCA(စစ်ကိုင်း)

 

ဆီထုတ်ကိုယ်စားလှယ်၏ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းတွင် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ဆီကိုယ်စားလှယ်၏မန္တလေးမြို့ရှိ စားအုန်းဆီကုမ္ပဏီ(M.G.N.D)မှ ခွဲတမ်းရစားသုံးဆီ(၁၅)ပေပါ(သို့) (၁၆၅၀)ပိဿာရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကန့်ဘလူမြို့နယ် ဆီထုတ်ကိုယ်စားလှယ်က ခွဲတမ်းရရှိ လာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ ဖြန့်ခွဲရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီအရောင်း ဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ခွဲတမ်းရရှိသော စားအုန်းဆီလက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြင်းခြံကုန်စည်ဒိုင်သို့လယ်ယာထွက်ကုန်သီးနှံများ၏ ဈေးနှုန်းဈေးကွက်အခြေနေများအားကွင်းဆင်းခြင်း

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ မြင်းခြံခရိုင် ဦးစီးမှူး ဦးသန်းစိုး ဦးဆောင်မှုဖြင့် ဝန်ထမ်းများက (၆.၁၁.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်၌ အမှတ်(၁၃)ရက်ကွက်ရှိ မြင်းခြံခရိုင်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (MDCCI) အသင်းသို့ သွားရောက်ကွင်းဆင်းခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးကျော်ရှိန် ဒု-ဥက္ကဌ က အသင်းသားများအနေဖြင့် ကုန်စည်ဒိုင်၏ စည်းမျဉ်းစည်းကမ်းများအတိုင်း  သီးနှံများအရောင်းအဝယ်ပြုလုပ်ကြကြောင်း၊ ယခုအချိန်တွင် မိုးမြေပဲ၊ မိုးနှမ်းညိုနှင့် နွေကြက်သွန်နီအဟောင်းများကိုသာ နေ့စဉ်အရောင်းအဝယ် ပြုလုပ်ကြကြောင်း၊ ယခင်နှစ်ထွက်ရှိသော ပဲ‌ဟောင်း (ပဲစဉ်းငုံ၊ ပဲပုပ်၊ ကုလားပဲ V2၊ V7နှင့်929) များမှာ ဈေးကွက်တွင် အိတ်လက်ကျန်များ လျော့နည်းလာပြီဖြစ်၍ အရောင်းအဝယ်နည်းလာပြီ ဖြစ်ကြောင်း၊ ၂၀၂၆ခုနှစ်၊ မတ်လတွင် ပဲအသစ်များထွက်ပေါ်မည်ဖြစ်ကြောင်း စသည့်အခြေအနေများနှင့် ကုန်စည်ဒိုင်အတွင်းရှိ ငွေခြင်္သေ့ပွဲရုံနှင့်နဝရတ်ပွဲရုံများသို့ ကွင်းဆင်းခဲ့ပြီး လယ်ယာထွက်ကုန် သီးနှံများ၏ဈေးနှုန်း၊ ဈေးကွက်နှင့်တင်ပို့မှုအခြေအနေများ၊ နေ့စဉ်အိတ်အရောင်းအဝယ် ဖြစ်မှုအခြေအနေနှင့် အိတ်လက်ကျန်အခြေအနေများအား မေးမြန်းတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ