Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင် မြောင်းမြမြို့နယ်၊ ညောင်ပင်ကြီးဈေးရှိ လက်လီ/ လက္ကား ဆန်အရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်  မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦး သည် (၁၁.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ညောင်ပင်ကြီးဈေးရှိ ဆန်လက်လီ လက္ကား အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ လက််လီ၊ လက္ကား ရောင်းချနေသော ဆိုင်ရှင်များအား ဆန်ဈေးနှုန်းကြီးမြင့်နေမှုကို ဆိုင်ရှင်များအနေဖြင့် စားသုံးသူ ပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်း ချခြင်းမပြုကြရန် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချပေးရန်၊ ဆန်ဈေးနှုန်းများကို အများ ပြည်သူမြင်သာသောနေရာတွင် မြင်သာသောအရွယ်အစားဖြင့် ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ ဆန်စပါးသိုလှောင်မှု အနေဖြင့် မြန်မာ့ဆန်စပါး အွန်လိုင်း Myanmar Rice Online (MyRO) တွင် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူ ရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်တွင် စားသုံးသူပြည်သူများအား ဆီရောင်းချဖြန့်ဖြူးခြင်း လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်း ဆီပေပါထုတ်ယူမှု လုပ်ငန်းအခက်အခဲများ ကြန့်ကြာမှုမရှိစေရန် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မအူပင်ခရိုင်/ မြို့နယ်အတွက် လုပ်ငန်းအမျိုးအစားအလိုက် ဆီပေပါခွဲတမ်းများ အောက်တိုဘာလ ရရှိနိုင်မှုနှင့် နိုဝင်ဘာလ လျာထားချက်များကို စိစစ်ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် အောက်တိုဘာလအတွက် လုပ်ငန်းဆောင်ရွက်မှုများကို သတ်မှတ်ချက်များနှင့် အညီ ဆက်လက်ဆောင်ရွက်နိုင်ရန်၊ မအူပင်အနေဖြင့် မြို့နယ်အလိုက် ဆီထုတ်ယူရမည့် အရေအတွက်ပေပါ အောက်တိုဘာလအတွက် လူဦးရေ ၁၀၁ဦးတွင် ဆီပိဿာ ၁၂၄၃၀ပိဿာ ၂၀.၂၉ တန်  ပေပါ ၁၁၃ ကို Central Myanmar International Tradingကုမ္ပဏီ ၊  Myanmar Top Notch ကုမ္ပဏီ၊  Resources Group Trading ကုမ္ပဏီတို့မှ (၂)ကြိမ် ထုတ်ယူရရျိပြီး  သတ်မှတ်ရက်အတွင်း ဆီရောက်ရှိမှုအပေါ်  ငွေပေးချေ၍ စနစ်တကျထုတ်ယူခဲ့ပြီး ဖြန့်ဖြူးခွဲဝေမှုများကို အမှန်တကယ်နေရာများသို့ ထုတ်ပေးမှုများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး  နိုဝင်ဘာလ ခွဲတမ်းရရျိမှုအပေါ် စာရင်းများစိစစ်ပြုစု၍ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်ဆေးဆိုင်လုပ်ငန်းများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိမရှိ ကွင်းဆင်းစိစစ်

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးသည်  (၁၀.၁၁.၂၀၂၅) ရက်နေ့လည် (၁၂:၀၀)နာရီက မြောင်းမြခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသော ဆေးပညာအသိပညာပေးဟောပြောတွင် ကုန်အညွှန်းအမှတ်အသားရှင်းလင်းခြင်း၊ အွန်လိုင်းshoppingနှင့် ပတ်သတ်သည့် အကြောင်းအရာများအား ဟောပြောဆွေးနွေးခဲ့ပါ သည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်ဦးစီးမှူးမှ ဆေးဆိုင် များတွင်ရောင်းချနေသော   ဆေးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြမှု ရှိမှသာရောင်းချကြရန်၊ ဆိုင်ပိုင်ရှင်များအား  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့် အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊တားမြစ်ချက်များ၊ ဥပဒေ အခန်း (၂၄)ပါ ပြစ်မှုပြစ်ဒါဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ မိမိတို့ ရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ အွန်လိုင်းshoppingနှင့်သတ်ပတ်၍ မှတ်ပုံတင်ခြင်းအစရှိသိများအား ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

ညောင်တုန်းမြို့နယ် အောက်တိုဘာလ လုပ်ငန်းသုံးဆီများ ထုတ်ယူပြီးစီးမှူနှင့် နိုဝင်ဘာလအတွက် ဆီခွဲတမ်းမတျား အမှန်တကယ်ရရှိနိုင်ရေး စီစစ်တင်ပြဆောင်ရွက်လျက်ရှိ

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အနေဖြင့် အောက်တိုဘာလ လုပ်ငန်းအမျိုးအစားအလိုက် စားအုန်းဆီရရှိမှုများကို ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး  ညောင်တုန်းမြို့နယ်အနေဖြင့်  ဆီကိုယ်စားလှယ်၏ ရန်ကုန်တိုင်းဒေသကြီးရှိ စားအုန်းဆီကုမ္ပဏီမှ ၃ခုမှ တဆင့် ပုသိမ်မြို့မှ စနစ်တကျခွဲဝေပြီး အောက်တိုဘာလ၏  ၃ကြိမ် ခွဲတမ်းရရှိပြီး လုပ်ငန်းရှင် ၁၄၅ဦးရှိပြီး ၁၇၈၂၀ ပိဿာ စုစုပေါင်း ခွဲတမ်းရစားသုံးဆီ(၁၆၂)ပေပါ တန်အားဖြင့် (၂၉.၀၉)တန် ရောက်ရှိမှုအား သတ်မှတ်ရက်အတွင်း ရောက်ရှိမှုအပေါ် စနစ်တကျထုတ်ယူပြီး ဖြန့်ဖြူးရောင်းချရန် အမှန်တကယ်နေရာများ ရောင်းရှိမှုရှိစေရေးကို  စိစစ်ကြပ်မတ် စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များထံ ရောက်ရှိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ၂၀၂၅ခုနှစ် နိုဝင်ဘာလအတွက် ရရှိရန် လုပ်ငန်းသုံးဆီအမျိုးအစားအလိုက် တင်ပြဆောင်ရွက်ရမည့် စာရင်းများကို ကိုယ်စားလှယ်များ၊ လိုအပ်ချက်လုပ်ငန်းများအတွက် တင်ပြလျောက်ထားသူများရှိ/မရှိနှင့် သတ်မှတ်နေရာများ အမှန်တကယ်ရရှိနိုင်ရေး မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်ပြီး ခရိုင်ဦးစီးမှူးရုံးသို့ တင်ပြတောင်းခံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ပန်းတနော် မြို့နယ် ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၇.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပန်းတနော်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်(၆)ဆိုင်အား   မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်‌ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/ မရှိတို့ကို မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်မှ လစဉ် စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး၊  အိမ်သုံးဆေးဝါများ ဈေးကွက်အတွင်း ပြတ်လပ်မှုရှိ/ မရှိ၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှု ခံယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများကို ရောင်းချခြင်းမပြုရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည် အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကိုလည်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မအူပင်မြို့နယ် ဆေးဆိုင်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ မအူပင်မြို့နယ်၊ မြို့ပေါ်ရှိ ဆေးဆိုင်(၁၄)ဆိုင်အား ဆေးဝါးရောင်းချခွင့်လိုင်စင်မရှိဘဲ ရောင်းချနေခြင်းရှိ/ မရှိစစ်ဆေးခြင်းနှင့် သတ်မှတ်ချက်များနှင့် အညီရောင်းချခြင်းရှိ/မရှိကို (၇.၁၁.၂၀၂၀)ရက်နေ့ ‌နံနက်ပိုင်း တွင် ကွင်းဆင်းစစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           စစ်ဆေးဆောင်ရွက်ရာတွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများက လိုက်ပါဆောင်ရွက်ခဲ့ပြီး  စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) ထုတ်ပြန်ချက်နှင့် ကိုက်ညီမှုရှိ/မရှိ၊ ဆေးထုတ်လုပ်ရောင်းချမှုကို စစ်ဆေးခြင်း၊ မြို့နယ်အတွင်း ဈေးဝါးရောင်းချနေမှုနှင့် ဆေးများပြတ်လပ်မှုရှိ/ မရှိကိုစစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါအ တားမြစ်ချက် ပုဒ်မ ၆၇  စီးပွားရေးလုပ်ငန်းရှင်သည် ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း (သို့မဟုတ်) ရောင်းချခြင်းမပြုရန် (က) ပုဒ်မ (၄၁)အရ ကုန်အညွှန်း အမှတ်အသား ဖော်ပြထားသည့် အချက်အလက်များနှင့် ကိုက်ညီမှုမရှိသော ကုန်စည်များကို ရောင်းချမှုမပြုရန် အသိပေးပြောကြားခဲ့ပြီး၊  အများပြည်သူများအား လုံခြုံစိတ်ချရသော ဆေးဝါးများရရှိနိုင်ရန် သက်တမ်းလွန်ဆေးဝါးများ၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်မရှိ သောဆေးဝါးများ မရောင်းချစေရန်နှင့် ကောင်းမွန်သောဆေးဝါးထားသိုမှုနှင့်ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ် (GPP)နှင့်အညီ ရောင်းချစေရန် ကြီးကြပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ညောင်တုန်းမြို့နယ် တူးချောင်း မူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးနှင့်  ဝန်ထမ်းများသည် ညောင်တုန်းမြို့၊ တူးချောင်း မူလတန်းကျောင်း၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို (၇-၁၁၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

      အဆိုပါဟောပြောပွဲတွင်  စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင်မှ စားသုံးသူကာကွယ်ရေး ဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍  အသိပညာပေးခြင်း စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စားသုံးသူ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့်ဝတ္တရားများ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သည့် ဆရာမ (၃)ဦးနှင့်ကျောင်းသား၊ ကျောင်းသူ (၄၀)ဦး စုစုပေါင်း (၄၃) ဦးအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ကာ ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် အ.ထ.က ၃ ကျောင်းမုန့်ဆေးတန်း ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်မှ ဒေါ်တင်တင်အေး ဒုဦးစီးမှူးနှင့် ဝန်ထမ်းများသည် မအူပင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၃) ကျောင်း ကမ်းနားလမ်းရှိ ကျောင်းမုန့်ဈေးတန်း အရောင်းဆိုင်များသို့ သွားရောက်၍ ၇-၁၁-၂၀၂၅နေ့  နံနက်(၀၈း၀၀)နာရီအချိန်တွင် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော စားသောက်ကုန်များတွင်၊ မုန့်များတွင်  မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိမှုရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ထိုသို့စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးဆိုင် ၇ဆိုင်အား  ကွင်းဆင်းစစ်ရေးရာတွင် ကျောင်းမုန့်ဈေးရောင်းချသူများအနေဖြင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရှိစေရေး  မိမိတို့ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိသည့် ကုန်စည်များကို သာရောင်းချရန်၊ သက်ဆိုင်ရာဌာနမှ ထုတ်လုပ်ခွင့်ပြုချက်ပါရှိသော ကုန်စည်နှင့် သန့်ရှင်းလတ်ဆက်သည့် ကုန်စည်များကိုသာ ရောင်းချရန်၊ ရောင်းချသူ လုပ်ငန်းရှင်များ ကျန်းမာရေးထောက်ခံချက်များ စစ်ဆေးဆောင်ရွက်ပြီး၊ မုန့်ဆိုင်ပတ်ဝန်ကျင်သန့်ရှင်းရေးနှင့် ကျန်းမာရေးနှင့် ညီညွှတ်သော စားသောက်ကုန်များကိုရောင်းချရန်တို့ကို အသိပညာပေး၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) နေပြည်တော်တွင် ကျင်းပပြုလုပ်သော သက်ပြည့်ပင်စင်ခံစားမည့်DDG အားနှုတ်ဆက်ဂုဏ်ပြုပွဲ နှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) အခမ်းအနားသို့ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ(Virtual)စနစ်ဖြင့် တက်ရောက်ခြင်း

     ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့  နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန (ရုံးချုပ်) နေပြည်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် သက်ပြည့်ပင်စင်ခံစားမည့် DDG အား နှုတ်ဆက်ဂုဏ်ပြုပွဲနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အခမ်းအနားသို့ ကန့်ဘလူခရိုင် စားသုံးသူရေးရာဦးစီးဌာန အမှုထမ်းများမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

       အဆိုပါအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် အသိသတိဖြင့် နေထိုင်ကြရန် ဝန်ထမ်းကျင့် ဝတ်အပါး ၊ (၃၀)အား ခါးဝတ်ပုဆိုကဲ့သို့ မြဲမြန်စွာထိန်းသိမ်းကြရန် ဝန်ထမ်းများဖြစ်သည့် အတွက် ပါတီနိုင်ငံရေး ကင်းရှင်းစွာ နေထိုင်ကြရန်နှင့် ဝန်ကြီး/ ဒုဝန်ကြီးတို့၏ အရေးကြီးသည့် လမ်းညွန်အမှာစကား များပြောကြားခြင်း၊ ဝန်ထမ်းများအနေဖြင့် Online မေးခွန်းများ ဖြေဆိုကြရန် နှင့် Thursday Talk များ လစဉ်ဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး    တိုင်းဒေသကြီး/ ပြည်နယ်များ အလိုက် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) တင်ပြချက်များ ဆွေးနွေးချက်များ ဆောင်ရွက်ခဲ့ပြီး သက်ပြည်ပင်စင်ခံစားမည့် DDG မှ နှုတ်ခွန်းဆက်စကားအနေဖြင့်   မိမိ၏ ဇာတိ ဒေသများအကြောင်း ဝန်ထမ်းဘဝ၏ အတွေ့အကြုံများနှင့် အမှတ်တရစကားများ အနေဖြင့် ပုံပြင် နှင့် ဓမ္မစကားများဖြင့် မျှဝေပြီး ဝန်ထမ်းများအတွက် ဆုတောင်းစကားများ ပြောကြားခဲ့ပါသည်။

      ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး သက်ပြည့်ပင်စင်ခံစားမည့် DDG အား နှုတ်ဆက်လက်ဆောင်များပေးအပ်ပြီး  သက်ပြည့်ပင်စင်ခံစားမည့် DDG အား နှုတ်ဆက် ဂုဏ်ပြုပွဲနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အခမ်းအနား အောင်မြင်စွာပြီးမြောက်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ညောင်တုန်းမြို့နယ်၏ သိုလှောင်ရုံမှတ်ပုံတင် လုပ်ငန်းများ၏ အောက်တိုဘာလ စပါး/ဆန် လက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်‌ဆေးခြင်း

          မအူပင်ခရိုင်၊‌ ညောင်တုန်းမြို့နယ်တွင် သိုလှောင်ရုံ မှတ်ပုံတင်ပြီး လုပ်ငန်း ၇၅ ခုရှိပြီး သက်တမ်းတိုးလုပ်ငန်းများကို တစ်နှစ်ပြည်မီသူလုပ်ငန်းရှင်များ သက်တမ်းတိုးဆောင်ရွက်လျက်ရှိသည်။ ၁၀-၁၁-၂၀၂၅ ရက်နေ့ မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ ညောင်တုန်းမြို့နယ်မှ ကွင်းဆင်း၍ စပါးဆန် လက်ကျန်စားရင်းများကို အဖွဲ့စုံဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးပြီး တင်ပြလာသောစာရင်းများ အရသိရသည်။

          ညောင်တုန်းမြို့နယ် အနေဖြင့် ဆန်တန်ချိန် (၂၅) (၅၀၀ အိတ်) နှင့်စပါးတင်း (၂၅၀၀) အထက်သိုလှောင်မှုပမာဏကို မှတ်ပုံတင်မည့်ရမည်ဖြစ်သဖြင့် Myanmar Rice Online (MyRO) Website တွင် ဆန်စပါးသိုလှောင်ရုံများ စတင်မှတ်ပုံတင်လျက်ရှိ သက်တမ်းပြည်မီသူ လုပ်ငန်းရှင်များကလည်း သက်တမ်းတိုးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီးဖြစ်သလို လစဉ် လဆန်း ၇ရက်အတွင်း သိုလှောင်ရုံများမှ စပါး၊ ဆန် လက်ကျန်စာရင်များကိုလည်း လုပ်ငန်းများကိုယ်တိုင် My Ro စာရင်းရေးသွင်းဆောင်ရွက်နိုင်ရန် မြို့နယ်ဦးစီးမှူးရုံးမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာလများထဲတွင် မြေပြင်အမှန်တကယ်သိုလှောင်မှု အခြေအနေများကို အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး စာရင်းများအရ အောက်တိုဘာလ ၃၁ရက် နောက်ဆုံးစာရင်းအရ စပါးအနေဖြင့် တောင်သူ ၅၁၈၅၀၈ တင်း၊ ဆန် ၆၄၂၀အိတ်၊ ကုန်သည် စပါး ၁၀၅၁၅၀တင်း၊ ဆန် ၆၀၀၀အိတ်၊ ဆန် စက်ပိုင်ရှင်  ၁၁၅၀၄၀၀ တင်း၊ ဆန် ၆၉၄၇၄၀အိတ်၊ ဆန်ဆိုင် ဆန်အိတ် ၁-၆၂၀အိတ်၊ စုစုပေါင်း စပါး ၁၇၇၄၀၅၈တင်းနှင့် ဆန်ရှိကြောင်း သိရပြီး အောက်တိုဘာလကုန် နောက်ဆုံးစာရင်း မြေပြင်ကွင်းဆင်းမှုအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ