Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မင်းဘူးမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ မင်းဘူးမြို့နယ် တာဝန်ခံသည် စားသုံးသူကာကွယ်ရေးဦးစာပေးဆောင်ပုဒ်နှင့်အညီ စားသုံးသူအခွင့်အရေးများသိရှိပြီး ရယူတောင်းဆိုတတ်စေရေးနှင့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကိုဝယ်ယူအသုံးပြုရာတွင် နစ်နာ ဆုံးရှုံးမှုမရှိစေရေး၊ လိုက်နာရမည့်တာဝန်များကိုသိရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ရည် ရွယ်ချက်များသိရှိစေရန် ရည်ရွယ်၍ (၁၀.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးကော်မတီခန်းမ၌ ကျင်းပပြုလုပ်သော လပိတ်လုပ်ငန်းညှိအစည်းအဝေး  အခမ်းအနားတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲတွင် မင်းဘူးမြို့နယ်တာဝန်ခံမှဌာန၏ သမိုင်းကြောင်း၊ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ လက်ရှိဆောင် ရွက်နေသည့် လုပ်ငန်းများ၊ ကုန်အညွှန်းအမှတ် အသား()ချက်နှင့် စားသုံးသူများ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ အသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောရေးဆိုရေး၊ တိုင်ကြားခွင့်၊ ကုစားခွင့်များအကြောင်းအား အသိပညာပေး ဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

          (၁၀.၁၁.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ မှော်ဘီမြို့နယ်ခွဲတာဝန်ခံ ဦးဇော်မျိုးထွန်းသည် မြို့နယ်ခွဲရုံးခန်းမတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

         ထိုသို့ဆွေးနွေးခဲ့ရာတွင် ဦးဇော်မျိုးထွန်း၊ ဦးစီးမှူးက စားသုံးသူ၏ အဓိပ္ပါယ်၊ အွန်လိုင်းစနစ် ရောင်းချခြင်းလုပ်ငန်းအဓိပ္ပါယ်၊ အခွင့်အရေး (၈) ချက်၊ တာဝန်(၄)ချက် အွန်လိုင်းမှ ဈေးဝယ်ယူ ခြင်းအတွက် အားသာချက်၊ အားနည်းချက်များအား ပြောကြားခဲ့ပြီး ဆုံးရှုံးနစ်နာမှုများရှိခဲ့လျှင်လည်း တိုင်ကြားနိုင်သည့်နေရာများနှင့် ဖြေရှင်းဆောင်ရွက်ပေးမည့်နည်းလမ်း(၂)မျိုးအား ဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ စားသုံးသူ(၇)ဦးတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲသို့ (၁၁:၀၀) နာရီအချိန် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

တောင်တွင်းကြီးမြို့နယ်၊ တောစိမ်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် တာဝန် ခံသည် (၁၁.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့နှင့်ပူးပေါင်း၍ တောစိမ်းကျေးရွာ၊ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)ရှိ ကျောင်းခန်းမဆောင်၌ ဆရာ/ ဆရာမ (၁၀)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၂၈၀)ဦး တို့အား စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေး က ကုန်အညွှန်းအမှတ်အသားဆိုင်ရာသိကောင်းစရာများအကြောင်းအား လည်းကောင်း၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ခိုင်မို့မို့ဇင်က မုန်တိုင်းအကြောင်းအရာများအားလည်း ကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒေါ်ခင်မျိုးဆွေက လူငယ်နှင့်ခေါင်းဆောင် အကြောင်းနှင့် ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်အားကစားနည်းများနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများအကြောင်းအားလည်းကောင်း အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Online Sale လျှောက်ထားမှုအပေါ် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်

         စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၁၀.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် ဗွက်ကြီးကျေးရွာ မှော်ဘီမြို့နယ်ရှိ “စိမ်းလန်း”အိမ်ခြံမြေရောင်းချသည့်လုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးရာတွင်  Page Logo၊ ဖုန်းနံပါတ်၊ လိပ်စာ၊ ရပ်ကွက်ထောက်ခံစာ၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာများအား မြေပြင်တွင်တိုက်ဆိုင် စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် မည်သူမဆို Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရမည်ဖြစ်ပြီး ၎င်းလက်မှတ်မရှိဘဲ ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်ကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ် ကြောင်းစသည့် Online ဖြင့် မှတ်ပုံတင်သည့်အကြောင်းအရာများအား အသေးစိတ်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

အမှတ်တံဆိပ်ပါ ဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

         (၁၀.၁၁.၂၀၂၅) ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံးမှ မြို့နယ်ခွဲတာဝန်ခံ ဦးဇော်မျိုးထွန်းသည် မှော်ဘီမြို့မဈေးအတွင်းရှိ အမှတ်တံဆိပ်ပါ ဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/ မရှိကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိစစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိကြောင်း တွေ့ရှိရပြီး ကုန်အညွှန်းအမှတ်အသားများ မပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချရန် အသိပညာပေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

လှည်းကူးမြို့နယ်၌ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦးသည် (၁၀.၁၁.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လှည်းကူးမြို့မဈေးတာဝန်ခံနှင့် အတူ မြို့မဈေးအတွင်းရှိ စားသုံးဆီရောင်းချနေသော ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရပါသည်။

          ဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်းမှာ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိပြီး ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

လှိုင်သာယာမြို့နယ်ရှိ ဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

         (၁၀.၁၁.၂၀၂၅)ရက်နေ့ နေ့လည်(၁၄:၁၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် အမှတ်(၂၄၆)၊ မက္ခရာမင်းသားကြီးမောင်ပျိုးလမ်း၊ စက်မှုဇုန်(၂)၊ လှိုင်သာယာမြို့နယ်ရှိ Ocean Super Center တွင် ရောင်းချနေသော အမှတ်တံဆိပ်ပါ ဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အမေထွား(အဆင့်မြင့်မြေပဲဆီ)၊ ဧရာဝတီ(မြေပဲဆီစစ်စစ် ပဲဆီသန့်)၊ အမေထွား(နှမ်းဆီ)၊ သူကြီးကတော်(သဘာဝမြေပဲဆီစစ်စစ်)၊ ငွေသဇင်မင်း(ရာနှုန်းပြည့် မြေပဲဆီ)၊ ဇမ္ဗူအေး(ရာနှုန်းပြည့်မြေပဲဆီ)စသော တံဆိပ်အမျိုးမျိုးဖြင့် (၅၀)ကျပ်သား၊ (၁)ပိဿာ၊ (၂) ပိဿာဘူးများဖြင့် ရောင်းချပြီး ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

လှည်းကူးမြို့နယ်၊ မြို့မဈေးသို့ အသင့်သောက်အချိုရည်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

          (၁၀.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦးသည် လှည်းကူးမြို့နယ်၊ မြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များ၌ အသင့်သောက်အချိုရည်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် ဈေးစည်ပင်မှ တာဝန်ရှိသူက ပူးပေါင်းပါဝင်လျက် ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည်ဖြစ်သော အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည်ကြောင်းဖော်ပြချက်များနှင့် ပါဝင်မှုအလေးချိန်ကိုလည်း မြန်မာလိုရေးသားဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့် အချက်(၁၁) ချက်ကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးအသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

အသင့်သောက်အချိုရည်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် (၁၀.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၅၀) နာရီမီးနစ်အချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Ocean Super Center သို့ အသင့်သောက်အချိုရည်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့စစ်ဆေးခဲ့ရာတွင် အမှတ်(၂၄၆)၊ မက္ခရာမင်းသားကြီးမောင်ပျိုးလမ်း၊ စက်မှုဇုန်(၂)ရှိ Ocean Super Center မှ တာဝန်ရှိသူမှ မိမိတို့ Ocean တွင်ရှိသော အချိုရည်များမှာ 7 Go၊ Co Co၊ Vita၊ Zeno၊ Speed၊ M150 နှင့် Cara bao တို့တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင် ပါဝင်သော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး တာဝန်ရှိသူအား ကုန်အညွှန်းအမှတ်အသားမပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

ပြည်မြို့နယ်အတွင်း ဆေးဝါးနှင့် အလှကုန်ပစ္စည်းများအား ကွင်းဆင်းစစ်ဆေးမှုလုပ်ငန်းများဆောင်ရွက်

  စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းနှင့် ဝန်ထမ်းများသည် (၁၉.၉.၂၀၂၅)ရက်နေ့၊ နံနက် (၈:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာန ဆိုင်ရာများဖြစ်သည့် ပဲခူးတိုင်း ဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်ခရိုင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်တိမွေးကု၊ မြို့နယ်စည်ပင်၊ မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူ များနှင့် ပူးပေါင်း၍ ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ အောင်မင်္ဂလာဈေးအတွင်းရှိ ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်း ဆိုင်များ၊ အလှကုန်ပစ္စည်းအရောင်း ဆိုင်များသို့ သွားရောက်၍ ပြည်ဈေးကွက်အတွင်း ဆေးဈေးနှုန်းများကြီးမြင့်မှု မရှိစေရေး၊ သိုလှောင်၍ ဈေးကစားမှု မရှိစေရေး၊ တရားမဝင် ပစ္စည်းများရောင်းချမှုမရှိစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားပြုလုပ်ခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်မှုမရှိစေရေး မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဖြင့် ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ