Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အောင်သပြေရပ်ကွက်အတွင်းရှိ သောက်ရေသန့်လုပ်ငန်းရှင်(၃)ဦးနှင့် တွေ့ဆုံဆွေးနွေးခြင်း

   မိုးညှင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၁၂.၁၀.၂၀၂၅ ရက်နေ့ ၁၁:၃၀ အချိန်တွင် မိုးညှင်းမြို့အတွင်းရှိ ကုန်မျိုးစုံရောင်းချသောလုပ်ငန်းရှင် (၅) ဦး (အသက် ၇၀ အထက် ကျား - ၁ဦး၊ အသက် ၅၀ အထက် ကျား - ၃ဦး၊ အသက် ၂၀ အထက် ကျား-၁ဦး) နှင့် ခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များ၊ ကုန်စည်/ဝန်ဆောင်မှု စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းရေး အာမခံရမည်ဖြစ်ကြောင်း အခန်း (၁၈) ပုဒ်မ (၄၁) ပါ ကုန် အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြပါရှိသည့် ကုန်စည်များကိုသာ ဝယ်ယူ ဖြန့်ဖြူးရောင်းချရန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်း ဆိုနိုင်သည့်အခွင့်အရေး၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံချက်ပေးခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံ ပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ ဥပဒေပါ တားမြစ်ချက်များ နှင့် ပြစ်မှု၊ ပြစ်ဒဏ် များအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

ညောင်တုန်းမြိုနယ်အတွင်းရှိဆန်စက်များသို MyROတင်ထားသည့်လက်ကျန်ကိုအ‌ခြေခံစာရင်းများ ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ညောင်တုန်းမြိုနယ်အတွင်းရှိ ဆန်စက်များဖြစ်သော ကျော်ဇေယျာထွန်း၊ လှစမ်းကျော်၊ ထိပ်တန်းတံခွန်၊ ထူးဇေအောင်၊ ဒေါ်မြင့်မြင့်အေး၊ စိန်မာသိန်း၊ တော်ဝင်၊ ဆန်စက်များသို့ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် စအဖ၊စစစ၊ စားသုံးသူနှင့်SPဌာနများပူးပေါင်း၍ဆန်စက်များ၏ ၈/၂၀၂၅ MyROတင်ထား သည့်လက်ကျန်ကိုအ‌ခြခံ၍(၅.၁၀.၂၀၂၅)နေ့ရှိမြေပြင်လက်ကျန်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ရှိသူများက ဆန်စက်ရှိ ၈လပိုင်း မြေပြင်လက်ကျန်အခြေခံစာရင်းများကို အခြေခံ၍ မြေပြင်သိုလှောင်ထားရှိမှု အခြေအနေများကို စစ်ဆေးခဲ့ကြပြီး ဆန်စက်လုပ်ငန်းရှင်များကို ပူးပေါင်းဆောင်ရွက်ရန်၊ ပူးပေါင်းဆောင်ရွက်မှု မရှိသော လုပ်ငန်းရှင်များကို သိုလှောင်ရုံမှတ်ပုံ တင်ခြင်းဆိုင်ရာကိစ္စရပ်များစပ်လျဉ်း၍ တာဝန်ယူဆောင်ရွက်ခြင်းများ လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း၊ ညောင်တုန်းမြို့နယ်အနေဖြင့် မှတ်ပုံတင်ပြီး လုပ်ငန်း ၇၄ခု ရှိပြီးဖြစ်၍ လစဉ် မြေပြင် သိုလှောင်မှု အခြေအနေမှန်စာရင်းများကို ဖြည့်သွင်းဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ပြီး စီးပွား‌ရေးလုပ်ငန်းရှင်မှ ပူးပေါင်းကူညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားဆွေးနွေးခဲ့သည်ဟု သိရသည်။

DOCA(ဧရာဝတီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်) သည် ၁၃.၁၀.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက်ရှိ ဒေါ်ဝင်း(ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Shin Shin အမှတ်တံဆိပ်ပါ အသင့်စားခေါက်ဆွဲ တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏနှင့် သုံးစွဲပုံနည်းလမ်းတို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေး တွေ့ရှိရပြီးကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ဝင်းအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ပြည်ပပို့ကုန်သီးနှံ ထုတ်ကုန်များ တွင်ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့်ပန်းတိုင်အထွက်နုန်းရရှိရေး အသိပညာပေးဆွေးနွေးပွဲတက်ရောက်

     ၃-၁၀-၂၀၂၅ ရက်နေ့ မအူပင်ခရိုင် မအူပင်မြို့နယ် တိုးရွေဝါခန်းမတွင် ပြည်ပပို့ကုန်သီးနှံ ထုတ်ကုန်များတွင်ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့်ပန်းတိုင် အထွက်နုန်းရရှိရေးအသိပညာ ပေးဆွေးနွေးပွဲသို့  မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဇော်မင်း တက်ရောက်ခဲ့ကြောင်း သိရသည်။

       အခမ်းအနားတွင် မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်ဥက္ကဋ္ဌက စိုက်ပျိုးရေးလုပ်ငန်းတွင် မြေဩဇာအလွန်အကျွံသုံးစွဲခြင်း၊ ပိုးသတ်ဆေးအလွန်အကျွံသုံးစွဲခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများအဖြစ် ဓာတ်ကြွင်းပမာဏမြင့်မားခြင်းကြောင့် နိုင်ငံတကာမှ ငြင်းပယ်ခံရခြင်း၊ ပြည်တွင်းဈေးကွက်မတည်ငြိမ်ခြင်း ပြဿနာများကိုရင်ဆိုင်ကြရမည်ဖြစ်ကြောင်း၊ စတင်စိုက်ပျိုးသည်မှ ထုပ်ပိုး၊ သိုလှောင်မှုလုပ်ငန်းစဉ်များတွင် ဓာတုဓာတ်ကြွင်း အန္တရာယ် လျှော့ချရေး လမ်းညွှန်ချက်များ၊ သတ်မှတ်ချက်များကို စနစ်တကျလိုက်နာ ဆောင်ရွက်ခြင်း၊ ပြန်ပို့ခဲ့ရသည့်သီးနှံများအား နောက်ကြောင်းပြန်စစ်ဆေးခြင်းစနစ်တစ်ခု တည်ထောင် စောင့်ကြည့်ခြင်း တို့ကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထို့အတူ မြေယာပြုပြင်ဆောင်ရွက်မှု အမှားများကို တောင်သူများ ပိုမိုသိရှိနားလည်ပြီး ပြင်ဆင်လုပ်ကိုင်နိုင်စေရေး ပညာပေးဆောင် ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးသည်။

       ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေး ဆွေးနွေး ပွဲကျင်ပခြင်း ရည်ရွယ်ချက်၊ တရုတ်နိုင်ငံနယ်စပ်ရှိ တစ်သျူးငှက်ပျောများအား ပိုးသတ်ဆေး ဓာတ်ကြွင်းအန္တရာယ်ကြောင့် ငြင်းပယ်ခံရသည့်အကြောင်းရင်း၊ ဓာတ်ကြွင်းပါရသည့် အကြောင်း ရင်းများ ဆန်းစစ်လေ့လာတွေ့ရှိမှုနှင့် ဓာတ်ကြွင်းအန္တရာယ်လျှော့ချရေး သတိထားလိုက်နာရမည့် အချက်များကိုလည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန က စိုက်ပျိုးထုတ်လုပ်မှုကွင်း ဆက်တစ်လျှောက်ရှိ လုပ်ငန်းအဆင့်တိုင်း၌ ပိုးသတ်ဆေးလျှော့ချသုံးစွဲရေးဆိုင်ရာ များကိုလည်း ကောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

 

DOCA(ဧရာဝတီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး) သည် ၁၃.၁၀.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်ရှိ ဇွန်ပွင့်(ဆေးဆိုင်)သို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Babi Mild  အမှတ်တံဆိပ်ပါ ကလေးပေါင်ဒါတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊  ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်သည့်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန်အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

Online မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော်နှင့် ဝန်ထမ်းများသည် (၁၀.၁၀.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် TAR Collection Online Sale  မှ “အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ” အား  ပျဉ်းမမြိုင်လမ်း, (၂၅)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်သို့သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေး ခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေအဖြစ်သတ် မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဦးကျော်ဌေး (ကုန်စုံဆိုင်)သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၁၃.၁၀.၂၀၂၅ ရက်နေ့ ၀၉:၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက်ရှိ ဦးကျော်ဌေး (ကုန်စုံဆိုင်)သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ PREMIER အမှတ်တံဆိပ်ပါ အသင့်ဖျော်နှပ်ကော်ဖီ သည် အသင့်ဖျော်ကော်ဖီထုပ်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏနှင့် သုံးစွဲပုံနည်းလမ်းတို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်ပစ္စည်းအမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင်လည်း မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

ဘိုကလေးမြို့နယ် ဈေးကွက်အတွင်း Dumex Dupro အမှတ်တံဆိပ် အတုများ ရောင်းချမှုရှိ/ မရှိကွင်းဆင်းစိစစ်

     ဘိုကလေး မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂.၁၀.၂၀၂၅) နေ့၊ မနက် (၁၀:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် Dumex Dupro အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ အတု/အပများ ဈေးကွက် အတွင်း ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စိစစ်ခဲ့ကြပါသည်။

   ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် ဘိုကလေးမြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်တွင် Dumex Dupro (ဒူးမက်ဒူပရို)  အမှတ်တံဆိပ်ဘူးများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံ စွာဖော်ပြထားရှိမှုအခြေအနေနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲတို့ကိုပါ ထည့်သွင်းဖော်ပြထားရှိကြောင်း ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

 

ဘိုကလေးမြို့ ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စိစစ်ခြင်း

    ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင် သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁.၁၀.၂၀၂၅) နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ဘိုကလေး မြို့နယ် ဒုတိယလမ်း(၃) ရပ်ကွက်ရှိ ဘိလပ်မြေအရောင်းဆိုင်များသို့ ဈေးနှုန်းဈေးကွက် အခြေအနေများ မေးမြန်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် ဘိလပ်မြေအရောင်းဆိုင်များအနေဖြင့် ပစ္စည်းပြတ်လပ်မှုမရှိစေ ရေး၊ ဈေးနှုန်းတည်ငြိမ်ရေးတို့အတွက် ဘိလပ်မြေအရောင်းဆိုင်များမှ ဘိလပ်မြေအိတ်ဝယ်ရင်းဈေး ထက် အမြတ်ရာခိုင်နှုန်း (၁၀%) ထက်ပို၍ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ဘိလပ်မြေ အရောင်းဆိုင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိဘဲ အမြတ်(၂%) သာ ယူ၍ ရောင်းချလျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့်စိစစ်ခဲ့မှုအရ သိရပါသည်။

(Doca ဧရာဝတီ)

ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ကျင်းပပြုလုပ်သော ရွေးကောက်ပွဲနှင့်ပတ်သက်သည့် မဲစာရင်းကိစ္စဆွေးနွေးပွဲအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တက်ရောက်

  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ လ ၁၁ ရက်၊ နံနက်(၁၀း၀၀)နာရီ အချိန်တွင် ညွှန်ကြား ရေးမှူးချုပ် မှဦးဆောင်၍ကျင်းပပြုလုပ်သော ရွေးကောက်ပွဲနှင့်ပတ်သက်သည့် မဲစာရင်းကိစ္စများ ဆွေးနွေးခြင်း အား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး နှင့်ဝန်ထမ်းများက virtual စနစ် ဖြင့် တက်ရောက်ခဲ့ပါသည်။

          ထိုဆွေး‌နွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်မှ ဝန်ထမ်းများနှင့်မိသားစုဝင်များအားလုံး မဲပေးနိုင် ရေး အ‌လေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊   မဲစာရင်းတွင်မပါဝင်သူများအနေဖြင့် ပုံစံ-၃(က)ဖြင့် လျှေက်ထား၍ဖြစ်စေ၊ ပုံစံ-၃ ဖြင့်လျှောက်ထား၍ဖြစ်စေ မဲပေးနိုင်‌ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားကာ တိုင်းနှင့်ပြည်နယ်များကလည်း အပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး နံနက် (၁၁း၀၀) နာရီဆွေးနွေးပွဲပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။   

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ