Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဉီးဝဏ္ဏအောင် စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

      (၂၇.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံး ကွပ်ကဲမှု အောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့် ဒုကြီးကြပ်ရေးမှူးသည် အမှတ်(၂)ရပ်ကွက်၊ ပြည်လမ်း ရှိ ဉီးဝဏ္ဏအောင်စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း များ ဆောင် ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဉီးဝဏ္ဏအောင်သည် ရရှိသောစားအုန်းဆီခွဲတမ်းအား အမှတ်(၂) ရပ်ကွက်နေ ပြည်သူများသို့ အလှည့်ကျ တစ်ပတ်လျှင် (၅၀)သားနှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် (၂.၅၀)သားရရှိပြီး အလေးချိန်လည်း မှန်ကန်စွာချိန်တွယ်ပေးပါကြောင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းလည်းမရှိပါကြောင်း နေ့စဉ်အရောင်းစာရင်းများကိုလည်း လယ်ဂျာစာအုပ်ဖြင့် ထားရှိပါကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

မှော်ဘီမြို့နယ်ရှိ စားအုန်းဆီလက်လီဆိုင်သို့ ကွင်းဆင်းစစ်ဆေး

     (၂၇.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်မှစ၍ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံး ကွပ်ကဲမှု အောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့် ဒုကြီးကြပ်ရေးမှူးသည် မှော်ဘီမြို့နယ်ရှိ အမှတ်၊ ဘီ(၂) အခန်း(၄၃/၄၄)ရှိ ဒေါ်အေးအေးမာစားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ခဲ့ရာတွင် စားအုန်းဆီအရောင်းကိုယ်စားလှယ် ဒေါ်အေးအေးမာမှ မိမိရရှိ သောခွဲတမ်းသည် အောင်ဇမ္ဗူမဟာမှရရှိပြီး သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချပေးပြီး ရရှိသောစားအုန်းဆီခွဲတမ်းများကိုလည်း သတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျစာအုပ်ဖြင့် အလေးချိန်မှန်ကန်စွာစားသုံးသူပြည် သူများ ထံသို့ စနစ်တကျဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

လှိုင်သာယာမြို့နယ်ရှိ ဂျယ်ရီဖက်ရှင်ဝေါလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ (၄)ဉီးတို့ သည် (၂၈.၈.၂၀၂၅)ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် အမှတ်(၆၆၉)၊ ဗညားဒလလမ်း၊ အမှတ်(၇) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်ရှိ ဂျယ်ရီဖက်ရှင်ဝေါအွန်လိုင်းလုပ်ငန်းအား မြေပြင်ကွင်းဆင်း စစ်ဆေး ခြင်းဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဉီးစီးမှူးက လုပ်ငန်းရှင် ဒေါ်သက်မြတ်နိုးအား စားသုံး သူများကို ကာကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင် လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပညာပေးပြောကြားခဲ့ပြီး မြေပြင်စစ်ဆေးရအမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

Jasmin Fashion SYT အွန်လိုင်းလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     (၂၈.၈.၂၀၂၅)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် အမှတ်(၂၃၈/က+ခ)၊ ပိတောက်လမ်း၊ မြို့သစ် (ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ Jasmin Fashion SYT အွန်လိုင်းဖြင့်ရောင်းချနေသော အွန်လိုင်း လုပ်ငန်းအား စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ စစ်ဆေးရေး ရာရှိများသည် မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသော အချက်များနှင့်မြေပြင်အချက် အလက်များ ကိုက်ညီ မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခြင်းဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် မှတ်ပုံတင်ထားရှိသည့်အချက်အလက်များအား မြေပြင်စစ်ဆေးရာ တွင် ကိုက်ညီမှုရှိ/မရှိနှင့် အခြားလိုအပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေးဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     (၂၈.၈.၂၀၂၅)ရက်နေ့ နံနက်(၁၁:၃၀)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်း ခရိုင် ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ (၄)ဉီးတို့သည် အယ်ဖာအမည်ဖြင့် အွန်လိုင်းမှတ်ပုံ တင်ထားသော အမှတ်(၅/၁၃၁) (၅)ခန်းတွဲလမ်း၊ စဉ့်ငူရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ အီလက် ထရောနစ် ပစ္စည်းရောင်းချနေသော အွန်လိုင်းလုပ်ငန်းအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

     မြေပြင်စစ်ဆေးရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ မြေပြင် စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားသည့်အတွက် ယခုလုပ်ငန်းသည် အဝတ်အထည်လုပ်ငန်းဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပညာပေး ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများ မြေပြင်စစ်ဆေးခြင်း

    စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၈.၈.၂၀၂၅) ရက် နေ့ နံနက်(၁၀:၄၅)အချိန်တွင် လိုလားအမည်ဖြင့် အွန်လိုင်းရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင် လျှောက်ထားသည့် ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၉၆/ခ)၊ ဆရာစံ(၄)လမ်း၊ (၈)ရပ်ကွက်ရှိ မော်တော် ဆိုင်ကယ်အပိုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းရောင်းချလျက်ရှိသည့် အွန်လိုင်းလုပ်ငန်းအား မြေပြင် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက် အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/မရှိနှင့် အခြားလိုအပ်သည့်အချက် အလက်များအား ပြည့်စုံမှန်ကန်မှုရှိ/မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်း နှင့်စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ အကြောင်း အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     (၂၈.၈.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်း ခရိုင် ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၄)ဉီးတို့သည် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသည့် အမှတ်(၁၀)၊ မင်္ဂလာ(၂)လမ်း၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်တွင် ရောင်းချလျက်ရှိသည့် အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းလုပ်ငန်းသို့ မြေပြင်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် ဒေါ်နီလာဝင်း၊ ဉီးစီးမှူးမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင် ထားရှိသည့်အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/မရှိနှင့်အခြား လိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် များ လိုက်နာဆောင်ရွက်ရမည့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာ များနှင့်ပတ်သက်၍လည်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA (ရန်ကုန်)

 

 

အင်းစိန်မြို့နယ်ရှိ S & S Clothing သို့ အွန်လိုင်းမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (၂၈.၈.၂၀၂၅)ရက်နေ့ နံနက်(၉:၀၀)အချိန်တွင် အွန်လိုင်းရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင် လျှောက်ထားသည့် S & S Clothing အမည်ဖြင့် အထည်အလိပ်၊ အဝတ်အထည်နှင့်ဆက်စပ် ပစ္စည်း များရောင်းချသည့်လိပ်စာသို့ သွားရောက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ ပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၄၂၂)၊ အရှေ့ကြို့ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ ဒေါ်စုမွန်ကျော်အား မြေပြင်စစ်ဆေးချက်အချက်(၁၈)ချက်နှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊  အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအဖြစ် သတ် မှတ်ထားသည့်အတွက် အခြားလိုအပ်ချက်များကိုလည်း အသိပညာပေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA (ရန်ကုန်)

မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓါတ်မြေဩဇာသွင်းအားစုပေးအပ်ခြင်း အခမ်းအနားကျင်းပ

       (၂၇.၈.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ စိုက်ပျိုးရေးဉီးစီးဌာနရုံး၌ မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓါတ်မြေဩဇာသွင်း အား စုပေးအပ်ခြင်း အခမ်းအနားကျင်းပဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ် ရေးကော်မတီဥက္ကဌ ဉီးထူးကျော်၊ မြို့နယ်ဓါတ်မြေဩဇာဖြန့်ဖြူးရောင်းချရေးကော်မတီ ဝင်များဖြစ် ကြသည့်မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာန၊ မြေစာရင်းဉီးစီးဌာန၊ မြို့နယ်သမဝါယမဉီးစီး ဌာန၊ စားသုံးသူ ရေးရာဉီးစီးဌာန၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စပါးစိုက်တောင်သူ များ စုစုပေါင်း အင်အား(၇၀)ဉီးခန့် တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဉီးထူးကျော် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ မြို့နယ်ဉီးစီးမှူး ဉီးထွေးအောင်က ဓါတ်မြေဩဇာဖြန့်ဖြူးရောင်းချခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း တက်ရောက်လာကြသည့် တောင်သူများမှ သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ပြီး မြို့နယ်ဓါတ် မြေဩဇာဖြန့်ဖြူးရောင်းချ ရေးကော်မတီအဖွဲ့ဝင်များမှ တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓါတ်မြေဩဇာများရောင်းချပေး အပ်ခဲ့ရာ အခမ်းအနားကို နေ့လည် (၃:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကန့်ဘလူမြို့နယ်တွင် ဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့ နယ်တာဝန်ခံရုံးအနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEလုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်စားရေးတို့သည် ကန့်ဘလူမြို့ ၊ အမှတ်(၃)ရပ်ကွက်ရှိ “သိန်းသန်းဖြိုး”ဆီစက်လုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဆီစက်လုပ်ငန်းရှင်မှ မိမိတို့အနေဖြင့် နဝလီကြိတ်ခွဲခြင်းဖြစ်ကြောင်း၊  မိုးမြေပဲပေါ်ချိန်နှင့် ဆောင်း မြေပဲပေါ်ချိန်၌သာ အများဆုံးလည်ပတ်ကြိတ်ခွဲရကြောင်း၊ တာဝန်ခံက လုပ်ငန်းရှင်များ အနေဖြင့် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီများကြိတ်ခွဲ၍ မိမိတို့တံဆိပ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးလိုပါက လိုအပ် သည်များကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များကို သိရှိထားရန်လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ