Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဟင်္သာတမြို့နယ်ရှိ “မြတ်ရတနာ” ငါးပိထောင်းနှင့်ငံပြာရည်ကြော်လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်(၅.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့ ရုံးကြီးရပ်ကွက်၊ ရဲဖြတ်လမ်းရှိ “မြတ်ရတနာ”ငံပြာရည်ကြော်ငါးပိ​ထောင်း အရောင်းဆိုင်တွင် ရောင်းချနေသောငါးပိထောင်းစားသောက်ကုန်တွင် ကုန်ကြမ်းအဖြစ်အသုံးပြု သည့်ငါးပိတွင်တရားမဝင်ခွင့်မပြုဆိုးဆေးများသုံးစွဲထားမှုရှိ/ မရှိ FDA ဦးဆောင်၍ သက်ဆိုင်ရာဌာန များပူးပေါင်းကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။   

          ထိုသို့စစ်ဆေးခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် ပြည်သူများစားသုံးရန် ထုတ်လုပ်လျက်ရှိသော ငါးပိထောင်းများတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/ မရှိ၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် သင့်/ မသင့် သက်ဆိုင်ရာဌာန၏ထောက်ခံချက်များရှိ/ မရှိ စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူကပေးအပ်သည့် တန်ဖိုးနှင့်အညီမျှတသော အရည်အသွေး၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များနှင့်ကိုက်ညီမှုရှိ/ မရှိနှင့် စားသုံးသူအား စိတ်ကျေနပ်မှုရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ ဈေးကွက်တွင်ဝယ်လိုအားများခြင်းနှင့် လက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိ/ မရှိစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့် ပြည်သူများစားသုံးရာတွင် ကျန်းမာရေးနှင့်သင့်တင့်ညီညွတ်မျှတအောင် ကြိတ်ခွဲထုတ်လုပ်ရန်၊စားသုံးသူများအသုံးပြုရန် သင့်တော် သော ကုန်စည်များကိုသာရောင်းချရန်နှင့် သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာ ရောင်းချနိုင်ရေး ရှင်းလင်းပြောကြားကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသော လုပ်ငန်းအားကွင်းဆင်းစစ်ဆေး

     တနင်္သာရီတိုင်း၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးမျိုးဝင်းနှင့် ဝန်ထမ်းများ သည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်နေ့တွင် မြိတ်မြို့၊ ကန်ခေါင်းရပ်ရှိ အွန်လိုင်းဖြင့်အလှကုန် ပစ္စည်းရောင်းချနေသော Thiri Beauty Channel သို့ သွားရောက်၍ အွန်လိုင်း မှတ်ပုံတင်လုပ်ငန်း လိုင်စင်လျှောက်ထားမှုနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ၎င်းအလှကုန်ရောင်းချနေသောဆိုင်သည်နေရပ်တွင်အမှန်တကယ် တည်ရှိနေကြောင်း၊ ရောင်းချနေသောကုန်စည်များမှန်ကုန်မှုရှိကြောင်း၊ ရောင်းချနေသူ၏ ကိုယ်ရေး အချက်အလက်မှန်ကန်ကြောင်း၊ သက်ဆိုင်ရာဌာန၏ညွှန်ကြားချက်များကိုလိုက်နာဆောင်ရွက်ခြင်း ရှိကြောင်းတို့ကို စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံမှ ရောင်းချရန်၊ ဘေးအန္တရာယ်ကင်း သော ကုန်စည်များသာရောင်းချရန်နှင့် တရားမဝင်ကုန်စည်များရောင်းချခြင်းမပြုရန် ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

 

မြိတ်ခရိုင်အသေးစား ကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေးစီးမံကိန်းကျေးရွာများအတွက် လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲကျင်းပ

     မြိတ်ခရိုင်၊ မြိတ်မြို့တွင် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းကျေးရွာများသို့ လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲကို ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီတွင် မြိတ်မြို့၊ ကမ်းနားလမ်း, ပုလဲရတနာခန်းမ၌ ကျင်း ပခဲ့ရာ မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမျိုးဦးမှ ကျေးရွာတစ်ရွာ ထုတ်ကုန် တစ်ခု ဖော်ဆောင်ပေးခြင်းဖြင့် အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာပြီး တစ်ပိုင်တစ်နိုင်အသေးစားလုပ်ငန်းရှင်များပေါ်ထွန်းလာစေရေး၊ ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေ ပြည်သူများ ဝင်ငွေတိုးပွားလာစေရန် အမျိုးသမီးများနှင့်လူငယ်များအား အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းဖြင့် ပြည်သူများဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်ချက်ဖြင့် ဝင်ငွေတိုးစီမံကိန်းအား ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မြိတ်ခရိုင် ဦးစီးမှူး၊ ဒေါ်သူသူစံက စီမံကိန်းအကြောင်းအရာများ လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

    ထိုနောက် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် တာဝန်ရှိသူများမှ စီမံကိန်းကျေးရွာရှိသင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်ခဲ့ရာ ထူးချွန်သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ မြိတ်ခရိုင်အတွင်း ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၌ ‌ကျေးရွာ (၃)ရွာတွင် စီမံကိန်းလုပ်ငန်းကို ကျေးရွာတစ်ရွာလျှင် ကျပ် သိန်ပေါင်း ၁၄၀ ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့သို့ ကားဖြင့် စားအုန်းဆီပေပါများ ရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

    တနင်္သာရီတိုင်း၊ မြိတ်မြို့အတွက် သုံးစွဲလျက်ရှိသောစားအုန်းဆီများကို မြိတ်ခရိုင်ဆီအရောင်း ကိုယ်စားလှယ်များသည် ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ခွဲတမ်းဖြင့်ဝယ်ယူလျက်ရှိပြီး (၅.၁၁.၂၀၂၅)ရက် နေ့တွင် ခွဲတမ်းရရှိသော စားအုန်းဆီပေပါ(၇၄)ပေပါသည် ယာဉ်အမှတ် 3R-4767 ဖြင့်ရောက်ရှိလာပြီး (.၁၁.၂၀၂၅)ရက်နေ့တွင် ခွဲတမ်းရရှိသော စားအုန်းဆီပေပါ(၆၅)ပေပါသည်  ယာဉ်အမှတ် 5J-9326 တို့ဖြင့် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့တွင် မြိတ်မြို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါ သည်။ ရောက်ရှိလာသောစားအုန်းဆီများကို မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ် ဆေးခဲ့ပြီး ၎င်းစားအုန်းဆီများကို ၂ ရာခိုင်နှုန်းအမြတ်နှင့် သယ်ယူပို့ ဆောင်ကုန်ကျစရိတ်များဖြင့် ဆီအရောင်းကိုယ်စားလှယ်မှ လက်လီဆိုင်များသို့ ဖြန့်ဝေရောင်းချပေးမည်ဖြစ်ပြီး လက်လီဆိုင်များမှ ပြည်သူများသို့ပြန်လည်ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဟင်္သာတမြို့နယ် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝး ကျင်းပပြုလုပ်ခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊   ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရုံးလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှုးများ တက်ရောက်သည့် ဌာနအလိုက် လုပ်ငန်းညှိနှိုင်းအစည်းဝေး တက်ရောက်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုအစည်းအဝေးတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က ဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရပ်ကွက်/ကျေးရွာရှိ ပြည်သူများအား ဆီဖြန့်ဖြူးရောင်းချပေးနေသည့် အခြေအနေများ၊ ဌာနမှကြီးကြပ်၍ စစ်ဆေးဆောင်ရွက်နေမှုများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဌာန၏ လက်ရှိဆောင်ရွက်နေသော ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ Online မှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာကိစ္စရပ်များအကြောင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေရေး ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ ကျေးရွာအတွင်း ကုန်စုံဆိုင်များမှတစ်ဆင့် ပြည်သူများထံ စားသုံးဆီဖြန့်ဖြူးရောင်းချနေမှု့အပေါ် မသမာသောနည်းလမ်းဖြင့် ပါဝင်ပတ်သတ် ရောင်းချခြင်းမပြုရန်၊ စားသုံးဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချနိုင်ရေး ရှင်းလင်းဆွေးနွေးခြင်း၊ ရပ်ကွက်/ကျေးရွာများသို့ကုမ္မဏီများမှတဆင့် လက်လီ/လက်ကားကိုယ်စားလှယ်များ အိမ်ထောင်စုအလိုက်ဆီဖြန့်ဖြူးရောင်းချပေးနေမှုအပေါ်မသမာသောနည်းလမ်းများသုံး၍ ရောင်းချခြင်းမရှိစေရေးအတွက် ကြီးကြပ်ဆောင်ရွက်နေမှုများ၊ စပါးဆန်လက်ကျန်ကောက်ယူနေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ညောင်တုန်းမြို့နယ်ထွက် စပါးထွက်ရှိမှုနှင့် အခြားဒေသတင်ပို့မှု အခြေအနေများကို တရားမဝင်တင်ပို့မှု ရှိ/မရှိ နယ်မြေကွင်းဆင်းစစ်ဆေး

           မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းမှ ထွက်ရှိသည့် ‌စပါးအချို့ကို   ရေလမ်းကြောင်းမှ တစ်ဆင့် ဒေသခံတောင်သူ/ အရပ်ဒေသ ပွဲစားများမှ  စပါးသယ်သည့် ရေယာဉ်များအ‌နေဖြင့် မြို့နယ်အတွင်းရှိ ပုဂ္ဂလိက ဆန်စက်များအား ပို့ဆောင်ကြိတ်ခွဲရောင်းချလျက်ရှိကြောင်း သိရှိရပြီး၊ စပါးသယ်ယူ ရေယာဉ်များအား ညောင်တုန်းမြို့နယ်၊ အရွှဲကျေးရွာအုပ်စု၊ အရွှဲကူးတို့ဆိပ်နှင့် ရွှေဝါဦး ဆန်စက်ကူးတို့ဆိပ်တို့တွင် တရားမဝင်လမ်းကြောင်းများမှ တဆင့် တင်ပို့မှု ရှိ/မရှိ အခြေအနေများကို ညောင်တုန်းမြို့နယ်ဆန်၊ စပါးကြီးကြပ်ရေး လုပ်ငန်းအဖွဲ့တို့မှ နယ်မြေအတွင်း ကွင်းဆင်းစစ်ဆေးခဲ့မှုကို နိုဝင်ဘာလ ၅ရက်နေ့ ၂၀၂၅ ရက်နေ့က ကွင်ဆင်းဆောင်ရွက်မှု ပြုလုပ်ခဲ့ရာ ထူးခြားမှုမရှိပါကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ဗဏီများမှ ဆီကားများရောက်ရှိလာမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်  (-၁၁-၂၀၂၄)ရက်နေ့၊ နံနက်(၁၁း၃၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်ရှိ   ဆီကိုယ်စားလှယ်များသို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ဗဏီများမှ စားအုန်းဆီများ တော်ဝင်ဧကရာဇ်ကုမ္ဗဏီမှ (ယာဉ်အမှတ် 4l-6901) မော်တော်ယာဉ်ဖြင့်စားအုန်းဆီ (၄၂)ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါစားအုန်းဆီများကို လပွတ္တာခရိုင် လပွတ္တာမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂ရာခိုင်နှုန်း အမြတ်တို့ဖြင့် လက်လီ/လက်ကး ဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီလက်ကားဆိုင် များအနေဖြင့်လည်း စားသုံးသူပြည်သူများထံသို့ ၂ ရာခိုင်းနှုန်းအမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ဗဏီများမှ ဆီကားများရောက်ရှိလာမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည်  (-၁၁-၂၀၂၄)ရက်နေ့၊ နေ့လည်(၁၃း၃၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်ရှိ   ဆီကိုယ်စားလှယ်များသို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ဗဏီများမှ စားအုန်းဆီများ တော်ဝင်ဧကရာဇ်ကုမ္ဗဏီမှ (ယာဉ်အမှတ် 2M-9115) မော်တော်ယာဉ်ဖြင့်စားအုန်းဆီ (၄၂)ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

           အဆိုပါစားအုန်းဆီများကို လပွတ္တာခရိုင် လပွတ္တာမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂ရာခိုင်နှုန်း အမြတ်တို့ဖြင့် လက်လီ/လက်ကား ဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီလက်ကားဆိုင်များအနေဖြင့်လည်း စားသုံးသူပြည်သူများထံသို့ ၂ ရာခိုင်းနှုန်း အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဇလွန်မြို့နယ်အလှကုန်နှင့် မုန့်မျိုးစုံလုပ်ငန်းရှင်များအား သုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

          စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၅.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ညောင်ပင်ဈေးရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ အလှကုန်၊ မုန့်မျိုးစုံလုပ်ငန်းရှင်(၂၁)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

             ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက  စားသုံးကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား  အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ) နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူမိဘပြည်သူများ အနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Websiteတွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လေးမျက်နှာမြို့ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၅.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆရာ၊ ဆရာမ နှင့် ကျောင်းသား၊ ကျောင်းသူ ၁၇၆ ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များ အကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

          ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့် အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိ/ မရှိကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် မုန့်ဈေးတန်း  ရောင်းချသူများအား မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ