Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်အောင်မြို့ ကြိတ်ခေါက်ဆွဲလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးဆွေးနွေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၅.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြန်အောင်မြို့၊ ကံဦးရပ်၊ အမှတ်(၄)ရပ်ကွက်ရှိ ကြိတ်ခေါက်ဆွဲလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့သည် ပြုလုပ်ပုံလုပ်ငန်းအဆင့်ဆင့်ကို မေးမြန်းပြီး ၎င်းတို့ ပြုလုပ်နေသော ကြိတ်ခေါက်ဆွဲများအား စားသုံးရန် (သို့) အသုံးပြုရန်သင့်/ မသင့်၊ ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/ မရှိနှင့် သက်ဆိုင်ရာဌာန ထောက်ခံချက်များရှိ/ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး၊ ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေတွင်ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင် ထုတ်လုပ်နိုင်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းမှုတို့ကို အလေးထားဆောင်ရွက်စေလို ကြောင်း အသိပညာပေး ဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ကြံခင်းမြို့နယ် ရွှေတောင်စုအုပ်စုရှိ စားသုံးသူပြည်သူများသို့ ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီဖြန့်ဖြူးမှုအား မြေပြင်ကွင်းဆင်းစိစစ်ခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၅.၁၁.၂၀၂၅) ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍  ကြံခင်းမြို့နယ်၊ ရွှေတောင်စုအုပ်စုရှိ ဆီထုတ်ကိုယ်စားလှယ်များမှတစ်ဆင့် စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့် ရာနှုန်းပြည့်မီအောင် ရောင်းချပေးစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန်ပြည့်ဝစွာ ပြည်သူများသို့ဖြန့်ဖြူးရောင်းချစေရေး၊ လစဉ်ဆီရောင်းချမှု အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခြင်းနှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးနေမှုများအား စိစစ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ရှားတောအုပ်စု ခွဲတမ်းရစားသုံးဆီ အရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၅.၁၁.၂၀၂၅)ရက် နေ့ ၊နံနက်(၀၉:၀၀)နာရီအချိန်တွင် မြန်အောင်မြို့၊ ရှားတောကျေးရွာအုပ်စုအတွင်းရှိ ခွဲတမ်းရစားအုန်းဆီရောင်းချနေသောဆိုင်များအား ဈေးနှုန်းမြှင့်တင် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/ မရှိ၊ ပြည်သူများလက်ဝယ်သို့ အမှန်တစ်ကယ်ရောက်ရှိခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး၊ ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ ခွဲတမ်းရရှိသော ဆီများအား လက်လီ ကုန်စုံဆိုင်များသို့လည်းကောင်း၊ လက်လီကုန်စုံဆိုင်များမှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး၊ ထိုသို့ ရောင်းချရာတွင်လည်း  အဆင့်အလိုက်(၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ စားအုန်းဆီ အရောင်းဆိုင်(၃)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ညောင်ဦးမြို့နယ်ရတနာဆန်လက်လီလက်ကားအရောင်းဆိုင်သို့ကွင်းဆင်းခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊‌ညောင်ဦးခရိုင်တာဝန်ခံဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)က ဦးဆောင်၍ ညောင်းဦးမြို့နယ် မဏိစည်သူဈေးတိုက်တန်းရှိ ဆန်လက်လီလက်ကားရောင်းချသော ရတနာဆန် ဆိုင်သို့ (၃၁-၁၀-၂၀၂၅)ရက်နေ့ နံနက်(၀၉ နာရီ ၃၀မိနစ်)အချိန်တွင် မြို့နယ်စည်ပင်သာယာရေး ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။ 

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ ရတနာဆန်လက်လီလက်ကား အရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း (၂၄)ပြည်တစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ဧရာမင်း(၂၄)ပြည်တစ်အိတ်လျှင်(၁၃၅၀၀၀)ကျပ်၊ မနောသုခဆန်(၂၄)ပြည်တစ်အိတ် လျှင်(၈၃၀၀၀)ကျပ်၊ ဧည့်မထဆန်(၂၄)ပြည် တစ်အိတ်လျှင်(၇၅၀၀၀)ကျပ်ဖြင့် သင့်တင့်မျှတ သောဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး၊ ရတနာဆန်ဆိုင်ပိုင်ရှင်အား ဈေးကွက်အတွင်းဆန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်းခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံ မှတ်ပုံတင်သက်တမ်းပြည့်ပါက My RO တွင်ဆက်လက်မှတ်ပုံတင် သက်တမ်းတိုးသွားရန် စသည်တို့ကိုဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရသည်။

DOCA (မန္တလေး)

ဝင်းသန်းဆန်ဆိုင်သို့သင့်တင့်မျှတသောဈေးနှုန်းများဖြင့်ဆန်ရောင်းချမှုရှိ/မရှိကွင်းဆင်းခြင်း

                    စားသုံးသူရေးရာဦးစီးဌာန၊ ‌မြင်းခြံခရိုင်ရုံးမှဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး  ဦးဆောင်၍ အမှတ်(၇-ရပ်ကွက်)ရှိ ဆန်လက်လီလက်ကားရောင်းချသော ဦးဝင်းသန်းဆန်ဆိုင်သို့ ၃၁-၁၀-၂၀၂၅ ရက် နေ့နံနက် (၀၉:၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 

          ထိုသို့ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ရာ၌ ဦးဝင်းသန်းဆန်လက်လီလက်ကား အရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း (၂၄)ပြည်တစ် အိတ်လျှင် (၁၅၀၀၀၀) ကျပ်၊ ဧရာမင်း-ရွှေဘိုဆန်(၂၄)ပြည်တစ်အိတ်လျှင် (၁၃၃၀၀၀) ကျပ်၊ ဧရာပဒေသာဆန် (၂၄)ပြည်တစ်အိတ် လျှင်(၉၉၀၀၀)ကျပ်၊ မနောသုခဆန်(၂၄)ပြည်တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်နှင့် ဖန်သီးသုခ (၂၄)ပြည်တစ်အိတ်လျှင်(၉၀၀၀၀)ကျပ်ဈေးနှုန်းများဖြင့် သင့်တင့် မျှတသောနှုန်းထားများအတိုင်း ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ‌ဦးဝင်းသန်း ဆန်ဆိုင် ပိုင်ရှင်အား ဈေးကွက်အတွင်းဆန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့် မှုမရှိစေရေး၊ ဈေးနှုန်းများတည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များမပြုလုပ်ရန်၊ ဈေးကစား ရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံမှတ်ပုံတင် သက်တမ်းပြည့်ပါက My RO တွင်ဆက်လက် မှတ်ပုံတင်သက်တမ်းတိုးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရန် စသည်တို့ကိုဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

DOCA (မန္တလေး)

ကြံခင်းမြို့နယ် ပိုးစုကြီးအုပ်စုရှိ ပဲကြော်ပဲလှော်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်

           စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ ပိုးစုကြီးအုပ်စုရှိ ပဲကြော်ပဲလှော်လုပ်ငန်းသို့ သွားရောက်၍  လုပ်ငန်းရှင် ဒေါ်သန်းသန်းမော်နှင့်တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

          ထိုသို့ဆွေးနွေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊  ထုတ်ပိုးသည့် ကုန်စည်ပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့် ဖော်ပြရန်နှင့်  ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဓနုဖြူ မြို့နယ် အ.မ.က(ရေတွင်းကုန်း)အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ပွဲကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ တို့နှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောခဲ့ကြသည်။

   အဆိုပါ ဟောပြောပွဲတွင် ဦးခိုင်လွမ်းမိုး အကြီးတန်းစာရေးက စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းကို ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် အွန်လိုင်းရောင်းဝယ်ခြင်းဆိုင်ရာများ၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မှုကို တိုက်ရိုက်သုံးစွဲသူပြည်သူအများရရှိခံစားရမည့်အကျိုးကျေးဇူးများ၊ Consumer Call Center (1535)သို့ ဆက်သွယ်၍ စားသုံးသူရေးရာနှင့်ပတ်သက်ပြီး ဆွေးနွေးမေးမြန်းခြင်း၊ တိုင်ကြားနိုင်ခြင်း စသည့်အကြောင်းအရာတို့ကို ရှင်းလင်းဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်သူ ကျောင်းသား/ကျောင်းသူ-၂၁၇ဦး၊ ဆရာ/ဆရာမ (၅)ဦး စုစုပေါင်း ၂၂၂ဦး တက်‌ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA (ဧရာဝတီ)

မအူပင်မြို့နယ်ရေလဲကလေး(အ-ထ-က)တွင် ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေး

  (၁၀-၁၁-၂၀၂၅) ရက်နေ့ နံနက် (၉)  နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာ န၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ရေလဲကလေး အ.ထ.က  ကျောင်းအတွင်းရှိ ကျောင်းမုန့်ဈေးအရောင်းဆိုင်များသို့ သွားရောက်၍ မုန့်ဈေးတန်းရှိ ရောင်းချနေသော စားသောက်ကုန်များ တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိမှု ရှိ/မရှိ နှင့် သက်ဆိုင်ရာ ခွင့်ပြုချက်များ ပါဝင်မှု ရှိမရှိ တို့ကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ပါသည်။

  အဆိုပါ စစ်ဆေးမှုတွင်  ကျောင်းသား/လူငယ်များ ကျန်းမာရေးအဟာရ စားသုံးမှုအတွက် ဘေး အန္တရာယ်ကင်းရှင်း ကျောင်းမုန့်ဈေးတန်း တွင်ရောင်းချသော ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်း မှု ရှိမရှိ ကိုစစ်ဆေးဆောင်ရွက်ရာ မိမိတို့ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုး အစား အလိုက် ကုန်အညွှန်း အမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိသည့် ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာဘာ သာနှင့်ဖြစ်စေ ၊ မြန်မာ ဘာသာနှင့်အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် ကုန်စည်နှင့် သန့်ရှင်းလတ်ဆတ်သည့် ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေး၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

DOCA (ဧရာဝတီ)

မအူပင်မြို့နယ်ရေလဲကလေး(အ-ထ-က)တွင်စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်ကျင်းပ

  ဧရာဝတီတိုင်းဒေသကြိး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ရေလဲကလေး အခြေခံပညာ အထက်တန်း‌ ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ၁၀.၁၁.၂၀၂၅ ရက်နေ့ နံနက် ၁၀ နာရီက အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ သည်။

  ဟောပြောပွဲတွင် မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ လုပ်ငန်းစဉ်များအကြောင်းနှင့် အမည်၊ အဓိပ္ပာယ် ဖော်ပြချက်များ၊ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊  စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူထိခိုက် နစ်နာလျှင် တိုင်ကြားနိုင်မည့်နည်း လမ်းများ၊ အွန်လိုင်းစျေးရောင်းချမှုနှင့်ပတ်သက်၍ သုံးစွဲသူများသိရှိရမည့် အကြောင်းအရာများ၊ callcenter 1535 ခေါ်ဆိုမေးမြန်းနိုင်သည့် အကြောင်း ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

  ဟောပြောပွဲကို ကျောင်းသား/ကျောင်းသူ ၂၃၀ ဦး တက်ရောက်ခဲ့ကြပြီး စားသုံးသူအခွင့်အရေး များနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

ဓနုဖြူမြို့နယ် လစဉ် စားအုန်းဆီခွဲတမ်း ပေပါရရှိမှုများ သတ်မှတ်နေရာများသို့ အမှတ်တကယ်ရောက် ရှိစေရေး ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက် ရှိ

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ကြီးကြပ်လမ်းညွှန်မှုဖြင့် လစဉ် လုပ်ငန်းအမျိုးအစား အလိုက်  ဆီပေပါထုတ်ယူ ရရှိမှု များကို သတ်မှတ်ရက်အတွင်း ရောက်ရှိပြီး စနစ်တကျထုတ်ယူ ဆောင်ရွက်ခြင်း လုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်ကာ လုပ်ငန်း အခက်အခဲများ ကြန့်ကြာမှုမရှိစေရန် စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အဖွဲ့စုံဖြင့် ပူးပေါင်းစစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

  ဓနုဖြူမြို့နယ်အတွက် လစဉ် လုပ်ငန်းအမျိုးအစားအလိုက် ဆီခွဲတမ်းများ ရရှိလျက်ရှိပြီး လစဉ် သတ်မှတ်ရက်များအတွင်း ရောက်ရှိသော ဆီများကို ခွဲတမ်းရရှိသော လုပ်ငန်းများမှ စနစ်တကျငွေချေထုတ်ယူပြီး မြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများကို မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိ ပါသည်။

  ပန်းတနော်မြို့နယ်အနေဖြင့် အောက်တိုဘာလအတွက်လုပ်ငန်းသုံး ဆီပေပါ ရရှိမှုမှာ လူဦးရေ ၉၅ ဦးတွင် ဆီပိဿာ ၁၁၆၆၀ ပိဿာ ၁၉.၀၃ တန်  ပေပါ ၁၀၆ ကို Central Myanmar International Tradingကုမ္ပဏီ ၊  Myanmar Top Notch ကုမ္ပဏီ၊  Resources Group Trading ကုမ္ပဏီတို့မှ (၂)ကြိမ် ထုတ်ယူရရျိပြီး  သတ်မှတ်ရက်အတွင်း ဆီရောက်ရှိမှုအပေါ်  ငွေပေးချေ၍ စနစ်တကျထုတ်ယူခဲ့ပြီး ဖြန့်ဖြူးခွဲဝေမှုများကို အမှန်တကယ်နေရာများသို့ ထုတ်ပေးမှုများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး  နိုဝင်ဘာလ ခွဲတမ်းရရျိမှုအပေါ် စာရင်းများစိစစ်ပြုစု၍ ခရိုင်ဦးစီးမှူးရုံးသို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ