Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပန်းတနော် မြို့နယ် လုပ်ငန်းအမျိုးအစားအလိုက် လစဉ် ဆီခွဲတမ်းများ စနစ်တကျထုတ်ယူပြီး သတ်မှတ်နေရာများသို့ အမှန်တကယ်ရောက်ရှိရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိ

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အနေဖြင့် အောက်တိုဘာလ လုပ်ငန်းအမျိုးအစားအလိုက် စားအုန်းဆီရရှိမှုများကို သတ်မှတ်ရက်များအတွင်း ရောက်ရှိပြီး ဆီထုတ်ယူမှုကို ကိုယ်စားလှယ်များမှ စနစ်တကျထုတ်ယူ၍ မြို့နယ်အတွင်း ခွဲဝေဖြန့်ဖြူးခြင်း များကို မှန်ကန်မှု ရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်?

    အဆိုပါ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆီကိုယ်စားလှယ်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် စစစ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အခြားသောမိတ်ဖက်ဌာနဆိုင်ရာများပါ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပန်းတနော်မြို့နယ်အနေဖြင့် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးမှူးရုံး၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ စားအုန်းဆီကုမ္ပဏီမှ ၃ခုမှ တဆင့် ပုသိမ်မြို့မှ စနစ်တကျခွဲဝေပြီး အောက်တိုဘာလ ၏  ၂ ကြိမ် ခွဲတမ်းရရှိပြီး လုပ်ငန်းရှင် ၁၂၉ ဦးရှိပြီး ၁၅၈၄၀ ပိဿာ စုစုပေါင်း ခွဲတမ်းရစားသုံးဆီ(၁၄၄)ပေပါ တန် (၂၅.၈၈)တန် ရောက်ရှိမှုအား သတ်မှတ်ရက်အတွင်း ရောက်ရှိမှုအပေါ် စနစ်တကျထုတ်ယူပြီး ဖြန့်ဖြူးရောင်းချရန် အမှန်တကယ်နေရာများ ရောင်းရှိမှု ရှိစေရေးကို  စိစစ်ကြပ်မတ် စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များထံနှင့် ပြည်သူများထံ ရောက်ရှိရေး ဆောင်ရွက်ခဲ့ကြောင်း ၂၀၂၅ခုနှစ် နိုဝင်ဘာလအတွက် ရရှိရန် လုပ်ငန်းသုံးဆီအမျိုးအစားအလိုက် တင်ပြဆောင်ရွက်ရမည့် စာရင်းများကို ကိုယ်စားလှယ်များ၊ လိုအပ်ချက် လုပ်ငန်းများအတွက် တင်ပြလျောက်ထားသူများ ရှိမရှိ စိစစ်ပြီး မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ ဆက်လက်တင်ပြပြီး မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းလုပ်ငန်းများကို အပတ်စဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

DOCA (ဧရာဝတီ)

တောင်သာမြို့ရှိ Online စနစ်ဖြင့်ရောင်းဝယ်သည့် အလှကုန်လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်သည့်လုပ်ငန်းများအား ကုန်သွယ်ရေးဦးစီးဌာနမှ ပေးပို့သည့်အချက်အလက်များအပေါ်အခြေခံ၍ Mobile Application အသုံး ပြုလျက် မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများအား ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များ တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစ၍ စစ်ဆေးဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ တောင်သာ မြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်သည့်လုပ်ငန်းဖြစ် သော ‘‘ဝိုင်းဝိုင်း’’ အလှကုန် လုပ်ငန်းအား စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများသည် ၂၉.၁၀. ၂၀၂၅ ရက်နေ့၊ နေ့လည် ၁၄:၀၀ နာရီအချိန်တွင် မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ ပါသည်။

          မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်တွင်လုပ်ငန်းအမှန်တကယ်ရှိခြင်း၊ လုပ်ငန်းတည်နေရာ မှန်ကန်မှုရှိခြင်း၊ လျှောက်ထားသည့်ကုန်စည်များမှန်ကန်မှုရှိခြင်း၊ လိုအပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ၍ ကုန်သွယ်ရေးဦးစီးဌာနမှ ပေးပို့သောအချက်အလက်များနှင့် ကိုက်ညီကြောင်း ၊ Mobile Application အသုံးပြု၍ မြေပြင်စစ်ဆေးခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA (မန္တလေး)

ချောင်းဆုံမြို့နယ်၊ မူလွန် (ကော့မုပွန်) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

      ၁၀..၂၀၂ ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးနှင့် အကြီးတန်း စာရေး ဒေါ်ယွန်းမီမီဖူးဝေတို့သည် ချောင်းဆုံမြို့နယ်၊ မူလွန် (ကော့မုပွန်)ကျောင်း၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

    အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ် အသားနှင့် ပတ်သက်သည့် သိကောင်းစရာများ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ နည်းလမ်းများ၊ Consumer Call Center အကြောင်းအရာများနှင့် www.doca.gov.mm တွင်လည်း ဝင်ရောက်ကြည့်ရှု့လေ့လာ နိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

   အဆိုပါ ဟောပြောဆွေနွေးပွဲသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ (၁၂၂) ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် မြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍  (၆.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၁း၀၀)နာရီအချိန်တွင် လပွတ္တာမြို့၊ မြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင််းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဦးမြင့်ဌေးမှ လပွတ္တာမြို့၊ မြို့ပေါ်တွင် ဈေးကွက်အတွင်း ရောင်းချနေသော ဆိုင်(၃)ဆိုင်ရှိ စားသုံးဆီဗူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအားစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိအား ဌာနမှဈေးကွက်စောင့် ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

     ၁၀.၁၀.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင် ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မော်လမြိုင်မြို့၊ သိမ်ကုန်းရပ်ကွက်ရှိ “Soe Pyae Pyae Moe” အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင် လက်မှတ်ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

လုပ်ငန်းအသစ်ထူထောင်သည့် ကုမ္ပဏီအား မြေပြင်ကွင်းဆင်းစစ်ဆေး

     ၁၀.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်အသစ် လျှောက်ထားလာသော မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ SP BLOOM LAB Co.,Ltd  သို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသည့် မြန်မာကုမ္ပဏီတစ်ခုဖြစ်သော SP BLOOM LAB Co.,Ltd  တည်ထောင်ထားမှုနှင့် ပတ်သက်၍ ကုမ္ပဏီရုံးခန်း လိပ်စာတွင် အမှန်တကယ် ဖွင့်လှစ်ထားခြင်း ရှိ/မရှိ၊ အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှု ရှိ/မရှိ၊ ကုန်သွယ်ရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိ ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် (၆.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ် မြို့မဈေးအတွင်း ရောင်းချနေသော ကုန်မျိုးစုံဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများအား သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမပြုရန်၊  ဘူးသွတ်ဆီများ ကုန်အညွှန်းအမှတ်အသား၊ FDA ထောက်ခံချက်မပါဝင်သော ဘူးသွတ်ဆီများ ဈေးအတွင်းရောင်းချခြင်းမပြုကြရန် စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား  ဆီအသင်းမှရရှိသော စားသုံးဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းချက်များနှင့် အညီစနစ်တကျ ဖြန့်ဖြူးရောင်းချကြရန်၊ စားသုံးသူပြည်သူများ မြင်သာထင်သာရှိစေရန် ဈေးနှုန်းများအား ဗီနိုင်းချိတ်ဆွဲထားရှိရန်၊ ထို့နောက်စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ရောင်းချပေးရန် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ တွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် ရုံးလုပ်ငန်းများနှင့် ဆန်စပါးသိုလှောင်ရုံ မှတ်တမ်းတင်ထားရှိမှုနှင့် သက်တမ်းတိုးဆောင်ရွက်ထားရှိမှုနှင့် ဆန်/စပါး လက်ကျန်အခြေအနေများ စစ်ဆေး

  မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်း ခရိုင်ဦးစီးမှူးသည် မအးပင်ခရိုင်ရုံးအောက်ရှိ ပန်းတနော်မြို့နယ်တာဝန်ခံရုံးသို့ ရုံးလုပ်ငန်းများ တာဝန်ချဆောင်ရွက်ထားရှိပြီး ပန်းတနော်အနေဖြင့် ရုံးလုပ်ငန်း ဆောင်ရွက်ထားရှိမှု များကို လစဉ်ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိပြီး ၁၀-၁၁-၂၀၂၅ ရက်နေ့တွင် ပန်းတနော်မြို့နယ်တာဝန်ခံရုံးသို့ ခရို်ငဦးစီးမှူးနှင့် အဖွဲ့သည် ဆန်စပါးသိုလှောင်ရုံ မှတ်တမ်းတင်ထားရှိမှုနှင့် သက်တမ်းတိုးဆောင်ရွက်ထားရှိမှုနှင့် ဆန်/စပါး လက်ကျန်အခြေအနေများ ကိုပါ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ပန်းတနော်မြို့နယ်အနေဖြင့် MyRo တွင် ဆန်စပါး မှတ်ပုံတင်ထားရှိမှု၊ သက်တမ်းတိုး ဆောင်ရွက်ထားရှိမှုနှင့် စပါး/ဆန် လက်ကျန်စာရင်းပြုစုထားရှိမှု အခြေအနေများကို လစဉ် မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ တင်ပြနိုင်ရေးနှင့် မြို့နယ် ငယ်စာရင်း လုပ်ငန်းရျင်တစ်ဦးချင်းစာရင်းများကို ရက်အလိုက် လုပ်ငန်းရှင်များထံ ဆက်သွယ်ဆောင်ရွက်မေးမြန်းနိုင် ရန်နှင့် မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်နိုင်ရန်ကို မှာကြားဆွေးနွေးခဲ့ပြီး ခရိုင်တာဝန်ရှိသူများမှ အခါအားလျော် စွာ စစ်ဆေးသည့်အခါ မြေပြင်ဖြစ်တည်မှုနှင့် ကိုက်ညီမှုရှိစေရေး အမှန်တင်ပြနိုင်ရေးကို မြို့နယ်တာဝန်ခံအား ခရိုင်ဦးစီးမှူးမှ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။ အောက်တိုဘာ လများထဲတွင် မြေပြင်အမှန်တကယ်သိုလှောင်မှု အခြေအနေများကို အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး စာရင်းများအရ အောက်တိုဘာလ ၃၁ရက် နောက်ဆုံးစာရင်းအရ စပါးအနေဖြင့် တောင်သူ ၄၉၅၅၀၀ တင်း၊ ဆန် ၂၉၅၀ အိတ်၊ ကုန်သည် စပါး ၂၂၀၀၀ တင်း၊ ဆန် ၂၅၀ အိတ်၊ ဆန်စက်ပိုင်ရှင်  ၁၈၀၀၀၀ တင်း၊ ဆန် ၅၂၀၀ အိတ်၊ ဆန်ဆိုင် ဆန်အိတ် ၃၆၀၀ အိတ်၊ စုစုပေါင်း စပါး ၆၉၇၅၀၀ တင်းနှင့် ဆန် ၁၂၀၀၀ ရှိကြောင်း သိရပြီး အောက်တိုဘာလကုန် နောက်ဆုံးစာရင်း မြေပြင်ကွင်းဆင်းမှု အရသိရပြီး မြေပြင်လုပ်ငန်းရှင်တစ်ဦးခြင်း စာရင်းများကို မြို့နယ်တာဝန်ခံရုံးတွင် စာရင်းပြုစု၍ လစဉ်ဖိုင်တွဲဆောင်ရွက်ထားရှိရန်ကို မှာကြားခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

လက်လီကိုယ်စာလှယ်များမှ စားအုန်းဆီ ရောင်းချနေမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

      ၁၀.၁၁.၂၀၂၅ ရက်နေ့ နံနက် (၀:၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့နယ် စားအုန်းဆီ ကြီးကြပ်ရေးအဖွဲ့သည် မော်လမြိုင်မြို့နယ်ရှိ Central Myanmar Co,ltd မှ မော်လမြိုင်မြို့ကွင်းရပ် လက်လီကိုယ်စားလှယ် ဒေါ်ဌေးဌေးဝင်းမှ စားအုန်းဆီ ၄၄၀ ပိဿာ၊ Central Myanmar Co,ltd မှ မရမ်းကုန်းရပ် လက်လီ ဝေယံထက်လင်း မှ ၃၉၆ ပိဿာ၊ Zabu Kan Tun Co,ltd မှရွှေတောင်ရပ် လက်လီ ဒေါ်မာလာ မှ ၂၂၀ ပိဿာ၊ ထားဝယ်စုရပ် လက်လီ ဒေါ်ယဉ်ဌေး မှ ၂၂၀ ပိဿာ၊ လက်လီ ဒေါ်ပျိုသိန်း မှ အမှတ်၁ ဈေးကြီး ၄၄၀ ပိဿာ၊ ပြည်သူများသို့ စားအုန်းဆီ ရောင်းချပေးနေမှုအား ကွင်ဆင်း စစ်ဆေးခဲ့ပါသည်။

     ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် နေရာ၊အချိန်၊ဈေးနှုန်း၊အချင်အတွယ် မှန်ကန်မှုရှိမရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ချောင်းဆုံမြို့နယ်တွင် လူကြီးဖြည့်စွက်စာအတုများ ရောင်းချခြင်း ရှိ/မရှိ‌ စျေးကွက်ကွင်းဆင်း

        ၁၀.၁၁.၂၀၂၅ ရက်နေ့တွင် မြို့နယ်ကျန်းမာရေး၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာ ဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ချောင်းဆုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ် မြို့ပေါ်ရှိ ဆေးဆိုင်များတွင် လူကြီးဖြည့်စွက်စာအတုများ ရောင်းချခြင်း ရှိ/မရှိ‌ စျေးကွက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောင်းဆုံမြို့နယ် မြို့ပေါ်ရှိ ဆေးဆိုင်များတွင် လူကြီးဖြည့်စွက်စာအတုများ ရောင်းချခြင်းမရှိကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည့် လူကြီးဖြည့်စွက်စာများကိုသာ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ