Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ အောင်သပြေဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိမရှိ ကွင်းဆင်းစိစစ်

          ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ မြောင်မြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍(၆.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့ အောင်သပြေဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ အောင်သပြေဈေးအတွင်းရှိ ရောင်းချနေသော စားသုံးဆီဗူးများအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိမရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ ပြည့်စုံမှုရှိမရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် စားသောက်ဆိုင်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

  မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် အစားအသောက်ပြုလုပ်ရောင်းချသည့် ဆိုင်များအနေဖြင့် ဝန်ဆောင်မှုနှင့် ပတ်သက်၍ ကောင်းမွန်သောဝန်ဆောင်မှုပေးနိုင်ရေး ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ရောင်းချစေရေးအတွက် ကွင်းဆင်းစစ်ဆေးပညာပေးခြင်းကို ၁၀-၁၁-၂၀၂၅ ရက်နေ့ နံနက် ၉ နာရီ က မြို့နယ်မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   အဆိုပါစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ က  စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် အစားအသောက်ပြုလုပ်ရောင်းချသည့် ဆိုင်များသို့ ကွင်းဆင်း၍ စားသုံးသူများ ဝယ်ယူခြင်းမပြုမီ စားသောက်ကုန်တန်ဖိုးများကို ကြိုတင်အသိပေးကြော်ငြာထားခြင်း ရှိမရှိ၊ အခွန်ပါရှိပါက ကိုတိငသတိပေးထားခြင်း ရှိမရှိ၊ မှာယူမှုများကို အချိန်နှင့် တပြေးညီဝန်ဆောင်မှု ပေးနိုင်ရန်နှင့်၊ အစားအသောက်ချက်ပြုတ်ရာတွင် သန့်ရှင်းသော သားငါး၊ ဟင်းသီးဟင်းရွက်များကို ချက်ပြုတ်ရန်၊ ဆိုင်ဝန်ထမ်းများ ကျန်မားရေးစစ်ဆေးချက်များဖြင့် ပြုလုပ်ဆောင်ရွက်ပေးထားနိုင်ရန် အစရှိသည့် စားသောက်ဆိုင်များအနေဖြင့် အထက်ပါညွှန်ကြားချက်အတိုင်း လိုက်နာခြင်း ရှိ/မရှိကို သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က နေ့စဉ်ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ပြီး လိုက်နာခြင်းမရှိသည့် ဆိုင်များကို သက်ဆိုင်ရာဌာနများ၏ ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ချောင်းဆုံမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

     ၈.၁၁.၂၀၂၅ ရက်နေ့ နံနက် (၀:၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ချောင်းဆုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်နွေဦး သည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ စားသုံးဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ဈေးကွက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ချောင်းဆုံမြို့နယ်၊ အမှတ် (၂) မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော Good Choice အမှတ်တံဆိပ်ဟင်းသီးဟင်းရွက်ဆီ၊ ပုဇွန်နှစ်ကောင်တံဆိပ် ဟင်းသီးဟင်းရွက်ဆီ၊ Mazin အမှတ်တံဆိပ် ဟင်းသီးဟင်းရွက်ဆီများ အား စစ်ဆေးခဲ့ပြီး အဆိုပါ စားသုံးဆီများမှာ  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင် ဖော်ပြထားသော ကုန်စည်အလိုက် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး၊ ရောနှောဆီများရောင်းချမှု မရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၁၀)ရပ်ကွက်၊ အထက(၂)ကျောင်း စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်(၆.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၂း၃၀)နာရီက လပွတ္တာမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ အထက(၂) ကျောင်း၌ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံဦးမြင့်ဌေးမှ  စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ မိမိတို့ဌာနအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ ပါပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ပုဒ်မ (၄၁)ပုဒ်မခွဲ(ခ)နှင့် (ဂ)တို့ပါကုန်စည်၏အမျိုးအမည်အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ ထားသိုသိမ်းဆည်းမှုအညွှန်း သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး(သို့)ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းတွင်ရောင်းချနေသော မုန့်ဆိုင်များသို့ ကျောင်းမုန့်ဈေးတန်းအဖွဲ့ဖြင့်သွားရောက်စစ်ဆေးပြီး မုန့်ဆိုင်ပိုင်ရှင်များအား ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်ကြရန် သက်တမ်းလွန်မုန့်များ၊ ဆိုးဆေးများအလွန်အကျုးပါဝင်သော အစားအသောက်များအား ရောင်းချခြင်းမှရှောင်ကျဉ်ကြရန် မုန့်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်၊ဟောပြောပွဲသို့ ဆရာ/ ဆရာမ (၅)ဦး ကျောင်းသား/ ကျောင်းသူ(၁၁၅)ဦး၊ ကျောင်းမုန့်ဈေးသည် (၅)ဦး၊ ပေါင်း(၁၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မွန်ပြည်နယ်ဆန်စပါးသိုလှောင်ရုံစစ်ဆေးရေးလုပ်ငန်းအဖွဲ့မှ ဆန်သိုလှောင်ရုံများအား  ကွင်းဆင်းစစ်ဆေး

     ၁၀.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မွန်ပြည်နယ်ဆန်စပါးသိုလှောင်ရုံစစ်ဆေးရေးလုပ်ငန်းအဖွဲ့နှင့်ပူးပေါင်း၍ သံဖြူဇရပ်မြို့နယ်၊ နှစ်ကိုင်းကျေးရွာရှိ ပြုံးကမ္ဘာဆန်စက်နှင့် ဦးကြည်လိန်ဆန်စက်တို့အား ကွင်းဆင်းစစ်ဆေးခဲ့သည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်သိုလှောင်ရုံများအား MyRO တွင် မှတ်ပုံ တင်နိုင်ရေး၊ သက်တမ်းတိုးရေး၊ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်စာရင်းများကို သတ်မှတ်ရက် အတွင်း အချိန်မီထည့်သွင်းနိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ပြီး မြေပြင်ဆန်လက်ကျန်များ အား စာရင်းကောက်ယူခဲ့ကြကြောင်း သိရှိရပါသည်။

 DOCA (မွန်)

“Lwin Maung Maung”  ကုမ္ပဏီ၏ လက်လီကိုယ်စာလှယ်ဦးကျော်နိုင်မှ စားအုန်းဆီ ရောင်းချနေမှုအား စစ်ဆေးခြင်း

      ၉.၁၁.၂၀၂၅ ရက်နေ့ နံနက် (၀၈း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် “Lwin Maung Maung  ကုမ္ပဏီ၏ လက်လီကိုယ်စားလှယ် ဦးကျော်နိုင်မှ သထုံမြို့နယ် အခွန်လွတ်စျေး၌ စားအုန်းဆီရောင်းချနေမှုအား စစ်ဆေးခဲ့ပါသည်။

   ထိုသို့ စစ်ဆေးရာတွင် လက်လီကိုယ်စားလှယ် ဦးကျော်နိုင်မှ စားအုန်းဆီရောင်းချရာ၌ သတ်မှတ်စျေးနှုန်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန်၊ အရည်အသွေး ပြည့်ဝမှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိနှင့် သတ်မှတ်ဗီနိုင်း ချိတ်ဆွဲရောင်းချခြင်း ရှိ/မရှိတို့အား ကွင်းဆင်း စစ်ဆေးခဲ့ပြီး စားအုန်းဆီတစ်ပိဿာလျှင် (၇၁၉၆) ကျပ်နှုန်းဖြင့် ပိဿာ (၄၄၀)အား ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ (၅)ရပ်ကွက်ရှိ၊ စတိုးဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊   လပွတ္တာခရိုင်၊    လပွတ္တာမြို့နယ်       တာဝန်ခံ ဦးမြင့်ဌေးသည်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၅.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃း၃၀)နာရီခွဲအချိန်တွင် လပွတ္တာမြို့ (၅) ရပ်ကွက်ရှိ စတိုးဆိုင်များတွင်ရောင်းချလျက်ရှိသော ကလေးအသုံးအဆောင်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ လပွတ္တာမြို့၊ (၅)ရပ်ကွက်ရှိ  မီးပြတိုက် Mini Mart စတိုးဆိုင်တွင် ရောင်းချနေသော ကလေးအသုံးအဆောင်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/ မရှိ၊ ဌာနမှဈေးကွက် စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆေးပစ္စည်းအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

      ၁၀.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့အတွင်းရှိ ရာသက်ပန်ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်၊ ဖိုးလပြည့် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်၊ ချိုချိုဆေးအရောင်းဆိုင်တို့အား ဆေးဝါးပြတ်လပ်မှု မရှိစေရေး၊ စျေးနှုန်းမြှင့်တင်‌ရောင်းချမှု မရှိစေရေးတို့အား ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်း ဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းတစ်မျိုးချင်းစီအလိုက် စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ၊ စံမမှီ ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ၊ စျေးကွက်အတွင်း ဆေးဝါးပြတ်လတ်မှု ရှိ/မရှိ တို့အား စစ်ဆေးဆောင်ရွက်ခဲ့သည်။

  မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဆေးဝါးပြတ်လပ်မှု မရှိကြောင်းနှင့် စျေးနှုန်းစျေးကွက်တည်ငြိမ်လျက်ရှိပြီး ပှံမှန်အတိုင်း ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရှိရပါသည်။

    DOCA (မွန်)

ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်ဆိုင်များ စျေးနှုန်းမြှင့်တင်ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ၁၀.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ မိုးကောင်းကင်ဆန်ဆိုင်၊ ထက်ဆန်ဆိုင်၊ ဧရာမင်းဆန်ဆိုင်တို့အား ဆန်စျေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ် တာဝန်ခံတို့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

     အဆိုပါစစ်ဆေးဆောင်ရွက်ရာတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်ဆိုင်ကြီးများတွင် ဆန်အမျိုးအစားအလိုက် စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း အလို့ငှာ ဆန်များသိုလှောင်ထားရှိမှု ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

     ကျိုက်ထိုမြို့နယ်သည် ဆန်လိုမြို့နယ်ဖြစ်သောကြောင့် မြို့နယ်အတွက် လိုအပ်သော ဆန်၊စပါးများကို ဝေါမြို့နယ်၊ ပေါင်မြို့နယ်၊ သထုံမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် ပဲခူးတိုင်းတို့မှ ဝယ်ယူ၍ မြို့နယ်အတွင်း ပြန်လည်ရောင်းချနေကြကြောင်း သိရှိရပါသည်။

        DOCA (မွန်)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အိမ်မဲကြီးရပ်ကွက်ရှိ ဆေးဆိုင်နှင့်ကုန်မျိုးစုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊   မြောင်းမြခရိုင်၊    အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းသည်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၅.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အိမ်မဲမြို့ အိမ်မဲကြီးရပ်ကွက်ရှိ ဆေးဆိုင်နှင့် ကုန်မျိုးစုံဆိုင်များတွင်ရောင်းချလျက်ရှိသော ကလေးအသုံးအဆောင်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းမှ အိမ်မဲမြို့၊ အိမ်မဲကြီးရပ်ကွက်ရှိ  ဆေးဆိုင်နှင့် ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ဘူသီးဒိုက်ပါတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက် အတွင်းရောင်းချနေသော ကုန်စည်များတွင်ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/ မရှိ၊ ဌာနမှဈေးကွက် စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ